အင်ဒိုနီးရှားတွင် ဇူလိုင်လအထိ Covid – 19 ကူးစက်မှုနှုန်းများ မြင့်တက်နိုင်ဖွယ်ရှိ
452
ရောင်နီ (NP News) - ဇွန် ၁၆
မကြာသေးမီက seroprevalance လေ့လာချက်များအရ အင်ဒိုနီးရှားသည် ကိုဗစ်ဗိုင်းရပ်စ်ကူးစက်မှု ၁.၉ သန်းကျော် နှင့် သေဆုံးမှု ၅၃၁၁၆ ခုကို တရားဝင်ထုတ်ပြန်ခဲ့ပြီး ကူးစက်ပျံ့နှံ့မှုနှုန်း ၃ဝ ရာခိုင်နှုန်း ပိုမိုမြင့်မားလာနိုင်ကြောင်း ဖော်ပြခဲ့သည်။ ထို့ကြောင့် ဇူလိုင်လအစောပိုင်းတွင် COVID-19 ကူးစက်မှု နှုန်းအမြင့်ဆုံးထိ ရောက်ရှိလာနိုင်မည်ဟု CNA သတင်းဖော်ပြချက်အရသိရသည်။
ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် ခရီးသွား ကန့် သတ်ချက်များကို လူအများလျစ်လျူရှုခဲ့ပြီးနောက် မကြာသေးမီ သီတင်းပတ်များက COVID-19 ကူး စက်မှုများ မြင့်တက်လာခဲ့ကြောင်းသိရသည်။ ယခုအခါတွင် ဂျကာတာနှင့် ဂျာဗားကဲ့သို့ ဒေသများတွင် အိန္ဒိမျိုးကွဲ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်မှုများ ပိုမိုလွှမ်းမိုးလာခဲ့ကြောင်းသိရသည်။
ဂျကာတာမြို့တော်အုပ်ချုပ်ရေးမှူး Anies Baswedan ၏ပြောဆိုချက်အရ လူဦးရေ ၁ဝ သန်းနေထိုင် သည့် မြို့တော်တွင်ဆေးရုံတက်နေရသည့် ကိုဗစ်လူနာ ၇၅ ရာခိုင်နှုန်းထိ ရှိလာခဲ့ပြီး ယခင် သီတင်းပတ် အတွင်း ရောဂါကူးစက်မှုနှုန်းထက် ၅ဝရာခိုင်နှုန်း ပိုမိုမြင့်တက်လာခဲ့ကြောင်းသိရသည်။ "မြို့တော်ကို ပိုပြီးအာရုံစိုက်ဖို့လိုတယ်၊ ဒီအခြေအနေကို မထိန်းချုပ်နိုင်ရင် အလွန်ပြင်းထန်တဲ့ အဆင့်ထိ ရောက်သွား လိမ့်မယ်"ဟု Anies က ၎င်း၏ Facebook acc တွင်ရေးသားခဲ့သည်။
ဂျကာတာရှိ ဆေးရုံများ၏ စွမ်းဆောင်ရည်ကို ၄ဝရာခိုင်နှုန်းထိ မြှင့်တင်ရန် အာဏာပိုင်များက စီစဉ် ထားပြီး ဟိုတယ်များကို ကွာရန်တင်းစင်တာများအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း စီးပွားရေးဝန် ကြီးဌာနအကြီးအကဲ Airlangga Hartarto က ပြောသည်။
အင်ဒိုနီးရှားနိုင်ငံသည် ဇွန်လ ၁၃ ရက်က COVID-19 ကူးစက်လူနာအသစ် ၁ဝဝဝဝ နီးပါး ထပ်တိုးခဲ့ပြီး ဖေဖော်ဝါရီလနောက်ပိုင်း အမြင့်ဆုံးနေ့စဉ်ကူးစက်မှုအဖြစ် စံချိန်တင်ခဲ့သည်။ သို့သော် ဗိုင်းရပ်စ်စမ်း သပ်မှုနည်းပါးခြင်းနှင့် အဆက်အသွယ်ခြေရာကောက်မှုနည်းပါးခြင်းကြောင့် ကူးစက်မှုအသစ်များ မည် သည့်အတိုင်းအတာအထိ ကူးစက်နိုင်မည်ကို ဆုံးဖြတ်ရန်ပိုမိုခက်ခဲစေခဲ့ကြောင်း သိရသည်။
#NPNews