မြန်မာ အာဏာသိမ်းမှုအပေါ် ပျော်ရွှင်မှုမရှိတဲ့ တရုတ်အစိုးရ

 797

ဂျန်ဇက် (NP News) - ဇူလိုင် ၁၁

တရုတ်အစိုးရဟာ မြန်မာနိုင်ငံမှာအာဏာသိမ်းမှုဖြစ်ပွားခဲ့ခြင်းအပေါ် ပျော်ရွှင်နှစ်သက်မှုမရှိကြောင်း Economist သတင်းဌာနကဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာစစ်ဗိုလ်ချုပ်တွေကို စေ့စပ်ဆွေးနွေးရေးစားပွဲဝိုင်းဆီကို ခေါ်ဆောင်နိုင်သွားမယ့် တစ်ခုတည်းသောနိုင်ငံဖြစ်ဖွယ်တယ်လို့ အစောပိုင်းကခန့်မှန်းမှုတွေ ရှိနေခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးတာဝန်ရှိသူတွေဟာ ဇွန်လအတွင်း မြန်မာအစိုးရခေါင်းဆောင်လို့ သတ်မှတ်ခံထားရတဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်တစ်ရက်အကြာ တရုတ်အစိုးရဟာမြန်မာစစ်အစိုးရကိုယ်စားလှယ်တွေအပါအဝင် အာဆီယံအဖွဲ့ကနိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ခေါင်းဆောင်တွေနဲ့မြန်မာစစ်ဗိုလ်ချုပ်တွေဟာအာဏာရှင်ဆန်တဲ့ပုံစံခြင်း အလားသဏ္ဍန်တူညီဖွယ်ရှိနေပေမယ့် နားလည်မှုရယူနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။ အမေရိကန်နိုင်ငံဝါရှင်တန်မြို့ရှိ Think Tank အဖွဲ့တစ်ခုဖြစ်တဲ့ Stimson Centre ရဲ့သုတေသီတစ်ဦးဖြစ်သူ မစ္စတာ ယမ်ဆမ်က " မြန်မာစစ်ဘက်ဟာ တရုတ်နိုင်ငံအပေါ် ကာလအတန်ကြာ သံသယရှိနေတယ် " လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ကျော်ကြာ စစ်အစိုးရအုပ်ချုပ်ကာလအတွင်း အနောက်အုပ်စုများရဲ့စီးပွားရေး ပိတ်ဆို့မှုများကြောင့် စစ်အစိုးရဟာ တရုတ်ရဲ့ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ရှင်သန်ခဲ့ရပါတယ်။

မြန်မာစစ်အစိုးရဟာ နိုင်ငံမြောက်ပိုင်းရှိ တရုတ်နိုင်ငံအပေါ် အလွန်အမင်းမှီခိုခဲ့ရမှုအပေါ် သတိပြုမှုခဲ့ပြီး အနောက်နိုင်ငံနဲ့ဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့နဲ့ စီးပွားရေးလွှတ်လပ်ခွင့်စေဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်လှမ်းခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ တရုတ်နိုင်ငံကလည်း၂၀၁၆ ခုနှစ်မှာ မြန်မာအစိုးရခေါင်းဆောင်ဖြစ်လာတဲ့ ဒီမိုကရေစီအရေးတက်ကြွှလှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိတ်ဆွေဖြစ်အောင်လုပ်လာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာမသိမ်းခံရမီက တရုတ်နိုင်ငံနဲ့အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီတန်းကြေးရှိ စီးပွားရေးစာချုပ်တွေ သွားရောက်ချုပ်ဆိုခဲ့ဖူးပါတယ်။ တရုတ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ပါတီအစိုးရအဖြစ် ဆက်လက်ရှိနေခြင်းကိုပိုနှစ်သက်ဖွယ်ရှိတယ်လို့ Think-Tank အဖွဲ့တစ်ခုဖြစ်တဲ့ Stimson Centre ရဲ့သုတေသီတစ်ဦးဖြစ်သူ မစ္စတာ ယမ်ဆမ်က သုံးသပ်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်ပြုချက်ပေးခဲ့ပြီး တရုတ်ဆန့်ကျင်ရေးသဘောထားတွေကို ဖြေသိမ့်ပေးခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်နေရပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပေါ်လာတဲ့ ပရမ်းပတာဖြစ်မှုတွေဟာ တရုတ် - မြန်မာနယ်စပ်ဒေသကို လွင့်စင်လာမှာကို တရုတ်အစိုးရက စိုးရိမ်နေကြောင်း ဝါရှင်တန်မြို့အခြေစိုက် အမေရိကန်အစိုးရ Think Tank အဖွဲ့တစ်ခုဖြစ်တဲ့ United States Institute for Peace ရဲ့သုတေသီတစ်ဦးဖြစ်သူ ဂျာဆန်တာဝါက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေဖြစ်ပေါ်နေတဲ့အတွက် ဒုက္ခသည်တွေဟာ နယ်စပ်ဒေသကို ပိတ်ထားပေမယ့်လည်း တရုတ်နိုင်ငံအတွင်းဝင်ရောက်ဖို့ ကြိုးပမ်းနေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဥပဒေမဲ့ရာဇာဝတ်မှုကျူးလွန်မှုတွေ မြင့်တက်လာခြင်းက တရုတ်နဲ့ ထိုင်းနိုင်ငံနယ်စပ်တွေအထိ ရောက်ရှိလာခဲ့ပါတယ်။ တရုတ်နိုင်ငံထဲကို ဝင်ရောက်ဖု့ိကြိုးပမ်းသူတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအချို့လည်း ပါဝင်လာခဲ့ရာမှာတော့ တရုတ်မြို့တစ်မြို့ကို (ကျယ်ခေါင် - ရွှေလီကို) ဇူလိုင် ၇ ရက်နေ့က Lock Down ချခဲ့ရပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှကို ဝင်ပေါက်နိုင်ငံအဖြစ်ရှုမြင်နေတဲ့အတွက် တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံထံ သွယ်သန်းထားတဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်းဟာ ယူနန်ဒေသရဲ့ဂျီဒီပီကို(၈)ရာခိုင်နှုန်းအထိ အထောက်ပံဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းမှာ ဒေါ်လာဘီလီယံချီကုန်မယ့်ရေနက်ဆိပ်ကမ်းတည်ဆောက်ဖို့ စီစဉ်ထားပြီး ဘင်္ဂလားပင်လယ်အော်ကိုဖြတ်သန်းကာ ရေနံနဲ့သဘာဝဓါတ်ငွေ့တွေ ရယူနိုင်မှာလည်းဖြစ်ပါတယ်။

