ထိုင်းတွင် ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ပြည့်ထိုးနှံထားသည့် အမျိုးသမီး ၂ ဦး Delta အိန္ဒိယကိုဗစ်မျိုးကွဲ ကူးစက်ခံရ

 584

ရောင်နီ ( NP News ) - ဇွန်လ ၂၆
ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်း ခရိုင်တွင် တရုတ်ကိုဗစ်ကာကွယ်ဆေး Sinovac ကို နှစ်ကြိမ်ပြည့်ထိုးနှံပြီးသူ အမျိုး သမီး ၂ဦး Delta Covid-19 မျိုးကွဲကူးစက်ခံထားရကြောင်း ပြည်နယ်ကျန်းမာရေးဌာနက အစီရင်ခံခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းဖော်ပြချက်အရသိရသည်။

ပြည်သူ့ကျန်းမာရေးရုံး အကြီးအကဲ ဒေါက်တာ Narinrat Pichayakhamin က “အိန္ဒိယနိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ Dalta ကိုဗစ်ဗိုင်းရပ်စ် မျိုးကွဲကူးစက်ခံရသူ ၂ ဦးဟာ အသက် ၁၉ နှစ် နဲ့ ၃ဝ နှစ်အရွယ်ရှိပြီး Pak Chong ခရိုင်မှာ နေထိုင်ကြသူတွေ ဖြစ်တယ်”ဟု ပြောသည်။

အသက် ၁၉ နှစ်အရွယ်ရှိသူ အမျိုးသမီးသည် ငှားရမ်းထားသည့်ယာဉ်မောင်းတစ်ဦး( ကိုဗစ်ကူးစက်လူနာ ) နှင့် ဇွန် လ ၁၄ ရက်က ဘန်ကောက်သို့ကုန်ပစ္စည်းများ ပို့ဆောင်ရာတွင်ထိတွေ့မှုရှိခဲ့ပြီး ယာဉ်မောင်တွင် ကိုဗစ်ကူးစက်မှုရှိနေကြောင်း သိရပြီးနောက် သူမသည် Covid-19 စစ်ဆေးမှုကို ပြုလုပ်ခဲ့ရာ Delta ဗိုင်းရပ်စ် ကူးစက်နေကြောင်း ရ လဒ်တွေ့ရှိခဲ့သည်။ သူမနှင့်အနီးကပ်အဆက်အသွယ်ရှိသူများကိုလည်း ကွာရန်တင်းထားကာ ဗိုင်းရပ်စ် စစ်ဆေးနေ ကြောင်းသိရသည်။

အသက် ၃ဝနှစ် အရွယ်ကူးစက်လူနာ အမျိုးသမီးသည် ရပ်ကွက်ဈေးသည်ဖြစ်ပြီး အဖျားကြီးပြီ ရက်အနည်းငယ်အကြာတွင် အနံ့နှင့်အရသာပျောက်ဆုံးခဲ့ခြင်းကြောင့် ဗိုင်းရပ်စ်စစ်ဆေးမှုခံယူခဲ့ရာ ၎င်းသည် Delta ဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း သိခဲ့ရသည်ဟု သတင်းတွင်ဖော်ပြထားသည်။

ဒေါက်တာ Narinrat က ၎င်းတို့ နှစ်ဦးစလုံးသည် Sinovac ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသားဖြစ်ကြောင်း အ တည်ပြုပြောဆိုခဲ့ပြီး အစောပိုင်းကလည်း Pak Thong Chai ရဲစခန်းရှိ ကာကွယ်ဆေးထိုး ၂ကြိမ် ထိုးနှံပြီးသား ရဲ တပ်ဖွဲ့မှူးသည် Covid-19 ရောဂါပိုး ကူးစက်ခံထားရကြောင်းပြောသည်။ ခရိုင်တွင် ဇွန်လ ၂၅ ရက်က ပိုးကူးစက်လူနာ ၇ ဦး ထပ်တိုးပြီး ခရိုင်တွင်း စုစုပေါင်း ပိုးကူးစက်လူနာ ၁ဝ၉၅ ဦးထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.