အိန္ဒိယ တြိပူရလူမျိုးရေးအကြမ်းဖက်မှုမှာ လူနည်းစုကို ပစ်မှတ်ထားသော ပြည်တွင်းစစ် လိုလားသူတို့၏ နိုင်ငံရေးပူးပေါင်း ကြံစည်မှုဟု ဆို

 877

Htay Oung (NP News) - နိုဝင်ဘာ ၈
လွန်ခဲ့သည့် အောက်တိုဘာ နောက်ဆုံးရက်သတ္တပတ်တွင် အိန္ဒိယအရှေ့မြောက်ပိုင်း တြိပူရပြည်နယ်၌ လူမျိုးရေးအကြမ်းဖက်များ ဖြစ်ပွားခဲ့သည်။

အဆိုပါကိစ္စပတ်သက်၍ အစီရင်ခံစာတင်သွင်းရေး အချက်အလက်ရှာဖွေရန် တြိပူရပြည်နယ်သို့ သွားရောက်ခဲ့သည့် မွတ်စလင်အဖွဲ့အစည်းများ၏ ပူးတွဲကိုယ်စားလှယ်အဖွဲ့က ၎င်းတို့၏ တွေ့ရှိချက် အစီရင်ခံစာကို စနေနေ့ ဒေလီမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တင်ပြခဲ့သည်ဟု အိန္ဒိယအခြေစိုက် The Print က ရေးသားးသည်။

အချက်အလက်ရှာဖွေရေးအဖွဲ့ကို အိန္ဒိယနိုင်ငံရှိ မွတ်စလင်အဖွဲ့အစည်းများအား ကာကွယ်ထောက်ပံ့မှု ပေးအပ်နေသည့် အော်လ် အင်ဒီယား မွတ်စလင် မက်ဂျ်လစ် အီး မူရှာဝါရတ် (AIMM) က ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ တြိပူရပြည်နယ်၌ မွတ်စလင်ဘာသာဝင်တို့အပေါ် အကြမ်းဖက်မှုဖြစ်ပွားစဉ်အတွင်း မီးရှို့မှု၊ ဖောက်ထွင်းလုယက်မှုတို့ကို လက်ယာယိမ်း ဟိန္ဒူအုပ်စုများဖြစ်သည့် ဘာဂျရန့် ဒေါလ်နှင့် ဗစ်ရှ်ဝါ ဟိန္ဒူ ပရီရှတ်(VBP) တို့က လုပ်ဆောင်ခြင်းဖြစ်သည်ဟု AIMM ဥက္ကဋ္ဌ နာဗစ် ဟာမစ်နှင့် ဂျမတ် အီး အစ္စလာမ်မီ ဟန္ဒီအစည်းအရုံး ဒုတိယဥက္ကဋ္ဌဖြစ်သူ မိုဟာမက် ဆလင်း အင်ဂျင်နီယာတို့က သတင်းစာရှင်းလင်းပွဲ၌ စွပ်စွဲပြောဆိုသည်။ အကြမ်းဖက်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တြိပူရပြည်နယ်အတွင်း ဝေးလံခေါင်သီသောဒေသများ၌ မွတ်စလင်တို့ပိုင်ဆိုင်သည့် ဈေးဆိုင်အများအပြားနှင့် ဗလီ ၁၆ လုံးခန့်မှာ ရမ်းကားဖျက်ဆီးခံခဲ့ရပြီး အချို့မှာ မီးတင်ရှို့ခံရခြင်းဖြစ်ကြောင်း ဟာမစ်က စွပ်စွဲသည်။ လုံး၀ မီးလောင်ပျက်စီးသွားရသည့် ဗလီတစ်လုံးဆိုလျှင် အိန္ဒိယ ဗဟိုအရံရဲတပ်ရင်း CRPF စခန်း အတွင်း၌ တည်ရှိကြောင်း၊ အဆိုပါလုပ်ရပ်မှာ မွတ်စလင်တို့အပေါ် ပစ်မှတ်ထားသည့် နိုင်ငံရေး ပူးပေါင်းကြံစည်ရာရောက်သော အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့အနေဖြင့် အကြမ်းဖက်မှုကို လမ်းပြပေးယုံမက လက်ပိုက်ကြည့်နေကာ ဆူပူရမ်းကားသူတို့၏ လုပ်ရပ်ကို ထောက်ပံ့ပေးခဲ့သည်ဟု ဟာမစ်အင်ဂျင်နီယာက ရှင်းပြသည်။

