“လက်ရှိ အာဏာသိမ်းမှုဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီလှုပ်ရှားမှုမှာ မပါဝင်ရခြင်းအကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဖွင့်ဟချက်” (အင်တာဗျူး)

 2266

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၅
ရခိုင် သို့မဟုတ် ရခိုင်ပြည်နယ်ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံနဲ့ အနီးစပ်ဆုံးပြည်နယ်တစ်ခုဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေများပြားလာတာဟာလည်း ဘင်္ဂလားဒေရှ့်အစိုးရအတွက် စိုးရိမ်စရာဖြစ်စေတဲ့နေရာတစ်ခုဖြစ်လာစေခဲ့ပါတယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)ဟာ ရခိုင် ပြည်နယ်အတွင်း စစ်ရေးနဲ့နိုင်ငံရေးတို့မှာ အရေးပါတဲ့အဖွဲ့အစည်းဖြစ်နေပါတယ်။ ဘင်္ဂလားဒေရှ့်အခြေစိုက် Prothomalo Alo သတင်းဌာနက ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ (၁၉)ရက်က AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မြန်မာနိုင်ငံနဲ့ရခိုင်ပြည်နယ်အခြေနေတွေကို Zoom ကတဆင့်အင်တာဗျူးမေးမြန်းထားတာကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

မေး ။ ။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရေ မင်္ဂလာပါခင်ဗျာ။ အခုလိုအချိန်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
ဖြေ ။ ။ အင်္ဂလိပ်စကားပြောတဲ့ ဂျာနယ်လစ်တွေနဲ့စကားပြောလို့ရှိရင် ကျွန်တော် အလွန်သတိထားပြောဆိုရတယ်။ ကျွန်တော်တို့အခြေနေတွေက အရမ်းရှုပ်ထွေးပါတယ်။ ကျွန်တော်တို့မဟာဗျူဟာကလည်း ရှုပ် ထွေးပါတယ်။ အင်္ဂလိပ်စာက ကျွန်တော်တို့ဘာသာစကားမဟုတ်တဲ့အ တွက် တခြားနိုင်ငံတွေကလူတွေကို ကျွန်တော်တို့ကြေငြာချက်တွေတင် ပြရာမှာ လွယ်ကူမှုမရှိခဲ့ဘူး။ မဟာဗျူဟာတွေအောင်မြင်မှုမရသေးခင် အပြင်ကို ထုတ်တာမျိုးမလုပ်ချင်ပါဘူး။ ခင်ဗျားတို့ကို လက်ခံစကား ပြောဖို့ အသေအချာစဉ်းစားခဲ့ပြီးမှ ဆုံးဖြတ်ခဲ့ရတယ်။ ခင်ဗျားတို့ဟာ ကျွန်တော့်ကို ဘင်္ဂါလီအကြောင်းတွေ မေးမြန်းလာနိုင်လို့ပါ။ ကျွန်တော်တို့ဟာ ဘင်္ဂါလီတွေကို "ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ မွတ်စလင်တွေ"လို့ ခေါ်ဆိုသုံးစွဲတယ်။ခင်ဗျားတို့အားလုံးဟာကျွန်တော်တို့ရဲ့အိမ်နီးချင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်းကျွန်တော်ဟာ ဘင်္ဂလားဒေရှ့်နဲ့ နားလည် မှုလွဲတာမျိုးတွေ မလိုလားဘူး။

မေး ။ ။ ကျွန်တော်တို့ကို ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေနေလေးကို ပြောပြပေးပါဦး။ AA ဟာ ရခိုင်ပြည်နယ်မှာ လက်ရှိဘာတွေလုပ်နေပြီး ဘယ်အခြေနေကို ဦးတည်နေသလဲဆိုတာကို ပြောပေးပါဦး။
ဖြေ ။ ။ ကျွန်တော်တို့နဲ့ မြန်မာစစ်တပ်ကြားမှာ တရားဝင်သဘောမျိုးမဟုတ်တဲ့ ယာယီအပစ်ခတ်ရပ်စဲတာမျိုးတွေလုပ်ထားတယ်။ အပစ်အ ခတ်ရပ်စဲမှုမတိုင်ခင်မှာတော့ အတော်လေးပြင်းထန်ခဲ့ပါတယ်။ တပ်ရင်းအနည်းငယ်ကလွဲပြီး ကျန်တဲ့နေရာတော်တော်များများကို သူတို့ဝင်မလာနိုင်ပါဘူး။ အဲဒီအချက်က ဒီနယ်မြေတွေမှာ ကျွန်တော်တို့ခုခံမှုနဲ့ လက်ရှိအခြေအနေက ဘယ်လောက်အားကောင်းတယ်ဆိုတာကို သိနိုင်မှာပါ။ လက်ရှိအချိန်မှာတပ်မတော်ဟာ အပစ်အခတ်ရပ်စဲရေးကို လိုချင်နေတယ်။ နှစ်ဖက်အဖွဲ့တွေကြားမှာ လက်ရှိအချိန်ထိဘာတရားဝင်ပြော ဆိုဆွေးနွေးမှု၊ သဘောတူညီမှုတွေမရှိသေးပါဘူး။ ဒါပေမယ့်ကျွန်တော်တို့ အွန်လိုင်းကနေတစ်ခါတစ်ရံ တွေ့ဆုံဆွေးနွေးတာတွေရှိပါတယ်။ အဲလိုအခါမျိုးမှာ စစ်တပ်ကကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးတွေကို ကန့်ကွက်တာမျိုးရှိတယ်။ ရခိုင်ပြည်နယ်မှာကျွန်တော်တို့ရဲ့ အုပ် ချုပ်ရေး ယန္တရားအသက်သွင်းနေတာရှိပါတယ်။ တရားစီရင်ရေးလည်း တည်ထောင်ထားသလို အခွန်ကောက်တဲ့ ကိစ္စလည်းလုပ်ဆောင်ထားတယ်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအုပ်စုတိုင်းက သူတို့လှုပ်ရှားနေတဲ့နယ်မြေတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားတည် ဆောက်ဖို့ ရုန်းကန်နေတာမျိုးတွေရှိပါတယ်။ လက်ရှိအချိန်မှာစစ်ပွဲတွေ ယာယီရပ်တန့်ထားတဲ့အတွက် ကျွန်တော်တို့လွှမ်းမိုးမှုရှိထားတဲ့ နယ်မြေဒေသတွေမှာ ကျစ်လစ်ခိုင်မာမှုရှိအောင် အာရုံစိုက်လုပ်နေတယ်။

မေး ။ ။ ခင်ဗျားတို့ တောင်ပိုင်းနဲ့ မြောက်ပိုင်းထိန်းချုပ်ဖို့ကြိုးစားရာမှာ ဘာတွေကွာခြားမှုရှိပါသလဲ။
ဖြေ ။ ။ ကျွန်တော်တို့ဟာ ရခိုင်ပြည်နယ်ရဲ့မြို့နယ်တွေကိုအခြေခံတယ်။ မြို့ပေါ်တွေမှာမဟုတ်ပါဘူး။ မြို့ပေါ်ကိုလည်းကျွန်တော်တို့ဝင်ရောက်နိုင်စွမ်းရှိပေမယ့် အဲဒါကပိုပြီးတော့အပျက်အစီးပိုများပါလိမ့်မယ်။ မြန်မာစစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်ပါတယ်။ ကျွန်တော်တို့ဟာ သူတို့ကို အခွင့်ရေးမပေးလိုဘူး။

မေး ။ ။ ရက္ခိုင့်တပ်မတော်ရဲ့အလံကို အိုလံပစ်ကစားပွဲမှာလွှင့်တင်ပြီးတော့ ရက္ခိုင့်နိုင်ငံတော်သီချင်းဆိုနေတာကိုမြင်ချင်တယ်လို့ ၂ဝ၂ဝ ခုနှစ်တုန်းကခင်ဗျားပြောခဲ့ဖူးတယ်။ အဲဒါကရခိုင်ပြည်လွတ်လပ်ရေးအတွက် ခင်ဗျားတို့ တိုက်ခိုက်နေတယ်လို့ဆိုလိုတာပါလား။
ဖြေ ။ ။ ကျွန်တော်တို့ ဘာလွတ်လပ်ရေးမှမကြေညာရသေးပါဘူး။ ဒါ ပေမဲ့ကျွန်တော်တို့ဟာ ရခိုင်လူထုကို သွယ်ဝိုက်တဲ့နည်းနဲ့နိုင်ငံရေးပန်း တိုင်ကို အသိပေးပြောထားတာတွေတော့ရှိပါတယ်။ နိုင်ငံတာအသိအ မှတ်ပြုခံရရေးထက် ကျွန်တော်တို့အချုပ်အခြာပြန်လည်ရရှိရေးအတွက် တိုက်ခိုက်နေရတာဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပအခြေနေအရပ်ရပ်ကိုလည်း ထည့်သွင်းစဉ်းစားပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ၁၉၇၁ မှာလွတ် လပ်ရေးရပါတယ်။ အိန္ဒိယနဲ့တခြားနိုင်ငံတွေက လက်ခံအသိအမှတ်ပြုခဲ့ကြပါတယ်။ ဒေသတွင်းအခြေအနေတွေကလက်ရှိအချိန်မှာတော့ အရင် နဲ့မတူတော့ဘူး။ အိမ်နီးချင်းအင်အားကြီးနိုင်ငံတွေဟာ ဒေသတွင်းမှာနိုင် ငံအသစ်ပေါ်လာမှာကို မလိုလားကြပါဘူး။ ဒီလိုနိုင်ငံအသစ်တွေပေါ်လာခြင်းက သူတို့နိုင်ငံတွေမှာသက်ရောက်မှုရှိလာနိုင်ဖွယ်ရှိနေတဲ့အပြင် သူတို့ဆီက ခွဲထွက်ရေးအုပ်စုတွေပေါ်လာမှာကိုလှုံဆော်သလိုဖြစ်မှာစိုးရိမ်နေတာပါ။

