ကိုးကန့် ဝေနှင့် လျို မိသားစုဝင် ကျားဖြန့်လိမ်လည်မှုနှင့်ဆက်စပ်သူများအား တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဖော်ပြ

275

ALynn (NP news)-အောက်တိုဘာ ၁၆
မြန်မာနိုင်ငံ အခြေစိုက် ဝေနှင့် လျို ရာဇဝတ်ဂိုဏ်းနှစ်ခုကို ကျားဖြန့် လိမ်လည်မှုနှင့် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသော အခြားသော ရာဇဝတ်မှုများဖြင့် မကြာသေးမီက တရားစွဲဆိုလိုက်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန က ဗုဒ္ဓဟူးနေ့ (အောက်တိုဘာလ ၁၅ ရက်) တွင် ပြောကြားခဲ့ကြောင်း Xinhua သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ဥပဒေစိုးမိုးရေးအရ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် တရုတ်နိုင်ငံသား (၅၇,၀၀၀) ကျော်ကို လိမ်လည်မှုစွဲချက်ဖြင့် ၎င်းဂိုဏ်းများကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ ကိုးကန့်ဒေသ အခြေစိုက် အဓိက ရာဇဝတ်ဂိုဏ်းကြီးလေးခုလုံးနှင့် သက်ဆိုင်သော အမှုများအားလုံးသည် ယခုအခါ တရားစီရင်ရေး လုပ်ငန်းစဉ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ဝန်ကြီးဌာနက မှတ်ချက်ပြုထားသည်။
တရုတ်ပြည်သူ့လုံခြုံရေးအာဏာပိုင်များ၏ အဆိုအရ ဝေမိသားစု ဦးဆောင်သော ဂိုဏ်းသည် (၂၀၀၉) ခုနှစ်မှ စတင်၍ ကိုးကန့်ဒေသတွင် ခြံဝင်းပေါင်း (၃၁) ခု တည်ဆောက်ခဲ့ပြီး ကျားဖြန့်လိမ်လည်မှု၊ အွန်လိုင်းလောင်းကစား၊ ပြည့်တန်ဆာလုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်ခြင်း အပါအဝင် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဂိုဏ်းသည် ထိုခြံဝင်းများအား လက်နက်ကိုင် ထိန်းချုပ်ထားခဲ့ပြီး ဂိုဏ်းအတွင်းမှ အွန်လိုင်းလိမ်လည်ခြင်းကို လုပ်ဆောင်ပေးရသော ဝန်ထမ်းများအပေါ် အကြမ်းဖက် စော်ကားမှုများ၊ ရိုက်နှက်မှုများနှင့် သတ်ဖြတ်မှုများပင် ပြုလုပ်ခွင့်ပြုခဲ့ကြောင်း သိရသည်။
၎င်းရာဇဝတ်မှုများကြောင့် တရုတ်နိုင်ငံသား (၈) ဦး သေဆုံးခဲ့ရပြီး၊ လိမ်လည်မှုမှ ရရှိသော အမြတ်ငွေမှာ ယွမ်ငွေ (၅) ဘီလီယံ ကျော်၊ လောင်းကစားနှင့် သက်ဆိုင်သော အမြတ်မှာ ယွမ်ငွေ (၉) ဘီလီယံ ကျော်နှင့် ပြည့်တန်ဆာလုပ်ငန်းများမှ မသမာသော အကျိုးအမြတ်များမှာ ယွမ်ငွေ (၁၉) သန်း ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် စုံစမ်းစစ်ဆေးမှုအရ ကိုးကန့်ဒေသရှိ လျိုမိသားစု ဦးဆောင်သော နောက်ထပ်ရာဇဝတ်ဂိုဏ်းတစ်ခုသည် ထိုဒေသတွင် အွန်လိုင်းလိမ်လည်မှု ပြုလုပ်ရန် ခြံဝင်း (၂၈) ခု ကို တည်ဆောက်ထားပြီး ဝေမိသားစုနည်းတူ အွန်လိုင်း လိမ်လည်မှုများ၊ ငွေညှစ်မှုများနှင့် တရားမဝင် ဖမ်းဆီးချုပ်နှောင်မှုများအပြင် လောင်းကစား၊ ပြည့်တန်ဆာလုပ်ငန်းနှင့် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုများအထိ လုပ်ငန်းချဲ့ထွင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဖော်ပြခဲ့သည်။
ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ လျိုမိသားစုအဖွဲ့သည် အွန်လိုင်းလိမ်လည်မှု အမြတ်ငွေ ယွမ်ငွေ (၂ ဒသမ ၆) ဘီလီယံကျော်၊ လောင်းကစား အမြတ် ယွမ်ငွေ (၈) ဘီလီယံကျော်၊ အွန်လိုင်းမှ ငွေညှစ်မှုမှ ရရှိသော ယွမ်ငွေ (၁၇) သန်းကျော်နှင့် ပြည့်တန်ဆာလုပ်ငန်းမှ မသမာသော ဝင်ငွေ ယွမ်ငွေ (၁၆) သန်း ကျော်တို့ ရှိခဲ့ကြောင်း သိရသည်။
တရုတ်ပြည်သူ့လုံခြုံရေး အာဏာပိုင်များသည် တရုတ်နိုင်ငံသားများအား ပစ်မှတ်ထားသော ကိုးကန့်ဒေသအခြေစိုက် အခြားသော အဓိက ရာဇဝတ်ဂိုဏ်းကြီးနှစ်ခုနှင့် ပတ်သက်သည့် အမှုများကိုလည်း ယခင်က ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း ဖော်ပြထားသည်။
စက်တင်ဘာလ (၂၂) ရက်နေ့တွင် ပယ်မိသားစု ရာဇဝတ်ဂိုဏ်းဝင် (၂၁) ဦးကို စွဲချက် (၁၀) ခုကျော်ဖြင့် တရားရုံးက စစ်ဆေးခဲ့ရာ လိမ်လည်မှုနှင့် လောင်းကစားမှုမှ ရရှိသော မသမာသည့် အကျိုးအမြတ် ယွမ်ငွေ (၂၀) ဘီလီယံကျော် ရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ (၂၉) ရက်နေ့တွင် မြီမိသားစု ဂိုဏ်းဝင် (၁၁) ဦးကို ရာဇဝတ်မှု မြောက်များစွာဖြင့် သေဒဏ် ချမှတ်ခဲ့သည်။

Zawgyi Version:
ကိုးကန႔္ ေဝႏွင့္ လ်ိဳ မိသားစုဝင္ က်ားျဖန႔္လိမ္လည္မႈႏွင့္ဆက္စပ္သူမ်ားအား တရားစြဲဆိုလိုက္ၿပီျဖစ္ေၾကာင္း တ႐ုတ္ျပည္သူ႔လုံၿခဳံေရးဝန္ႀကီးဌာန ေဖာ္ျပ
ALynn (NP news)-ေအာက္တိုဘာ ၁၆
ျမန္မာႏိုင္ငံ အေျခစိုက္ ေဝႏွင့္ လ်ိဳ ရာဇဝတ္ဂိုဏ္းႏွစ္ခုကို က်ားျဖန႔္ လိမ္လည္မႈႏွင့္ တ႐ုတ္ႏိုင္ငံသားမ်ားကို ပစ္မွတ္ထားေသာ အျခားေသာ ရာဇဝတ္မႈမ်ားျဖင့္ မၾကာေသးမီက တရားစြဲဆိုလိုက္ေၾကာင္း တ႐ုတ္ျပည္သူ႔လုံၿခဳံေရးဝန္ႀကီးဌာန က ဗုဒၶဟူးေန႔ (ေအာက္တိုဘာလ ၁၅ ရက္) တြင္ ေျပာၾကားခဲ့ေၾကာင္း Xinhua သတင္းဌာန၏ ေဖာ္ျပခ်က္အရ သိရသည္။
ဥပေဒစိုးမိုးေရးအရ ပူးေပါင္းေဆာင္႐ြက္မႈမွတစ္ဆင့္ တ႐ုတ္ႏိုင္ငံသား (၅၇,၀၀၀) ေက်ာ္ကို လိမ္လည္မႈစြဲခ်က္ျဖင့္ ၎ဂိုဏ္းမ်ားကို ဖမ္းဆီးခဲ့ေၾကာင္း ေဖာ္ျပထားသည္။
ျမန္မာႏိုင္ငံရွိ ကိုးကန္႔ေဒသ အေျခစိုက္ အဓိက ရာဇဝတ္ဂိုဏ္းႀကီးေလးခုလုံးႏွင့္ သက္ဆိုင္ေသာ အမႈမ်ားအားလုံးသည္ ယခုအခါ တရားစီရင္ေရး လုပ္ငန္းစဥ္သို႔ ေရာက္ရွိလာၿပီျဖစ္ေၾကာင္း ဝန္ႀကီးဌာနက မွတ္ခ်က္ျပဳထားသည္။