တရုတ်အစိုးရဟာ မြန်မာတပ်မတော်နဲ့အလောင်းစားသဘောမျိုး လုပ်ဆောင်မှုတွေလည်း ရှိနေပါတယ်။ မြန်မာစစ်အစိုးရဟာ နယ်စပ်ဒေသတည်ငြိမ်အောင်လုပ်ဆောင်မယ်လို့ တရုတ်အစိုးရအပေါ် ကတိပြုထားတယ်လို့လည်းသိရပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့အာဏသိမ်းမှုဟာ တည်ငြိမ်နေတဲ့လက်နက်ကိုင်သူပုန်အဖွဲ့တွေကို လက်နက်ပြန်ကိုင်အောင် ရန်စသလိုလည်း ဖြစ်ခဲ့ပါတယ်။ မြန်မာတပ်မတော်ဟာ နိုင်ငံအစိတ်စိတ်အမြွာမြွာပြိုကွဲမယ့်အရေးကို တားဆီးနိုင်တဲ့သမိုင်းမှတ်တမ်းကောင်းတွေ ရှိခဲ့ဖူးပါတယ်။ စစ်ဗိုလ်ချုပ်တွေဟာ ၎င်းတို့ရဲ့စစ်မှန်မှုကိုပြသနိုင်ဖို့ တရုတ်နိုင်ငံရဲ့ကြီးမားတဲ့ အခြေခံအဆောက်အဦးစီမံကိန်းများကို အလျင်မြန်အကောင်ထည်ဖော်ဆောင်ရွက်လိုနေပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့အာဏသိမ်းခြင်းကို ပြစ်တင်ရှုတ်ချဖို့ငြင်းဆန်ထားပါတယ်။ ပြီးခဲ့တဲ့မတ်လက တရုတ်နိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ စက်ရုံပေါင်း(၃၂)ရုံ တိုက်ခိုက်ခံရသလို မေလကလည်း တရုတ်နိုင်ငံနဲ့သွယ်တန်းထားတဲ့မြန်မာသဘာဝဓါတ်ငွေ့ပိုက်လိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်သုံးဦး တိုက်ခိုက်ခံခဲ့ရပါတယ်။ တရုတ်နိုင်ငံဟာ အဲဒီလိုမျိုးတိုက်ခိုက်ခံရမှုတွေနဲ့ပတ်သက်ပြီး တရုတ်အစိုးရက စိုးရိမ်လျက်ရှိနေပါတယ်။

( The Economist ၏ China is not happy about Myanmar’s coup ကို ဆီလျော်သလို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည် )

Related news

© 2021. All rights reserved.