ထိုင်းနိုင်ငံတွင် ကိုဗစ်ကူးစက်မှု (၁) သန်းကျော်သွား

568

ရောင်နီ (NP News) - သြဂုတ် ၂ဝ
ထိုင်းနိုင်ငံသည် သောကြာနေ့ (သြဂုတ်လ ၂ဝရက်)တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုစုစုပေါင်း (၁)သန်းကျော်လွန်ခဲ့ပြီး ယင်းအရေအတွက်၏ (၉၇) ရာခိုင်နှုန်းသည် လွန်ခဲ့သည့် ငါးလက ပေါ်ပေါက်လာသည့် ကူးစက်မှုများဖြစ်နေ ကာ အာရှ၏ အဆိုးရွားဆုံး COVID-19 ဖြစ်ပွားမှုများထဲတွင် ထိပ်ဆုံးနိုင်ငံ ဖြစ်လာတော့မည့်ဆဲဆဲ ဖိအားနှင့်ရုန်း ကန်နေကြောင်း CNA သတင်းဖော်ပြချက်အရ သိရသည်။
သောကြာနေ့က အာဏာပိုင်များသည် ကူးစက်မှုအသစ် ၁၉၈၅၁ ခုနှင့်သေဆုံးမှု ၂၄ဝ ဦး အတည်ပြုခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၈၈၂၆ ဦးထိရှိလာခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထိုင်းနိုင်ငံသည် အစောပိုင်း coronavirus ကူးစက်မှု အများစုကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်နိုင်ခဲ့သော်လည်း ဒယ်တာကိုဗစ်မျိုးကွဲကူးစက်မှုတွင် ကာကွယ်ဆေးထိုးမှုနှုန်း နှေးကွေးမှုများ၊ အစိုးရဆန့်ကျင် ဆန္ဒပြမှုများနှင့်အတူ ထိန်းချုပ်နိုင်စွမ်းအားနည်းလာခဲ့သည်။
ကျန်းမာရေး အရာရှိများက ကာကွယ်ဆေးထောက်ပံ့မှုကို အပြင်းအထန်လုပ်ဆောင်နေသော်လည်း နိုင်ငံလူဦးရေ (၆၆) သန်းကျော်တွင် (၈.၃) ရာခိုင်နှုန်းခန့်သာ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားကြောင်းသိရသည်။ အာဏာ ပိုင်များက AstraZeneca နှင့် Sinovac ကိုဗစ်ကာကွယ်ဆေး နှစ်မျိုးကို ကိုယ်ခံစွမ်းအား မြှင့်တင်ရန်နှင့် ထောက်ပံ့ရေး ကိစ္စရပ်များအတွက် ဖြေရှင်းနည်းတစ်ခုအဖြစ် ရောစပ်အသုံးပြုစေမည် ဖြစ်ကြောင်းသိရသည်။ ကာကွယ်ဆေးထိုးမူဝါဒအပါအဝင် coronavirus အကျပ်အတည်းကို အစိုးရကိုင်တွယ်ပုံနှင့်ပတ်သက်ပြီး မကြာသေးမီက ဝန်ကြီး ချုပ် Prayut Chan-o-cha ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပေါ်ထွက်လာခဲ့ကာ ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။
#NPNews