ရဲဘော်အချို့လက်နက်ချပြီးနောက်ပိုင်း ဦးခေါင်းသို့ အနီးကပ် ပစ်သတ်ခံရဟု မန္တလေး PDF သတင်းထုတ်ပြန်
1654
(NPNews) ဇွန် ၂၇
ရဲဘော်အချို့ လက်နက်ချပြီးနောက်ပိုင်း ဦးခေါင်းသို့ အနီးကပ် ပစ်သတ်ခံရကြောင်း မန္တလေး ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) အဖွဲ့က ဇွန်လ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။
မန္တလေးတွင် ဇွန်လ ၂၂ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြချက်ဟုဆိုကာ ထုတ်ပြန်ခဲ့သည့် စာတွင် အထက်ပါအတိုင်း ဖော်ပြထားသည်။
MDY-PDF နှင့် အကြမ်းဖက်စစ်ကောင်စီအုပ်စု ဇွန်လ ၂၂ ရက်တွင် ထိတွေ့တိုက်ခိုက်ခဲ့ကြောင်း မဟာမိတ်ဖွဲ့ အဖွဲ့စည်းဖြစ်သော KDDF မှ ရဲဘော် (၂) ဦးနှင့် ကျွန်တော်တို့အဖွဲ့မှ (၂) ဦး ကျဆုံးခဲ့ရပြီး (၆)ဦး အဖမ်းခံခဲ့ရကြောင်း၊ MDY-PDF အဖွဲ့မှ အတွင်းအပြင် ပြန်ညှပ် တိုက်ခိုက်ခဲ့သော်လည်း လက်နက်အင်အား မမျှခြင်း၊ အကြမ်းဖက်စစ်အုပ်စုမှလက်နက်ကြီးများသုံး၍ ပစ်ခတ်ခြင်း၊ ပြည်သူအများထိခိုက်နိုင်ခြင်းတို့ကြောင့် Apex ဘော်ဒါအတွင်းရှိ MPDF ရဲဘော်များမှလက်နက်ချ အညံ့ခံခဲ့ကြောင်း၊ ထိပ်တိုက်မှုဖြစ်စဉ်အတွင်း သတင်းအချက်လက်ဆက်သွယ်ရရှိမှု ၊ MPDF တပ်ကူများ၏ မျက်မြင်တွေ့ရှိမှု နှင့် online သတင်းဓာတ်ပုံ သုံးသပ်ချက်များအရ ရဲဘော်အချို့မှာ လက်နက်ချပြီးနောက်ပိုင်း ဦးခေါင်းသို့ အနီးကပ် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း အကြမ်းဖက် စစ်အုပ်စုမှ Apex ဘော်ဒါဆောင်အတွင်းမှ ရဲဘော်များနှင့်ပတ်သက်၍ တိကျသော သတင်းဆက်လက်ထုတ်ပြန်ခြင်းမရှိကြောင့် ကျနော်တို့ရဲဘော်များအားလုံး သူရဲကောင်းအာဇာနည်အဖြစ် ကျဆုံးသွားပြီဟု မှတ်ယူထားကြောင်း MDY-PDF သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ထွန်းတောက်နိုင်က သတင်းထုတ်ပြန်ထားသည်။
ထိုနေ့က ပါကျဲဒိုးကားပေါ်တွင်ကျဆုံးခဲ့သော ပြည်သူများမှာ MDY-PDF အဖွဲ့နှင့် လုံးဝ(လုံးဝ) ပတ်သတ်ခြင်းမရှိကြောင်း၊ စစ်အုပ်စုမှ လမ်းသွားလမ်းလာ ပြည်သူများအား အကြမ်းဖက် ဖမ်းဆီးရင်း အသတ်ခံလိုက်ရခြင်းဖြစ်သည်ဟုလည်း သတင်းထုတ်ပြန်သည်။