မေး ။ ။ အဲဒီတော့ ခင်ဗျားတို့ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလိုနေတာလား။
ဖြေ ။ ။ ကျွန်တော်တို့ဟာလွတ်လပ်ရေးကို ရလိုနေတာပါ။ အဲဒီအ တွက် လုပ်ဆောင်ရမယ့်အဆင့်တွေအများကြီးရှိနေသေးတယ်။ ဒါက အချိန်ပေါ်လည်းမူတည်ပါတယ်။

မေး ။ ။ ခင်ဗျားဟာ၂ဝ၂ဝတုန်းက AA မှာတပ်သားနှစ်သောင်းလောက် ရှိနေပြီး တပ်ဖွဲ့ဝင်အရေအတွက် ခုနစ်သောင်းလောက်ထပ်တိုးချင်တယ်လို့ပြောခဲ့တာရှိပါတယ်။ အဲဒီရည်မှန်းချက်ကို ဘယ်အချိန်လောက်မှာ ရောက်ရှိလာနိုင်မလဲ။
ဖြေ ။ ။ ကျွန်တော်တို့မှာ တပ်သားသုံးသောင်းခန့်အမှန်တကယ်ရှိနေပါတယ်။ အဲဒီတပ်သားသုံးသောင်းအတွက် လက်နက်တပ်ဆင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူး၊ ခက်ခဲတဲ့တာဝန်တစ်ခုဖြစ်တယ်။ ကျွန် တော်တို့မှာ နိုင်ငံရေးရည်မှန်းချက်တစ်ခုရှိတဲ့အခါ အဲဒီရည်မှန်းချက်ဖြစ်ဖို့ အခြားဖြစ်နိုင်တာတွေလုပ်ဆောင်ရတယ်။ ကျွန်တော်တို့ ဘိုးဘေးဘီဘင်တွေရဲ့မိခင်မြေကိုပြန်လည်ရယူနိုင်ဖို့ တပ်ဖွဲ့ဝင်အရေအတွက် အင် အားသုံးသောင်းကနေ ငါးသောင်းလောက်အနည်းဆုံးလိုအပ်ပါတယ်။ လူတွေကတော့မိခင်မြေကိုပြန်ရယူနိုင်ဖို့ ကျွန်တော်တို့နဲ့အတူပါဝင်လုပ် ဆောင်ဖို့အရမ်းစိတ်အားထက်သန်ကြပါတယ်။ ဒီအချက်ကိုတော့ကျွန် တော်အများကြီးပြောနိုင်ပါတယ်။ အခြေအနေကကျွန်တော်တို့အတွက်ကောင်းနေပါတယ်။ ဒါပေမယ့်ဘယ်အချိန်မှာရည်မှန်ချက်ဖြစ်လာမလဲ ဆိုတာကပြောဖို့ ခက်ခဲနေပါသေးတယ်။

မေး ။ ။ ရခိုင်ပြည်မှာ (AA)ကအုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေ တည်ထောင်ထားတယ်လို့ခင်ဗျားပြောခဲ့တယ်။ ဒါ့ပြင် ခင်ဗျားတို့က ရခိုင်ပြည်နယ်တစ်ခုလုံးကို မထိန်းချုပ်နိုင်သေးဘူးလို့လည်းဆိုတယ်။ အဲဒီတော့တရားစီရင်ရေး မဏ္ဍိုင်ကဘယ်မှာလဲ။ ခင်ဗျားတို့ဘယ်လို လည်ပတ်ပါသလဲ။
ဖြေ ။ ။ ကိုယ်ပိုင်ရဲတပ်ဖွဲ့ရှိနေပါတယ်။ လူတွေရဲ့ယုံကြည်လေးစားခံရပြီဆိုရင်ကိုယ်ပိုင်တရားစီရင်ရေးလည်းရှိရမှာဖြစ်တယ်။ သူတို့ရဲ့အခက် အခဲပြဿနာတွေကို တရားမျှတတဲ့နည်းလမ်းနဲ့ဖြေရှင်းပေးရမှာဖြစ်တယ်။ ဒါဟာကျွန်တော်တို့ရဲ့အတွေ့အကြုံတွေဖြစ်တယ်။

မေး ။ ။ AA ဟာ ဘာလို့အာဏာသိမ်းစစ်တပ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာမပါရတာပါလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုရပ် တည်ချမှတ်ထားသလဲ။
ဖြေ ။ ။ ကျွန်တော်တို့ရဲ့အဓိကရည်မှန်းချက်က ဆုံးရှုံးထားတဲ့အချုပ် အခြာအာဏာပြန်လည်ရယူဖို့ "ရက္ခိတလမ်းစဉ်"ဖြစ်တယ်။ ပြီးခဲ့တဲ့ရခိုင်မျိုးဆက်တွေက ဗမာနိုင်ငံရေးသမားတွေရဲ့ဦးဆောင်မှုနောက်ကိုလိုက်ခဲ့ပြီးတော့ အချိန်တွေကုန်ဆုံးခဲ့ရတယ်။ ဗမာတွေကိုထောက်ပံ့ပေးခဲ့သလိုဖြစ်ခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းတည်းက ရခိုင်နိုင်ငံရေး သမားတွေက ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်မြန်မာတွေနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ဒါပေမယ့်ရခိုင်တွေက နိုင်ငံရေးမှာမျှဝေတာမျိုးမရရှိခဲ့ဘူး။ ရခိုင်တွေက ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားရေးမှာ လည်း ပါခဲ့ကြတယ်။ ဒါပေမယ့်အဲဒီရဲ့အသီးအပွင့်တွေကို မခံစားခဲ့ရကြပါဘူး။ အဲဒီလိုအတွေ့အကြုံတွေများလာတဲ့ အခါကျတော့ ကျွန်တော်တို့မျိုးဆက်မှာဗမာနောက်လိုက် နိုင်ငံရေးမလုပ်ချင်တော့ပါဘူး။ ကိုယ်ပိုင်မျှော်မှန်းချက်ကိုပဲ အကောင်အထည်ဖော်ရေးပဲလုပ်ဆောင်ချင်တယ်။ ဒါကြောင့် ကျွန်တော်တို့ဗမာတွေရဲ့ဒီမိုကရေစီအရေး ရုန်းကန်မှုတွေကိုခပ်ဝေးဝေးမှာနေဖို့ မဟာဗျူဟာချခဲ့တာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ တိုက်ရိုက်ပါဝင်လှုပ်ရှားတာမျိုးမဟုတ်ပေမယ့်လည်း ကျွန်တော်တို့နဲ့ ဆက်စပ်တဲ့အဖွဲ့အစည်းတွေဟာ ဗမာဒီမိုကရေစီအရေးရုန်းကန်မှု တွေမှာ အစိတ်ပိုင်းတစ်ရပ်အဖြစ်ပါဝင်နေပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ပြောချင်တာကကျွန်တော်တို့ရပ်တည်ချက် ပါးနပ်တယ်လို့မြင်ပါတယ်။ ဒါကြောင့်လည်းပဲ မြန်မာတွေရဲ့မြို့တွေမှာ မငြိမ်မသက်တွေဖြစ်နေပေမယ့် ရခိုင်ပြည်နယ်မှာ အေးအေးချမ်းချမ်းရှိနေတာပါပဲ။