အောက်တိုဘာ ၂၆ ရက်နေ့တွင် တြိပူရပြည်နယ် ပန်နီဆာဂါမြို့၌ ဗလီတစ်ခုမှာ ရမ်းကားဖျက်ဆီးခံရပြီး မွတ်စလင်တို့ပိုင် ဈေးဆိုင်များနှင့် နေအိမ်များကို မီးရှို့ခံရသည့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒူရ်ဂါ ပူဇာ အခမ်းအနား၌ ဟိန္ဒူဘာသာဝင်များအပေါ် လူမျိုးရေးအကြမ်းဖက်သည်ဟု စွပ်စွဲလျှက် VHP အဖွဲ့ဝင်များက ချီတက်ဆန္ဒပြရာမှ အကြမ်းဖက်မှုများ စတင်ခဲ့ခြင်းဖြစ်သည်။ တြိပူရပြည်နယ်တစ်ဝန်းလုံး၌ ဗလီများ၊ ဈေးဆိုင်များနှင့် လူနည်းစုအသိုက်အဝန်းတို့ ပိုင်ဆိုင်သည့် နေအိမ်များစွာတို့တွင် တိုက်ခိုက်မှုများ ဖြစ်ပွားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ မွတ်စလင်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်အဖွဲ့သည် တြိပူရတွင် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂ ရက်နေ့အထိ သုံးရက်ကြာနေထိုင်ခဲ့သည်။ အကြမ်းဖက်မှုများ၏ သဘောသဘာဝကို နားလည်ရန် ကြိုးပမ်းမှုအဖြစ် အိန္ဒိယကွန်မြူနစ်ပါတီ(မတ်စ်ဝါဒီ) CPI(M) နှင့် ကွန်ဂရက်မှ အတိုက်အခံခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ သို့သော် တြိပူရပြည်နယ်ဝန်ကြီးချုပ်နှင့် အာဏာရ BJP ပါတီမှ ခေါင်းဆောင်တို့နှင့်မူ တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပေ။

နိုဝင်ဘာ ၅ ရက်တွင် တြိပူရပြည်နယ် BJP ပါတီခေါင်းဆောင်ထံ ပေးပို့သည့် ကိုယ်စားလှယ်အဖွဲ့၏ စာတစ်စောင်၌ အခင်းဖြစ်ပွားစဉ်အတွင်း အကြမ်းဖက်မှုနှင့် ပတ်သက်၍ တြိပူရရဲများ၏ အခန်းကဏ္ဍကို စုံစမ်းစစ်ဆေးရန်အတွက် ဘက်မလိုက်သည့် တရားစီရင်ရေးဆိုင်ရာ စုံစမ်းရေးကော်မရှင်တစ်ရပ်အား ဖွဲ့စည်းပေးရန် တောင်းဆိုထားကြောင်း တွေ့ရှိရသည်။ အကြမ်းဖက်မှုနှင့် ပတ်သက်၍ လူ ၆ ဦးကို ဖမ်းဆီးထားပြီး အခြား ၁၁ ဦးကို ရဲတပ်ဖွဲ့ ပထမသတင်းပေးတိုင်ကြားချက် FIR ၌ အမှုဖွင့်လှစ်ထားသော်လည်း စုံစမ်းစစ်ဆေးမှု အခြေအနေမှာ အလွန်ညံ့ဖျင်းကြောင်း၊ တရားခံများကို လွှတ်ပေးယုံသာမက အကြမ်းဖက်မှုဖြစ်ပွားမည်ကို သတိပြုကြရန် အသိပညာပေးနေသူ ဂျာနယ်လစ်များကိုပါ ပစ်မှတ်ထားလျှက်ရှိကြောင်း၊ လူအခွင့်အရေးအဖွဲ့အစည်းဖြစ်သည့် လွတ်လပ်ခွင့်ဆိုင်ရာ ပြည်သူ့သမဂ္ဂ (PUCL) ကိုယ်စား အချက်အလက် ရှာဖွေရေးမစ်ရှင်အတွက် ဥပဒေဆိုင်ရာ အကူအညီပေးရေး ဆောင်ရွက်နေသည့် ရှေ့နေနှစ်ဦးကို တရားမဝင်လှုပ်ရှားမှုများ (ကြိုတင်ကာကွယ်ရေး) အက်ဥပဒေဖြင့် တြိပူရရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူထားသည်ဟု အချက်အလက်ရှာဖွေရေးကော်မတီ၏ အစီအစဉ်တစ်စိတ်တစ်ပိုင်း ဖြစ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဦးဆောင်သူတစ်ဦးဖြစ်သော ဟာမစ်အင်ဂျင်နီယာက စွပ်စွဲသည်။

