၂ဝ၂ဝ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၏ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာကို နိုဝင်ဘာလကုန်အထိ ထုတ်ပေးမည်

 1294

NP News - နိုဝင်ဘာ ၆
၂ဝ၂ဝ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၏ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများနှင့် လမ်းညွှန်စာအုပ်များကို အခြေခံပညာကျောင်းများတွင် နိုဝင်ဘာလကုန်အထိ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို သက်ဆိုင်ရာအခြေခံပညာကျောင်းများတွင် ထုတ်၍မရပါက လျှောက်ထားသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်၊ အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံခွဲ) တွင် ထုတ်ယူနိုင်ကြောင်း သိရသည်။

သီးခြားဝင်ခွင့်ရွေးချယ်မည့် တက္ကသိုလ်များသို့ ပထမဦးစားပေးလျှောက်ထားပါက လျှောက်လွှာများကို ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မန္တလေး)၊ ရန်ကုန် ကွန်ပျူတာတက္ကသိုလ်၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ မန္တလေး ကွန်ပျူတာ တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီးနယ်မြေ)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ)၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် စသည့် တက္ကသိုလ်များသို့ တိုက်ရိုက်တင်သွင်း လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနှော တက္ကသိုလ်များ၊ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးအဖွဲ့မှ ရွေးချယ်မည့်တက္ကသိုလ်များသို့ ပထမဦးစားပေး လျှောက်ထားပါက လျှောက်လွှာများကို မြစ်ကြီးနားတက္ကသိုလ်၊ လွိုင်ကော် တက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊ ဟားခါးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ် ၊ စစ်ကိုင်းတက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ မန္တလေးအဝေးသင်တက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ စစ်တွေတက္ကသိုလ်၊ တောင်ကုတ်တက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ် လားရှိုးတက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ မအူပင်တက္ကသိုလ် တို့တွင် တင်သွင်းလျှောက် ထားရမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၂ဝ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန်အတွက် မိမိတို့စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာန ကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီးများ) ထံတွင် အမှတ်စာရင်း၊ အရည်အချင်း မှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ် ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံစာအိတ်ကို မေလ (၁၁) ရက်မှ ဇွန်လ (၁၄) ရက်အထိ ပိတ်ရက်မရှိ ထုတ်ပေးခဲ့ပြီး လက်ရှိတွင် နိုဝင်ဘာလကုန်အထိ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း တို့မြှင့် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

Zawgyi Versions;
၂ဝ၂ဝ ျပည့္ႏွစ္ တကၠသိုလ္ဝင္တန္းေအာင္ျမင္ၿပီးသူမ်ား၏ တကၠသိုလ္ဝင္ခြင့္ေလွ်ာက္လႊာကို ႏိုဝင္ဘာလကုန္အထိ ထုတ္ေပးမည္
NP News - ႏိုဝင္ဘာ ၆
၂ဝ၂ဝ ျပည့္ႏွစ္ တကၠသိုလ္ဝင္တန္းေအာင္ျမင္ၿပီးသူမ်ား၏ တကၠသိုလ္ဝင္ခြင့္ ေလွ်ာက္လႊာမ်ားႏွင့္ လမ္းၫႊန္စာအုပ္မ်ားကို အေျခခံပညာေက်ာင္းမ်ားတြင္ ႏိုဝင္ဘာလကုန္အထိ ဆက္လက္ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာနမွ သိရသည္။

တကၠသိုလ္ဝင္ခြင့္ေလွ်ာက္လႊာမ်ားကို သက္ဆိုင္ရာအေျခခံပညာေက်ာင္းမ်ားတြင္ ထုတ္၍မရပါက ေလွ်ာက္ထားသူမ်ားအေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီး ကမာ႐ြတ္ၿမိဳ႕နယ္၊ အဆင့္ျမင့္ပညာဦးစီးဌာန(ရန္ကုန္႐ုံခြဲ) တြင္ ထုတ္ယူႏိုင္ေၾကာင္း သိရသည္။

