ငွေဆောင်ပြည်သူ့ဆေးရုံတွင် ကိုဗစ်ပိုးတွေ့လူနာများထားရန် နေရာပြည့်နေ၍ ကားကြီးကွင်းတွင် ယာယီတိုးချဲ့ပေးထားရ

 766

NP News - ဇူလိုင် ၇
ပုသိမ်မြို့နယ်၊ ငွေဆောင်ကမ်းခြေ၊ ငွေဆောင်ပြည်သူ့ဆေးရုံတွင် Covid-19 Positive လူနာများထားရန် နေရာပြည့်သွား၍ ငွေဆောင်ကားကြီးကွင်းတွင် ယာယီတိုးချဲ့စီစဉ်ပေးထားရကြောင်း ငွေဆောင် ကြက်ခြေနီအသင်းမှ သိရသည်။

ငွေဆောင်ကမ်းခြေတွင် ယခင် ဇူလိုင် ၂ ရက်နေ့နှင့် ဇူလိုင် ၄ ရက်နေ့ စစ်ဆေးတွေ့ရှိမှုများအပါအဝင် Positive လူနာစုစုပေါင်း ၅၂ ယောက် ရှိပြီဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ချောင်းသာ၊ငွေဆောင်၊ ရွှေသောင်ယံကမ်းခြေများအား ၂ဝ၂ဝ ခုနှစ် မတ်လ ၂၃ ရက်မှစတင်၍ လာရောက်လည်ပတ်ခွင့်ပိတ်ထားခဲ့ရာ တစ်နှစ်ကျော်အကြာတွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ငွေဆောင်ကမ်းခြေသည် ယခုကဲ့သို့ အစုလိုက်အပြုံလိုက် ကိုဗစ် Positive တွေ့ရှိသည့် ပထမဆုံးကမ်းခြေ ဖြစ် ကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.