တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်းစိုက်ဧက(၄)သိန်းရှိသော်လည်း ဧကတစ်သိန်းခွဲသာဆီသီးခိုင်ထွက်ရှိဟုဆို

1304

NP News - နိုဝင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်းစိုက်ဧက(၄)သိန်းရှိသော်လည်း ဧက(၁)သိန်းခွဲတွင်သာဆီသီးခိုင်ထွက်ရှိနေခြင်းကြောင့် အဆိုပါဧက (၄)သိန်းတွင် ဆီသီးခိုင်အပြည့်အဝထွက်ရှိရန်လုပ်ဆောင်ရမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက တနင်္သာရီတိုင်းဒေသကြီးရှိ ဆီအုန်းလုပ်ငန်းရှင်များနှင့် နိုဝင်ဘာလ(၁၅) ရက်က တွေ့ဆုံစဉ်ပြောသည်။ ဧကအားလုံးအပြည့်အဝစိုက်ပျိုးနိုင်ရေးအတွက် အပင်အိုများနေရာတွင် အထွက်နှုန်းမြင့်မားသော မျိုးကောင်းမျိုးသန့်များပြန်လည်အစားထိုးစိုက်ပျိုးမည်ဖြစ်ကြောင်းသိရသည်။
အရွယ်ရောက်ပြီး ဆီအုန်းစိုက်ခင်းတစ်ဧကလျှင်ပျမ်းမျှဆီသီးခိုင်(၄)တန်ခန့်ရရှိပြီး ဆီသီးခိုင်တစ်တန် မှ ဆီကြမ်း(ဝ ဒသမ ၂၂)တန်ထွက်ရှိသဖြင့် စိုက်ဧက(၄)သိန်းအပြည့်သီးခိုင်ထုတ်ယူနိုင်ပါကဆီကြမ်း တန်ချိန်(၃၅ဝဝဝဝ)ကျော် ထုတ်လုပ်နိုင်မည်ဖြစ်၍ ပြည်တွင်းစားအုန်းဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ဆီအုန်းလုပ်ငန်းရှင်တွေရဲ့ ထုတ်လုပ်မှု နည်းပညာ နဲ့ ရင်းနှီးမြုပ်နှံမှုကြီးမားလာစေဖို့ လက်ရှိလုပ် ကိုင်ဆောင်ရွက်နေမှုတွေကို ခေတ်စနစ်နဲ့အညီပြုပြင်ပြောင်းလဲဖို့လိုပါတယ်” ဟုပြည်ထောင်စုဝန် ကြီးကပြောသည်။
ထို့ပြင် ဆီအုန်း စိုက်ပျိုးထုတ်လုပ်မှုတစ်စုတစ်စည်းတည်းရှိနေသည့် တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်း နှင့်သက်ဆိုင်သည့်အသင်းအဖွဲ့တည်ထောင်သွားရန်နှင့် ဆီအုန်းစိုက်ပျိုးရေးသာမကဆီကြမ်းနှင့် ဆီချောစက်ရုံများတည်ထောင်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းအကောင်အထည်ဖော်နိုင်ရေးကြိုး ပမ်းသင့်ကြောင်းလည်း ယင်းကပြောသည်။ အစိုးရအနေဖြင့်လည်း အမှန်တကယ်စိုက်ပျိုးလုပ်ကိုင် ရန်လိုအပ်ပါက မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများဥပဒေနှင့်အညီ မြေယာအသုံးပြုခွင့်များကိုချထားပေးလျက်ရှိပြီး မြေလွတ်၊မြေ လပ်နှင့်မြေရိုင်းများတွင် သတ်မှတ်ခွင့်ပြုချက်များနှင့်အညီ အတည်တ ကျသီးနှံများစိုက်ပျိုးပြီးစီးသည့်အချိန်တွင် လယ်ယာမြေများအဖြစ်ပြောင်းလဲပေးရေးတို့ကိုလည်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
