“သမိုင်းအရ သူတရားခံဖြစ်ပါစေ၊ ငါတရားခံဖြစ်ပါစေဆိုပြီး ပြည်ထောင်စုကြီး ပြိုသွားရင်တောင် အရေးမစိုက်ဘူးဆိုတာမျိုး သက်သက်မဲ့ လွှတ်ချလိုက်တာလား” (အင်တာဗျူး)

 8317

NP News -ဇန်နဝါရီ ၁၉

တွေ့ဆုံမေးမြန်း - ကျော်မျိုးမင်း၊ ရေးသား - အိဖြူသိမ့်

၂ဝ၂၁ ခုနှစ် နိုင်ငံရေးအခင်းအကျင်းနှင့် လက်ရှိနိုင်ငံရေးအခြေအနေနှင့်ပတ်သက်ပြီး ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ရဲ့ အမြင်နဲ့ သုံးသပ်ချက်များကို သိရှိစေနိုင်ဖို့အတွက် NP News က ဖိတ်ခေါ်မေးမြန်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။
မေးမြန်းဆွေးနွေးမှုအတွင်း ဒေါက်တာအေးမောင်က လက်ရှိနိုင်ငံရေးအခင်းအကျင်းကို သုံးသပ်ပြောကြားခဲ့သလို စစ်တပ်နဲ့ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ နှစ်ဖက်ညှိနှိုင်းရေးလမ်းကြောင်းကိုသာ သွားစေလိုကြောင်း၊ အမုန်းတရားတွေမရှိတဲ့ တိုင်းရင်းသားပေါင်းစုံစည်းလုံးညီညွတ်တဲ့ပြည်ထောင်စုကြီးကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့အတွေးကိုသာ တွေးစေလိုကြောင်း၊ လူမျိုးအချင်းချင်း၊ တိုင်းရင်းသားအချင်းချင်း သတ်ဖြတ်နေကြတာကို အမြန်ဆုံးရပ်တန့်ပြီး "မုန်းစကိုတိုစေ၊ ချစ်စကို ရှည်စေ" ဆိုတဲ့စကားအတိုင်း ဖြစ်စေလိုကြောင်း စတဲ့အချက်တွေကို ထည့်သွင်းပြောကြားထားပါတယ်။

ဆရာ ဒေါက်တာအေးမောင် မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ NP News ကို အင်တာဗျူးလာရောက်ဖြေကြားပေး တဲ့ အတွက် ကျေးဇူးတင်ပါတယ်။

မေး ။ ။ ပထမဆုံးအနေနဲ့မေးချင်တဲ့မေးခွန်းကတော့ ၂ဝ၂၁ နိုင်ငံရေးအကြပ်အတည်းအခင်းအကျင်းပေါ့။ အဲဒီ အကြပ်အတည်းအခင်းအကျင်းကြီး စတဲ့အချိန်မှာ ဆရာကတော့ အကျဉ်းထောင်ထဲမှာပဲရှိသေးတယ်လို့ သိရ တယ်။ အဲဒီတုန်းက ဆရာရော ဘယ်လိုကြားခဲ့ရလဲဆိုတာနဲ့ မြေပြင်အခြေအနေလေးကို နည်းနည်းလောက် ပြောပေးလို့ရမလား။
ဖြေ ။ ။ ၂ဝ၂၁ ရွေးကောက်ပွဲအလွန်ပေါ့။ ရွေးကောက်ပွဲမတိုင်ခင်အခင်းအကျင်းလေးတွေကိုလည်း ကျွန်တော် တို့ထောင်ထဲကနေ ကြားရပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် အခင်းအကျင်းလေးတွေကို ရွေးကောက်ပွဲကို ဦးဆောင်ကျင်းပခဲ့တဲ့ရွေးကောက်ပွဲကော်မရှင်က တစ်စုံတစ်ခုလိုက်လျောညီထွေဖြစ်အောင် ညှိနှိုင်းဆောင်ရွက် သင့်တယ်ဆိုတာကို ရွေးကောက်ပွဲမတိုင်ခင်မှာ ကျွန်တော်တို့သုံးသပ်ခဲ့တာရှိပါတယ်။ ရွေးကောက်ပွဲအလွန်မှာ အတင်အချလေးတွေဖြစ်လာတာပေါ့။ ကျွန်တော်တို့က ဖေဖော်ဝါရီလ(၁)ရက်နေ့ ဖြစ်စဉ်မတိုင်ခင်လေးမှာ ကျွန်တော်တို့စဉ်းစားတာရှိတယ်။ ဘာကြောင့်လည်းဆိုရင် အစိုးရအဖွဲ့တစ်ခုကို ဖွဲ့ကြတယ်။ လွှတ်တော် ခေါ်ကြ တယ်။ ရွေးကောက်ခံအမတ်ဆိုတာကို ရွေးကောက်ပွဲကော်မရှင်က ကြေညာပြီးတဲ့နောက်မှာ ကျမ်းသစ္စာဆိုမှပဲ အမတ်ရဲ့ဘာခေါ်မလဲ အင်္ဂါရပ်နဲ့ပြည့်စုံတာပေါ့။ အဲဒါက ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ကြုံခဲ့ရတာ။ အဲဒီ တော့ ဇန်နဝါရီလ(၃၁) ရက်ဆိုတာ အရေးကြီးတယ်။ အဲဒီနောက်မှာ သမ္မတကြီးဦးသိန်းစိန်က လွှတ်တော်နဲ့ ပတ်သက်တဲ့၊ ဘာပြောမလဲ သမ္မတနဲ့ကိစ္စကို ပြည်ထောင်စုလွှတ်တော်ခေါ်ပြီးကာမှ ဒုသမ္မတသုံးဦးကို ရွေးကြ တာရှိတာကို။ ဆိုတော့ ပြန်ကြည့်ရင် ဖေဖော်ဝါရီ(၁)ရက်မတိုင်ခင် အခင်းအကျင်းအားလုံးနီးပါးလောက်မှာ အတင်အချတွေရှိတာပေါ့။ အခုဖြစ်စဉ်ဖြစ်သွားတာက ဖြစ်တော့မယ်ဆိုတာက ကျွန်တော်တို့ကြိုပြီးခန့်မှန်းမိနေ တယ်။ ညှိနှိုင်းမှုလိုအပ်တယ်။ အထူးသဖြင့် ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ကြီးကြီးမားမားရှိခဲ့တယ်လို့ သုံးသပ်တယ်။ နောက်ပြီး အရင် ၂ဝ၁၅ အလွန် ၂ဝ၂၁ မတိုင်ခင်အစိုးရမှာ တာဝန်ကြီးကြီးမားမားရှိတယ်။ ညှိနှိုင်း မှုဆိုတာက ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ကဏ္ဍတိုင်းမှာ လိုအပ်တယ်။ အဲဒီကာလကလည်း ရွေးကောက်ပွဲ မသမာမှုတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ကြားတာက နိုင်ငံတကာ ကာတာဖောင်ဒေးရှင်းထင်တယ် လာကြည့် တာတို့၊ တခြားအနောက်နိုင်ငံသံရုံးတွေကလည်း ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ တိုင်တောတာတွေကို ရှင်းပေးဖို့ ဆိုတာကိုလည်း ကျွန်တော်တို့ထောင်တွင်းကနေ သူတို့ဘက်က တောင်းဆိုတယ်ဆိုတာလည်း ကြားရပါတယ်။ အဲဒီတော့ ၂ဝ၂၁ ရဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့ဖြစ်စဉ်ကိုပြန်ကြည့်ရင် ဖြစ်တော့မယ်ဆိုတာကို ကျွန်တော်တို့ ကြိုခန့် မှန်းခဲ့တယ်။ မဖြစ်နိုင်အောင်တားနိုင်တဲ့အနေအထားတွေ၊ ညှိနှိုင်းမှုတွေ လုပ်ပေးရမယ့်ဟာကို မလုပ်ခဲ့တဲ့အနေ အထားကိုလည်း ကျွန်တော်တို့တွေ့ရတယ်။ အဲဒီတော့ ဒီဖြစ်စဉ်ကတော့ ၂ဝဝ၈ အခြေခံဥပဒေအရ တပ်မတော် ဘက်က နိုင်ငံတော်ရဲ့အာဏာကို ခဏထိန်းသိမ်းရတယ်ဆိုတာမျိုးက အခြေခံမူ(၄၈) ခုမှာပါတဲ့အတိုင်းပဲ သူတို့ ဘက်က လုပ်လိုက်တယ်လို့ ကျွန်တော်တို့နားလည်တယ်။ ဒါက ၂ဝ၂၁ နှစ်ဦးပိုင်း က အခြေအနေပေါ့။