မေး ။ ။ ဘင်္ဂါလီတွေနဲ့ပတ်သက်ပြီး AA ဘယ်လိုတွေးထားသလဲ။
ဖြေ ။ ။ ကျွန်တော်တို့ဟာ ဘင်္ဂါလီတွေရဲ့လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးတွေကိုအသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ဒီပြဿနာကို စ ကားလုံးအနည်းငယ်နဲ့ဖြေဆိုရုံနဲ့မရနိုင်ဘူး။ ဘင်္ဂါလီကိစ္စဟာလွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံအတွက် ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်တယ်။ ဘင်္ဂလား ဒေရှ့်နိုင်ငံဟာလည်း ဒီဘင်္ဂါလီပြဿနာကို တစ်နိုင်ငံတည်းနဲ့မဖြေရှင်းနိုင်ဘူး။ ကျွန်တော်တို့အတွက်လည်းအင်မတန်ကြီးတဲ့ ပြဿနာတစ်ခုဖြစ်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ ဘင်္ဂလားဒေ့ရှ်နဲ့အတူ တကွဖြေရှင်းဖို့ စိတ်အားထက်သန်ပါတယ်။ ဒီလိုပြဿနာကိုဖြေရှင်းဖို့ အချိန်ယူရမှာပါ။ အထူးသဖြင့် ဘင်္ဂါလီအသိအမှတ်ပြုမှု (identity) အ ပေါ်အငြင်းပွားမှုတွေရှိနေတာပါ။ လူထုတစ် ခုက သူတို့ကိုဘယ်လိုအသိ အမှတ်ပြုခေါ်ဝေါ်စေချင်သလဲဆိုတာက အခြေခံလူ့အခွင့်ရေးရှုထောင့်ဖြစ်ပါတယ်။ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာလည်း အခြေခံလူ့အခွင့်အ ရေးနဲ့ပတ်သတ်တဲ့ကတိကဝတ်တွေရှိပါတယ်။ အခြားတစ်ဖက်မှာလည်း ဒေသခံအဖွဲ့အစည်းတွေရဲ့ မတူညီတဲ့အမြင်တွေကလည်း အရေးကြီးပါတယ်။ ၁၉၅ဝ ခုနှစ် မတိုင်ခင်လောက်ထိတော့ ရိုဟင်ဂျာဆိုတဲ့အခေါ်အဝေါ်ကို သိပ်မကြားဖူးကြပါဘူး။ အဲဒီစကားလုံးပေါ်လာပြီး နောက်မှာတော့သမိုင်းပုံရိပ်တွေလည်း ပေါ်လာခဲ့တယ်။ အာရပ်တွေရဲ့သမိုင်းတွေလည်းပါဝင်လာခဲ့တယ်။ ရခိုင်တွေကလည်း ငါတို့ရဲ့ဘိုးဘေးဘီဘင်တွေရဲ့သမိုင်းတွေကိုသိချင်လာခဲ့တယ်။ ဒီတော့သမိုင်းအပေါ်မှာပဲဖက်တွယ်ထားကြတယ်။ ရခိုင်တွေရဲ့အမျိုးသားရေးစိတ်ကလည်း ပြင်းထန်တဲ့လူ မျိုးဖြစ်တယ်။ ဒီလိုအခြေအနေက ရခိုင်ပြည်မှာရှိတဲ့လူတွေကြား အဓိကအုပ်စုနှစ်ခုကြား အကွဲအပြဲတွေဖြစ်ပေါ်လာခဲ့တယ်။ ဒါကနိုင်ငံရေးအ ခြေအနေပေါ်မူတည်ပြီး ဖြစ်လာတာပါ။ AA ရဲ့ရပ်တည်ချက်ကတော့ မြန်မာပြည်ကိုဆန့်ကျင်ပြီး ရခိုင်ပြည်မှာအတူတကွရှိချင်တယ်ဆိုတဲ့မူဖြစ်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းရဖို့ ဘင်္ဂလားဒေ့ရှ်ကအဓိကအရေး ကြီးတဲ့နိုင်ငံအဖြစ်ရှိနေမှာပါ။

မေး ။ ။ ဘင်္ဂါလီ အခက်ခဲပြဿနာကိုဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကကော ခင်ဗျားတို့ AA ကို ဆက်သွယ်ခဲ့သလား။
ဖြေ ။ ။ ကျွန်တော်တို့ ဟာဆက်သွယ်ဖို့အကြိမ်များစွာကြိုးပမ်းခဲ့ပေမယ့် မျှော်လင့်ထားတဲ့တုံ့ပြန်မှုမျိုးမရခဲ့ပါဘူး။ ကျွန်တော်တို့ဆုံးဖြတ် ချက်က ဒီကိစ္စအပေါ်ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ policymakers တွေနဲ့တွေ့ဆုံဆွေးနွေးဖို့ဖြစ်တယ်။ ကျွန်တော်တို့ဟာသူတို့ရဲ့တုံ့ပြန်မှုကိုရဖို့စောင့်ဆိုင်းနေဆဲဖြစ်တယ်။

မေး ။ ။ မကြာသေးမီက အာဏာသိမ်းစစ်ကောင်စီရဲ့ပြန်လည်ထူ ထောင်ရေးပြည်ထောင်စုဝန်ကြီး ရခိုင်ပြည်နယ်ကိုသွားရောက်ခဲ့တာမျိုးတော့တွေ့မြင်မိတယ်။ ဘင်္ဂါလီတွေ ပြန်လည်အခြေချထားရေးကိစ္စအ တွက် ဆွေးနွေးတယ်လို့ သတင်းမီဒီယာမှာဖော်ပြခဲ့တာတွေ့ရပါတယ်။
ဖြေ ။ ။ အခြေအနေကတော့ ဘာမှရေရေရာရာမရှိလှဘူးလို့ ကျွန် တော်ပြောလိုတယ်။ မြန်မာစစ်တပ်ကလည်း ဘယ်ကိစ္စမဆိုတည်တည် ငြိမ်ငြိမ်ထိန်းထားနိုင်တာမျိုးမရှိဘူး။ ဒီတော့သူတို့ရဲ့စိတ်သဘောထားကို အချိန်မရွေး ပြောင်းလဲနိုင်ပါတယ်။ သူတို့ကယုံရမှာလား။ ဘင်္ဂါလီတွေပြန်လာမှာကို ကြိုဆိုရမှာဖြစ်ပေမယ့် စစ်တပ်နဲ့ AA ကြားပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးကတော့ အချိန်မရွေးပြန်ပျက်နိုင်တဲ့အခြေနေမျိုးရှိတယ်။ တပ်မတော်က သူတို့တပ်စွဲထားတဲ့နေရာတွေက မရုပ်သိမ်းသေးပါဘူး။

မေး ။ ။ လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်ကအတော်ငြိမ်းချမ်းနေတယ်။
ဖြေ ။ ။ မြန်မာနိုင်ငံထဲက အခြားနေရာတွေနဲ့နှိုင်းယှဉ်ရင် ရခိုင်ပြည် နယ်က အမှန်တကယ်ငြိမ်းချမ်းနေတယ်။ အဲဒါကလည်း အမြဲရှိနေမယ့်လို့ အာမခံလို့မရဘူး။ ဘင်္ဂါလီတွေပြန်လာမယ်ဆိုရင်ကန့်ကွက်စရာ အ ကြောင်းမရှိပါဘူး။ သူတို့နေရာ သူတို့ပြန်လာချင်တယ်ဆိုတာလည်းသ ဘာဝကျပါတယ်။ ဘင်္ဂါလီတွေဟာသူတို့ ဒုက္ခသည်စခန်း တွေမှာနေရတဲ့ အခြေအနေကမကောင်းဘူး။ ဒါပေမယ့်သူတို့ပြန်လာရင်ကော အရင်နဲ့မတူတဲ့အခြေအနေတစ်ခုပြန်ရလာမှာလားဆိုတဲ့ မေးခွန်းထုတ်စရာဖြစ်နေတယ်။

မေး ။ ။ ARSAတို့၊ RSOတို့လိုမျိုးဘင်္ဂါလီအဖွဲ့အစည်းတွေနဲ့အကြောင်း ကျွန်တော်တို့ကြားထားပါတယ်။ အဲဒီအဖွဲ့အစည်းတွေနဲ့ (AA)အဖွဲ့အ ဆက်သွယ်ရှိသလား။
ဖြေ ။ ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ဟာ နိုင်ငံတကာဖိအားပေးခံရတာတွေရှိပါတယ်။ ဘယ်သူမှတော့ အကြမ်းဖက်လို့ကြေညာခံထားရတဲ့အဖွဲ့အစည်းနဲ့ အဆက်အသွယ်မလုပ်ချင်ပါဘူး။ ကျွန်တော်တို့လည်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာခံရတယ်။ အပစ်အခတ်ရပ်စဲပြီး တစ်လ နှစ်လ အကြာလောက်မှာပဲ စစ်အစိုးရကအကြမ်းဖက်အဖွဲ့အ စည်းစာရင်းကနေ ပယ်ဖျက်ပေးခဲ့တယ်။ အိန္ဒိယ၊ တရုတ်၊ နိုင်ငံတော်တော်များများက ကျွန်တော်တို့ဟာ ARSA ကို ထောက်ပံ့ပေးမှုရှိ၊ မရှိဆိုတာကိုမေးတာတွေရှိပါတယ်။ သူတို့ဟာ ဒီကိစ္စကိုအတော်သတိထားနေတယ်။ ကျွန်တော်တို့အဖွဲ့အစည်းလှုပ်ရှားမှုထဲ မွတ်စလင်တွေပါဝင်လာရေး အဆင့်ဆင့်လှုပ်ရှားတဲ့ကြိုးပမ်းမှုတာတွေရှိပါတယ်။ ကျွန်တော်တို့ရဲ့ ရဲတပ်ဖွဲ့ထဲမှာဒီကိစ္စတွေပါပါတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့စနစ်ထဲမှာ ဘင်္ဂါလီတွေပါဝင်တာမျိုးရှိပါတယ်။ တရားစီရင်ရေးနဲ့အုပ်ချုပ်ရေးယန္တ ရားမှာလည်း ပါဝင်ကြတာရှိပါတယ်။ (AA) ဟာမွတ်စတင်ကျေးရွာတွေကို အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးစနစ်ထဲ ပါဝင်လုပ်ဆောင်ဖို့လိုလားနေ တာကြောင့်ဘင်္ဂါလီတွေဟာ ကျွန်တော်တို့ကိုလိုအပ်နေပါတယ်။ ဒါပေမယ့်ပြီးခဲ့တဲ့ သီတင်းပတ်လောက်က ကျွန်တော်တို့သင်တန်းပေးထားတဲ့ မွတ်စလင်တစ်ယောက်က လက်နက်တွေပါယူဆောင်ပြီး ARSA အဖွဲ့ထဲ ထွက်ပြေးခဲ့တယ်။ ဒီလိုကိစ္စရပ်တွေဖြစ်လာချိန်မှာတော့ အဖွဲ့အစည်းအတွင်း ဘင်္ဂါလီတွေအပေါ် ကျွန်တော်တို့ရဲ့ယုံကြည်မှုအဖုအထစ်တွေဖြစ်စေပါတယ်။

