NUG က တယ်လီဖုန်းနည်းပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်စီစဉ်နေ

 915

(NPNews) ဇွန် ၁၉

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီးဌာနသည် ခေတ်မီတယ်လီ နည်းပညာများ (Telehealth: Telemedicine, Teleconsultation) အသုံးပြု၍ ကျန်းမာရေး စောင့်ရှောက်မှုပေးရန် စီစဉ်နေကြောင်း သိရသည်။

အဆိုပါ တယ်လီကျန်းမာအစီအစဉ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်သည့် ၂၀၂၁ ခုနှစ် ဇွန်လ ၁၉ ရက်မှစတင်၍ အကောင်အထည်ဖော်မည်ဖြစ်ပြီး တယ်လီကျန်းမာအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါအပါအဝင် ပြည်သူလူထု၏ ကျန်းမာရေး ပြဿနာများကို အကြံဉာဏ်ပေးခြင်းနှင့် ကုသမှုပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကာ ပြည်တွင်း၊ ပြည်ပမှ ဆရာဝန်များနှင့် အထူးကုဆရာဝန်ကြီးများက ပါဝင်ကုသပေးကြမည်ဟုဆိုသည်။

တယ်လီကျန်းမာအစီအစဉ်တွင် ကုသမှုခံယူမည့် လူနာအနေဖြင့် အင်တာနက်ရှိရန် လိုအပ်ပြီး https://doxy.me/telehealthmm အင်တာနက်လိပ်စာတွင် ဆရာဝန်နှင့် ကုသမှုခံယူနိုင်ရန် တိုကင်ယူတန်းစီရမည်ဖြစ်ပြီး၊ ဆရာဝန်က တန်းစီလူနာများအနက် တစ်ဦးချင်းစီကို အစဉ်လိုက် ခေါ်ယူ၍ အကြံဉာဏ်နှင့် ကုသမှုများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၄) နာရီအတွင်း ကုသမှုခံယူနိုင်မည်ဖြစ်ကာ ပိတ်ရက်မရှိကြောင်း၊ ထပ်မံတိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း ကြေညာပေးသွားမည်ဖြစ်ကာ ကုသမှုအားလုံးသည် အခမဲ့ဖြစ်သည်ဟု သိရသည်။

Related news

© 2021. All rights reserved.