ကျိုက်နဲရေလယ်ဘုရား၌ ရေနစ်မှုဖြစ်စဉ်တွင် သေဆုံးသူ(၂၁)ဦးထိ ရှိလာပြီဖြစ်ပြီး (၃ဝ) ခန့်ပျောက်ဆုံးနေ

 4428

NP News - နိုဝင်ဘာ ၂၁
ယနေ့ နိုဝင်ဘာလ(၂၁) ရက် နံနက်အစောပိုင်းက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အတွင်းရှိ ကျိုက်နဲ ရေလယ်ဘုရား သို့ သွားရောက်ဖူးမြော်ခဲ့တဲ့ စက်လှေတစ်စီးသည် လှိုင်းပုတ်ဒဏ်ကြောင့် ရေနစ်မြှုပ်ခဲ့ရာ လက်ရှိတွင် သေဆုံးသူ အလောင်း(၂၁) လောင်းအား ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီဖြစ်ပြီး (၃ဝ) ခန့် ပျောက်ဆုံးနေသေးကြောင်း သိရသည်။

ကနဦး သတင်းများအရ ဘုရားဖူးပြည်သူများသည် ကျိုက်နဲရေလယ်ဘုရားသို့သွားရာ စက်လှေတိမ်းမှောက်မှု ကြောင့် ရေနစ်ပြုတ်ကျခဲ့ကြခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ဖြစ်စဉ်အမှန်သည် စက်လှေချို့ယွင်း မှုကြောင့် မဟုတ်ဘဲ ဘုရားဖူးများသည် ရင်ဘတ်ခန့်ထိ မြှင့်တက်နေသော ရေအားဖြတ်သန်း၍ အသွားအပြန် ပုံမှန်အတိုင်း သွားလာနေကြရင်း ရေတက်လှိုင်းပုတ်ဒဏ်ကြောင့် ရိုက်ချသလိုဖြစ်ခဲ့ရပြီး ကာရံထားသော လက်တန်းများ ပြုတ်ထွက်သွားခဲ့သဖြင့် ခန့်မှန်းခြေ လူအယောက်(၅ဝ) ဦးခန့် ရေအောက်သို့ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အသက်(၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် သံဃာတော် (၁) ပါးအပါအဝင် ဆယ်ယူရရှိသော သေဆုံးသူအလောင်း စုစုပေါင်း (၂၁)လောင်း ရှိပြီဖြစ်ကြောင်းနှင့် ပျောက်ဆုံးသူ (၃ဝ)ခန့်ရှိနေ၍ နီးစပ်ရာ ပရဟိတအသင်းများမှ လှေများဖြင့် ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်း မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ကျိုက်နဲရေလယ်ဘုရားသည် သံဖြူဇရပ်မြို့နယ် ဝဲကလောင်ရွာနှင့် အံခဲရွာအကြား ပင်လယ်ထဲတွင် ရှိပြီး ဘုရားပွဲ တော်ရက် ရောက်မှသာ ဘုရားသို့ကမ်းစပ်မှတဆင့် သွားနိုင်သည့် ကျောက်လမ်း(နတ်လမ်း) ပေါ်လာလေ့ရှိ ကြောင်း သိရသည်။ ကျိုက်နဲရေလယ်ဘုရားပွဲကို ကိုဗစ်ရောဂါကူးစက်မှုကြောင့် (၂) နှစ်ကျော်ကြာ ရပ်နားသော်လည်း ယခုနှစ်တွင် ဘုရားပွဲပြန်လည်ကျင်းပခြင်းဖြစ်ပြီး ထိုသို့ပြန်လည်ကျင်းပသည့်နှစ်တွင် လူအများအပြား ရေထဲပြုတ်ကျကာ သေဆုံးမှုဖြစ်ပွားခဲ့ရသည့် မတော်တဆမှုကြီးနှင့် ကြုံတွေ့ခဲ့ရသည်။