သီးျခားဝင္ခြင့္ေ႐ြးခ်ယ္မည့္ တကၠသိုလ္မ်ားသို႔ ပထမဦးစားေပးေလွ်ာက္ထားပါက ေလွ်ာက္လႊာမ်ားကို ရန္ကုန္တကၠသိုလ္၊ မႏၲေလးတကၠသိုလ္၊ ရန္ကုန္နည္းပညာတကၠသိုလ္၊ မႏၲေလးနည္းပညာတကၠသိုလ္၊ နည္းပညာတကၠသိုလ္(မႏၲေလး)၊ ရန္ကုန္ ကြန္ပ်ဴတာတကၠသိုလ္၊ သတင္းအခ်က္အလက္နည္းပညာတကၠသိုလ္၊ မႏၲေလး ကြန္ပ်ဴတာ တကၠသိုလ္၊ ရန္ကုန္စီးပြားေရးတကၠသိုလ္(႐ြာသာႀကီးနယ္ေျမ)၊ ရန္ကုန္စီးပြားေရးတကၠသိုလ္ (လႈိင္နယ္ေျမ)၊ ရန္ကုန္ပညာေရးတကၠသိုလ္၊ စစ္ကိုင္းပညာေရးတကၠသိုလ္၊ ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္၊ မႏၲေလးႏိုင္ငံျခားဘာသာတကၠသိုလ္၊ နည္းပညာတကၠသိုလ္(ရတနာပုံဆိုင္ဘာစီးတီး)၊ ျမန္မာႏိုင္ငံေလေၾကာင္းႏွင့္ အာကာသပညာတကၠသိုလ္ စသည့္ တကၠသိုလ္မ်ားသို႔ တိုက္႐ိုက္တင္သြင္း ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။

မိတၳီလာၿမိဳ႕ ေဆးတကၠသိုလ္မ်ားႏွင့္ ေဆးပညာႏွီးေႏွာ တကၠသိုလ္မ်ား၊ တကၠသိုလ္ဝင္ခြင့္ ေ႐ြးခ်ယ္ေရးအဖြဲ႕မွ ေ႐ြးခ်ယ္မည့္တကၠသိုလ္မ်ားသို႔ ပထမဦးစားေပး ေလွ်ာက္ထားပါက ေလွ်ာက္လႊာမ်ားကို ျမစ္ႀကီးနားတကၠသိုလ္၊ လြိဳင္ေကာ္ တကၠသိုလ္၊ ဘားအံတကၠသိုလ္၊ ဟားခါးတကၠသိုလ္၊ မုံ႐ြာတကၠသိုလ္၊ ေ႐ႊဘိုတကၠသိုလ္ ၊ စစ္ကိုင္းတကၠသိုလ္၊ ထားဝယ္တကၠသိုလ္၊ ေတာင္ငူတကၠသိုလ္၊ ျပည္တကၠသိုလ္၊ ပဲခူးတကၠသိုလ္၊ မေကြးတကၠသိုလ္၊ ပခုကၠဴတကၠသိုလ္၊ မႏၲေလးအေဝးသင္တကၠသိုလ္၊ မိတၳီလာတကၠသိုလ္၊ ေက်ာက္ဆည္တကၠသိုလ္၊ ေမာ္လၿမိဳင္တကၠသိုလ္၊ စစ္ေတြတကၠသိုလ္၊ ေတာင္ကုတ္တကၠသိုလ္၊ ရန္ကုန္အေဝးသင္တကၠသိုလ္၊ ေတာင္ႀကီးတကၠသိုလ္ လားရႈိးတကၠသိုလ္၊ က်ိဳင္းတုံတကၠသိုလ္၊ ပုသိမ္တကၠသိုလ္၊ ဟသၤာတတကၠသိုလ္၊ မအူပင္တကၠသိုလ္ တို႔တြင္ တင္သြင္းေလွ်ာက္ ထားရမည္ျဖစ္ေၾကာင္း သိရသည္။

၂ဝ၂ဝ ျပည့္ႏွစ္၊ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္သူမ်ား တကၠသိုလ္ဝင္ခြင့္ ေလွ်ာက္ထားႏိုင္ရန္အတြက္ မိမိတို႔စာေမးပြဲေျဖဆိုခဲ့ေသာ စာစစ္ဌာန ႀကီးၾကပ္ေရးမႉးမ်ား (အေျခခံပညာ အထက္တန္းေက်ာင္းအုပ္ႀကီးမ်ား) ထံတြင္ အမွတ္စာရင္း၊ အရည္အခ်င္း မွတ္တမ္းခ်ဳပ္ ရမွတ္အဆင့္၊ တကၠသိုလ္ ဝင္ခြင့္ လမ္းၫႊန္စာအုပ္ႏွင့္ တကၠသိုလ္ဝင္ခြင့္ ေလွ်ာက္ထားရမည့္ ပုံစံစာအိတ္ကို ေမလ (၁၁) ရက္မွ ဇြန္လ (၁၄) ရက္အထိ ပိတ္ရက္မရွိ ထုတ္ေပးခဲ့ၿပီး လက္ရွိတြင္ ႏိုဝင္ဘာလကုန္အထိ ဆက္လက္ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း တို႔ျမႇင့္ သတ္မွတ္လိုက္ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.