အိန္ဒိယမှာဒီပါဝါလီပွဲတော်အချုပ်အနေနဲ့ နွားချေးသုတ်လိမ်းပွဲကျင်းပ

 642

ရောင်နီ (NP News) - နိုဝင်ဘာ ၈
အိန္ဒိယနိုင်ငံရဲ့အကျော်ကြားဆုံးနဲ့အရေးကြီးဆုံး ဟိန္ဒူဘာသာရေးပွဲတော်ဒီပါဝါလီနိဂုံး ချုပ်အထိမ်းအမှတ်အနေနဲ့ရွာတစ်ရွာမှာ ရွှင်မြူးနေတဲ့လူအုပ်ကြီးနဲ့အတူ နွားချေးသုတ် လိမ်းပွဲကျင်းပခဲ့ပါတယ်။ ဒီပွဲဟာရမ်းချဉ်သီးတွေနဲ့ပစ်ပေါက်ရတဲ့စပိန်နိုင်ငံ La Tomatina ပွဲတော်နဲ့ဆင်တူပြီး အိန္ဒိယနိုင်ငံ၊ Gumatapura ကျးရွာမှာနေထိုင်သူတွေက နှင်းဘောလုံးအရွယ်အစားရှိတဲ့ နွာချေးလုံးတွေနဲ့ ပစ်ပေါက်ကာပွဲတော်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

Gorehabba အမည်ရှိ ယင်းပွဲတော်ဟာ တောင်ပိုင်း Karnataka နဲ့ Tamil Nadu ပြည် နယ်နယ်စပ်မှာရှိတဲ့ Gumatapura ရွာမှာပြုလုပ်ပြီး နွားပိုင်အိမ်တွေမှ အညစ်အကြေးတွေကိုစုဆောင်းကာ ကောင်းကြီးမင်္ဂလာအခမ်းအနားမပြုလုပ်မီ လယ်ထွန်စက်တွေနဲ့ ဒေသခံဘုရားကျောင်းကိုယူဆောင်သွားပါတယ်။ အဲ့ဒီ့နောက် မစင်တွေကိုပွင့်လင်းတဲ့ နေရာမှာသွန်ချပြီး ပွဲအတွက်ပြင်ဆင်ပါတယ်။ ယင်းပွဲတော်အတွက် ဝေးလံခေါင်သီတဲ့မြို့တွေက Gumatapura ရွာကို နှစ်စဉ်အများအပြားလာရောက်ကြပြီး အခမ်းအနား တက်ရောက်လာသူတွေအတွက် ယင်းတိုက်ပွဲဟာကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်ပြီး ပျော်ရွှင်ဖွယ်ရာလည်းဖြစ်စေတယ်လို့ ယူဆထားပါတယ်။

“သူတို့မှာ ရောဂါရှိရင်တောင်ပျောက်ကင်းမှာပါ” လို့ လယ်သမားတစ်ဦးဖြစ်သူ မဟေးရှ်က ဆိုပါတယ်။ အချို့ဟိန္ဒူဘာသာဝင်တွေဟာ နွားတွေနဲ့ ၎င်းတို့မှရရှိသမျှအရာအား လုံးမြင့်မြတ်သန့်စင်တယ်လို့ ယုံကြည်ကြပြီး ဟိန္ဒူအမျိုးသားရေးဝါဒီ ဝန်ကြီးချုပ်မိုဒီက နွားတိရိစ္ဆာန်တွေကို ပိုမိုကာကွယ်ရန်တွန်းအားပေးခဲ့ကာ အိန္ဒိယပြည်နယ်အများအပြားဟာ အသားအတွက် နွားသတ်ခြင်းကို ကာလကြာရှည်စွာပိတ်ပင်ထားပါတယ်။ မိုဒီရဲ့ပါ တီအဖွဲ့ဝင်တွေဟာ COVID-19 နဲ့ အခြားရောဂါတွေကို ကာကွယ်ဖို့နဲ့ကုသဖို့အတွက် နွားကျင်ငယ်ရည် အသုံးပြုနိုင်တယ်လို့ကြွေးကြော်ခဲ့ကြဖူးပါတယ်။ ၎င်းရဲ့အစိုးရဟာ နွားမှထွက်တဲ့ စွန့်ထွက်ပစ္စည်းတွေကနေ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်နဲ့ခြင်ဆေးခွေတွေ ထုတ်လုပ်ရေးကိုလည်း အားပေးနေတယ်လို့သိရပါတယ်။