တ႐ုတ္ျပည္သူ႔လုံၿခဳံေရးအာဏာပိုင္မ်ား၏ အဆိုအရ ေဝမိသားစု ဦးေဆာင္ေသာ ဂိုဏ္းသည္ (၂၀၀၉) ခုႏွစ္မွ စတင္၍ ကိုးကန္႔ေဒသတြင္ ၿခံဝင္းေပါင္း (၃၁) ခု တည္ေဆာက္ခဲ့ၿပီး က်ားျဖန႔္လိမ္လည္မႈ၊ အြန္လိုင္းေလာင္းကစား၊ ျပည့္တန္ဆာလုပ္ငန္းမ်ားႏွင့္ မူးယစ္ေဆးဝါး ကူးသန္းေရာင္းဝယ္ျခင္း အပါအဝင္ ရာဇဝတ္မႈမ်ားကို က်ဴးလြန္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဂိုဏ္းသည္ ထိုၿခံဝင္းမ်ားအား လက္နက္ကိုင္ ထိန္းခ်ဳပ္ထားခဲ့ၿပီး ဂိုဏ္းအတြင္းမွ အြန္လိုင္းလိမ္လည္ျခင္းကို လုပ္ေဆာင္ေပးရေသာ ဝန္ထမ္းမ်ားအေပၚ အၾကမ္းဖက္ ေစာ္ကားမႈမ်ား၊ ႐ိုက္ႏွက္မႈမ်ားႏွင့္ သတ္ျဖတ္မႈမ်ားပင္ ျပဳလုပ္ခြင့္ျပဳခဲ့ေၾကာင္း သိရသည္။
၎ရာဇဝတ္မႈမ်ားေၾကာင့္ တ႐ုတ္ႏိုင္ငံသား (၈) ဦး ေသဆုံးခဲ့ရၿပီး၊ လိမ္လည္မႈမွ ရရွိေသာ အျမတ္ေငြမွာ ယြမ္ေငြ (၅) ဘီလီယံ ေက်ာ္၊ ေလာင္းကစားႏွင့္ သက္ဆိုင္ေသာ အျမတ္မွာ ယြမ္ေငြ (၉) ဘီလီယံ ေက်ာ္ႏွင့္ ျပည့္တန္ဆာလုပ္ငန္းမ်ားမွ မသမာေသာ အက်ိဳးအျမတ္မ်ားမွာ ယြမ္ေငြ (၁၉) သန္း ေက်ာ္အထိ ရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ စုံစမ္းစစ္ေဆးမႈအရ ကိုးကန္႔ေဒသရွိ လ်ိဳမိသားစု ဦးေဆာင္ေသာ ေနာက္ထပ္ရာဇဝတ္ဂိုဏ္းတစ္ခုသည္ ထိုေဒသတြင္ အြန္လိုင္းလိမ္လည္မႈ ျပဳလုပ္ရန္ ၿခံဝင္း (၂၈) ခု ကို တည္ေဆာက္ထားၿပီး ေဝမိသားစုနည္းတူ အြန္လိုင္း လိမ္လည္မႈမ်ား၊ ေငြညႇစ္မႈမ်ားႏွင့္ တရားမဝင္ ဖမ္းဆီးခ်ဳပ္ေႏွာင္မႈမ်ားအျပင္ ေလာင္းကစား၊ ျပည့္တန္ဆာလုပ္ငန္းႏွင့္ မူးယစ္ေဆးဝါး ကူးသန္းေရာင္းဝယ္မႈမ်ားအထိ လုပ္ငန္းခ်ဲ႕ထြင္ခဲ့သည္ဟု ရဲတပ္ဖြဲ႕က ေဖာ္ျပခဲ့သည္။
ရဲတပ္ဖြဲ႕၏ စုံစမ္းစစ္ေဆးမႈမ်ားအရ လ်ိဳမိသားစုအဖြဲ႕သည္ အြန္လိုင္းလိမ္လည္မႈ အျမတ္ေငြ ယြမ္ေငြ (၂ ဒသမ ၆) ဘီလီယံေက်ာ္၊ ေလာင္းကစား အျမတ္ ယြမ္ေငြ (၈) ဘီလီယံေက်ာ္၊ အြန္လိုင္းမွ ေငြညႇစ္မႈမွ ရရွိေသာ ယြမ္ေငြ (၁၇) သန္းေက်ာ္ႏွင့္ ျပည့္တန္ဆာလုပ္ငန္းမွ မသမာေသာ ဝင္ေငြ ယြမ္ေငြ (၁၆) သန္း ေက်ာ္တို႔ ရွိခဲ့ေၾကာင္း သိရသည္။
တ႐ုတ္ျပည္သူ႔လုံၿခဳံေရး အာဏာပိုင္မ်ားသည္ တ႐ုတ္ႏိုင္ငံသားမ်ားအား ပစ္မွတ္ထားေသာ ကိုးကန္႔ေဒသအေျခစိုက္ အျခားေသာ အဓိက ရာဇဝတ္ဂိုဏ္းႀကီးႏွစ္ခုႏွင့္ ပတ္သက္သည့္ အမႈမ်ားကိုလည္း ယခင္က ကိုင္တြယ္ေျဖရွင္းခဲ့ေၾကာင္း ေဖာ္ျပထားသည္။
စက္တင္ဘာလ (၂၂) ရက္ေန႔တြင္ ပယ္မိသားစု ရာဇဝတ္ဂိုဏ္းဝင္ (၂၁) ဦးကို စြဲခ်က္ (၁၀) ခုေက်ာ္ျဖင့္ တရား႐ုံးက စစ္ေဆးခဲ့ရာ လိမ္လည္မႈႏွင့္ ေလာင္းကစားမႈမွ ရရွိေသာ မသမာသည့္ အက်ိဳးအျမတ္ ယြမ္ေငြ (၂၀) ဘီလီယံေက်ာ္ ရွိခဲ့ေၾကာင္း သိရသည္။
စက္တင္ဘာလ (၂၉) ရက္ေန႔တြင္ ၿမီမိသားစု ဂိုဏ္းဝင္ (၁၁) ဦးကို ရာဇဝတ္မႈ ေျမာက္မ်ားစြာျဖင့္ ေသဒဏ္ ခ်မွတ္ခဲ့သည္။