ယာဉ်ပေါ်အိပ်နေစဉ် သေဆုံးခဲ့သည့် အဝေးပြေးယာဉ်မောင်းကို စစ်ဆေးကြည့်ရာ COVID-19 ပိုးတွေ့ရှိ

 571

NP News- ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းရှိ ယာဉ်လိုင်းတစ်ခုမှ အဝေးပြေးယာဉ် မောင်းတစ်ဦး ကားပေါ်အိပ်နေစဉ် သေဆုံးခဲ့ပြီး စစ်ဆေးရာတွင် COVID-19 ပိုးတွေ့ရှိခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ ဇွန်လ ၂၆ ရက်တွင် သတင်းရရှိသည်။

ယနေ့ (ဇွန်လ ၂၆ ရက်) နံနက် ၈ နာရီအချိန်ခန့်တွင် အဝေးပြေးယာဉ်မောင်းတစ်ဦးယာဉ်ပေါ်တွင် သေဆုံးနေသည့်အတွက် အောင်မင်္ဂလာအဝေးပြေးတာဝန်ရှိသူများမှ ပုလဲအရန်မီးသတ်တပ်ဖွဲ့သို့ အကူအညီတောင်းခံသည့် အတွက် ပုလဲအရန်မီးသတ်တပ်ဖွဲ့က ရဲဆေးစာနှင့်အတူ မေဓါဝီဆေးရုံသို့ အလောင်းအပ်နှံခဲ့ပြီး ဆေးရုံမှစစ်ဆေးရာတွင် COVID-19 ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လက်ရှိမြန်မာနိုင်ငံတွင် ဇွန်လ ၂၅ ရက်အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၅၁၅၇၃ ဦးအထိရှိခဲ့ပြီး ရောဂါပျောက်ကင်းသွားသူ ၁၃၄၇၇၉ ဦးရှိကာ သေဆုံးသူ ၃၂၈၂ ဦး ထိရှိခဲ့ပြီဖြစ်သည်။
#NPNews

Related news

© 2021. All rights reserved.