NUG အဆက်အနွယ် ပြည်ပရောက်အုပ်စုများ၏အချက်အလက်များကို နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်ထံ နစကဘက်က ပေးပို့ထားပြီဟု ဆို

 2859

Iris (NP News) – နိုဝင်ဘာ ၂၈
ဦးဖြိုးဇေယျာသော်ကိစ္စအပါအဝင် NUG ၊ CRPH ၊ PDF တို့၏ လှုပ်ရှားမှုများနှင့် ပြည်ပရောက်လှုံ့ဆော်လှုပ်ရှားမှု လုပ်ဆောင်သူများ၏လုပ်ရပ်များကို နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်ထံသို့ ပို့ဆောင်ထားပြီးပြီဖြစ်ကြောင်း နစက ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဦးဖြိုးဇေယျာသော်နှင့် ကိုဂျင်မီတို့ကို ဖမ်းဆီးရမိခြင်း၏နောက်ဆက်တွဲအဖြစ် ၎င်းတို့၏လှုပ်ရှားမှုများကိုဖြစ်စေ၊ ၎င်းတို့နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့သော NUG ထိပ်ပိုင်းခေါင်းဆောင်များကိုဖြစ်စေ၊ ပြည်ပရောက်လှုံ့ဆော်ရေး သမားများကိုဖြစ်စေ အကြမ်းဖက်မှုနှင့်ဆိုင်သော အထောက်အထားများကိုပါ လက်ခံရရှိခဲ့ခြင်းမျိုးဖြစ်ကြောင်း နိုဝင်ဘာ(၂၆)ရက်က သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အသိပေးခဲ့ခြင်းလည်း ဖြစ်သည်။ “ နောက်ကွယ်ကနေ ပါဝင်ပတ်သက်မှုတွေရှိသလို တိုက်ရိုက်ပါဝင်ပတ်သက်မှုတွေရှိပါတယ်။ သူပါဝင်ပတ်သက်တဲ့အမှုက အနည်းဆုံး ၂၆ ခုရှိပါတယ်။ သူ့စာအုပ်ထဲမှာ အသေးစိတ်ပါပါတယ် ” ဟု ဦးဖြိုးဇေယျာသော်နှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပြီး ဦးဖြိုးဇေယျာသော်မှာ အကြမ်းဖက်ခေါင်းဆောင်အဆင့်ကို ရောက်နေပြီဖြစ်သည့်အတွက် ထိရောက်သောအရေးယူမှုလုပ်သွားရမည်သာ ဖြစ်ကြောင်းလည်း ဆိုသည်။ ယင်းအပြင် အဆိုပါအကြမ်းဖက်လက်နက်ကိုင်တော်လှန်တိုက်ခိုက်မှုနှင့်သက်ဆိုင်သော ပုဂ္ဂိုလ်များအားလုံးကို စာရင်းပြုစု၍ နိုင်ငံတကာရဲတပ်ဖွဲ့ဆီ ပေးပို့ထာကြောင်းလည်း ပြောသည်။ “ နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်ဆီကိုရော အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့တွေဆီကို အကြောင်းကြားထားပါတယ်။ အာဆီယံမှာလည်း ရှိပါတယ်။ ကုလသမဂ္ဂမှာလည်း ရှိပါတယ်။ ဆောင်ရွက်ခြင်း မဆောင်ရွက်ခြင်းကတော့ သူတို့ရဲ့နိုင်ငံကြီးသား ပီသမှုကို ကြည့်ရတာပေါ့ ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ အထူးသဖြင့် NUG ၏ပြည်ပရောက်ထိပ်တန်းခေါင်းဆောင်များနှင့်သက်ဆိုင်သော အချက်အလက်များကို အင်တာပိုလ်ထံ ပေးပို့ထားခြင်းမျိုးဖြစ်ပြီး အင်တာပိုလ်ဘက်ကလည်း အရေးယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ မှတ်တမ်းမှတ်ရာအချက်အလက်အဖြစ် ပြည်ပရောက် NUG ထောက်ခံလှုံ့ဆော်သူ မြန်မာများကို မှတ်သားထားမည့်သဘောမျိုးလည်း ဖြစ်သည်။

