နိုင်ဂျီးရီးယား ပြည်နယ်မြို့တော် လမ်းမပေါ်မှာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် (၂၂)ဦးသေဆုံး

526

ဂျန်ဇက် (NP News) - သြဂုတ် ၁၅
နိုင်ဂျီးရီးယားနိုင်ငံ Plateau ပြည်နယ်မြို့တော်အနီး ကားလမ်းမှာ ဖြစ်ပွားတဲ့တိုက်ခိုက်မှုတစ်ခုမှာ အမည်မသိသေနတ်သမားတွေကြောင့် ကားလမ်းပေါ်မှာ သွားလာလှုပ်ရှားနေတဲ့ ခရီးသည်ပေါင်း ၂၂ ဦး ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုဟာ ဒီနှစ်အတွင်း နိုင်ဂျီးရီးယားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်ခဲ့မှုတွေထဲ နောက်ဆုံးဖြစ်ပွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်လာခဲ့ပါတယ်။ သေနတ်သမားတွေဟာ နိုင်ဂျီးရီးယားနိုင်ငံရှိ ကားလမ်းမကြီးတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုမြင့်တက်လာနေပြီး
ဒေသအတွင်းရှိနေရာအများအပြားမှာ မတည်ငြိမ်မှုများဖြစ်ပွားလျက်ရှိနေပါတယ်။ Plateau ပြည်နယ်ရှိ ဂျိုစ့် မြို့ရဲ့ရေခဲတိုက်ဝန်ထမ်းတစ်ဦးက လုံခြုံရေးဝန်ထမ်းတွေဟာ ရုပ်အလောင်း
ပေါင်း(၂၂)ခုကို ဆေးရုံကိုခေါ်ဆောင်လာခဲ့ပြီး ရေခဲတိုက်ထဲ ထည့်သွင်းထားခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ဂျီးရီးယား စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဂျိုစ့်မြို့ရှိ ရူကူဘာ လမ်းမကြီးမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို လုံခြုံရေးတပ်တွေက ပြန်လည် တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး သံသယရှိသူပေါင်း(၁၂)ဦးကို ဖမ်းဆီးထားကြောင်း ဆိုပါတယ်။ အဆိုပါ ကားလမ်းပေါ်မှာ အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ခဲ့သူ ဘယ်နှစ်ဦးသေဆုံးဒဏ်ရာရခဲ့တာကို အတိအကျမသိသေးကြောင်း ဆိုပါတယ်။ နိုင်ဂျီးရီးယားစစ်ဘက်က အကြမ်းဖက်တိုက်ခိုက်မှု များ ဖြစ်ပွားခဲ့တဲ့ အဆိုပါနေရာလုံခြုံရေးကို တင်းကြပ်ထားပြီး ကင်းလှည့်နေတယ်လို့ ဆိုပါတယ်။
Plateau ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ ဆီမွန်ဘာ ကိုလာလောင်းက မိမိအနေနဲ့ ပြည်နယ်အတွင်း ဥပဒေမဲ့လုပ်ရပ်တွေကို ကျူးလွန်ခွင့်ပြုသွားမှာ မဟုတ်ကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ပြည်နယ်အတွင်းရှိ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို လျင်မြန်စွာ လက်တုံ့ပြန်ဖြေရှင်းသွားမှာဖြစ်ကြောင်း ဆိုပါတယ်။ Plateau ပြည်နယ်အုပ်ချုပ်ရေးမှူးဟာ ကားလမ်းပေါ်မှာ အကြမ်းဖက်တိုက်မှုဖြစ်ပွားချိန်အတွင်း သေနတ်သမားဘယ်နှစ်ဦးသေဆုံး သွားတယ်ဆိုတာ အတိအကျထည့်သွင်းပြောဆိုတာမျိုး မရှိခဲ့ပါဘူး။ နိုင်ဂျီးရီးယားနိုင်ငံမှာ နိုင်ဂျီးရီးယားမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်လျက်ရှိနေရာ ပြီးခဲ့တဲ့(၁၀)နှစ် အတွင်း ဒေသခံ လယ်သမားတွေနဲ့ နွားသတ်သမားတွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူထောင်ချီသေဆုံးခဲ့ပြီး လူပေါင်း (၅)သိန်းကျော် ဘေးလွှတ်ရာကို ရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းမှာ အစ္စလာမ်မစ် စစ်သွေးကြွနဲ့ အစိုးရတပ်ဖွဲ့ဝင်တွေကြား (၁၂)နှစ်ကျော်ကြာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း (၃)သိန်းခွဲသေဆုံးပြီး လူသန်းချီ ဘေးလွှတ်ရာကိုရွှေ့ပြောင်းနေထိုင်ကာ ဒုက္ခသည်ဖြစ်ခဲ့ရပါတယ်။