မြန်အောင်မြို့တွင် အောက်စီဂျင်ပြဿနာကိုဖြေရှင်းနိုင်ရန် အောက်စီဂျင်ဖြည့်စက်တည်ဆောက်မည်

 443

NP News - ဇူလိုင် ၁၃
ကိုဗစ်လူနာ၏ အသက်ရှင်ရန်အဓိကကုထုံးထဲတွင် အောက်စီဂျင်ပေးကုသခြင်းပါဝင်ပြီး နိုင်ငံနှင့်အဝန်း ကိုဗစ်ကူးစက်မှုသည် နေ့စဉ်များပြားလာနေခြင်း ကြောင့်အောက်စီဂျင်ပြတ်လပ်မှုများဖြစ်ပေါ်လာသည်။ ထို့ကြောင့် မြန်အောင်တွင် အောက်စီဂျင်ထုတ်လုပ်ပေးနိုင်သည့်စက်တည်ဆောက်ရန် စီစဉ်နေကြောင်း လဝန်းရောင်ခြည်ပရဟိ တလူငယ်အဖွဲ့ထံမှ သိရသည်။

အဆိုပါ စက်တည်ဆောက်မှုအတွက် ငွေကျပ် သိန်း ၁ဝဝဝ ခန့်ကုန်ကျမည်ဖြစ်ပြီး တည်ဆောက်ပြီးပါက မြန်အောင်မြို့အတွက် အောက်စီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ မြန်အောင်မြို့တွင် လူဦးရေ ၂၂ဝဝဝဝ ကျော်နေထိုင်ပြီး မြို့အတွက် အောက်ဆီဂျင် အခမဲ့လှုဒါန်းနေသည့် အသင်းတစ်ခုသာရှိကြောင်း သိရသည်။ အဆိုပါအသင်းသည် အောက်ဆီဂျင်အိုးပေါင်း ၅ဝကျော်ဖြင့် ကူညီပေးနေပြီး အောက်ဆီဂျင်ကုန်ပါက အခြားမြို့တွင်သွားရောက်ဖြည့်ရကာ အခြားမြို့များတွင်လည်း အောက်ဆီဂျင်ပြတ်လပ်သည့် ပြဿနာများဖြင့် ရင်ဆိုင်နေရသည်။

လက်ရှိအချိန်တွင် တည်ဆောက်ရေးလုပ်ငန်းများအတွက် အလှူငွေများလက်ခံနေကြောင်း သိရသည်။ မြန်အောင်မြို့တွင် ဇူလိုင်လ ၁၃ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၈၄ ဦးရှိလာပြီး သေဆုံးသူ နှစ်ဦးထိရှိနေပြီဖြစ်ကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.