ဧရာဝတီတိုင်းဒေသကြီးအတွင်းဖောက်ခွဲရေးများလုပ်ဆောင်ခဲ့သူ (၂၉) ဦးနှင့် တူးမီး (၇၅)လက်အပါအဝင် ဆက်စပ်ပစ္စည်းများစွာဖမ်းမိ

2085

ရဲပြည့် (NP news) - အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်အတွင်း ဖောက်ခွဲရေးများလုပ်ဆောင်ခဲ့သူ (၂၉) ဦးနှင့် တူးမီး (၇၅) လက်အပါအဝင် ဆက်စပ်ပစ္စည်းများစွာ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက အောက်တိုဘာ (၅) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နှင့် ပန်းတနော်မြို့ကြား ၊အင်းမနယ်မြေ ရဲစခန်းရှေ့ စစ်ဆေးရေးဂိတ်တွင် ပုသိမ်-မြဝတီပြေးဆွဲသည့် ဒို့ညီနောင်ယာဉ်လိုင်းဖြင့် လိုက်ပါစီးနင်းလာသည့် စည်သူအောင်(၃၅)နှစ်၊ အောင်နိုင်ထွေး(၃၅)နှစ် နှင့် ဘိုဘိုထွန်း (၂၈)နှစ်တို့အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့် ဆက်စပ်တရားခံများအား လက်နက်ပ စ္စည်းများအတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကန်ကြီးထောင့်မြို့နယ်၊ ပိတောက်ပင်ကျေးရွာ ရပ်ကွက်စီမံအုပ်ချုပ်ရေးရုံးအား အောင်နိုင်ထွေးနှင့် ဝေလင်း(ဖမ်း ဆီးရန်ကျန်)တို့ (၂) ဦးမှ ၂ဝ၂၁ ခုနှစ်၊ မတ်လ (၁၄) ရက်တွင်မီးရှို့ခဲ့ကြောင်း၊ ဩဂုတ်လ(၂၉) ရက်တွင် ကန်ကြီးထောင့်မြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ ရွှေကန်သာကားဂိတ်အနီး၌ ပြည်ခိုင်ဖြိုးပါတီဝင် ဦးမောင်မောင်မြင့်အား ကျော်ဇင်ထွေး(ဖမ်းဆီးရန်ကျန်)နှင့် ဘိုဘိုထွန်းတို့ (၂) ဦးမှ သေနတ်ဖြင့် ပစ်ခတ်၍ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း စစ်ကောင်စီဘက်မှသတင်းထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိခဲ့သည့် စည်သူအောင်၏ ထွက်ဆိုချက်အရ စက်တင်ဘာလ(၁၉)ရက်တွင် သာပေါင်းမြို့နယ်၊ ညောင် ပင်လေးဆိပ်ကျေးရွာနေ စိုးပိုင်(၃၅)နှစ်အား ပစ္စတိုကျည်အိမ် (၁)ခု၊ လက်လုပ်လေသေနတ် (၁) လက်၊ လက်လုပ်မိုင်း (၂)လုံး၊ ယမ်း (၁)ဘူး တို့နှင့် လည်းကောင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ဆက်ချောင်းကျေးရွာနေ ရဲမိုး(၄၁) နှစ် အား တူမီးသေနက် (၁) လက်နှင့် လည်းကောင်း၊ကန်ကြီးထောင့်မြို့၊ (၁) ရပ်ကွက်နေ အောင်အောင်(၃၈)နှစ်အား လက်လုပ်သေနတ် (၁) လက်နှင့်လည်း ကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ စက်တင်ဘာလ(၂ဝ)ရက်တွင် ကန်ကြီးထောင့်မြို့နယ်၊ ကုလားကုန်းကျေးရွာရှိ ထန်းကုန်းလေးကျောင်းတိုက်နေအောင်မြင့်(၅၃) နှစ်အားလည်းကောင်း၊ ကန်ကြီးထောင့်မြို့၊ (၄)ရပ်ကွက်နေ ရဲလင်းနောင် (၃၁)နှစ်၊(၂)ရပ်ကွက်နေ အောင်ဓန(၁၉)နှစ်၊ (၁)ရပ်ကွက်နေ ရဲဝင်းသူ (၃၇)နှစ်တို့အား လည်းကောင်း၊ ပုသိမ်မြို့၊(၅)ရပ်ကွက် နေ ဇော်ထိုက် (၆၂)နှစ်နှင့် သက်ထားဝေ(၂၃) နှစ်တို့အားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ စက်တင်ဘာလ (၂၂)ရက်တွင် သာပေါင်းမြို့နယ်၊ သန်လျက်စွန်းကျေးရွာ၊ ပုသိမ်-သာပေါင်းကားလမ်း၊ မိုင်တိုင်အ မှတ် ဝ/၄ နှင့် ဝ/၅ ကြားတွင် Light Truck အဖြူရောင်ယာဉ်ပေါ်မှ စိုးမင်းထွန်း (၃၅)နှစ်၊ စစိုးမိုးကျော်(၂၉)နှစ်၊ အောင်ကိုကို (၁၉)နှစ်၊ ထွန်းအေး(၆၂)နှစ်၊ နေလင်းအောင် (၂၈)နှစ်၊ လှမျိုးမင်း (၃၈)နှစ်၊ လှကြည်(၄၈)နှစ်၊ ညီဇော်လတ် (၃၅)နှစ်တို့ (၈) ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဖမ်းဆီးရမိခဲ့သည့် ဇော်ထိုက်၏ ထွက်ဆိုချက်အရ စက်တင်ဘာလ (၂၁) ရက်တွင် ကန်ကြီးထောင့်မြို့နယ်၊ ညောင်ပင်ကျေးရွာနေ ထက်ထက်(၂၆)နှစ်အား လမ်းလျှောက် စကားပြောစက် (၁) လုံး၊ ဒူးလေး (၁) လက်၊ မြှား (၃၄) ချောင်း၊ ကန့်မှုန့် (၁)ဘူး ၊ ယမ်းမှုန့် (၇)ဘူး၊ သံဘောစေ့ (၁၄ဝဝ) စေ့၊ယမ်းမီးခြစ် (၆ဝ) လုံးတို့နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖမ်းဆီးရမိခဲ့သည့် ထွန်းအေးနှင့် စိုးမင်းထွန်းတို့၏ ထွက်ဆိုချက်အရ ၎င်းတို့၏နေအိမ်များတွင် လက်နက်များဝှက်ထားကြောင်း သိရှိရသဖြင့် စက်တင်ဘာလ (၂၃)ရက်တွင် သွားရောက်ရှာဖွေခဲ့ရာ ထွန်းအေးနေ အိမ်အတွင်းမှ လက်လုပ်မိုင်း (၂၂) လုံး၊ တူမီးသေနတ်အတို (၁)လက်၊ တူမီးသေနတ် အရှည် (၁၂)လက်၊ လက်လုပ်လေသေနတ် (၂)လက်၊ ယမ်း (၂၈) ဘူး၊ ပြုလုပ်ဆဲလက်လုပ်မိုင်း (၁)လုံး၊ ဗြောက်အိုး (၇ဝ)လုံး၊ ဆန် (၉) အိတ်နှင့် လက်လုပ်မိုင်းပြု လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ စိုးမင်းထွန်း နေ အိမ်အတွင်းမှ တူမီးသေနတ် အရှည် (၄) လက်အား လည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ရန် ကန်ကြီးထောင့် မြို့နယ်၊ NLD ပါတီပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဝေယံအောင်က အဓိကစီစဉ်ညွှန်ကြားနေကြောင်းပြည်သူများမှ သတင်းပေးပို့ခဲ့သဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအား ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းဖြစ်ကြောင်းထုတ်ပြန်သည်။ ဖမ်းဆီးရမိသူများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#NPNews