နယူးဒေလီအနောက်တောင်ပိုင်း၌ မွတ်စလင်များအတွက် နမာ့ဇ်ပူဇော်ရန် နေရာများအဖြစ် အာဏာပိုင်တို့က သတ်မှတ်ပေးထားသော ဂုရုဂရမ်အား ဟိန္ဒူလူအုပ်စုက ဝိုင်းဝန်းပိတ်ဆို့ ဆန္ဒပြ့ပွဲများအပြီးတွင် နိုင်ငံအရှေ့မြောက်ပိုင်း တြိပူရတွင်လည်း အလားတူ ဗလီများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း၊ ဂုရုဂရမ်နှင့် တြိပူရဖြစ်စဉ်နှစ်ခုစလုံးမှာ ဟိန္ဒူအုပ်စု၏ အဓိက အစီအစဉ် နှစ်ရပ်မှ ရလဒ်များဖြစ်ကြောင်း ရေတိုအစီအစဉ်မှာ အူထရာပရာဒေ့ရှ်နှင့် အူထရာခန်ကဲ့သို့ ပြည်နယ်များတွင် မကြာမီကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ ဟိန္ဒူ-မူဆလင်ပြဿနာများကို ခေါင်းစဉ်တပ်ရန်ဖြစ်ကြောင်း၊ ဟိန္ဒူတို့အတွက် မူဆလင်ကိုးကွယ်ရာ နေရာများအပေါ် သည်းမခံနိုင်လောက်အောင် ဖြစ်လာစေရန်မှာ ပို၍အရေးကြီးသည့် အစီအစဉ်ဖြစ်ကြောင်း၊ ရန်စမှုတို့၏ နောက်ကွယ်ရည်ရွယ်ချက်မှာ ပြည်တွင်းစစ်ဖြစ်ပွားစေရန် ဖြစ်ကြောင်း ဟာမစ်က အခိုင်အမာ ပြောဆိုသည်။

Zawgyi Version
အိႏၵိယ ၾတိပူရလူမ်ိဳးေရးအၾကမ္းဖက္မႈမွာ လူနည္းစုကို ပစ္မွတ္ထားေသာ ျပည္တြင္းစစ္ လိုလားသူတို႔၏ ႏိုင္ငံေရးပူးေပါင္း ၾကံစည္မႈဟု ဆို
Htay Oung (NP News) - ႏုိ၀င္ဘာ ၈
လြန္ခဲ့သည့္ ေအာက္တိုဘာ ေနာက္ဆုံးရက္သတၱပတ္တြင္ အိႏၵိယအေရွ႔ေျမာက္ပိုင္း ၾတိပူရျပည္နယ္၌ လူမ်ိဳးေရးအၾကမ္းဖက္မ်ား ျဖစ္ပြားခဲ့သည္။