မေး ။ ။ ကမ္ဘာတဝှမ်းက နိုင်ငံတွေမှာ ဘင်္ဂါလီတွေရဲ့ ဒုတိယမျိုးဆက်တွေကြားထဲမှာ ပညာတတ်လူငယ်တွေရှိလာခဲ့တယ်။ အဲဒီပညာတတ်ဘင်္ဂါလီတွေကို ခင်ဗျားစိတ်ဝင်စားတာရှိပါလား။
ဖြေ ။ ။ ကျွန်တော် အရမ်းကြီးလည်း စိတ်မဝင်စားပါဘူး။ ဘာလို့ဆိုသူတို့ကို ထည့်သုံးဖို့မပြင်ဆင်ထားဘူး။ ဒါပေမယ့်သူတို့ဟာ ကျွန်တော်တို့ကိုကူညီပေးဖို့ ဆန္ဒရှိမယ်ဆိုရင်အလွန်ကောင်းမှာပါ။ ကျွန်တော်တို့ကိုကူညီပေးမယ် ဆိုရင်တော့ အရမ်းကောင်းပါတယ်။ လက်တွေ့အတွေ့အ ကြုံကို အခြေခံပြီးပြောရမယ်ဆိုရင် အနောက်နိုင်ငံရောက်ပညာတတ်တွေက လက်တွေ့မြေပြင်အခြေအနေမှာဘယ်လိုလုပ်ရမလဲဆိုတာနား လည်မှုသိပ်မရှိတာတွေ့ရတယ်။ သူတို့ကလက်တွေ့တော်လှန်ရေးသ မားတွေရဲ့အမြင်နဲ့မတူကြဘူး။ အနောက်နိုင်ငံရောက်ပညာတတ် လူ ငယ်တွေက မေးခွန်းလောက်ပဲထုတ်တတ်ကြတယ်။ ဒါကလက်တွေ့မြေပြင်မှာအတူအလုပ်လုပ်ဖို့ကျတော့မတူကွဲပြားတဲ့အချက်ဖြစ်စေတယ်။

မေး ။ ။ AA ဟာ တရုတ်နိုင်ငံနဲ့ နားလည်မှုရယူနိုင်တယ်လို့ ကျွန်တော်တို့သိထားတယ်။ ခင်ဗျားတို့ဟာ ဘင်္ဂါလီ ကိစ္စကို တရုတ်နိုင်ငံနဲ့ဆွေးနွေးဖူးသလား။
ဖြေ ။ ။ တရုတ်နိုင်ငံနဲ့ကကြီးမားတဲ့ကိစ္စဖြစ်တယ်။ ကျွန်တော်တို့ဌာန ချုပ်ဟာ ယူနန်ပြည်နယ်နားမှာရှိနေတယ်။ ကျွန်တော်တို့ဟာ တရုတ်နိုင် ငံက လုံခြုံရေးအဖွဲ့အစည်းတွေနဲ့အဆက်အသွယ်ရှိပါတယ်။ ဒါပေမယ့် policymakers နဲ့တော့ဆက်သွယ်တာမျိုးမရှိဘူး။ တစ်ခါတစ်ရံမှာ တ ရုတ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ဒုက္ခသည်အရေးတွေမေးတာရှိပါတယ်။ ကျွန် တော်တို့ဟာဘင်္ဂလားဒေ့ရှ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးထိန်းထားရမယ်ဆိုတာ အင်မတန်မှန်ပါတယ်။ ဒါကကျွန်တော်တို့ရဲ့အဓိကဦးစားပေးအချက်တစ်ခုဖြစ်ပါတယ်။

မေး ။ ။ ဘင်္ဂလားဒေ့ရှ်ဒေသတွင်းသတင်းတချို့မှာလူတချို့ ချင်း ပြည်နယ်ဘက်ကို သွားကြတာရှိတယ်လို့ ရေးသားကြတာရှိပါတယ်။ AA ဟာ အဲဒီနေရာတွေမှာ ချိတ်ဆက်မှုတွေရှိနေသလား။
ဖြေ ။ ။ AA အဖွဲ့ဝင်တွေဟာ နယ်စပ်တလျှောက်မှာရှိပါတယ်။ ကျွန် တော်တို့ဟာ တခြားတဖက်မှာရှိနေတဲ့ အခြေအနေတွေကိုသတိထားမိတာရှိပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ကျွန်တော်တို့ကို သူတို့နယ်စပ်တွေမှာပါဝင်စွက်ဖက်တာမျိုး လုပ်မှာကိုမလိုလားဘူးဆိုတာသိပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့စိတ်ဆန္ဒကို ကျွန်တော့်တို့လေးစားပါတယ်။ ကျွန်တော်တို့ဟာဘင်္ဂလားဒေ့ရှ်နဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးရလိုပါတယ်။ ဘင်္ဂလားဒေ့ရှ် လူထုကိုလည်း ကျွန်တော်တို့ရဲ့ကြိုးပမ်းရုန်း ကန်မှုအမှန်တွေကို သိစေချင်ပါတယ်။ သူတို့ဟာကျွန်တော်တို့နဲ့ နိုင်ငံ ရေး၊ စီးပွားရေးအခြေအနေရပ်ရပ်နဲ့ပတ်သက်ပြီး အတွေးအမြင်တွေပေးနိုင်မယ်လို့မြင်ပါတယ်။

zawgyi version
“လက္ရွိ အာဏာသိမ္းမႈဆန႔္က်င္ေရးနဲ႔ ဒီမိုကေရစီလႈပ္ရွားမႈမွာ မပါဝင္ရျခင္းအေၾကာင္း ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ရဲ႕ဖြင့္ဟခ်က္” (အင္တာဗ်ဴး)
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၅

ရခိုင္ သို႔မဟုတ္ ရခိုင္ျပည္နယ္ဟာ ဘဂၤလားေဒရွ႕္ႏိုင္ငံနဲ႔ အနီးစပ္ဆုံးျပည္နယ္တစ္ခုျဖစ္ပါတယ္။ ရခိုင္ျပည္နယ္မွာ ဘဂၤါလီေတြမ်ားျပားလာတာဟာလည္း ဘဂၤလားေဒရွ႕္အစိုးရအတြက္ စိုးရိမ္စရာျဖစ္ေစတဲ့ေနရာတစ္ခုျဖစ္လာေစခဲ့ပါတယ္။ ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA)ဟာ ရခိုင္ ျပည္နယ္အတြင္း စစ္ေရးနဲ႔ႏိုင္ငံေရးတို႔မွာ အေရးပါတဲ့အဖြဲ႕အစည္းျဖစ္ေနပါတယ္။ ဘဂၤလားေဒရွ႕္အေျခစိုက္ Prothomalo Alo သတင္းဌာနက ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလ (၁၉)ရက္က AA ရဲ႕ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္နဲ႔ ျမန္မာႏိုင္ငံနဲ႔ရခိုင္ျပည္နယ္အေျခေနေတြကို Zoom ကတဆင့္အင္တာဗ်ဴးေမးျမန္းထားတာကို ေကာက္ႏုတ္ေဖာ္ျပလိုက္ပါတယ္။

ေမး ။ ။ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ေရ မဂၤလာပါခင္ဗ်ာ။ အခုလိုအခ်ိန္ေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္။
ေျဖ ။ ။ အဂၤလိပ္စကားေျပာတဲ့ ဂ်ာနယ္လစ္ေတြနဲ႔စကားေျပာလို႔ရွိရင္ ကြၽန္ေတာ္ အလြန္သတိထားေျပာဆိုရတယ္။ ကြၽန္ေတာ္တို႔အေျခေနေတြက အရမ္းရႈပ္ေထြးပါတယ္။ ကြၽန္ေတာ္တို႔မဟာဗ်ဴဟာကလည္း ရႈပ္ ေထြးပါတယ္။ အဂၤလိပ္စာက ကြၽန္ေတာ္တို႔ဘာသာစကားမဟုတ္တဲ့အ တြက္ တျခားႏိုင္ငံေတြကလူေတြကို ကြၽန္ေတာ္တို႔ေၾကျငာခ်က္ေတြတင္ ျပရာမွာ လြယ္ကူမႈမရွိခဲ့ဘူး။ မဟာဗ်ဴဟာေတြေအာင္ျမင္မႈမရေသးခင္ အျပင္ကို ထုတ္တာမ်ိဳးမလုပ္ခ်င္ပါဘူး။ ခင္ဗ်ားတို႔ကို လက္ခံစကား ေျပာဖို႔ အေသအခ်ာစဥ္းစားခဲ့ၿပီးမွ ဆုံးျဖတ္ခဲ့ရတယ္။ ခင္ဗ်ားတို႔ဟာ ကြၽန္ေတာ့္ကို ဘဂၤါလီအေၾကာင္းေတြ ေမးျမန္းလာႏိုင္လို႔ပါ။ ကြၽန္ေတာ္တို႔ဟာ ဘဂၤါလီေတြကို "ရခိုင္ျပည္နယ္မွာေနထိုင္တဲ့ မြတ္စလင္ေတြ"လို႔ ေခၚဆိုသုံးစြဲတယ္။ခင္ဗ်ားတို႔အားလုံးဟာကြၽန္ေတာ္တို႔ရဲ႕အိမ္နီးခ်င္းေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္းကြၽန္ေတာ္ဟာ ဘဂၤလားေဒရွ႕္နဲ႔ နားလည္ မႈလြဲတာမ်ိဳးေတြ မလိုလားဘူး။

