ခရီးသည်တင်ယာဉ်မှအပ ကျန်ရှိသောမော်တော်ယာဉ်နှင့်ဆိုင်ကယ်များကို ဇွန်လကုန်အထိ ယာဉ်စစ်ဆေးခြင်းမပြုဘဲသက်တမ်းတိုးပေးမည်

1161

ထက်ကြီး (NP News) - ဇန်နဝါရီ ၂
ခရီးသည်တင်ယာဉ်မှအပကျန်ရှိသောမော်တော်ယာဉ်နှင့်ဆိုင်ကယ်များ သက်တမ်းတိုးရာတွင် ယာဉ်စစ်ဆေးခြင်းမပြုဘဲဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
သက်တမ်းကုန်ဆုံးမည့် မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များ သက်တမ်းတိုးဆောင်ရွက်ရာတွင် ခရီးသည်တင်ယာဉ်မှအပကျန်ရှိသော မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များကို ၂ဝ၂၂ ခုနှစ် ဇွန်လ ၃ဝ ရက်အထိယာဉ်စစ်ဆေးခြင်းမပြုဘဲ သက်တမ်းတိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
“ကျွန်တော်တို့လုပ်ငန်းစတင်လုပ်ဆောင်ချိန်ကတည်းက ခရီးသည်တင်ဘတ်စ်ကားတွေကလွဲပြီး ကျန်ယာဉ်တွေကို ယာဉ်စစ်ဆေးခြင်းမပြုဘဲလုပ်ဆောင်ပေးနေတယ်။ ဆက်လက်လည်းလုပ်ဆောင်ပေးလျက်ရှိပါတယ်”ဟု ကညနမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ယာဉ်အစီးရေများပြားလာမှုအရ ယာဉ်မှတ်ပုံတင်ခြင်းနှင့်လုပ်ငန်းလိုင် စင်ကိစ္စများတွင် လုပ်ငန်းပမာဏသိသာစွာတိုးမြင့်လာခြင်းအတွက် ဝန် ထမ်းအင်အားဖြည့်ဆည်ရန်နှင့်လိုအပ်ပါက ဖွဲ့စည်းပုံပြင်ဆင်တိုးချဲ့ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားဖူးသည်။
''ယာဉ်ပိုင်ရှင်တွေက သက်တမ်းတိုးတဲ့အခါမှာ လွယ်ကူသွားတာပေါ့။ ခရီးစရိတ်တွေ မကုန်တော့ဘူး။ အချိန်တွေ မကုန်တော့ဘူး။ ယာဉ်တွေ စစ်စရာမလိုတော့ လူပဲလာရုံပဲ။ နှစ်ဦးနှစ်ဖက်အဆင်ပြေတယ်ပေါ့။ ကျွန် တော်တို့လည်း အဆင်ပြေတယ်။ ဒါပေမယ့် တစ်ခုရှိတာ အဲဒီလိုလုပ်တဲ့အခါမှာ ယာဉ်မစစ်ဆေးရတဲ့အခါ ဝယ်ရောင်းလုပ်တာမှာ ကနညမှာ စစ်ချင်တာတွေ၊ ဘာတွေရှိတာပေါ့။ အဲဒီအပိုင်းလေးတွေမှာ သို့လောသို့ လောဖြစ်တာတွေရှိ တာပေါ့" ဟု နေပြည်တော် ကညနအကျိုးဆောင် လုပ်ငန်းမှ ကိုမျိုးလေးက NP News ကိုပြောသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ကညနလုပ်ငန်းများကို ယာယီရပ်ဆိုင်းခဲ့ပြီး ကနဦးနှင့် နှစ်လဲသက်တမ်းတိုးမှတ်ပုံတင်လုပ်ငန်းများကို ၂ဝ၂၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက်မှပြန်လည်စတင်လုပ်ဆောင်ခဲ့သည်။ လုပ်ငန်းပြန်လည်စတင်ချိန်တွင် ယာဉ်များလာရောက်မှုများပြားသည့်အတွက် ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများကိုရပ်ဆိုင်းခဲ့ပြီး ၂ဝ၂၂ ခုနှစ်မှပြန်လည်ပြုလုပ်မည်ဖြစ် ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ခရီးသည်တင်ယာဉ်မှအပ ယာဉ်စစ်ဆေးခြင်းမပြုဘဲ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကညနက အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။ ယာဉ်စစ်ဆေးခြင်းသည် မှတ်ပုံတင်ထားသည့် ယာဉ်ဟုတ်မဟုတ်စိစစ်နိုင်ရန်နှင့်ယာဉ်များအများပြည်သူဆိုင်ရာလမ်း မပေါ်တွင် အန္တရာယ်ကင်းစွာမောင်းနှင်သွား လာနိုင်ရန်ရည်ရွယ်၍ စစ်ဆေးပေးခြင်းဖြစ်ကြောင်းသိရသည်။
zawgyi version