ဖေဖော်ဝါရီ(၁) ရက်နေ့အလွန်ရောက်တဲ့အခါမှာ အထူးသဖြင့် တပ်မတော်အကြီးအကဲက နိုင်ငံတော်ရဲ့ အာဏာ သုံးရပ်လုံးကို ယူလိုက်တဲ့နောက်မှာ ကျွန်တော်တို့ ပြည်ထောင်စုနေ့မှာ အမျိုးသားပြန်လည်ရင်ကြားစေ့နိုင် အောင်ဆိုတဲ့သဘောနဲ့ ကျွန်တော်တို့က (၄ဝ၁) နဲ့ လွတ်ကြတာပေါ့။ နောက်လွတ်ငြိမ်းသက်သာတွေ လေးပုံ တစ်ပုံ ပေးတာတို့ အများကြီးရှိတဲ့အခါ ထောင်တွင်းမှာလည်း ဖေဖော်ဝါရီ(၁) ရက်နေ့နောက်ပိုင်းမှာ ဖြစ်လာတဲ့ နိုင်ငံရေးအခင်းအကျင်းကိုကြိုဆိုလက်ခံတဲ့ နိုင်ငံရေးအင်အားစုတွေလည်းရှိသလို ကြိုဆိုလက်မခံတဲ့ အင်အားစု တွေလည်း ထောင်တွင်းမှာရှိပါတယ်။ အဲဒီနောက် ထောင်ပြင်ကို ရောက်တဲ့အခါကျတော့ မြန်မာ့နိုင်ငံရေးအခင်း အကျင်းမှာ ကျွန်တော်တို့များ အခုလိုအတင်အချ အင်မတန်အကျဉ်းအကြပ်ကြားထဲကို မရောက်နိုင်အောင် ဘယ်လိုများညှိနှိုင်းဆောင်ရွက်ပေးရင်ကောင်းမလဲဆိုတာမျိုးကို တွေးခဲ့ပါတယ်။ အဲဒါကြောင့်လည်း အင်တာဗျူး တချို့မှာ ဦးခွန်ထွန်းဦး၊ ဦးကိုကိုကြီးတို့ သုံးသပ်ခဲ့သလို လက်လွန်ခြေလွန်တွေ မရှိကြသေးဘူး။ သွေးမြေမကျ သေးဘူး။ နိုင်ငံရေးနဲ့ပတ်သက်တဲ့တိုင်းရင်းသားခေါင်းဆောင်တွေ၊ ပြည်မက ထင်ရှင်းတဲ့ပုဂ္ဂိုလ်တွေ ဒီကြားထဲမှာ ဘယ်လိုများစေ့စပ်ညှိနှိုင်းပြီးမှ အခုလို တစ်နှစ်ကျော်ကာလအတွင်းမှာ (၅ ဒသမ ၄၂) ဖြစ်နေတဲ့အခြေအနေမျိုး ကို ကျွန်တော်တို့ကြိုခန့်မှန်းမိတဲ့အခါကျတော့ မဖြစ်အောင်တားနိုင်မယ်။ ကြားဝင်နိုင်လိမ့်မယ်လို့ အဲဒီကာလမှာ တော့ ယုံကြည်ခဲ့တယ်။ ဒါပေမယ့် ဆန္ဒထုတ်ဖော်ကြတယ်။ လှိုင်သာယာဘက်မှာ စက်ရုံ၊ အလုပ်ရုံတွေကို မီးရှို့ တာတို့ဘာတို့ဖြစ်လာတယ်။ နောက်အကြမ်းပုံစံလေးတွေ ဖြစ်လာတယ်။ ဒီဘက်က လုံခြုံမှု၊ တရားဥပဒေ စိုးမိုး ရေးအတွက် ထိန်းသိမ်းရတဲ့ကဏ္ဍတွေဖြစ်လာတဲ့အခါကျတော့ သွေးမြေကျလာတယ်။ သွေးမြေကျတဲ့နောက် ပိုင်းမှာကျတော့ ကျွန်တော်တို့က အခုလိုစိုးရိမ်စရာမျိုးတွေက တကယ့်လက်တွေ့မှာဖြစ်လာတယ်။ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ဘက်ကလည်း ဆန္ဒထုတ်ဖော်တာကို အတိုင်းအတာတစ်ခုအထိ လွတ်လွတ်လပ်လပ်ပေးခဲ့ တာကို ကျွန်တော်တို့မြင်ရတာပေါ့။ လှည်းတန်းလမ်းဆုံတို့မှာ ဖယောင်းတိုင်ထွန်းပြီးမှ တောင်းဆိုကြတယ်။ ငြိမ်း ငြိမ်းချမ်းချမ်းလေးပဲ။ အဲဒီအခင်းအကျင်းလေးတွေတုန်းက ကျွန်တော်တို့မြင်ခဲ့တာပေါ့နော်။ နောက်ပိုင်းမှာ ပစ်ခတ်တာ၊ ကြိုးတန်းကြီးတွေနဲ့ လုံချည်တွေ၊ ထဘီတွေလှမ်းတာတို့လည်း ကျွန်တော်တို့မြင်ရပါတယ်။ အဲဒီလို အခင်းအကျင်းတွေဖြစ်ပြီးတဲ့နောက်မှာတော့ လက်ရှိအခင်းအကျင်းကို ဘယ်လိုဖြန်ဖြေရင်ကောင်းမလဲဆိုတဲ့ အတွေးထက် နိုင်ငံတော်နဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေ၊ နောက်ပြီးအကြောင်းကြောင်းကြောင့် ဒါမျိုးလုပ်နေတဲ့ပုဂ္ဂိုလ် တွေ၊ နောက်ကွယ်မှာရှိတဲ့ခေါင်းဆောင်တွေ၊ ဘယ်လိုညှိနှိုင်းနိုင်အောင်လို့ဖြင့် ပြည်တွင်းအတိုင်းအတာနဲ့ မလုံ လောက်တော့ဘူး နိုင်ငံတကာက ဝင်ရောက်ဖြန်ဖြေတာမျိုး၊ သူတို့ကိုယ်၌ကိုက သင်ခန်းစာရယူပြီးမှ ပြန်လှန် သုံးသပ်ပြီးမှ ညှိနှိုင်းတိုင်ပင်တာမျိုးဆိုရင်တော့ဖြင့် လက်ရှိအခင်းအကျင်းက တည်ငြိမ်းအေးချမ်းသွားနိုင်တယ်ဆို တာမျိုးအထိ ကျွန်တော်တို့ တွေးခဲ့ကြတာပေါ့။
အခုတလောကပဲ မစ္စတာဆာဆာကာဝါတို့ ရောက်လာတာပေါ့။ ရောက်လာတဲ့အခါမှာ သူ့ရဲ့လက်ရှိအနေ အထားနဲ့ မြန်မာ့နိုင်ငံရေးအခြေအနေကို သူပြောပြတာပေါ့။ ဖြစ်စဉ်အားလုံးအပေါ်ကို သုံးသပ်ကြည့်တာပေါ့ နော်။ သေသေချာချာလေးသုံးသပ်ပြီးမှ ဒီအခင်းအကျင်းကို ဘယ်လိုခုန်ပြန်ကျော်လွှားနိုင်မယ့်နည်းလမ်း လေးများရှိရင် သူတို့ကိုလည်း အကြံဉာဏ်ပေးပါဆိုတာမျိုး သူတို့ကတောင်းဆိုလာကြတယ်။ နိုင်ငံတကာအဖွဲ့ အစည်းများသည်ပင်လျှင် လက်ရှိအကျင်းအကြပ်ကို ပြည်တွင်းကကြုံနေရတဲ့ ပုဂ္ဂိုလ်များရဲ့အကြံဉာဏ်လေးတွေ ပါမှပဲ ဒီပြဿနာကြီးကို ဖြေရှင်းနိုင်တော့မယ်ဆိုတဲ့အနေအထားက အခုအချိန်မှာ ရောက်လာပါတယ်။ ကျွန်တော်တို့လည်း တတ်သလောက် မှတ်သလောက်လေးနဲ့ မစ္စတာဆာဆာကာဝါကို နိုဝင်ဘာလ (၁၆)ရက် နေ့ကပါဘဲ ဖြစ်စဉ်အားလုံးပေါ့။ ဖေဖော်ဝါရီ(၁)ရက်နေ့နောက်ပိုင်းကစပြီး အခုထိဖြစ်စဉ်အားလုံးကို တစ်ခုချင်း တစ်ခုချင်းကို ကိုယ့်အမြင်၊ သူ့အမြင်လေးနဲ့သသေချာချာလေးသုံးသပ်ပြီးမှ ဒီကိစ္စလေးအားလုံးကို ဘယ်လိုခုန်ပျံ ကျော်လွှားရင်ကောင်မလဲဆိုတဲ့အမြင်လေးတော့ တင်ပြခဲ့ပါတယ်။ အဲဒီလောက်ဆိုရင်တော့ ကိုကျော်မျိုးမင်းကြီး မေးတာနဲ့ အကြမ်းဖျင်း ကျွန်တော်တင်ပြတာ လုံလောက်မယ်ထင်ပါတယ်။

မေး ။ ။ လတ်တလောမှာလည်း ဆရာထည့်ပြောတဲ့အထဲမှာလည်းပါတယ်။ ဆရာဆာဆာကာဝါကို သွားတွေ့ ထားတာ ရှိတယ်။ သူ့ဘက်ကရော သူတွေ့ဆုံခဲ့တဲ့လူတွေရဲ့အခြေအနေတွေနဲ့ မြန်မာနိုင်ငံအခင်းအကျင်းကို သူ နားလည်သွားတဲ့ပုံစံကို ပြောပြဖူးလား။
ဖြေ ။ ။ သူနားလည်သွားတဲ့ပုံစံကတော့ ကျွန်တော်ထင်တာပေါ့နော်။ သူလည်းဘာမှမတတ်နိုင်တော့တဲ့အနေ အထားလို့ အဲဒီလောက်ပဲပြောပါတယ်။ ကျွန်တော်တို့လည်း သူ့ကိုပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အမျိုးသားနိုင်ငံရေးနဲ့ပတ်သက်လို့ တပ်မတော်ရဲ့နိုင်ငံရေးဦးဆောင်မှုကဏ္ဍဟာ အင်မတန်ကျယ်ပြန့်ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စရေးစဉ်ကတည်းက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ကဏ္ဍမှာ ဒီလိုပဲ ပြဋ္ဌာန်းထား တာဖြစ်တဲ့အတွက် ဒီလိုကိစ္စမျိုးကြုံတော့မယ်ဆိုရင် ဒီလိုမျိုးအရေးပေါ်ကာလသတ်မှတ်ပြီးတော့ (၆) လ၊ (၆) လ စီ၊ စုစုပေါင်း(၂) နှစ်အထိ ယူခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားပြီးသားဖြစ်တယ်။ အဲဒါကြောင့်မို့လို့ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နောက်ကိုဆုတ်လို့မရတော့ဘူး။ ဒါဟာ ကျွန်တော်တို့ဖြစ်စဉ်တစ်ခုလုံးကို သုံးသပ်တာပေါ့။ သူ့ဘက်ကဆုတ်လို့ မရတော့ဘူး။ ဆုတ်လို့မရရင် သူ့ကို(၂) နှစ်အတွင်းမှာ သူ့လုပ်ငန်းတွေ အကုန်လုံးကို ပြီးစီးအောင်ဆောင်ရွက်ပြီးရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရပြန်ပြီးတော့ ပါတီစုံစနစ်တစ်ခုနဲ့ ရွေးကောက်ပွဲကနေ တက်လာတဲ့အစိုးရတစ်ရပ်ဖြစ်အောင် အမြန်ဆုံးတွန်းအားပေးဖို့နဲ့ ပံ့ပိုးပေးဖို့က ကျွန်တော် တို့လူထု အပါအဝင် နိုင်ငံရေးပါတီနဲ့ နိုင်ငံတကာအဖွဲ့အစည်းများရဲ့တာဝန်သဘောဖြစ်သွားပြီ။ ဒီအချိန်မှာ နစက က အာဏာသုံးရပ်လုံးနဲ့ပတ်သက်လို့ အာဏာရှိတဲ့အခါ အကြောင်းကြောင်းကြောင့် ဖမ်းဆီးတာတွေ၊ တည်ဆဲဥပဒေကိုဖောက်ဖျက်တယ်ဆိုတဲ့ သူ့ဖက်၊ ကိုယ့်ဖက် စွဲဆိုမှုမျိုးတွေရှိနိုင်တယ်။ အဲဒါကြောင့် ဖမ်းဆီးတာ တွေကိုတောင်မှ ပြန်လွှတ်ဖို့က အခုအချိန်မှာ တရာစီရင်ရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ ဥပဒေပြုရေးကဏ္ဍ သုံးရပ်လုံးကိုပိုင်းခြားထားပြီးမှ သူအုပ်ချုပ်နေတယ်လို့ ကြေညာထားတဲ့အခါကျတော့ တရားရေးကဏ္ဍကို ဝင်စွက်ဖက်ဖို့က မစ္စတာဆာဆာကာဝါမှာ အခက်အခဲတစ်ခုရှိနိုင်တယ်။ အဲဒီတော့ မြန်မြန်လည်း စီရင်ဆုံးဖြတ် ပြီးမှ လွှတ်ငြိမ်းချမ်းသာတို့၊ လွတ်ငြိမ်းသက်သာတို့ကတော့ နိုင်ငံတော်အကြီးအကဲက လုပ်နိုင်တဲ့ကဏ္ဍဖြစ်သွား ပြီ။ အဲဒီတော့ ဒီအချိန်မှာ တရားရေးကဏ္ဍကို နစကဘက်က ဝင်စွက်ဖက်ဖို့ဆိုတာကလည်း ဖြစ်တောင့်ဖြစ်ခဲ ဖြစ် နိုင်တယ်ဆိုတာမျိုးကို ကျွန်တော်တို့တွေးကြတာပေါ့။ လက်ရှိအနေအထားကတော့ ခုနကပြောသလို နစက ဘက်ကလည်း ရှေ့ကိုပဲသွားတော့မယ်။ ရှေ့ကိုသွားတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ပတ်သက်တဲ့ကဏ္ဍကို အရေးပေါ်ကာလပြဋ္ဌာန်းချက်ပါအတိုင်းပဲ ခေတ္တယူရတယ်။ အဲဒီ တော့ အမြန်ဆုံးတည်ငြိမ်အေးချမ်းတဲ့အခင်းအကျင်းဖြစ်ရင် ရွေးကောက်ပွဲတစ်ခုလည်း သူကျင်းပပေးမယ်လို့ ပြောတဲ့အခါမှာ အခုလိုပြည်တွင်းရဲ့မငြိမ်မသက်မှုက တစ်ခါမှမကြုံဖူးတဲ့ နှစ်(၇ဝ)ကြာ ပြဿနာက ပြည်တွင်းမှာ ဖြစ်လာတာပေါ့။ ဗကပ လက်ထက်တုန်းကလိုပေါ့ဗျာ။ Ideology ခေတ်ကလို ပြန်ဖြစ်လာတဲ့အခါမှာ တိုင်းရင်း သားဒေသတွေထက်တောင်မှ ပြည်မမှာ ပဋိပက္ခဇုန်လိုဖြစ်သွားတာပေါ့။ အဲဒီတော့ ဒီဟာကြီးကိုဖြေရှင်းဖို့က တိုင်းရင်းသားခေါင်းဆောင်တွေဘက်ကလည်း တာဝန်နဲ့ နားလည်မှု၊ နောက်ပြီးတော့ သဘောထားကြီးမှုနဲ့ စစ်မှန်တဲ့ပြည်ထောင်စုခိုင်ခိုင်မာမာလေးကို ဥမကွဲ၊ သိုက်မပျက် သွားလိုတဲ့ဆန္ဒရယ်၊ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အဓိကက တပ်မတော်ဘက်ကလည်း နှစ်(၇ဝ)ကြာ ပြည်တွင်းစစ်ကြီးဖြစ်လာရတဲ့အကြောင်းအရင်းကို သေချာ သုံးသပ်ပြီးမှ ဘယ်လိုထွက်ပေါက်လေးနဲ့ တိုင်းရင်းသားချင်းချစ်ကြည်ရေးနဲ့ ပြည်တွင်းပဋိပက္ခကို ဖြေရှင်းမလဲ ဆိုတဲ့ ပျော့ပျော့ပျောင်ပျောင်းနဲ့ အားလုံးလက်ခံနိုင်တဲ့အဝိုင်းအဝန်းတစ်ခု ဖန်တီးတည်ဆောက်မှပဲဖြစ်တော့ မယ်။ အဲဒီတော့ ဘယ်လိုထွက်မှာလဲ။ တာဝန်ကတော့ ယူပြီးပြီ။ တာဝန်ကို ဘယ်လိုဆုံးခန်းတိုင်အောင်လုပ်ပြီးမှ အားလုံးလက်ခံနိုင်အောင်၊ နိုင်ငံတကာကြီးကလည်း သဘောပေါက်အောင်၊ ပြည်သူပြည်သားအားလုံးလည်း အန္တရာယ်ကင်းကင်းလေးနဲ့ဖြစ်သွားအောင် ဘယ်လိုလုပ်မလဲ။ ဒီအခင်းအကျင်းက ရွေးကောက်ခံအစိုးရတစ်ရပ် ကို ပြန်လွှဲအပ်မယ်ဆိုတာက အလွန်တရာ အရေးကြီးလာတယ်ဆိုတာမျိုး မစ္စတာဆာဆာကာဝါကိုတော့ တင်ပြ ခဲ့ပါတယ်။ ဆိုတော့ ခုနကလိုအခင်းအကျင်းဖြစ်ဖို့အတွက် လက်ရှိအနေအထားမှာ ကျွန်တော်တို့ တိုင်းရင်းသား ဒေသက ပုဂ္ဂိုလ်တွေက အများအားဖြင့် သုံးသပ်ကြပါတယ်။ နှစ်(၇ဝ) ပြည်တွင်းစစ်ကြီးဟာ ပြည်မမှာဖြစ်တာ မဟုတ်လို့၊ ဟို… Ideology ခေတ်ကပဲ ပြည်မမှာ ပဲခူးရိုးမတို့မှာဖြစ်ခဲ့ကြတာ။ နောက်ပိုင်း ရှမ်းမြောက်တို့ ဘာတို့ ကို ရွှေ့ပြီးတော့မှ တရုတ်ပြည်ဘက်ထိ လွင့်ပြယ်သွားကြတဲ့အနေအထား ရှိခဲ့တယ်။ အဲဒီတော့ တိုင်းရင်းသား များရဲ့လက်နက်ကိုင်တော်လှန်မှုသမိုင်းနဲ့ သူတို့ရဲ့လိုလားချက်ကိုပြန်ကြည့်ရင် မြန်မာနိုင်ငံလွတ်လပ်ရေး မရခင် ကတည်းက တိုင်းရင်းသားများတောင်းလာတဲ့ တန်းတူညီမျှရေး၊ ခွင့်တူညီမျှပေါ့။ ပြောရရင် ဗြဟ္မစိုရ်တရား လေးပါးနဲ့ ကျွန်တော်တို့တည်ထောင်တဲ့ ပြည်ထောင်စုဖြစ်အောင်ဆိုတဲ့စိတ်ကူးနဲ့ ပြည်ထောင်စုကို ဖွဲ့စည်းတည် ထောင်လာတဲ့အခါကျတော့ ဒီကတိကဝတ်တွေက ပျက်ကုန်တော့ ခုနကလို လက်နက်ကိုင်တော်လှန်ရေးဆို တာ ဖြစ်လာကြတာဖြစ်တယ်။ ဆိုတော့ သွေးမြေကျမှု ပဋိပက္ခအားလုံးရဲ့ပင်းရင်းပေါ့။ နှစ်(၇ဝ) လုံးလုံး တိုင်းရင်း သားဒေသတွေမှာ ဖြစ်ခဲ့ကြတာ။ အဲဒီတော့ ပြည်မကိုများ ခုနကလို တိုင်းရင်းသားဒေသတွေမှာဖြစ်တဲ့ ပဋိပက္ခ တွေလောင်ကျွမ်းရင် ပြည်မက သဘောပေါက်ပြီးမှ ပြည်တွင်းစစ်ကြီးရပ်နိုင်မယ်ဆိုတဲ့ Idea လည်း ကျွန်တော်တို့ မှာ ရှိခဲ့ကြပါတယ်။ တစ်နည်းအားဖြင့် တိုင်းရင်းသားဒေသကတဆင့် ဆက်လာတဲ့ လက်နက်ကိုင်ပဋိပက္ခသည် ပြည်မ၊ တစ်နည်းအားဖြင့် ဗမာအများစုရှိတဲ့နေရာမှာ စပြီးကူးစက်တာနဲ့ ဗမာများသည် ကိုယ်ချင်းစာပြီး၊ ဗမာ့ တပ်မတော်သည် ကိုယ်ချင်းစာပြီး၊ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခကို ချုပ်ငြိမ်းနိုင်မယ့်နည်းလမ်းကို သူတို့ဘက်ကစတင်ပြီးတော့ စွမ်းစွမ်းတမံကြိုးစားလာနိုင်တယ်ဆိုတဲ့အိုင်ဒီယာဟာလည်း အစောကြီးကတည်း က ရှိကြပါတယ်။ အခုအချိန်ကလည်း အကောင်းဆုံးဖြစ်သလို နစက အနေနဲ့က သူတို့ထွက်ရမယ့်လမ်းကို ကြည့် ရင် တည်ငြိမ်အေးချမ်းအောင် မြန်မာနိုင်ရေးအခင်းအကျင်းကို ဖန်တီးပေးရမယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးနဲ့ ချစ်ကြည်ခိုင်မာတဲ့ငြိမ်းချမ်းရေးကို ခိုင်မြဲသထက်ခိုင်မြဲအောင် သူလုပ်ရမယ်။ အဲဒီ အတွက်ရှိပြီးသားပါ။ NCA လမ်းကြောင်းအပြင် NCA လမ်းကြောင်းကို ကျော်ပြီးပြန်ကြည့်ပြီးမှ ရလဒ်ကိုအခြေပြု တဲ့ချဉ်းကပ်မှုနဲ့ သူကြိုးစားဖို့လိုမယ်။ အဲဒီတော့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ ရလဒ်ကိုမျှော်ကိုးပြီးမှ ဖွဲ့စည်းတည်ဆောက်ပုံ ရှုပ်ရှက်ခတ်နေတဲ့ NCA ရဲ့ အဆင့်အဆင့်အားလုံးကို ကျော်ဖြတ် ပြီးမှ နစကက အာဏာသုံးရပ်ကိုယူထားတဲ့ကာလမို့လို့ လုပ်နိုင်တဲ့အင်အားကလည်း ရှိတယ်။ အဲဒီတော့ ကျွန်တော်သုံးသပ်တာက လက်ရှိအကျဉ်းအကြပ်ကထွက်နိုင်မယ့်နည်းလမ်းဟာ ပြည်ထောင်စုတစ်ခုလုံးရဲ့ နှစ် ပေါင်း(၇ဝ) ကြာ ပြည်တွင်းစစ်ကြီးကိုလည်း ချုပ်ငြိမ်းနိုင်မယ့်နည်းလမ်းနဲ့ နစကရဲ့အများဆုံး (၂) နှစ်တာ အရေး ပေါ်ကာလပြဋ္ဌာန်းချက်ပါအတိုင်းယူထားတဲ့ နိုင်ငံတော်ရဲ့အာဏာသုံးရပ်ကို လွှဲပြောင်းပေးနိုင်မယ့် ရွေးကောက်ခံ အစိုးရတစ်ရပ် ပေါ်ထွန်းနိုင်မယ့်ရွေးကောက်ပွဲကြီးကို ကျင်းပမယ့်ကာလ၊ အဲဒီကာလမှာ တည်ငြိမ်အေးချမ်းမှုနဲ့ လူထုက လိုလိုလားလား မဲပေးမှု၊ အဲဒီအခင်းအကျင်းသုံးခုကို တည်တည်ငြိမ်ငြိမ်နဲ့ ညှိနှိုင်းဆောင်ရွက်နိုင်မယ် ဆိုရင် အခုအကျင်းအကြပ်ကြားထဲက ထွက်သွားနိုင်တယ်လို့ကို ကျွန်တော်ထင်တယ်။ လက်နက်ကိုင်ပဋိပက္ခ လည်း ချုပ်ငြိမ်းနိုင်မယ်။ အဲဒါကိုတော့ ကျွန်တော်အကြမ်းဖျင်း သုံးသပ်ပါတယ်။ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်း သားအင်အားစုတွေရဲ့ နှစ်(၇ဝ) ကြာဖြစ်လာကြတဲ့အကြောင်းအရင်းကိုအခြေပြုလာတဲ့ NCA ရဲ့ အဓိက ဦးတည် ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ကို ဘယ်လိုပြင်မလဲ၊ ဘယ်လိုဖြည့်စွက်မလဲ၊ ဘယ်လိုပယ်ဖျက်မလဲဆို တာနဲ့ ရလဒ်ပေါ့။ ဆိုတော့ အဲဒီဟာအတွက် နောက်ဆုံးအဆင့်က