ေမး ။ ။ ကြၽန္ေတာ္တို႔ကို ရခိုင္ျပည္နယ္ရဲ႕ လက္ရွိအေျခေနေလးကို ေျပာျပေပးပါဦး။ AA ဟာ ရခိုင္ျပည္နယ္မွာ လက္ရွိဘာေတြလုပ္ေနၿပီး ဘယ္အေျခေနကို ဦးတည္ေနသလဲဆိုတာကို ေျပာေပးပါဦး။
ေျဖ ။ ။ ကြၽန္ေတာ္တို႔နဲ႔ ျမန္မာစစ္တပ္ၾကားမွာ တရားဝင္သေဘာမ်ိဳးမဟုတ္တဲ့ ယာယီအပစ္ခတ္ရပ္စဲတာမ်ိဳးေတြလုပ္ထားတယ္။ အပစ္အ ခတ္ရပ္စဲမႈမတိုင္ခင္မွာေတာ့ အေတာ္ေလးျပင္းထန္ခဲ့ပါတယ္။ တပ္ရင္းအနည္းငယ္ကလြဲၿပီး က်န္တဲ့ေနရာေတာ္ေတာ္မ်ားမ်ားကို သူတို႔ဝင္မလာႏိုင္ပါဘူး။ အဲဒီအခ်က္က ဒီနယ္ေျမေတြမွာ ကြၽန္ေတာ္တို႔ခုခံမႈနဲ႔ လက္ရွိအေျခအေနက ဘယ္ေလာက္အားေကာင္းတယ္ဆိုတာကို သိႏိုင္မွာပါ။ လက္ရွိအခ်ိန္မွာတပ္မေတာ္ဟာ အပစ္အခတ္ရပ္စဲေရးကို လိုခ်င္ေနတယ္။ ႏွစ္ဖက္အဖြဲ႕ေတြၾကားမွာ လက္ရွိအခ်ိန္ထိဘာတရားဝင္ေျပာ ဆိုေဆြးေႏြးမႈ၊ သေဘာတူညီမႈေတြမရွိေသးပါဘူး။ ဒါေပမယ့္ကြၽန္ေတာ္တို႔ အြန္လိုင္းကေနတစ္ခါတစ္ရံ ေတြ႕ဆုံေဆြးေႏြးတာေတြရွိပါတယ္။ အဲလိုအခါမ်ိဳးမွာ စစ္တပ္ကကြၽန္ေတာ္တို႔ရဲ႕ အုပ္ခ်ဳပ္ေရးနဲ႔တရားစီရင္ေရးေတြကို ကန႔္ကြက္တာမ်ိဳးရွိတယ္။ ရခိုင္ျပည္နယ္မွာကြၽန္ေတာ္တို႔ရဲ႕ အုပ္ ခ်ဳပ္ေရး ယႏၲရားအသက္သြင္းေနတာရွိပါတယ္။ တရားစီရင္ေရးလည္း တည္ေထာင္ထားသလို အခြန္ေကာက္တဲ့ ကိစၥလည္းလုပ္ေဆာင္ထားတယ္။ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအုပ္စုတိုင္းက သူတို႔လႈပ္ရွားေနတဲ့နယ္ေျမေတြမွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးယႏၲရားတည္ ေဆာက္ဖို႔ ႐ုန္းကန္ေနတာမ်ိဳးေတြရွိပါတယ္။ လက္ရွိအခ်ိန္မွာစစ္ပြဲေတြ ယာယီရပ္တန႔္ထားတဲ့အတြက္ ကြၽန္ေတာ္တို႔လႊမ္းမိုးမႈရွိထားတဲ့ နယ္ေျမေဒသေတြမွာ က်စ္လစ္ခိုင္မာမႈရွိေအာင္ အာ႐ုံစိုက္လုပ္ေနတယ္။

ေမး ။ ။ ခင္ဗ်ားတို႔ ေတာင္ပိုင္းနဲ႔ ေျမာက္ပိုင္းထိန္းခ်ဳပ္ဖို႔ႀကိဳးစားရာမွာ ဘာေတြကြာျခားမႈရွိပါသလဲ။
ေျဖ ။ ။ ကြၽန္ေတာ္တို႔ဟာ ရခိုင္ျပည္နယ္ရဲ႕ၿမိဳ႕နယ္ေတြကိုအေျခခံတယ္။ ၿမိဳ႕ေပၚေတြမွာမဟုတ္ပါဘူး။ ၿမိဳ႕ေပၚကိုလည္းကြၽန္ေတာ္တို႔ဝင္ေရာက္ႏိုင္စြမ္းရွိေပမယ့္ အဲဒါကပိုၿပီးေတာ့အပ်က္အစီးပိုမ်ားပါလိမ့္မယ္။ ျမန္မာစစ္တပ္ဟာ ရက္စက္ၾကမ္းၾကဳတ္ပါတယ္။ ကြၽန္ေတာ္တို႔ဟာ သူတို႔ကို အခြင့္ေရးမေပးလိုဘူး။

ေမး ။ ။ ရကၡိဳင့္တပ္မေတာ္ရဲ႕အလံကို အိုလံပစ္ကစားပြဲမွာလႊင့္တင္ၿပီးေတာ့ ရကၡိဳင့္ႏိုင္ငံေတာ္သီခ်င္းဆိုေနတာကိုျမင္ခ်င္တယ္လို႔ ၂ဝ၂ဝ ခုႏွစ္တုန္းကခင္ဗ်ားေျပာခဲ့ဖူးတယ္။ အဲဒါကရခိုင္ျပည္လြတ္လပ္ေရးအတြက္ ခင္ဗ်ားတို႔ တိုက္ခိုက္ေနတယ္လို႔ဆိုလိုတာပါလား။
ေျဖ ။ ။ ကြၽန္ေတာ္တို႔ ဘာလြတ္လပ္ေရးမွမေၾကညာရေသးပါဘူး။ ဒါ ေပမဲ့ကြၽန္ေတာ္တို႔ဟာ ရခိုင္လူထုကို သြယ္ဝိုက္တဲ့နည္းနဲ႔ႏိုင္ငံေရးပန္း တိုင္ကို အသိေပးေျပာထားတာေတြေတာ့ရွိပါတယ္။ ႏိုင္ငံတာအသိအ မွတ္ျပဳခံရေရးထက္ ကြၽန္ေတာ္တို႔အခ်ဳပ္အျခာျပန္လည္ရရွိေရးအတြက္ တိုက္ခိုက္ေနရတာျဖစ္ပါတယ္။ ျပည္တြင္း၊ ျပည္ပအေျခေနအရပ္ရပ္ကိုလည္း ထည့္သြင္းစဥ္းစားပါတယ္။ ဘဂၤလားေဒ့ရွ္ဟာ ၁၉၇၁ မွာလြတ္ လပ္ေရးရပါတယ္။ အိႏၵိယနဲ႔တျခားႏိုင္ငံေတြက လက္ခံအသိအမွတ္ျပဳခဲ့ၾကပါတယ္။ ေဒသတြင္းအေျခအေနေတြကလက္ရွိအခ်ိန္မွာေတာ့ အရင္ နဲ႔မတူေတာ့ဘူး။ အိမ္နီးခ်င္းအင္အားႀကီးႏိုင္ငံေတြဟာ ေဒသတြင္းမွာႏိုင္ ငံအသစ္ေပၚလာမွာကို မလိုလားၾကပါဘူး။ ဒီလိုႏိုင္ငံအသစ္ေတြေပၚလာျခင္းက သူတို႔ႏိုင္ငံေတြမွာသက္ေရာက္မႈရွိလာႏိုင္ဖြယ္ရွိေနတဲ့အျပင္ သူတို႔ဆီက ခြဲထြက္ေရးအုပ္စုေတြေပၚလာမွာကိုလႈံေဆာ္သလိုျဖစ္မွာစိုးရိမ္ေနတာပါ။

ေမး ။ ။ အဲဒီေတာ့ ခင္ဗ်ားတို႔ဟာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရလိုေနတာလား။
ေျဖ ။ ။ ကြၽန္ေတာ္တို႔ဟာလြတ္လပ္ေရးကို ရလိုေနတာပါ။ အဲဒီအ တြက္ လုပ္ေဆာင္ရမယ့္အဆင့္ေတြအမ်ားႀကီးရွိေနေသးတယ္။ ဒါက အခ်ိန္ေပၚလည္းမူတည္ပါတယ္။