ခရီးသည္တင္ယာဥ္မွအပ က်န္ရွိေသာေမာ္ေတာ္ယာဥ္ႏွင့္ဆိုင္ကယ္မ်ားကို ဇြန္လကုန္အထိ ယာဥ္စစ္ေဆးျခင္းမျပဳဘဲသက္တမ္းတိုးေပးမည္
ထက္ႀကီး (NP News) - ဇန္နဝါရီ ၂
ခရီးသည္တင္ယာဥ္မွအပက်န္ရွိေသာေမာ္ေတာ္ယာဥ္ႏွင့္ဆိုင္ကယ္မ်ား သက္တမ္းတိုးရာတြင္ ယာဥ္စစ္ေဆးျခင္းမျပဳဘဲဆက္လက္ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနမွ သိရသည္။
သက္တမ္းကုန္ဆုံးမည့္ ေမာ္ေတာ္ယာဥ္ႏွင့္ေမာ္ေတာ္ဆိုင္ကယ္မ်ား သက္တမ္းတိုးေဆာင္႐ြက္ရာတြင္ ခရီးသည္တင္ယာဥ္မွအပက်န္ရွိေသာ ေမာ္ေတာ္ယာဥ္ႏွင့္ေမာ္ေတာ္ဆိုင္ကယ္မ်ားကို ၂ဝ၂၂ ခုႏွစ္ ဇြန္လ ၃ဝ ရက္အထိယာဥ္စစ္ေဆးျခင္းမျပဳဘဲ သက္တမ္းတိုးေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း ကုန္လမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ထားသည္။
“ကြၽန္ေတာ္တို႔လုပ္ငန္းစတင္လုပ္ေဆာင္ခ်ိန္ကတည္းက ခရီးသည္တင္ဘတ္စ္ကားေတြကလြဲၿပီး က်န္ယာဥ္ေတြကို ယာဥ္စစ္ေဆးျခင္းမျပဳဘဲလုပ္ေဆာင္ေပးေနတယ္။ ဆက္လက္လည္းလုပ္ေဆာင္ေပးလ်က္ရွိပါတယ္”ဟု ကညနမွတာဝန္ရွိသူတစ္ဦးကေျပာသည္။
ယာဥ္အစီးေရမ်ားျပားလာမႈအရ ယာဥ္မွတ္ပုံတင္ျခင္းႏွင့္လုပ္ငန္းလိုင္ စင္ကိစၥမ်ားတြင္ လုပ္ငန္းပမာဏသိသာစြာတိုးျမင့္လာျခင္းအတြက္ ဝန္ ထမ္းအင္အားျဖည့္ဆည္ရန္ႏွင့္လိုအပ္ပါက ဖြဲ႕စည္းပုံျပင္ဆင္တိုးခ်ဲ႕ရန္ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းက ေျပာၾကားဖူးသည္။
''ယာဥ္ပိုင္ရွင္ေတြက သက္တမ္းတိုးတဲ့အခါမွာ လြယ္ကူသြားတာေပါ့။ ခရီးစရိတ္ေတြ မကုန္ေတာ့ဘူး။ အခ်ိန္ေတြ မကုန္ေတာ့ဘူး။ ယာဥ္ေတြ စစ္စရာမလိုေတာ့ လူပဲလာ႐ုံပဲ။ ႏွစ္ဦးႏွစ္ဖက္အဆင္ေျပတယ္ေပါ့။ ကြၽန္ ေတာ္တို႔လည္း အဆင္ေျပတယ္။ ဒါေပမယ့္ တစ္ခုရွိတာ အဲဒီလိုလုပ္တဲ့အခါမွာ ယာဥ္မစစ္ေဆးရတဲ့အခါ ဝယ္ေရာင္းလုပ္တာမွာ ကနညမွာ စစ္ခ်င္တာေတြ၊ ဘာေတြရွိတာေပါ့။ အဲဒီအပိုင္းေလးေတြမွာ သို႔ေလာသို႔ ေလာျဖစ္တာေတြရွိ တာေပါ့" ဟု ေနျပည္ေတာ္ ကညနအက်ိဳးေဆာင္ လုပ္ငန္းမွ ကိုမ်ိဳးေလးက NP News ကိုေျပာသည္။
ကိုဗစ္-၁၉ ကပ္ေရာဂါကို ထိေရာက္စြာ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသႏိုင္ေရးအတြက္ ကညနလုပ္ငန္းမ်ားကို ယာယီရပ္ဆိုင္းခဲ့ၿပီး ကနဦးႏွင့္ ႏွစ္လဲသက္တမ္းတိုးမွတ္ပုံတင္လုပ္ငန္းမ်ားကို ၂ဝ၂၁ ခုႏွစ္ စက္တင္ဘာလ ၁၃ ရက္မွျပန္လည္စတင္လုပ္ေဆာင္ခဲ့သည္။ လုပ္ငန္းျပန္လည္စတင္ခ်ိန္တြင္ ယာဥ္မ်ားလာေရာက္မႈမ်ားျပားသည့္အတြက္ ယာဥ္စစ္ေဆးျခင္းလုပ္ငန္းမ်ားကိုရပ္ဆိုင္းခဲ့ၿပီး ၂ဝ၂၂ ခုႏွစ္မွျပန္လည္ျပဳလုပ္မည္ျဖစ္ ေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့ၿပီးေနာက္ ခရီးသည္တင္ယာဥ္မွအပ ယာဥ္စစ္ေဆးျခင္းမျပဳဘဲ ဆက္လက္ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း ကညနက အသိေပးထုတ္ျပန္လာျခင္းျဖစ္သည္။ ယာဥ္စစ္ေဆးျခင္းသည္ မွတ္ပုံတင္ထားသည့္ ယာဥ္ဟုတ္မဟုတ္စိစစ္ႏိုင္ရန္ႏွင့္ယာဥ္မ်ားအမ်ားျပည္သူဆိုင္ရာလမ္း မေပၚတြင္ အႏၲရာယ္ကင္းစြာေမာင္းႏွင္သြား လာႏိုင္ရန္ရည္႐ြယ္၍ စစ္ေဆးေပးျခင္းျဖစ္ေၾကာင္းသိရသည္။