မြင်းမူမြို့တွင်အငှားဆိုင်ကယ်ယာဉ်မောင်းတစ်ဦးအား ဒလန်ဟုဆိုကာ‌သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား

 1299

NP News - နိုင်ဝင်ဘာ ၁
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ ဗန္ဒုလရပ်ကွက်ရှိ မြို့မဈေးရှေ့၌ ခရီးသည်စောင့်ဆိုင်းနေသည့် အငှားဆိုင်ကယ်မောင်း ဦးမျိုးနိုင်အား ဒလန်ဟုဆိုကာ အောက်တိုဘာလ (၃၁)ရက်၌ သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံမှုဖြစ် ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးမျိုးနိုင်သည် စစ်ကောင်စီ၏ တပ်မ(၃၃)နှင့်အ ဆက်သွယ်ပြုလုပ်နေသည့်အတွက် မြင်းမူမြို့နယ်ညီနောင်မဟာမိတ် (၁၃)ဖွဲ့ပူးပေါင်း၍ ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားသည်။

မြင်းမူမြို့၊ ဗန္ဒုလရပ်ကွက်ရှိ မြို့မဈေးရှေ့၌ ခရီးသည်စောင့်ဆိုင်းနေသည့် ဦးမျိုးနိုင်(၅၂)နှစ်၊ အငှားဆိုင်ကယ်ယာဉ်မောင်းအား Mask တပ်ထားသော အကြမ်းဖက်သမားနှစ်ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် သုံးချက်ပစ်ခတ်၍ မန္တလေး-မုံရွာ ကားလမ်းအတိုင်းမန္တ လေးဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူ ဦးမျိုးနိုင်အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုပေးလျက်ရှိကြောင်း စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးက နိုဝင်ဘာလ(၁)ရက်တွင် ထုတ်ပြန်သည်။

လုပ်ကြံခံရသူ ဦးမျိုးနိုင်သည် ပြည့်မဏ္ဍိုင် သတင်းထောက်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိပြီး မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ကလည်း ၎င်းတို့တော်လှန်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အချိန်၌ ပေါ်ပေါက်လာသော ဆူးငြောင့်ခလုတ်များအား ရှင်းလင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

zawgyi version
ျမင္းမူၿမိဳ႕တြင္အငွားဆိုင္ကယ္ယာဥ္ေမာင္းတစ္ဦးအား ဒလန္ဟုဆိုကာ‌ေသနတ္ျဖင့္ပစ္ခတ္မႈျဖစ္ပြား
NP News - ႏိုင္ဝင္ဘာ ၁
စစ္ကိုင္းတိုင္း၊ ျမင္းမူၿမိဳ႕၊ ဗႏၵဳလရပ္ကြက္ရွိ ၿမိဳ႕မေဈးေရွ႕၌ ခရီးသည္ေစာင့္ဆိုင္းေနသည့္ အငွားဆိုင္ကယ္ေမာင္း ဦးမ်ိဳးႏိုင္အား ဒလန္ဟုဆိုကာ ေအာက္တိုဘာလ (၃၁)ရက္၌ ေသနတ္ျဖင့္ပစ္ခတ္လုပ္ႀကံမႈျဖစ္ ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဦးမ်ိဳးႏိုင္သည္ စစ္ေကာင္စီ၏ တပ္မ(၃၃)ႏွင့္အ ဆက္သြယ္ျပဳလုပ္ေနသည့္အတြက္ ျမင္းမူၿမိဳ႕နယ္ညီေနာင္မဟာမိတ္ (၁၃)ဖြဲ႕ပူးေပါင္း၍ ပစ္ခတ္လုပ္ႀကံခဲ့ျခင္းျဖစ္ေၾကာင္း ျမင္းမူလွ်ပ္စီးေျပာက္က်ားအဖြဲ႕က ထုတ္ျပန္ထားသည္။

ျမင္းမူၿမိဳ႕၊ ဗႏၵဳလရပ္ကြက္ရွိ ၿမိဳ႕မေဈးေရွ႕၌ ခရီးသည္ေစာင့္ဆိုင္းေနသည့္ ဦးမ်ိဳးႏိုင္(၅၂)ႏွစ္၊ အငွားဆိုင္ကယ္ယာဥ္ေမာင္းအား Mask တပ္ထားေသာ အၾကမ္းဖက္သမားႏွစ္ဦးမွ ဆိုင္ကယ္ျဖင့္ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ သုံးခ်က္ပစ္ခတ္၍ မႏၲေလး-မုံ႐ြာ ကားလမ္းအတိုင္းမႏၲ ေလးဘက္သို႔ ေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္းႏွင့္ ဒဏ္ရာရရွိသူ ဦးမ်ိဳးႏိုင္အား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ေဆးကုသမႈေပးလ်က္ရွိေၾကာင္း စစ္ေကာင္စီသတင္းမွန္ျပန္ၾကားေရးက ႏိုဝင္ဘာလ(၁)ရက္တြင္ ထုတ္ျပန္သည္။

လုပ္ႀကံခံရသူ ဦးမ်ိဳးႏိုင္သည္ ျပည့္မ႑ိဳင္ သတင္းေထာက္ျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚလ်က္ရွိၿပီး ျမင္းမူလွ်ပ္စီးေျပာက္က်ားအဖြဲ႕ကလည္း ၎တို႔ေတာ္လွန္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနသည့္အခ်ိန္၌ ေပၚေပါက္လာေသာ ဆူးေျငာင့္ခလုတ္မ်ားအား ရွင္းလင္းလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.