COVID-19 ကူးစက်မှုမြင့်တက်လာခြင်းကြောင့် Stay at Home အဖြစ် လက်ပံတန်းမြို့နယ်ကို ထပ်တိုး
537
NP News - ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများတွေ့ရှိရမှုများပြားလာပြီး ပိုးတွေ့နှုန်းမြင့်တက်လျက်ရှိသဖြင့် ဇွန်လ ၁၉ ရက်မှစတင်ပြီး အဆိုပါမြို့နယ်တွင် နေထိုင်သည့်ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home) လိုအပ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ ထို့ကြောင့် Stay at Home သတ်မှတ်ထားသည့် မြို့နယ် ၈ခုအထိရှိလာပြီဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် အဆိုပါမြို့နယ်တွင်နေထိုင်သည့် ပြည်သူများအနေဖြင့် အစိုရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အ လုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန်သွားရောက်သူများမပါ မိမိနေအိမ်တွင်သာ နေထိုင်ခြင်း ၊ မဖြစ်မနေဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာသွားရောက်ခြင်း၊ ဆေးရုံ၊ ဆေးခန်းသွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ခြင်းအပါအဝင်စည်းကမ်းချက် ၇ချက်ကို ချမှတ်လိုက်သည်။
Stay at Home မြို့နယ်များအဖြစ် ချင်းပြည်နယ်ရှိ တွန်းဇံမြို့နယ်၊ ဟားခါးမြို့နယ်၊ တီးတိန်မြို့နယ်၊ ဖလမ်းမြို့ နယ်၊ ထန်တလန်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ တမူးမြို့နယ်၊ ကလေးမြို့တို့ကို စတင်သတ်မှတ်ခဲ့ခြင်းဖြစ် သည်။ မြန်မာနိုင်ငံတွင် ၂ဝ၂ဝပြည့်နှစ် မတ်လ ၂၃ ရက်မှစ၍ ၂ဝ၂၁ ခုနှစ် ဇွန်လ ၁၇ရက်အထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ၁၄၄၆၇၆၈ ဦးရှိပြီး ရောဂါပျောက်ကင်းသူ ၁၃၃၃၄၆ ဦး နှင့် သေဆုံးသူ ၃၂၅ဝ ဦးရှိကြောင်းသိရသည်။ ထို့ ပြင် အိန္ဒိယနိုင်ငံမှကာကွယ်ဆေးအလုံးပေါင်း သန်း ၃ဝ ဝယ်ယူရန်သဘောတူစာချုပ်ချုပ်ဆိုထားသော်လည်း ကာ ကွယ်ဆေးရရှိမှုရပ်တန့်နေကြောင်း သိရသည်။
#NPNews