အဆိုပါကိစၥပတ္သက္၍ အစီရင္ခံစာတင္သြင္းေရး အခ်က္အလက္ရွာေဖြရန္ ၾတိပူရျပည္နယ္သို႔ သြားေရာက္ခဲ့သည့္ မြတ္စလင္အဖြဲ႔အစည္းမ်ား၏ ပူးတြဲကိုယ္စားလွယ္အဖြဲ႔က ၄င္းတို႔၏ ေတြ႔ရွိခ်က္ အစီရင္ခံစာကို စေနေန႔ ေဒလီၿမိဳ႔တြင္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲ၌ တင္ျပခဲ့သည္ဟု အိႏၵိယအေျခစိုက္ The Print က ေရးသားးသည္။

အခ်က္အလက္ရွာေဖြေရးအဖြဲ႕ကို အိႏၵိယနိုင္ငံရွိ မြတ္စလင္အဖြဲ႕အစည္းမ်ားအား ကာကြယ္ေထာက္ပ႔ံမွဳ ေပးအပ္ေနသည့္ ေအာ္လ္ အင္ဒီယား မြတ္စလင္ မက္ဂ်္လစ္ အီး မူရွာ၀ါရတ္ (AIMM) က ဦးေဆာင္ခဲ့ျခင္း ျဖစ္သည္။ ၾတိပူရျပည္နယ္၌ မြတ္စလင္ဘာသာ၀င္တို႔အေပၚ အၾကမ္းဖက္မႈျဖစ္ပြားစဥ္အတြင္း မီးရိႈ႕မႈ၊ ေဖာက္ထြင္းလုယက္မႈတို႔ကို လက္ယာယိမ္း ဟိႏၵဴအုပ္စုမ်ားျဖစ္သည့္ ဘာဂ်ရန္႔ ေဒါလ္ႏွင့္ ဗစ္ရွ္၀ါ ဟိႏၵဴ ပရီရွတ္(VBP) တုိ႔က လုပ္ေဆာင္ျခင္းျဖစ္သည္ဟု AIMM ဥကၠ႒ နာဗစ္ ဟာမစ္ႏွင့္ ဂ်မတ္ အီး အစၥလာမ္မီ ဟႏီၵအစည္းအရံုး ဒုတိယဥကၠ႒ျဖစ္သူ မိုဟာမက္ ဆလင္း အင္ဂ်င္နီယာတို႔က သတင္းစာရွင္းလင္းပြဲ၌ စြပ္စြဲေျပာဆိုသည္။ အၾကမ္းဖက္မႈ၏ တစ္စိတ္တစ္ပိုင္းအေနျဖင့္ ၾတိပူရျပည္နယ္အတြင္း ေဝးလံေခါင္သီေသာေဒသမ်ား၌ မြတ္စလင္တို႔ပိုင္ဆိုင္သည့္ ေစ်းဆိုင္အမ်ားအျပားႏွင့္ ဗလီ ၁၆ လုံးခန႔္မွာ ရမ္းကားဖ်က္ဆီးခံခဲ့ရၿပီး အခ်ိဳ႕မွာ မီးတင္ရႈိ႕ခံရျခင္းျဖစ္ေၾကာင္း ဟာမစ္က စြပ္စြဲသည္။ လုံး၀ မီးေလာင္ပ်က္စီးသြားရသည့္ ဗလီတစ္လုံးဆိုလွ်င္ အိႏၵိယ ဗဟိုအရံရဲတပ္ရင္း CRPF စခန္း အတြင္း၌ တည္ရွိေၾကာင္း၊ အဆိုပါလုပ္ရပ္မွာ မြတ္စလင္တို႔အေပၚ ပစ္မွတ္ထားသည့္ နိုင္ငံေရး ပူးေပါင္းႀကံစည္ရာေရာက္ေသာ အစီအစဥ္တစ္ခုျဖစ္ေၾကာင္း၊ ရဲတပ္ဖြဲ႔အေနျဖင့္ အၾကမ္းဖက္မႈကုိ လမ္းျပေပးယံုမက လက္ပိုက္ၾကည့္ေနကာ ဆူပူရမ္းကားသူတို႔၏ လုပ္ရပ္ကို ေထာက္ပံ့ေပးခဲ့သည္ဟု ဟာမစ္အင္ဂ်င္နီယာက ရွင္းျပသည္။

