အမေရိကန်အလယ်ပိုင်းကို တစ်ရက်တည်းမှာ အားကောင်းတဲ့လေဆင်နှမောင်း (၁၉)ခု ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်ခဲ့

776

ရောင်နီ (NP News) - ဒီဇင်ဘာ ၁၁
အမေရိကန် ပြည်ထောင်စုအလယ်ပိုင်းရှိ ပြည်နယ်(၅)ခုကို အားကောင်းတဲ့ လေဆင်နှမောင်း(၁၉)ခု သောကြာနေ့(ဒီဇင်ဘာလ ၁ဝ ရက်)နှောင်းပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်းသိရပါတယ်။
Craighead ကောင်တီတရားသူကြီး Marvin Day ရဲ့အဆိုအရArkansas ပြည်နယ်၊ Monette မှာ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ သက်ကြီးရွယ်အိုဒဏ်ရာရရှိသူတွေကို ဒေသန္တရကျောင်းမှာ Triage Center ဆောက်ကာကုသပေးနေပြီး အခြားသူတွေကိုတော့ ဒေသတွင်းဆေးရုံတွေကို ပို့ဆောင်ထားကြောင်းမြို့တော်ဝန် Bob Blankenship ကပြောကြားခဲ့ပါတယ်။ Tennessee မှာ အဆောက်အဦးများစွာပျက်စီးခဲ့ပြီး Samburg မှာ လူအများအပြားပိတ်မိနေကြောင်း ယူနီယံမြို့ရဲတပ်ဖွဲ့အ ကြီးအကဲ Karl Ullrich က ပြောကြားခဲ့ပါတယ်။ အဆောက်အအုံမည်မျှ ဆိုးဆိုးရွားရွားပျက်စီးသွားသည်ကို မသိရှိရသေးပါဘူး။ အီလီနွိုက်ပြည် နယ်အုပ်ချုပ်ရေးမှူး JB Pritzker က ၎င်းတို့ကိုအကူအညီပေးဖို့အတွက် Edwardsville မြို့တော်ဝန်ထံ ဆက်သွယ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
"ဒီညမှာ Edwardsville က လူတွေနဲ့အတူ လိုအပ်နေတဲ့ပြည်နယ်အရင်း အမြစ်တွေကို ဖြည့်ဆည်းပေးဖို့ မြို့တော်ဝန်ကို ကျွန်တော်ဆက်သွယ်ခဲ့ပါတယ်၊ အခြေအနေကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်"လို့ အုပ်ချုပ်ရေးမှူးက တွစ်တာမှာပြောကြားခဲ့ပါတယ်။ Kentucky ပြည် နယ်နေရာအများအပြားမှာ "ပြင်းထန်တဲ့ လေဆင်နှာမောင်းဖြစ်ရပ်များ" ဖြစ်ပြီးနောက် သေဆုံးနိုင်ခြေရှိနိုင်ကြောင်း၊ ယခုအချိန်ထိ သေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ကဆိုခဲ့ပါတယ်။ လူဦးရေ ၁ဝဝဝဝ ခန့်ရှိတဲ့ Mayfield မှာတော့ သိသာထင်ရှားသော ပျက် စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။
Administration's Storm Prediction Center ၏ထုတ်ပြန်ချက်အရ ယေဘုယျအားဖြင့် နိုင်ငံတစ်ဝန်းရှိလူပေါင်း (၅၅)သန်းကျော်ဟာ သော ကြာနေ့က ပြင်းထန်တဲ့မုန်တိုင်းအန္တရာယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ထို့ ကြောင့် စနေနေ့အစောပိုင်းက ဓာတ်အားသုံးစွဲသုံး ၁၅၇ဝဝဝ ကဓာတ် အားပြတ်တောက်မှုနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။ အအေးလွန်ကဲတဲ့အာတိတ်လေဟာတောင်ဘက်သို့တိုးမြင့်လာတာနဲ့အမျှ ကမ္ဘာ့တောင် ပိုင်းတစ်ခွင်မှာ စံချိန်တင်ပူနွေးစိုစွတ်သောလေတိုက်ခတ်လေ့ရှိပြီး လေ ထု ထုထည်များဆုံသည့်နေရာမှာ ပြင်းထန်တဲ့မုန်တိုင်းတွေဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။