zawgyi version
တနသၤာရီတိုင္းေဒသႀကီးတြင္ ဆီအုန္းစိုက္ဧက (၄)သိန္းရွိေသာ္လည္း ဧကတစ္သိန္းခြဲသာဆီသီးခိုင္ ထြက္ရွိဟုဆို
NP News - ႏိုဝင္ဘာ ၁၇
တနသၤာရီတိုင္းေဒသႀကီးတြင္ ဆီအုန္းစိုက္ဧက(၄)သိန္းရွိေသာ္လည္း ဧက(၁)သိန္းခြဲတြင္သာဆီသီးခိုင္ထြက္ရွိေနျခင္းေၾကာင့္ အဆိုပါဧက (၄)သိန္းတြင္ ဆီသီးခိုင္အျပည့္အဝထြက္ရွိရန္လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြဋ္ဦးက တနသၤာရီတိုင္းေဒသႀကီးရွိ ဆီအုန္းလုပ္ငန္းရွင္မ်ားႏွင့္ ႏိုဝင္ဘာလ(၁၅) ရက္က ေတြ႕ဆုံစဥ္ေျပာသည္။ ဧကအားလုံးအျပည့္အဝစိုက္ပ်ိဳးႏိုင္ေရးအတြက္ အပင္အိုမ်ားေနရာတြင္ အထြက္ႏႈန္းျမင့္မားေသာ မ်ိဳးေကာင္းမ်ိဳးသန႔္မ်ားျပန္လည္အစားထိုးစိုက္ပ်ိဳးမည္ျဖစ္ေၾကာင္းသိရသည္။
အ႐ြယ္ေရာက္ၿပီး ဆီအုန္းစိုက္ခင္းတစ္ဧကလွ်င္ပ်မ္းမွ်ဆီသီးခိုင္(၄)တန္ခန႔္ရရွိၿပီး ဆီသီးခိုင္တစ္တန္ မွ ဆီၾကမ္း(ဝ ဒသမ ၂၂)တန္ထြက္ရွိသျဖင့္ စိုက္ဧက(၄)သိန္းအျပည့္သီးခိုင္ထုတ္ယူႏိုင္ပါကဆီၾကမ္း တန္ခ်ိန္(၃၅ဝဝဝဝ)ေက်ာ္ ထုတ္လုပ္ႏိုင္မည္ျဖစ္၍ ျပည္တြင္းစားအုန္းဆီလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
“ဆီအုန္းလုပ္ငန္းရွင္ေတြရဲ႕ ထုတ္လုပ္မႈ နည္းပညာ နဲ႔ ရင္းႏွီးျမဳပ္ႏွံမႈႀကီးမားလာေစဖို႔ လက္ရွိလုပ္ ကိုင္ေဆာင္႐ြက္ေနမႈေတြကို ေခတ္စနစ္နဲ႔အညီျပဳျပင္ေျပာင္းလဲဖို႔လိုပါတယ္” ဟုျပည္ေထာင္စုဝန္ ႀကီးကေျပာသည္။
ထို႔ျပင္ ဆီအုန္း စိုက္ပ်ိဳးထုတ္လုပ္မႈတစ္စုတစ္စည္းတည္းရွိေနသည့္ တနသၤာရီတိုင္းေဒသႀကီးတြင္ ဆီအုန္း ႏွင့္သက္ဆိုင္သည့္အသင္းအဖြဲ႕တည္ေထာင္သြားရန္ႏွင့္ ဆီအုန္းစိုက္ပ်ိဳးေရးသာမကဆီၾကမ္းႏွင့္ ဆီေခ်ာစက္႐ုံမ်ားတည္ေထာင္ျခင္းလုပ္ငန္းမ်ားတြင္ ပူးေပါင္းအေကာင္အထည္ေဖာ္ႏိုင္ေရးႀကိဳး ပမ္းသင့္ေၾကာင္းလည္း ယင္းကေျပာသည္။ အစိုးရအေနျဖင့္လည္း အမွန္တကယ္စိုက္ပ်ိဳးလုပ္ကိုင္ ရန္လိုအပ္ပါက ေျမလြတ္၊ ေျမလပ္ႏွင့္ေျမ႐ိုင္းမ်ားဥပေဒႏွင့္အညီ ေျမယာအသုံးျပဳခြင့္မ်ားကိုခ်ထားေပးလ်က္ရွိၿပီး ေျမလြတ္၊ေျမ လပ္ႏွင့္ေျမ႐ိုင္းမ်ားတြင္ သတ္မွတ္ခြင့္ျပဳခ်က္မ်ားႏွင့္အညီ အတည္တ က်သီးႏွံမ်ားစိုက္ပ်ိဳးၿပီးစီးသည့္အခ်ိန္တြင္ လယ္ယာေျမမ်ားအျဖစ္ေျပာင္းလဲေပးေရးတို႔ကိုလည္းေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။