လှိုင်သာယာမြို့နယ် (၁၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရ၍ သေဆုံး

 503

NP News - ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ၊ အမှတ် (၁၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှဦးသည် ယနေ့ (ဇွန်လ ၁၆ ရက်) နံနက် ၉ နာရီ ၄၀ မိနစ်အ ချိန့်က သေနတ်ဖြင့်ပစ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း မြို့နယ်နေပြည်သူတစ်ဦးက NP News သို့ အတည်ပြုပြောကြားသည်။

ဦးခေါင်းကို သေနတ်ဖြင့်တေ့ပစ်ခံရ၍ ပင်လုံဈေးမှတ်တိုင်အနီးတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် လကလည်း အဆိုပါ အုပ်ချုပ်ရေးမှူး၏နေအိမ် ပရိဘောဂဆိုင်သည် လက်လုပ်ဗုံးအပစ်ခံခဲ့ရပြီး အထိအခိုက်မရှိခဲ့ဘဲ ယခုအခါတွင် သေနတ်ဖြင့် တေ့ပစ်ခံရ၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသေဆုံးမှုနှင့်ပတ်သတ်ပြီး မြို့ဝင်။ မြို့ထွက် နေရာအနှံ့အပြားတွင် ကား ၊ ဆိုင်ကယ်များအပြင် ၊ စက်ဘီးပါမကျန် စစ်ဆေးနေကြောင်းသတင်းရရှိသည်။

photo -CJ
#NPNews

Related news

© 2021. All rights reserved.