တရုတ်ပြည်သို့ မတင်သွင်းရသေးသည့် ကုန်စည်များကို သွင်းကုန်လိုင်စင်လျှောက်ထားရန် မလိုအပ်ဘဲ ပြန်လည်သယ်ဆောင်ခွင့်ပြုမည်

 860

NP News - ဇူလိုင် ၁၂
တရုတ်ပြည်ဘက်က တရုတ်နယ်စပ်ဒေသများကို ပိတ်လိုက်သည့်အတွက် တရုတ်ပြည်ဘက်သို့ မတင်သွင်းရသေးသည့် ကုန်စည်များကို သွင်းကုန်လိုင်စင်လျှောက်ထားရန် မလိုအပ်ဘဲ ပြည်တွင်းသို့ ပြန်လည်သယ်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ဇူလိုင်လ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ကုန်သွယ်ရေးဇုန်များမှ ကုန်သွယ်မှုဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၈ ရက်မှ စတင်၍ တရုတ်နယ်စပ်ဒေသ (မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်) ရှိ ကုန်သွယ်မှုလုပ်ငန်းများ အား တရုတ်နိုင်ငံဘက်မှ COVID-19 ရောဂါအခြေအနေကြောင့် ယာယီရပ်ဆိုင်းထားခဲ့သည်။

ထို့ကြောင့် ယင်းရပ်ဆိုင်းခြင်းမပြုမီကာလအတွင်း သက်ဆိုင်ရာကုန်သွယ်ရေးဇုန်၊ ကုန်သွယ်ရေးစခန်းများမှ ကုန် ပစ္စည်းတင်ပို့ခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့ပြီးဖြစ်သော်လည်း တရုတ်နိုင်ငံအတွင်းသို့ဝင်ရောက်ခြင်း မပြုနိုင်သေးသည့် တင်ပို့ရန်ကျန်ကုန်စည်များကို ပြည်တွင်းသို့ ပြန်လည်သယ်ဆောင်နိုင်ရန်အတွက် စီစဉ်ထားကြောင်းသိရသည်။ အဆိုပါ ကုန်ပစ္စည်းများအနက် သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည်လိုင်းများကို သွင်ကုန်လိုင်စင်လျှောက်ထားရယူရန် မလိုအပ်ဘဲပြန်လည်သယ်ဆောင်ခွင့်ပြုကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.