ေအာက္တိုဘာ ၂၆ ရက္ေန႔တြင္ ၾတိပူရျပည္နယ္ ပန္နီဆာဂါၿမိဳ႕၌ ဗလီတစ္ခုမွာ ရမ္းကားဖ်က္ဆီးခံရၿပီး မြတ္စလင္တို႔ပိုင္ ေစ်းဆိုင္မ်ားႏွင့္ ေနအိမ္မ်ားကို မီးရိႈ႕ခံရသည့္ အၾကမ္းဖက္မႈမ်ား ျဖစ္ပြားခဲ့သည္။ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္နိုင္ငံ ဒူရ္ဂါ ပူဇာ အခမ္းအနား၌ ဟိႏၵဴဘာသာဝင္မ်ားအေပၚ လူမ်ိဳးေရးအၾကမ္းဖက္သည္ဟု စြပ္စြဲလွ်က္ VHP အဖြဲ႔ဝင္မ်ားက ခ်ီတက္ဆႏၵျပရာမွ အၾကမ္းဖက္မႈမ်ား စတင္ခဲ့ျခင္းျဖစ္သည္။ ၾတိပူရျပည္နယ္တစ္၀န္းလံုး၌ ဗလီမ်ား၊ ေစ်းဆိုင္မ်ားႏွင့္ လူနည္းစုအသိုက္အဝန္းတို႔ ပိုင္ဆိုင္သည့္ ေနအိမ္မ်ားစြာတို႔တြင္ တိုက္ခိုက္မႈမ်ား ျဖစ္ပြားေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့သည္။ မြတ္စလင္အဖြဲ႕အစည္းမ်ား၏ ကိုယ္စားလွယ္အဖြဲ႕သည္ ၾတိပူရတြင္ ေအာက္တိုဘာ ၃၁ ရက္မွ နိုဝင္ဘာ ၂ ရက္ေန႔အထိ သုံးရက္ၾကာေနထိုင္ခဲ့သည္။ အၾကမ္းဖက္မႈမ်ား၏ သေဘာသဘာဝကို နားလည္ရန္ ႀကိဳးပမ္းမႈအျဖစ္ အိႏၵိယကြန္ျမဴနစ္ပါတီ(မတ္စ္၀ါဒီ) CPI(M) ႏွင့္ ကြန္ဂရက္မွ အတိုက္အခံေခါင္းေဆာင္မ်ားႏွင့္ ေတြ႔ဆုံခဲ့သည္။ သို႔ေသာ္ ၾတိပူရျပည္နယ္၀န္ႀကီးခ်ဳပ္ႏွင့္ အာဏာရ BJP ပါတီမွ ေခါင္းေဆာင္တို႔ႏွင့္မူ ေတြ႔ဆံုႏိုင္ျခင္း မရွိခဲ့ေပ။

