CMP စက်ရုံ၊ ကုမ္ပဏီများပစ္စည်းရောက်ချိန် Country of Origin မဖော်ပြနိုင်ပါက ဝန်ခံကတိ စာရွက်စာတမ်းဖြင့် လက်ခံဆောင်ရွက်ပေးမည်

 474

NP News - ဇူလိုင် ၂
CMP စက်ရုံ၊ ကုမ္ပဏီများ သွင်းကုန်လိုင်စင်များ လျှောက်ထားရာတွင် ကုန်ကြမ်းပေးပို့သူ၏ အချက်အလက်များအ တိုင်း လျှောက်ထားရပြီး CMP ကုန်ကြမ်း၊ ကုန်ချောများ တင်သွင်း၊ တင်ပို့ရာ တွင် ပိုမိုလျင်မြန်ချောမွေ့စေရေးအ တွက် အကောက်ခွန်ဦးစီးဌာနမှ ဖြေလျော့ပေးလိုက်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ဇူ လိုင်လ ၂ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

အမှန်တကယ် ပစ္စည်းရောက်ချိန်တွင် Country of Origin ဖော်ပြမထားသည့် အခြေအနေများရှိပါက Bill of Loading နှင့် Invoice ပါ အချက်အလက်များနှင့်တိုက်ဆိုင်စစ်ဆေးခြင်း၊ တိုက်ဆိုင်စစ်ဆေး၍ မရနိုင်ပါက သက် ဆိုင်ရာတင်သွင်ကုမ္ပဏီ၏ Country of Origin ဝန်ခံကတိစာရွက်စာတမ်းဖြင့် လက်ခံဆောင်ရွက်ပေးမည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် Mingalardon Cargo Services (MCS) မှ CMP ပို့ကုန်များ၏ Sample ပစ္စည်းများ ချိတ်စည်းခတ်နှိပ်ခြင်းကို ရုံးချုပ် (CMP Section) တွင် သွားရောက်ဆောင်ရွက်နေရသည့်အတွက် ကြန့်ကြာမှုများရှိနေခြင်းကြောင့် MCS မှတင်ပို့မည့် CMP ပို့ကုန်များ၏ Sample ပစ္စည်းများကို MCS အကောက်ခွန်ထံတွင်သာ ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.