zawgyi version
အေမရိကန္အလယ္ပိုင္းကို တစ္ရက္တည္းမွာ အားေကာင္းတဲ့ေလဆင္ႏွေမာင္း (၁၉)ခု ျဖတ္ေက်ာ္ဝင္ေရာက္တိုက္ခတ္ခဲ့
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၁
အေမရိကန္ ျပည္ေထာင္စုအလယ္ပိုင္းရွိ ျပည္နယ္(၅)ခုကို အားေကာင္းတဲ့ ေလဆင္ႏွေမာင္း(၁၉)ခု ေသာၾကာေန႔(ဒီဇင္ဘာလ ၁ဝ ရက္)ေႏွာင္းပိုင္းက ဝင္ေရာက္တိုက္ခတ္ခဲ့ေၾကာင္းသိရပါတယ္။
Craighead ေကာင္တီတရားသူႀကီး Marvin Day ရဲ႕အဆိုအရArkansas ျပည္နယ္၊ Monette မွာ ေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ လူတစ္ဦးေသဆုံးၿပီး အမ်ားအျပားဒဏ္ရာရရွိခဲ့ေၾကာင္း သိရပါတယ္။ သက္ႀကီး႐ြယ္အိုဒဏ္ရာရရွိသူေတြကို ေဒသႏၲရေက်ာင္းမွာ Triage Center ေဆာက္ကာကုသေပးေနၿပီး အျခားသူေတြကိုေတာ့ ေဒသတြင္းေဆး႐ုံေတြကို ပို႔ေဆာင္ထားေၾကာင္းၿမိဳ႕ေတာ္ဝန္ Bob Blankenship ကေျပာၾကားခဲ့ပါတယ္။ Tennessee မွာ အေဆာက္အဦးမ်ားစြာပ်က္စီးခဲ့ၿပီး Samburg မွာ လူအမ်ားအျပားပိတ္မိေနေၾကာင္း ယူနီယံၿမိဳ႕ရဲတပ္ဖြဲ႕အ ႀကီးအကဲ Karl Ullrich က ေျပာၾကားခဲ့ပါတယ္။ အေဆာက္အအုံမည္မွ် ဆိုးဆိုး႐ြား႐ြားပ်က္စီးသြားသည္ကို မသိရွိရေသးပါဘူး။ အီလီႏြိဳက္ျပည္ နယ္အုပ္ခ်ဳပ္ေရးမႉး JB Pritzker က ၎တို႔ကိုအကူအညီေပးဖို႔အတြက္ Edwardsville ၿမိဳ႕ေတာ္ဝန္ထံ ဆက္သြယ္ခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
"ဒီညမွာ Edwardsville က လူေတြနဲ႔အတူ လိုအပ္ေနတဲ့ျပည္နယ္အရင္း အျမစ္ေတြကို ျဖည့္ဆည္းေပးဖို႔ ၿမိဳ႕ေတာ္ဝန္ကို ကြၽန္ေတာ္ဆက္သြယ္ခဲ့ပါတယ္၊ အေျခအေနကို ဆက္လက္ေစာင့္ၾကည့္သြားမွာျဖစ္ပါတယ္"လို႔ အုပ္ခ်ဳပ္ေရးမႉးက တြစ္တာမွာေျပာၾကားခဲ့ပါတယ္။ Kentucky ျပည္ နယ္ေနရာအမ်ားအျပားမွာ "ျပင္းထန္တဲ့ ေလဆင္ႏွာေမာင္းျဖစ္ရပ္မ်ား" ျဖစ္ၿပီးေနာက္ ေသဆုံးႏိုင္ေျခရွိႏိုင္ေၾကာင္း၊ ယခုအခ်ိန္ထိ ေသဆုံးမႈကို အတည္ျပဳႏိုင္ျခင္းမရွိေသးေၾကာင္း ျပည္နယ္ရဲတပ္ဖြဲ႕ကဆိုခဲ့ပါတယ္။ လူဦးေရ ၁ဝဝဝဝ ခန႔္ရွိတဲ့ Mayfield မွာေတာ့ သိသာထင္ရွားေသာ ပ်က္ စီးဆုံးရႈံးမႈေတြရွိခဲ့တယ္လို႔သိရပါတယ္။
Administration's Storm Prediction Center ၏ထုတ္ျပန္ခ်က္အရ ေယဘုယ်အားျဖင့္ ႏိုင္ငံတစ္ဝန္းရွိလူေပါင္း (၅၅)သန္းေက်ာ္ဟာ ေသာ ၾကာေန႔က ျပင္းထန္တဲ့မုန္တိုင္းအႏၲရာယ္ရွိခဲ့တယ္လို႔ သိရပါတယ္။ ထို႔ ေၾကာင့္ စေနေန႔အေစာပိုင္းက ဓာတ္အားသုံးစြဲသုံး ၁၅၇ဝဝဝ ကဓာတ္ အားျပတ္ေတာက္မႈနဲ႔ရင္ဆိုင္ခဲ့ရတယ္လို႔ သိရပါတယ္။ အေအးလြန္ကဲတဲ့အာတိတ္ေလဟာေတာင္ဘက္သို႔တိုးျမင့္လာတာနဲ႔အမွ် ကမာၻ႔ေတာင္ ပိုင္းတစ္ခြင္မွာ စံခ်ိန္တင္ပူေႏြးစိုစြတ္ေသာေလတိုက္ခတ္ေလ့ရွိၿပီး ေလ ထု ထုထည္မ်ားဆုံသည့္ေနရာမွာ ျပင္းထန္တဲ့မုန္တိုင္းေတြျဖစ္ေပၚလာျခင္း ျဖစ္ပါတယ္။