နိုဝင္ဘာ ၅ ရက္တြင္ ၾတိပူရျပည္နယ္ BJP ပါတီေခါင္းေဆာင္ထံ ေပးပို႔သည့္ ကိုယ္စားလွယ္အဖြဲ႔၏ စာတစ္ေစာင္၌ အခင္းျဖစ္ပြားစဥ္အတြင္း အၾကမ္းဖက္မႈႏွင့္ ပတ္သက္၍ ႀတိပူရရဲမ်ား၏ အခန္းက႑ကို စုံစမ္းစစ္ေဆးရန္အတြက္ ဘက္မလိုက္သည့္ တရားစီရင္ေရးဆိုင္ရာ စုံစမ္းေရးေကာ္မရွင္တစ္ရပ္အား ဖြဲ႔စည္းေပးရန္ ေတာင္းဆိုထားေၾကာင္း ေတြ႔ရွိရသည္။ အၾကမ္းဖက္မႈႏွင့့္ ပတ္သက္၍ လူ ၆ ဦးကို ဖမ္းဆီးထားၿပီး အျခား ၁၁ ဦးကို ရဲတပ္ဖြဲ႔ ပထမသတင္းေပးတိုင္ၾကားခ်က္ FIR ၌ အမႈဖြင့္လွစ္ထားေသာ္လည္း စုံစမ္းစစ္ေဆးမႈ အေျခအေနမွာ အလြန္ညံ့ဖ်င္းေၾကာင္း၊ တရားခံမ်ားကို လႊတ္ေပးယံုသာမက အၾကမ္းဖက္မႈျဖစ္ပြားမည္ကို သတိျပဳၾကရန္ အသိပညာေပးေနသူ ဂ်ာနယ္လစ္မ်ားကိုပါ ပစ္မွတ္ထားလွ်က္ရွိေၾကာင္း၊ လူအခြင့္အေရးအဖြဲ႕အစည္းျဖစ္သည့္ လြတ္လပ္ခြင့္ဆိုင္ရာ ျပည္သူ႔သမဂၢ (PUCL) ကိုယ္စား အခ်က္အလက္ ရွာေဖြေရးမစ္ရွင္အတြက္ ဥပေဒဆိုင္ရာ အကူအညီေပးေရး ေဆာင္ရြက္ေနသည့္ ေရွ႔ေနႏွစ္ဦးကို တရားမ၀င္လႈပ္ရွားမႈမ်ား (ႀကိဳတင္ကာကြယ္ေရး) အက္ဥပေဒျဖင့္ ႀတိပူရရဲတပ္ဖြဲ႔က အမႈဖြင့္ အေရးယူထားသည္ဟု အခ်က္အလက္ရွာေဖြေရးေကာ္မတီ၏ အစီအစဥ္တစ္စိတ္တစ္ပိုင္း ျဖစ္သည့္ သတင္းစာရွင္းလင္းပြဲ၌ ဦးေဆာင္သူတစ္ဦးျဖစ္ေသာ ဟာမစ္အင္ဂ်င္နီယာက စြပ္စြဲသည္။

နယူးေဒလီအေနာက္ေတာင္ပိုင္း၌ မြတ္စလင္မ်ားအတြက္ နမာ့ဇ္ပူေဇာ္ရန္ ေနရာမ်ားအျဖစ္ အာဏာပိုင္တို႔က သတ္မွတ္ေပးထားေသာ ဂုရုဂရမ္အား ဟိႏၵဴလူအုပ္စုက ၀ိုင္း၀န္းပိတ္ဆို႔ ဆႏၵျပ႔ပြဲမ်ားအျပီးတြင္ ႏိုင္ငံအေရွ႕ေျမာက္ပိုင္း ၾတိပူရတြင္လည္း အလားတူ ဗလီမ်ားကို ပစ္မွတ္ထားျခင္းျဖစ္ေၾကာင္း၊ ဂုရုဂရမ္ႏွင့္ ၾတိပူရျဖစ္စဥ္ႏွစ္ခုစလံုးမွာ ဟိႏၵဴအုပ္စု၏ အဓိက အစီအစဥ္ ႏွစ္ရပ္မွ ရလဒ္မ်ားျဖစ္ေၾကာင္း ေရတိုအစီအစဥ္မွာ အူထရာပရာေဒ့ရွ္ႏွင့္ အူထရာခန္ကဲ့သို႔ ျပည္နယ္မ်ားတြင္ မၾကာမီက်င္းပမည့္ ေရြးေကာက္ပြဲ မတိုင္မီ ဟိႏၵဴ-မူဆလင္ျပႆနာမ်ားကို ေခါင္းစဥ္တပ္ရန္ျဖစ္ေၾကာင္း၊ ဟိႏၵဴတို႔အတြက္ မူဆလင္ကိုးကြယ္ရာ ေနရာမ်ားအေပၚ သည္းမခံနိုင္ေလာက္ေအာင္ ျဖစ္လာေစရန္မွာ ပို၍အေရးၾကီးသည့္ အစီအစဥ္ျဖစ္ေၾကာင္း၊ ရန္စမွဳတို႔၏ ေနာက္ကြယ္ရည္ရြယ္ခ်က္မွာ ျပည္တြင္းစစ္ျဖစ္ပြားေစရန္ ျဖစ္ေၾကာင္း ဟာမစ္က အခိုင္အမာ ေျပာဆိုသည္။

Related news

© 2021. All rights reserved.