ယင်းအချက်အလက်အရ ပြည်ပရောက် NUG ထောက်ခံလှုံ့ဆော်သူများမှာ သက်ဆိုင်ရာနိုင်ငံ၏ ရဲတပ်ဖွဲ့ဘက်က လတ်တလောအရေးမယူလျှင်ပင် စောင့်ကြည့်စက်ကွင်းအတွင်းသို့ အလိုအလျှောက် ရောက်ရှိသွားမည်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံက မသိကျိုးကျွန်ပြုပေးသည့်ကာလ ကျော်လွန်သွားကာ မလိုလားတော့သည်နှင့်ထိန်းချုပ်ခံရမည့်သဘောမျိုး ဖြစ်သွားနိုင်ကြောင်းလည်း ပြည်ပရောက် အစဉ်အလာရှိသော မြန်မာအချို့ထံမှ ကြားသိရသည်။

Zawgyi Version
NUG အဆက္အႏြယ္ ျပည္ပေရာက္အုပ္စုမ်ား၏အခ်က္အလက္မ်ားကုိ ႏုိင္ငံတကာရဲတပ္ဖြဲ႔ အင္တာပုိလ္ထံ နစကဘက္က ေပးပုိ႔ထားျပီဟု ဆုိ
Iris (NP News) – ႏုိ၀င္ဘာ ၂၈
ဦးျဖိဳးေဇယ်ာေသာ္ကိစၥအပါအ၀င္ NUG ၊ CRPH ၊ PDF တုိ႔၏ လႈပ္ရွားမႈမ်ားႏွင့္ ျပည္ပေရာက္လႈံ႔ေဆာ္လႈပ္ရွားမႈ လုပ္ေဆာင္သူမ်ား၏လုပ္ရပ္မ်ားကုိ ႏုိင္ငံတကာရဲတပ္ဖြဲ႔ အင္တာပုိလ္ထံသုိ႔ ပုိ႔ေဆာင္ထားျပီးျပီျဖစ္ေၾကာင္း နစက ျပန္ၾကားေရးေခါင္းေဆာင္ ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ဦးျဖိဳးေဇယ်ာေသာ္ႏွင့္ ကုိဂ်င္မီတုိ႔ကုိ ဖမ္းဆီးရမိျခင္း၏ေနာက္ဆက္တြဲအျဖစ္ ၄င္းတုိ႔၏လႈပ္ရွားမႈမ်ားကုိျဖစ္ေစ၊ ၄င္းတုိ႔ႏွင့္ ခ်ိတ္ဆက္ေဆာင္ရြက္ခဲ့ေသာ NUG ထိပ္ပုိင္းေခါင္းေဆာင္မ်ားကုိျဖစ္ေစ၊ ျပည္ပေရာက္လႈ႔ံေဆာ္ေရး သမားမ်ားကုိျဖစ္ေစ အၾကမ္းဖက္မႈႏွင့္ဆုိင္ေသာ အေထာက္အထားမ်ားကုိပါ လက္ခံရရွိခဲ့ျခင္းမ်ဳိးျဖစ္ေၾကာင္း ႏုိ၀င္ဘာ(၂၆)ရက္က သတင္းစာရွင္းလင္းပြဲတြင္ ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းက အသိေပးခဲ့ျခင္းလည္း ျဖစ္သည္။ “ ေနာက္ကြယ္ကေန ပါ၀င္ပတ္သက္မႈေတြရွိသလုိ တုိက္ရုိက္ပါ၀င္ပတ္သက္မႈေတြရွိပါတယ္။ သူပါ၀င္ပတ္သက္တဲ့အမႈက အနည္းဆုံး ၂၆ ခုရွိပါတယ္။ သူ႔စာအုပ္ထဲမွာ အေသးစိတ္ပါပါတယ္ ” ဟု ဦးျဖိဳးေဇယ်ာေသာ္ႏွင့္ပတ္သက္၍ ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့ျပီး ဦးျဖိဳးေဇယ်ာေသာ္မွာ အၾကမ္းဖက္ေခါင္းေဆာင္အဆင့္ကုိ ေရာက္ေနျပီျဖစ္သည့္အတြက္ ထိေရာက္ေသာအေရးယူမႈလုပ္သြားရမည္သာ ျဖစ္ေၾကာင္းလည္း ဆုိသည္။ ယင္းအျပင္ အဆုိပါအၾကမ္းဖက္လက္နက္ကုိင္ေတာ္လွန္တုိက္ခုိက္မႈႏွင့္သက္ဆုိင္ေသာ ပုဂၢိဳလ္မ်ားအားလုံးကုိ စာရင္းျပဳစု၍ ႏုိင္ငံတကာရဲတပ္ဖြဲ႔ဆီ ေပးပုိ႔ထာေၾကာင္းလည္း ေျပာသည္။ “ ႏုိင္ငံတကာရဲတပ္ဖြဲ႔ အင္တာပုိလ္ဆီကုိေရာ အၾကမ္းဖက္မႈတုိက္ဖ်က္ေရးအဖြဲ႔ေတြဆီကုိ အေၾကာင္းၾကားထားပါတယ္။ အာဆီယံမွာလည္း ရွိပါတယ္။ ကုလသမဂၢမွာလည္း ရွိပါတယ္။ ေဆာင္ရြက္ျခင္း မေဆာင္ရြက္ျခင္းကေတာ့ သူတုိ႔ရဲ႕ႏုိင္ငံၾကီးသား ပီသမႈကုိ ၾကည့္ရတာေပါ့ ” ဟု ၄င္းက ဆက္လက္ေျပာၾကားသည္။ အထူးသျဖင့္ NUG ၏ျပည္ပေရာက္ထိပ္တန္းေခါင္းေဆာင္မ်ားႏွင့္သက္ဆုိင္ေသာ အခ်က္အလက္မ်ားကုိ အင္တာပုိလ္ထံ ေပးပုိ႔ထားျခင္းမ်ဳိးျဖစ္ျပီး အင္တာပုိလ္ဘက္ကလည္း အေရးယူသည္ျဖစ္ေစ၊ မယူသည္ျဖစ္ေစ မွတ္တမ္းမွတ္ရာအခ်က္အလက္အျဖစ္ ျပည္ပေရာက္ NUG ေထာက္ခံလႈ႔ံေဆာ္သူ ျမန္မာမ်ားကုိ မွတ္သားထားမည့္သေဘာမ်ဳိးလည္း ျဖစ္သည္။

ယင္းအခ်က္အလက္အရ ျပည္ပေရာက္ NUG ေထာက္ခံလႈ႔ံေဆာ္သူမ်ားမွာ သက္ဆုိင္ရာႏုိင္ငံ၏ ရဲတပ္ဖြဲ႔ဘက္က လတ္တေလာအေရးမယူလွ်င္ပင္ ေစာင့္ၾကည့္စက္ကြင္းအတြင္းသုိ႔ အလုိအေလွ်ာက္ ေရာက္ရွိသြားမည္ျဖစ္ျပီး သက္ဆုိင္ရာႏိုင္ငံက မသိက်ဳိးကၽြန္ျပဳေပးသည့္ကာလ ေက်ာ္လြန္သြားကာ မလုိလားေတာ့သည္ႏွင့္ထိန္းခ်ဳပ္ခံရမည့္သေဘာမ်ဳိး ျဖစ္သြားႏုိင္ေၾကာင္းလည္း ျပည္ပေရာက္ အစဥ္အလာရွိေသာ ျမန္မာအခ်ဳိ႕ထံမွ ၾကားသိရသည္။

Related news

© 2021. All rights reserved.