zawgyi version
အိႏၵိယမွာဒီပါဝါလီပြဲေတာ္အခ်ဳပ္အေနနဲ႔ ႏြားေခ်းသုတ္လိမ္းပြဲက်င္းပ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၈
အိႏၵိယႏိုင္ငံရဲ႕အေက်ာ္ၾကားဆုံးနဲ႔အေရးႀကီးဆုံး ဟိႏၵဴဘာသာေရးပြဲေတာ္ဒီပါဝါလီနိဂုံး ခ်ဳပ္အထိမ္းအမွတ္အေနနဲ႔႐ြာတစ္႐ြာမွာ ႐ႊင္ျမဴးေနတဲ့လူအုပ္ႀကီးနဲ႔အတူ ႏြားေခ်းသုတ္ လိမ္းပြဲက်င္းပခဲ့ပါတယ္။ ဒီပြဲဟာရမ္းခ်ဥ္သီးေတြနဲ႔ပစ္ေပါက္ရတဲ့စပိန္ႏိုင္ငံ La Tomatina ပြဲေတာ္နဲ႔ဆင္တူၿပီး အိႏၵိယႏိုင္ငံ၊ Gumatapura က်း႐ြာမွာေနထိုင္သူေတြက ႏွင္းေဘာလုံးအ႐ြယ္အစားရွိတဲ့ ႏြာေခ်းလုံးေတြနဲ႔ ပစ္ေပါက္ကာပြဲေတာ္က်င္းပခဲ့ၾကတာျဖစ္ပါတယ္။

Gorehabba အမည္ရွိ ယင္းပြဲေတာ္ဟာ ေတာင္ပိုင္း Karnataka နဲ႔ Tamil Nadu ျပည္ နယ္နယ္စပ္မွာရွိတဲ့ Gumatapura ႐ြာမွာျပဳလုပ္ၿပီး ႏြားပိုင္အိမ္ေတြမွ အညစ္အေၾကးေတြကိုစုေဆာင္းကာ ေကာင္းႀကီးမဂၤလာအခမ္းအနားမျပဳလုပ္မီ လယ္ထြန္စက္ေတြနဲ႔ ေဒသခံဘုရားေက်ာင္းကိုယူေဆာင္သြားပါတယ္။ အဲ့ဒီ့ေနာက္ မစင္ေတြကိုပြင့္လင္းတဲ့ ေနရာမွာသြန္ခ်ၿပီး ပြဲအတြက္ျပင္ဆင္ပါတယ္။ ယင္းပြဲေတာ္အတြက္ ေဝးလံေခါင္သီတဲ့ၿမိဳ႕ေတြက Gumatapura ႐ြာကို ႏွစ္စဥ္အမ်ားအျပားလာေရာက္ၾကၿပီး အခမ္းအနား တက္ေရာက္လာသူေတြအတြက္ ယင္းတိုက္ပြဲဟာက်န္းမာေရးအက်ိဳးေက်းဇူးေတြရရွိႏိုင္ၿပီး ေပ်ာ္႐ႊင္ဖြယ္ရာလည္းျဖစ္ေစတယ္လို႔ ယူဆထားပါတယ္။

“သူတို႔မွာ ေရာဂါရွိရင္ေတာင္ေပ်ာက္ကင္းမွာပါ” လို႔ လယ္သမားတစ္ဦးျဖစ္သူ မေဟးရွ္က ဆိုပါတယ္။ အခ်ိဳ႕ဟိႏၵဴဘာသာဝင္ေတြဟာ ႏြားေတြနဲ႔ ၎တို႔မွရရွိသမွ်အရာအား လုံးျမင့္ျမတ္သန႔္စင္တယ္လို႔ ယုံၾကည္ၾကၿပီး ဟိႏၵဴအမ်ိဳးသားေရးဝါဒီ ဝန္ႀကီးခ်ဳပ္မိုဒီက ႏြားတိရိစာၦန္ေတြကို ပိုမိုကာကြယ္ရန္တြန္းအားေပးခဲ့ကာ အိႏၵိယျပည္နယ္အမ်ားအျပားဟာ အသားအတြက္ ႏြားသတ္ျခင္းကို ကာလၾကာရွည္စြာပိတ္ပင္ထားပါတယ္။ မိုဒီရဲ႕ပါ တီအဖြဲ႕ဝင္ေတြဟာ COVID-19 နဲ႔ အျခားေရာဂါေတြကို ကာကြယ္ဖို႔နဲ႔ကုသဖို႔အတြက္ ႏြားက်င္ငယ္ရည္ အသုံးျပဳႏိုင္တယ္လို႔ေႂကြးေၾကာ္ခဲ့ၾကဖူးပါတယ္။ ၎ရဲ႕အစိုးရဟာ ႏြားမွထြက္တဲ့ စြန႔္ထြက္ပစၥည္းေတြကေန သြားတိုက္ေဆး၊ ေခါင္းေလွ်ာ္ရည္နဲ႔ျခင္ေဆးေခြေတြ ထုတ္လုပ္ေရးကိုလည္း အားေပးေနတယ္လို႔သိရပါတယ္။

Related news

© 2021. All rights reserved.