နျူကလီးယားလက်လျှော့ချရေးသဘောတူညီချက်မှာ ဗြိတိန်နဲ့ပြင်သစ်တို့ရဲ့လက်နက်တွေလည်း ပါဝင်သင့်တယ်လို့ ရုရှားအကြံပြု

 160

Pika (NP News) - အောက်တိုဘာ ၁
မဟာဗျူဟာမြောက်နျူကလီးယားလက်နက်တွေ လျှော့ချရေးဆွေးနွေးပွဲကို ရုရှားနဲ့အမေရိကန်တို့ကြား လုပ်ဆောင်ရမှာဖြစ်ပေမယ့်လည်း အဲဒီသဘောတူညီချက်မှာ ဗြိတိန်နဲ့ပြင်သစ်တို့ရဲ့ နျူကလီးယားလက်နက်တွေ လည်း ပါဝင်သင့်တယ်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
နျူကလီးယားလက်နက်ဆိုင်ရာကန့်သတ်ချက်ကို တစ်နှစ်သက်တမ်းတိုးမယ့် သဘောတူညီချက်ကို ရုရှားသမ္မတ ပူတင်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ကမ်းလှမ်းခဲ့ပြီးနောက် ဒီမစ်ထရီပက်စကော့ဗ်ရဲ့မှတ်ချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
ပူတင်ရဲ့အဆိုပြုချက်တွေဟာ ကောင်းမွန်ပေမယ့်လည်း အရာအားလုံးက ဒေါ်နယ်ထရမ့်အပေါ်မှာပဲ မူတည်တယ် လို့ အမေရိကန်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ရုရှား၊ တရုတ်တို့နဲ့ နျူကလီးယားလက်နက်ဆိုင်ရာ ဆွေးနွေးပွဲတွေကို ဒေါ်နယ်ထရမ့်က လုပ်ဆောင်လိုနေတယ်လို့လည်း အမေရိကန်အစိုးရက ထုတ်ပြန် ပြောကြားခဲ့ ပါတယ်။ ဒီမစ်ထရီပက်စကော့ဗ်က”ထုံးစံအတိုင်း နှစ်နိုင်ငံအဆင့်မှာ ဆွေးနွေးပွဲတွေကို စတင်ရပါမယ်။ ဒါပေမယ့် ဒီသဘောတူညီချက်မှာ ဗြိတိန်နဲ့ပြင်သစ်တို့ရဲ့ နျူကလီးယားလက်နက်တွေကိုလည်း ထည့်သွင်းသင့်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Zawgyi Version;
န်ဴကလီးယားလက္ေလွ်ာ့ခ်ေရးသေဘာတူညီခ်က္မွာ ၿဗိတိန္နဲ႔ျပင္သစ္တို႔ရဲ႕လက္နက္ေတြလည္း ပါဝင္သင့္တယ္ လို႔ ႐ုရွားအႀကံျပဳ
Pika (NP News) - ေအာက္တိုဘာ ၁
မဟာဗ်ဴဟာေျမာက္န်ဴကလီးယားလက္နက္ေတြ ေလွ်ာ့ခ်ေရးေဆြးေႏြးပြဲကို ႐ုရွားနဲ႔အေမရိကန္တို႔ၾကား လုပ္ေဆာင္ရမွာျဖစ္ေပမယ့္လည္း အဲဒီသေဘာတူညီခ်က္မွာ ၿဗိတိန္နဲ႔ျပင္သစ္တို႔ရဲ႕ န်ဴကလီးယားလက္နက္ေတြ လည္း ပါဝင္သင့္တယ္လို႔ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
န်ဴကလီးယားလက္နက္ဆိုင္ရာကန႔္သတ္ခ်က္ကို တစ္ႏွစ္သက္တမ္းတိုးမယ့္ သေဘာတူညီခ်က္ကို ႐ုရွားသမၼတ ပူတင္က အေမရိကန္သမၼတေဒၚနယ္ထရမ့္ကို ကမ္းလွမ္းခဲ့ၿပီးေနာက္ ဒီမစ္ထရီပက္စေကာ့ဗ္ရဲ႕မွတ္ခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။
ပူတင္ရဲ႕အဆိုျပဳခ်က္ေတြဟာ ေကာင္းမြန္ေပမယ့္လည္း အရာအားလုံးက ေဒၚနယ္ထရမ့္အေပၚမွာပဲ မူတည္တယ္ လို႔ အေမရိကန္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ႐ုရွား၊ တ႐ုတ္တို႔နဲ႔ န်ဴကလီးယားလက္နက္ဆိုင္ရာ ေဆြးေႏြးပြဲေတြကို ေဒၚနယ္ထရမ့္က လုပ္ေဆာင္လိုေနတယ္လို႔လည္း အေမရိကန္အစိုးရက ထုတ္ျပန္ ေျပာၾကားခဲ့ ပါတယ္။ ဒီမစ္ထရီပက္စေကာ့ဗ္က”ထုံးစံအတိုင္း ႏွစ္ႏိုင္ငံအဆင့္မွာ ေဆြးေႏြးပြဲေတြကို စတင္ရပါမယ္။ ဒါေပမယ့္ ဒီသေဘာတူညီခ်က္မွာ ၿဗိတိန္နဲ႔ျပင္သစ္တို႔ရဲ႕ န်ဴကလီးယားလက္နက္ေတြကိုလည္း ထည့္သြင္းသင့္ပါတယ္” လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.