ေမး ။ ။ ခင္ဗ်ားဟာ၂ဝ၂ဝတုန္းက AA မွာတပ္သားႏွစ္ေသာင္းေလာက္ ရွိေနၿပီး တပ္ဖြဲ႕ဝင္အေရအတြက္ ခုနစ္ေသာင္းေလာက္ထပ္တိုးခ်င္တယ္လို႔ေျပာခဲ့တာရွိပါတယ္။ အဲဒီရည္မွန္းခ်က္ကို ဘယ္အခ်ိန္ေလာက္မွာ ေရာက္ရွိလာႏိုင္မလဲ။
ေျဖ ။ ။ ကြၽန္ေတာ္တို႔မွာ တပ္သားသုံးေသာင္းခန႔္အမွန္တကယ္ရွိေနပါတယ္။ အဲဒီတပ္သားသုံးေသာင္းအတြက္ လက္နက္တပ္ဆင္ဖို႔ဆိုတာ လြယ္ကူတဲ့ကိစၥေတာ့မဟုတ္ဘူး၊ ခက္ခဲတဲ့တာဝန္တစ္ခုျဖစ္တယ္။ ကြၽန္ ေတာ္တို႔မွာ ႏိုင္ငံေရးရည္မွန္းခ်က္တစ္ခုရွိတဲ့အခါ အဲဒီရည္မွန္းခ်က္ျဖစ္ဖို႔ အျခားျဖစ္ႏိုင္တာေတြလုပ္ေဆာင္ရတယ္။ ကြၽန္ေတာ္တို႔ ဘိုးေဘးဘီဘင္ေတြရဲ႕မိခင္ေျမကိုျပန္လည္ရယူႏိုင္ဖို႔ တပ္ဖြဲ႕ဝင္အေရအတြက္ အင္ အားသုံးေသာင္းကေန ငါးေသာင္းေလာက္အနည္းဆုံးလိုအပ္ပါတယ္။ လူေတြကေတာ့မိခင္ေျမကိုျပန္ရယူႏိုင္ဖို႔ ကြၽန္ေတာ္တို႔နဲ႔အတူပါဝင္လုပ္ ေဆာင္ဖို႔အရမ္းစိတ္အားထက္သန္ၾကပါတယ္။ ဒီအခ်က္ကိုေတာ့ကြၽန္ ေတာ္အမ်ားႀကီးေျပာႏိုင္ပါတယ္။ အေျခအေနကကြၽန္ေတာ္တို႔အတြက္ေကာင္းေနပါတယ္။ ဒါေပမယ့္ဘယ္အခ်ိန္မွာရည္မွန္ခ်က္ျဖစ္လာမလဲ ဆိုတာကေျပာဖို႔ ခက္ခဲေနပါေသးတယ္။

ေမး ။ ။ ရခိုင္ျပည္မွာ (AA)ကအုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးေတြ တည္ေထာင္ထားတယ္လို႔ခင္ဗ်ားေျပာခဲ့တယ္။ ဒါ့ျပင္ ခင္ဗ်ားတို႔က ရခိုင္ျပည္နယ္တစ္ခုလုံးကို မထိန္းခ်ဳပ္ႏိုင္ေသးဘူးလို႔လည္းဆိုတယ္။ အဲဒီေတာ့တရားစီရင္ေရး မ႑ိဳင္ကဘယ္မွာလဲ။ ခင္ဗ်ားတို႔ဘယ္လို လည္ပတ္ပါသလဲ။
ေျဖ ။ ။ ကိုယ္ပိုင္ရဲတပ္ဖြဲ႕ရွိေနပါတယ္။ လူေတြရဲ႕ယုံၾကည္ေလးစားခံရၿပီဆိုရင္ကိုယ္ပိုင္တရားစီရင္ေရးလည္းရွိရမွာျဖစ္တယ္။ သူတို႔ရဲ႕အခက္ အခဲျပႆနာေတြကို တရားမွ်တတဲ့နည္းလမ္းနဲ႔ေျဖရွင္းေပးရမွာျဖစ္တယ္။ ဒါဟာကြၽန္ေတာ္တို႔ရဲ႕အေတြ႕အႀကဳံေတြျဖစ္တယ္။

ေမး ။ ။ AA ဟာ ဘာလို႔အာဏာသိမ္းစစ္တပ္ဆန႔္က်င္ေရး၊ ဒီမိုကေရစီလႈပ္ရွားမႈေတြမွာမပါရတာပါလဲ။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဘယ္လိုရပ္ တည္ခ်မွတ္ထားသလဲ။
ေျဖ ။ ။ ကြၽန္ေတာ္တို႔ရဲ႕အဓိကရည္မွန္းခ်က္က ဆုံးရႈံးထားတဲ့အခ်ဳပ္ အျခာအာဏာျပန္လည္ရယူဖို႔ "ရကၡိတလမ္းစဥ္"ျဖစ္တယ္။ ၿပီးခဲ့တဲ့ရခိုင္မ်ိဳးဆက္ေတြက ဗမာႏိုင္ငံေရးသမားေတြရဲ႕ဦးေဆာင္မႈေနာက္ကိုလိုက္ခဲ့ၿပီးေတာ့ အခ်ိန္ေတြကုန္ဆုံးခဲ့ရတယ္။ ဗမာေတြကိုေထာက္ပံ့ေပးခဲ့သလိုျဖစ္ခဲ့ရတယ္။ ဒုတိယကမာၻစစ္ေနာက္ပိုင္းတည္းက ရခိုင္ႏိုင္ငံေရး သမားေတြက ဗိုလ္ခ်ဳပ္ေအာင္ဆန္းအပါအဝင္ျမန္မာေတြနဲ႔ပူးေပါင္းေဆာင္႐ြက္ခဲ့တယ္။ ဒါေပမယ့္ရခိုင္ေတြက ႏိုင္ငံေရးမွာမွ်ေဝတာမ်ိဳးမရရွိခဲ့ဘူး။ ရခိုင္ေတြက ၁၉၈၈ ဒီမိုကေရစီအေရးေတာ္ပုံလႈပ္ရွားေရးမွာ လည္း ပါခဲ့ၾကတယ္။ ဒါေပမယ့္အဲဒီရဲ႕အသီးအပြင့္ေတြကို မခံစားခဲ့ရၾကပါဘူး။ အဲဒီလိုအေတြ႕အႀကဳံေတြမ်ားလာတဲ့ အခါက်ေတာ့ ကြၽန္ေတာ္တို႔မ်ိဳးဆက္မွာဗမာေနာက္လိုက္ ႏိုင္ငံေရးမလုပ္ခ်င္ေတာ့ပါဘူး။ ကိုယ္ပိုင္ေမွ်ာ္မွန္းခ်က္ကိုပဲ အေကာင္အထည္ေဖာ္ေရးပဲလုပ္ေဆာင္ခ်င္တယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ဗမာေတြရဲ႕ဒီမိုကေရစီအေရး ႐ုန္းကန္မႈေတြကိုခပ္ေဝးေဝးမွာေနဖို႔ မဟာဗ်ဴဟာခ်ခဲ့တာလည္းျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ တိုက္႐ိုက္ပါဝင္လႈပ္ရွားတာမ်ိဳးမဟုတ္ေပမယ့္လည္း ကြၽန္ေတာ္တို႔နဲ႔ ဆက္စပ္တဲ့အဖြဲ႕အစည္းေတြဟာ ဗမာဒီမိုကေရစီအေရး႐ုန္းကန္မႈ ေတြမွာ အစိတ္ပိုင္းတစ္ရပ္အျဖစ္ပါဝင္ေနပါတယ္။ ဒါေပမယ့္ ဒီေနရာမွာ ေျပာခ်င္တာကကြၽန္ေတာ္တို႔ရပ္တည္ခ်က္ ပါးနပ္တယ္လို႔ျမင္ပါတယ္။ ဒါေၾကာင့္လည္းပဲ ျမန္မာေတြရဲ႕ၿမိဳ႕ေတြမွာ မၿငိမ္မသက္ေတြျဖစ္ေနေပမယ့္ ရခိုင္ျပည္နယ္မွာ ေအးေအးခ်မ္းခ်မ္းရွိေနတာပါပဲ။

