ထိုင်းတွင် ကိုဗစ်ကူးစက်မှုများ မြင့်တက်နေသည့်အကြား ဖူးခက်သို့လာရောက်သည့် နိုင်ငံခြားသားဧည့်သည်များကို ကွာရန်တင်းမထားဘဲ ဝင်ခွင့်ပြုနေ

 517

ရောင်နီ (NP News) - ဇူလိုင် ၁
အဆိုးရွားဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုအခြေအနေကို ရင်ဆိုင်နေရသည့်အကြား ခရီးသွားလုပ်ငန်းများ ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေသည့် ထိုင်းနိုင်ငံသည် ဇူလိုင် ၁ ရက်နေ့မှစကာ အားလပ်ရက်အပန်းဖြေစခန်း ဖူးခက်တွင် အပြည်ပြည်ဆိုင်ရာခရီးသွားဧည့်သည်များကို ကွာရန်တင်းကင်းလွတ်စွာဖြင့် လက်ခံသွားမည်ဖြစ် ကြောင်း Straitstimes သတင်းဖော်ပြချက်အရသိရသည်။

Covid-19 ကူးစက်ရောဂါသည် ၁၉၉၇ ခုနှစ်၊ အာရှဘဏ္ဍာရေး အကျပ်အတည်းနောက်ပိုင်း အဆိုးရွားဆုံးသော စီး ပွားရေး ရလဒ်ကိုဖြစ်စေခဲ့ပြီး ထိုင်းနိုင်ငံအတွက် ခရီးသွားလုပ်ငန်းသည် နိုင်ငံစီးပွားရေး၏ ငါးပုံတစ်ပုံနီးပါးခန့်ကို နေရာယူထားသည့် အဓိကစီးပွားရေးလုပ်ငန်းကြီးတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။ နိုင်ငံအနေဖြင့် Phuket sandbox ဟုခေါ်သည့် ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသည့် အပန်းဖြေ ခရီးသွားဧည့်သည်များကိုလည်း ကွာရန်တင်း ကင်းလွတ်ခွင့်ပေးသည့် အစီအစဉ်ကို အားဖြည့်ပေးသွားရန် မျှော်လင့်ထားကြောင်း သိရသည်။

ဇူလိုင်လ ၁ရက်တွင် အစ္စရေး၊ ယူအေအီး၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကာတာနှင့် စင်ကာပူတို့မှ အပန်းဖြေ ခရီးသွားဧည့်သည် ၂၄၉ ဦး ဖူးခက်ကျွန်းပေါ်ဆင်းသက်ကာ လည်ပတ်မည်ဟုသိရပြီး ပထမဆုံး ခရီးသည် ၂၅ ဦးသည် မွန်းမတည့်မီ Etihad Airways လေယာဉ်ခရီးစဉ်ဖြင့် ရောက်ရှိခဲ့ကာ ကိုယ်ပူချိန်စစ်ဆေးခြင်း စသည့်လုပ်ထုံး လုပ်နည်း စမ်းသပ်ချက်များကို ခံယူခဲ့ကြောင်းသိရသည်။ အဆိုပါ ဖူးခက်သဲသောင်ပြင်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုစတင်ချိန်ကတည်းက သဲကန္တရကဲ့သို့ လူသူကင်းမဲ့စွာ ခြောက်သွေ့နေခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် တစ်နိုင်ငံလုံးအတိုင်းအတာအရ လက်ရှိတွင် ပိုးကူးစက်လူနာ ၂၆၄၈၃၄ ဦးထိ ရှိနေပြီး ထိုင်းအာ ဏာပိုင်များက ဖူးခက်ရှိ ဒေသခံများကို ကာကွယ်ဆေး စတင်ထိုးနှံပေးနေပြီ ဖြစ်ကြောင်း သိရသည်။ သို့သော် လည်း ကာကွယ်ဆေးထိုးနှံပြီးသူ ၇ဝ ရာခိုင်နှုန်းသာရှိခြင်းကြောင့် အခြေအနေငြိမ်သက်မှု မရှိသေးကြောင်း ယူဆရကာ လာရောက်သည့် ခရီးသွားဧည့်သည်များကို လေယာဉ် ဆိုက်ရောက်ချိန်မှစ၍ မိုဘိုင်းအက်ပလီကေးရှင်းတစ်ခုကို ၎င်းတို့၏ဖုန်းထဲ ထည့်သွင်းပေးထားကာ ၎င်းတို့၏ သွားလာလှုပ်ရှားမှု လမ်းကြောင်းများကို အဆိုပါ အက်ပလီကေးရှင်းမှတစ် ဆင့် ခြေရာခံနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဖူးခက်ရှိ ဟိုတယ် ၉ဝ ရာခိုင်နှုန်းခန့်သည် ကိုဗစ်ကူးစက်မှုစတင်ဖြစ်ပွားချိန်ကတည်းက ပိတ်ထားရခြင်းဖြစ်ပြီး စိတ်လှုပ်ရှားစရာကောင်းသည့် ကျွန်းပေါ်ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရာတွင် အဆိုပါလုပ်ငန်းရှင်များက နွေးထွေးပျူငှာစွာ ကြို ဆိုနေကြကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.