Zawgyi Version;
က်ိဳက္နဲေရလယ္ဘုရား၌ ေရနစ္မႈျဖစ္စဥ္တြင္ ေသဆုံးသူ(၂၁)ဦးထိ ရွိလာၿပီျဖစ္ၿပီး (၃ဝ) ခန္႔ေပ်ာက္ဆံုးေန
NP News - ႏိုဝင္ဘာ ၂၁
ယေန႔ ႏိုဝင္ဘာလ(၂၁) ရက္ နံနက္အေစာပိုင္းက မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕အတြင္းရွိ က်ိဳက္နဲ ေရလယ္ဘုရား သို႔ သြားေရာက္ဖူးေျမာ္ခဲ့တဲ့ စက္ေလွတစ္စီးသည္ လႈိင္းပုတ္ဒဏ္ေၾကာင့္ ေရနစ္ႁမွဳပ္ခဲ့ရာ လက္ရွိတြင္ ေသဆံုးသူ အေလာင္း(၂၁) ေလာင္းအား ျပန္လည္ဆယ္ယူႏိုင္ခဲ့ၿပီျဖစ္ၿပီး (၃ဝ) ခန္႔ ေပ်ာက္ဆံုးေနေသးေၾကာင္း သိရသည္။

ကနဦး သတင္းမ်ားအရ ဘုရားဖူးျပည္သူမ်ားသည္ က်ိဳက္နဲေရလယ္ဘုရားသို႔သြားရာ စက္ေလွတိမ္းေမွာက္မႈ ေၾကာင့္ ေရနစ္ျပဳတ္က်ခဲ့ၾကျခင္းျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့သည္။ ျဖစ္စဥ္အမွန္သည္ စက္ေလွခ်ဳိ႕ယြင္း မႈေၾကာင့္ မဟုတ္ဘဲ ဘုရားဖူးမ်ားသည္ ရင္ဘတ္ခန္႔ထိ ႁမွင့္တက္ေနေသာ ေရအားျဖတ္သန္း၍ အသြားအျပန္ ပံုမွန္အတိုင္း သြားလာေနၾကရင္း ေရတက္လႈိင္းပုတ္ဒဏ္ေၾကာင့္ ႐ိုက္ခ်သလိုျဖစ္ခဲ့ရၿပီး ကာရံထားေသာ လက္ တန္းမ်ား ျပဳတ္ထြက္သြားခဲ့သျဖင့္ ခန္႔မွန္းေျခ လူအေယာက္(၅ဝ) ဦးခန္႔ ေရေအာက္သို႔ျပဳတ္က်သြားခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ အသက္(၉)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးႏွင့္ သံဃာေတာ္ (၁) ပါးအပါအဝင္ ဆယ္ယူရရွိေသာ ေသဆုံးသူအေလာင္း စုစုေပါင္း (၂၁)ေလာင္း ရွိၿပီျဖစ္ေၾကာင္းႏွင့္ ေပ်ာက္ဆုံးသူ (၃ဝ)ခန္႔ရွိေန၍ နီးစပ္ရာ ပရဟိတအသင္းမ်ားမွ ေလွမ်ားျဖင့္ ဆက္လက္ရွာေဖြေနဆဲျဖစ္ေၾကာင္း ေစတနာရွင္လူမႈကယ္ဆယ္ေရးအသင္း မွ တာဝန္ရွိသူတစ္ဦး၏ ေျပာျပခ်က္အရ သိရသည္။

က်ိဳက္နဲေရလယ္ဘုရားသည္ သံျဖဴဇရပ္ၿမိဳ႕နယ္ ဝဲကေလာင္႐ြာႏွင့္ အံခဲ႐ြာအၾကား ပင္လယ္ထဲတြင္ ရွိၿပီး ဘုရားပြဲ ေတာ္ရက္ ေရာက္မွသာ ဘုရားသို႔ကမ္းစပ္မွတဆင့္ သြားႏိုင္သည့္ ေက်ာက္လမ္း(နတ္လမ္း) ေပၚလာေလ့ရွိ ေၾကာင္း သိရသည္။ က်ိဳက္နဲေရလယ္ဘုရားပြဲကို ကိုဗစ္ေရာဂါကူးစက္မႈေၾကာင့္ (၂) ႏွစ္ေက်ာ္ၾကာ ရပ္နားေသာ္လည္း ယခုႏွစ္တြင္ ဘုရားပြဲျပန္လည္က်င္းပျခင္းျဖစ္ၿပီး ထိုသို႔ျပန္လည္က်င္းပသည့္ႏွစ္တြင္ လူအမ်ားအျပား ေရထဲျပဳတ္က်ကာ ေသဆံုးမႈျဖစ္ပြားခဲ့ရသည့္ မေတာ္တဆမႈႀကီးႏွင့္ ၾကံဳေတြ႕ခဲ့ရသည္။

Related news

© 2021. All rights reserved.