ေမး ။ ။ ဘဂၤါလီေတြနဲ႔ပတ္သက္ၿပီး AA ဘယ္လိုေတြးထားသလဲ။
ေျဖ ။ ။ ကြၽန္ေတာ္တို႔ဟာ ဘဂၤါလီေတြရဲ႕လူ႔အခြင့္အေရးနဲ႔ ႏိုင္ငံသားအခြင့္အေရးေတြကိုအသိအမွတ္ျပဳပါတယ္။ ဒါေပမယ့္ ဒီျပႆနာကို စ ကားလုံးအနည္းငယ္နဲ႔ေျဖဆို႐ုံနဲ႔မရႏိုင္ဘူး။ ဘဂၤါလီကိစၥဟာလြတ္လပ္တဲ့ႏိုင္ငံတစ္ႏိုင္ငံအတြက္ ႀကီးမားတဲ့ျပႆနာတစ္ခုျဖစ္တယ္။ ဘဂၤလား ေဒရွ႕္ႏိုင္ငံဟာလည္း ဒီဘဂၤါလီျပႆနာကို တစ္ႏိုင္ငံတည္းနဲ႔မေျဖရွင္းႏိုင္ဘူး။ ကြၽန္ေတာ္တို႔အတြက္လည္းအင္မတန္ႀကီးတဲ့ ျပႆနာတစ္ခုျဖစ္တယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ဟာ ဘဂၤလားေဒ့ရွ္နဲ႔အတူ တကြေျဖရွင္းဖို႔ စိတ္အားထက္သန္ပါတယ္။ ဒီလိုျပႆနာကိုေျဖရွင္းဖို႔ အခ်ိန္ယူရမွာပါ။ အထူးသျဖင့္ ဘဂၤါလီအသိအမွတ္ျပဳမႈ (identity) အ ေပၚအျငင္းပြားမႈေတြရွိေနတာပါ။ လူထုတစ္ ခုက သူတို႔ကိုဘယ္လိုအသိ အမွတ္ျပဳေခၚေဝၚေစခ်င္သလဲဆိုတာက အေျခခံလူ႔အခြင့္ေရးရႈေထာင့္ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔လူ႔အဖြဲ႕အစည္းမွာလည္း အေျခခံလူ႔အခြင့္အ ေရးနဲ႔ပတ္သတ္တဲ့ကတိကဝတ္ေတြရွိပါတယ္။ အျခားတစ္ဖက္မွာလည္း ေဒသခံအဖြဲ႕အစည္းေတြရဲ႕ မတူညီတဲ့အျမင္ေတြကလည္း အေရးႀကီးပါတယ္။ ၁၉၅ဝ ခုႏွစ္ မတိုင္ခင္ေလာက္ထိေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့အေခၚအေဝၚကို သိပ္မၾကားဖူးၾကပါဘူး။ အဲဒီစကားလုံးေပၚလာၿပီး ေနာက္မွာေတာ့သမိုင္းပုံရိပ္ေတြလည္း ေပၚလာခဲ့တယ္။ အာရပ္ေတြရဲ႕သမိုင္းေတြလည္းပါဝင္လာခဲ့တယ္။ ရခိုင္ေတြကလည္း ငါတို႔ရဲ႕ဘိုးေဘးဘီဘင္ေတြရဲ႕သမိုင္းေတြကိုသိခ်င္လာခဲ့တယ္။ ဒီေတာ့သမိုင္းအေပၚမွာပဲဖက္တြယ္ထားၾကတယ္။ ရခိုင္ေတြရဲ႕အမ်ိဳးသားေရးစိတ္ကလည္း ျပင္းထန္တဲ့လူ မ်ိဳးျဖစ္တယ္။ ဒီလိုအေျခအေနက ရခိုင္ျပည္မွာရွိတဲ့လူေတြၾကား အဓိကအုပ္စုႏွစ္ခုၾကား အကြဲအၿပဲေတြျဖစ္ေပၚလာခဲ့တယ္။ ဒါကႏိုင္ငံေရးအ ေျခအေနေပၚမူတည္ၿပီး ျဖစ္လာတာပါ။ AA ရဲ႕ရပ္တည္ခ်က္ကေတာ့ ျမန္မာျပည္ကိုဆန႔္က်င္ၿပီး ရခိုင္ျပည္မွာအတူတကြရွိခ်င္တယ္ဆိုတဲ့မူျဖစ္ပါတယ္။ ဒီျပႆနာကိုေျဖရွင္းရဖို႔ ဘဂၤလားေဒ့ရွ္ကအဓိကအေရး ႀကီးတဲ့ႏိုင္ငံအျဖစ္ရွိေနမွာပါ။

ေမး ။ ။ ဘဂၤါလီ အခက္ခဲျပႆနာကိုေျဖရွင္းဖို႔ ဘဂၤလားေဒ့ရွ္အစိုးရကေကာ ခင္ဗ်ားတို႔ AA ကို ဆက္သြယ္ခဲ့သလား။
ေျဖ ။ ။ ကြၽန္ေတာ္တို႔ ဟာဆက္သြယ္ဖို႔အႀကိမ္မ်ားစြာႀကိဳးပမ္းခဲ့ေပမယ့္ ေမွ်ာ္လင့္ထားတဲ့တုံ႔ျပန္မႈမ်ိဳးမရခဲ့ပါဘူး။ ကြၽန္ေတာ္တို႔ဆုံးျဖတ္ ခ်က္က ဒီကိစၥအေပၚဘဂၤလားေဒ့ရွ္အစိုးရအဖြဲ႕ policymakers ေတြနဲ႔ေတြ႕ဆုံေဆြးေႏြးဖို႔ျဖစ္တယ္။ ကြၽန္ေတာ္တို႔ဟာသူတို႔ရဲ႕တုံ႔ျပန္မႈကိုရဖို႔ေစာင့္ဆိုင္းေနဆဲျဖစ္တယ္။

ေမး ။ ။ မၾကာေသးမီက အာဏာသိမ္းစစ္ေကာင္စီရဲ႕ျပန္လည္ထူ ေထာင္ေရးျပည္ေထာင္စုဝန္ႀကီး ရခိုင္ျပည္နယ္ကိုသြားေရာက္ခဲ့တာမ်ိဳးေတာ့ေတြ႕ျမင္မိတယ္။ ဘဂၤါလီေတြ ျပန္လည္အေျခခ်ထားေရးကိစၥအ တြက္ ေဆြးေႏြးတယ္လို႔ သတင္းမီဒီယာမွာေဖာ္ျပခဲ့တာေတြ႕ရပါတယ္။
ေျဖ ။ ။ အေျခအေနကေတာ့ ဘာမွေရေရရာရာမရွိလွဘူးလို႔ ကြၽန္ ေတာ္ေျပာလိုတယ္။ ျမန္မာစစ္တပ္ကလည္း ဘယ္ကိစၥမဆိုတည္တည္ ၿငိမ္ၿငိမ္ထိန္းထားႏိုင္တာမ်ိဳးမရွိဘူး။ ဒီေတာ့သူတို႔ရဲ႕စိတ္သေဘာထားကို အခ်ိန္မေ႐ြး ေျပာင္းလဲႏိုင္ပါတယ္။ သူတို႔ကယုံရမွာလား။ ဘဂၤါလီေတြျပန္လာမွာကို ႀကိဳဆိုရမွာျဖစ္ေပမယ့္ စစ္တပ္နဲ႔ AA ၾကားပစ္ခတ္တိုက္ ခိုက္မႈရပ္စဲေရးကေတာ့ အခ်ိန္မေ႐ြးျပန္ပ်က္ႏိုင္တဲ့အေျခေနမ်ိဳးရွိတယ္။ တပ္မေတာ္က သူတို႔တပ္စြဲထားတဲ့ေနရာေတြက မ႐ုပ္သိမ္းေသးပါဘူး။

ေမး ။ ။ လက္ရွိအခ်ိန္မွာ ရခိုင္ျပည္နယ္ကအေတာ္ၿငိမ္းခ်မ္းေနတယ္။
ေျဖ ။ ။ ျမန္မာႏိုင္ငံထဲက အျခားေနရာေတြနဲ႔ႏႈိင္းယွဥ္ရင္ ရခိုင္ျပည္ နယ္က အမွန္တကယ္ၿငိမ္းခ်မ္းေနတယ္။ အဲဒါကလည္း အၿမဲရွိေနမယ့္လို႔ အာမခံလို႔မရဘူး။ ဘဂၤါလီေတြျပန္လာမယ္ဆိုရင္ကန္႔ကြက္စရာ အ ေၾကာင္းမရွိပါဘူး။ သူတို႔ေနရာ သူတို႔ျပန္လာခ်င္တယ္ဆိုတာလည္းသ ဘာဝက်ပါတယ္။ ဘဂၤါလီေတြဟာသူတို႔ ဒုကၡသည္စခန္း ေတြမွာေနရတဲ့ အေျခအေနကမေကာင္းဘူး။ ဒါေပမယ့္သူတို႔ျပန္လာရင္ေကာ အရင္နဲ႔မတူတဲ့အေျခအေနတစ္ခုျပန္ရလာမွာလားဆိုတဲ့ ေမးခြန္းထုတ္စရာျဖစ္ေနတယ္။

ေမး ။ ။ ARSAတို႔၊ RSOတို႔လိုမ်ိဳးဘဂၤါလီအဖြဲ႕အစည္းေတြနဲ႔အေၾကာင္း ကြၽန္ေတာ္တို႔ၾကားထားပါတယ္။ အဲဒီအဖြဲ႕အစည္းေတြနဲ႔ (AA)အဖြဲ႕အ ဆက္သြယ္ရွိသလား။
ေျဖ ။ ။ ဒီကိစၥနဲ႔ပတ္သတ္ၿပီး ကြၽန္ေတာ္တို႔ဟာ ႏိုင္ငံတကာဖိအားေပးခံရတာေတြရွိပါတယ္။ ဘယ္သူမွေတာ့ အၾကမ္းဖက္လို႔ေၾကညာခံထားရတဲ့အဖြဲ႕အစည္းနဲ႔ အဆက္အသြယ္မလုပ္ခ်င္ပါဘူး။ ကြၽန္ေတာ္တို႔လည္း အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ေၾကညာခံရတယ္။ အပစ္အခတ္ရပ္စဲၿပီး တစ္လ ႏွစ္လ အၾကာေလာက္မွာပဲ စစ္အစိုးရကအၾကမ္းဖက္အဖြဲ႕အ စည္းစာရင္းကေန ပယ္ဖ်က္ေပးခဲ့တယ္။ အိႏၵိယ၊ တ႐ုတ္၊ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက ကြၽန္ေတာ္တို႔ဟာ ARSA ကို ေထာက္ပံ့ေပးမႈရွိ၊ မရွိဆိုတာကိုေမးတာေတြရွိပါတယ္။ သူတို႔ဟာ ဒီကိစၥကိုအေတာ္သတိထားေနတယ္။ ကြၽန္ေတာ္တို႔အဖြဲ႕အစည္းလႈပ္ရွားမႈထဲ မြတ္စလင္ေတြပါဝင္လာေရး အဆင့္ဆင့္လႈပ္ရွားတဲ့ႀကိဳးပမ္းမႈတာေတြရွိပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ရဲတပ္ဖြဲ႕ထဲမွာဒီကိစၥေတြပါပါတယ္။ ကြၽန္ေတာ္တို႔ ရဲတပ္ဖြဲ႕စနစ္ထဲမွာ ဘဂၤါလီေတြပါဝင္တာမ်ိဳးရွိပါတယ္။ တရားစီရင္ေရးနဲ႔အုပ္ခ်ဳပ္ေရးယႏၲ ရားမွာလည္း ပါဝင္ၾကတာရွိပါတယ္။ (AA) ဟာမြတ္စတင္ေက်း႐ြာေတြကို အုပ္ခ်ဳပ္ေရးနဲ႔တရားစီရင္ေရးစနစ္ထဲ ပါဝင္လုပ္ေဆာင္ဖို႔လိုလားေန တာေၾကာင့္ဘဂၤါလီေတြဟာ ကြၽန္ေတာ္တို႔ကိုလိုအပ္ေနပါတယ္။ ဒါေပမယ့္ၿပီးခဲ့တဲ့ သီတင္းပတ္ေလာက္က ကြၽန္ေတာ္တို႔သင္တန္းေပးထားတဲ့ မြတ္စလင္တစ္ေယာက္က လက္နက္ေတြပါယူေဆာင္ၿပီး ARSA အဖြဲ႕ထဲ ထြက္ေျပးခဲ့တယ္။ ဒီလိုကိစၥရပ္ေတြျဖစ္လာခ်ိန္မွာေတာ့ အဖြဲ႕အစည္းအတြင္း ဘဂၤါလီေတြအေပၚ ကြၽန္ေတာ္တို႔ရဲ႕ယုံၾကည္မႈအဖုအထစ္ေတြျဖစ္ေစပါတယ္။

ေမး ။ ။ ကမာၻတဝွမ္းက ႏိုင္ငံေတြမွာ ဘဂၤါလီေတြရဲ႕ ဒုတိယမ်ိဳးဆက္ေတြၾကားထဲမွာ ပညာတတ္လူငယ္ေတြရွိလာခဲ့တယ္။ အဲဒီပညာတတ္ဘဂၤါလီေတြကို ခင္ဗ်ားစိတ္ဝင္စားတာရွိပါလား။
ေျဖ ။ ။ ကြၽန္ေတာ္ အရမ္းႀကီးလည္း စိတ္မဝင္စားပါဘူး။ ဘာလို႔ဆိုသူတို႔ကို ထည့္သုံးဖို႔မျပင္ဆင္ထားဘူး။ ဒါေပမယ့္သူတို႔ဟာ ကြၽန္ေတာ္တို႔ကိုကူညီေပးဖို႔ ဆႏၵရွိမယ္ဆိုရင္အလြန္ေကာင္းမွာပါ။ ကြၽန္ေတာ္တို႔ကိုကူညီေပးမယ္ ဆိုရင္ေတာ့ အရမ္းေကာင္းပါတယ္။ လက္ေတြ႕အေတြ႕အ ႀကဳံကို အေျခခံၿပီးေျပာရမယ္ဆိုရင္ အေနာက္ႏိုင္ငံေရာက္ပညာတတ္ေတြက လက္ေတြ႕ေျမျပင္အေျခအေနမွာဘယ္လိုလုပ္ရမလဲဆိုတာနား လည္မႈသိပ္မရွိတာေတြ႕ရတယ္။ သူတို႔ကလက္ေတြ႕ေတာ္လွန္ေရးသ မားေတြရဲ႕အျမင္နဲ႔မတူၾကဘူး။ အေနာက္ႏိုင္ငံေရာက္ပညာတတ္ လူ ငယ္ေတြက ေမးခြန္းေလာက္ပဲထုတ္တတ္ၾကတယ္။ ဒါကလက္ေတြ႕ေျမျပင္မွာအတူအလုပ္လုပ္ဖို႔က်ေတာ့မတူကြဲျပားတဲ့အခ်က္ျဖစ္ေစတယ္။

ေမး ။ ။ AA ဟာ တ႐ုတ္ႏိုင္ငံနဲ႔ နားလည္မႈရယူႏိုင္တယ္လို႔ ကြၽန္ေတာ္တို႔သိထားတယ္။ ခင္ဗ်ားတို႔ဟာ ဘဂၤါလီ ကိစၥကို တ႐ုတ္ႏိုင္ငံနဲ႔ေဆြးေႏြးဖူးသလား။
ေျဖ ။ ။ တ႐ုတ္ႏိုင္ငံနဲ႔ကႀကီးမားတဲ့ကိစၥျဖစ္တယ္။ ကြၽန္ေတာ္တို႔ဌာန ခ်ဳပ္ဟာ ယူနန္ျပည္နယ္နားမွာရွိေနတယ္။ ကြၽန္ေတာ္တို႔ဟာ တ႐ုတ္ႏိုင္ ငံက လုံၿခဳံေရးအဖြဲ႕အစည္းေတြနဲ႔အဆက္အသြယ္ရွိပါတယ္။ ဒါေပမယ့္ policymakers နဲ႔ေတာ့ဆက္သြယ္တာမ်ိဳးမရွိဘူး။ တစ္ခါတစ္ရံမွာ တ ႐ုတ္ဟာ ဘဂၤလားေဒ့ရွ္နဲ႔ ဒုကၡသည္အေရးေတြေမးတာရွိပါတယ္။ ကြၽန္ ေတာ္တို႔ဟာဘဂၤလားေဒ့ရွ္နဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးထိန္းထားရမယ္ဆိုတာ အင္မတန္မွန္ပါတယ္။ ဒါကကြၽန္ေတာ္တို႔ရဲ႕အဓိကဦးစားေပးအခ်က္တစ္ခုျဖစ္ပါတယ္။

ေမး ။ ။ ဘဂၤလားေဒ့ရွ္ေဒသတြင္းသတင္းတခ်ိဳ႕မွာလူတခ်ိဳ႕ ခ်င္း ျပည္နယ္ဘက္ကို သြားၾကတာရွိတယ္လို႔ ေရးသားၾကတာရွိပါတယ္။ AA ဟာ အဲဒီေနရာေတြမွာ ခ်ိတ္ဆက္မႈေတြရွိေနသလား။
ေျဖ ။ ။ AA အဖြဲ႕ဝင္ေတြဟာ နယ္စပ္တေလွ်ာက္မွာရွိပါတယ္။ ကြၽန္ ေတာ္တို႔ဟာ တျခားတဖက္မွာရွိေနတဲ့ အေျခအေနေတြကိုသတိထားမိတာရွိပါတယ္။ ဒါေပမဲ့ ဘဂၤလားေဒ့ရွ္အစိုးရကလည္း ကြၽန္ေတာ္တို႔ကို သူတို႔နယ္စပ္ေတြမွာပါဝင္စြက္ဖက္တာမ်ိဳး လုပ္မွာကိုမလိုလားဘူးဆိုတာသိပါတယ္။ ဘဂၤလားေဒ့ရွ္ရဲ႕စိတ္ဆႏၵကို ကြၽန္ေတာ့္တို႔ေလးစားပါတယ္။ ကြၽန္ေတာ္တို႔ဟာဘဂၤလားေဒ့ရွ္နဲ႔ေကာင္းမြန္တဲ့ ဆက္ဆံေရးရလိုပါတယ္။ ဘဂၤလားေဒ့ရွ္ လူထုကိုလည္း ကြၽန္ေတာ္တို႔ရဲ႕ႀကိဳးပမ္း႐ုန္း ကန္မႈအမွန္ေတြကို သိေစခ်င္ပါတယ္။ သူတို႔ဟာကြၽန္ေတာ္တို႔နဲ႔ ႏိုင္ငံ ေရး၊ စီးပြားေရးအေျခအေနရပ္ရပ္နဲ႔ပတ္သက္ၿပီး အေတြးအျမင္ေတြေပးႏိုင္မယ္လို႔ျမင္ပါတယ္။

Related news

© 2021. All rights reserved.