အမျိုးသားညီလာခံ၊ ပင်လုံ ကဲ့သို့သော ငြိမ်းချမ်းရေးညီလာခံကထွက်လာတဲ့အချက်အလက်ကို စုပြီးတော့မှ National Record အဖြစ် ပြည်ထောင်စု လွှတ်တော်မှာ တင်မယ်။ အဲဒီတင်ပြချက်ရလဒ်ကို ဖွဲ့စည်းပုံမှာပြင်မယ်ဆိုတဲ့သဘောနဲ့ NCA က အခုဆိုရင် (၆) နှစ်၊ (၇) နှစ်၊ (၈) နှစ် ရှိပြီပေါ့။ စလုပ်တာ(၂) နှစ်နီးပါးလောက်ကြာတယ်။ ကျွန်တော်တို့ NCA စာချုပ်ကို ချုပ်ပြီး ကာမှ အခုသွားတာ(၆) နှစ်ကျော်ပြီ။ ရလဒ်က အချက်အလက်(၅၁) ခုပဲ ရတယ်။ အဲဒီတော့ အစိတ်အပိုင်း (၃) ခုနဲ့ ဘယ်လိုမှ ၂ဝဝ၈ အခြေခံဥပဒေကိုပြန်ပြင်နိုင်တဲ့အနေအထား မရှိဘူး။ အဲဒီတော့ ရလဒ်သည် ဇီးရိုးထက် နည်းနည်းလေးပဲ အရှေ့ကိုတက်တယ်။ အဲဒီတော့ နောက်ထပ် နှစ်(၃ဝ) ဒီလိုပဲ ပင်လုံ ကဲ့သို့သော ညီလာခံ ဆက်လုပ်ကြမှာလား။ နောက်(၂) နှစ်၊ (၃) နှစ်အတွင်းမှာ ကျွန်တော်တို့လိုချင်တဲ့၊ အားလုံးလက်ခံနိုင်တဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေ အသစ်ဖြစ်ဖြစ်ပေါ့ဗျာ၊ ၂ဝဝ၈ ကြီးကို ပြင်တာဖြစ်ဖြစ်ပေါ့ဗျာ၊ ပြင်တာထက်စာရင်တော့ အသစ်ကို လက်ရှိအစိုရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့က သေသေချာချာ သူ့ဖက်၊ ကိုယ့်ဖက် ညှိနှိုင်းကြပြီး ဒီကာလမှာရေးရမယ်။ လာမယ့်အစိုးရလက်ထက်၊ လာမယ့် လွှတ်တော်လက်ထက်မှာ တပ်မတောက်ဘက်က မကန့်ကွက်ရင် အကုန်လုံးအဆင်ပြေသွားနိုင်တဲ့ အခင်းအကျင်းဖြစ်နိုင်တယ်။ အဲဒီတော့ နံပါတ်တစ် ကျွန်တော် ပြောတဲ့(၃) ချက်မှာ တိုင်းရင်းသာလက်နက်ကိုင်များနဲ့ မြန်မာ့တပ်မတော်ရဲ့ နှစ်(၇ဝ)ကြာ ပြည်တွင်းစစ်ကို ချုပ် ငြိမ်းနိုင်တဲ့တစ်ခုတည်းသော ဆောင်ရွက်နိုင်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေသာဖြစ်တယ်။ ဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေက တိုင်းရင်းသားများရဲ့ကိုယ်ပိုင်အုပ်ချုပ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်နဲ့ သယံဇာတ ရပိုင်ခွင့်အားလုံးကို အတိအကျပြဌာန်းသတ်မှတ်ထားတဲ့ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်မဟုတ်ရင်တောင်မှ ၂ဝဝ၈ ကို အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတဲ့ ဖွဲ့စည်းပုံပေါ့။ အဲဒီဖွဲ့စည်းပုံအရ ပြည်နယ်များရဲ့ ရပိုင်ခွင့်အပြည့်အဝ ပေးထားတဲ့ ဖွဲ့စည်းပုံပေါ့။ အဲဒီနှစ်ခုကို အသေအချာရေးဖို့လိုတယ်။ ဒုတိယတစ်ချက်က ကျွန်တော်တို့ အမျိုး သားညီလာခံ အပါအဝင်ပေါ့။ UPDAC မှာ ကြုံရတာက တပ်မတော်ဘက်က ထောက်ခံရင် အကုန်လုံးဖြစ်တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများက တောင်းတာ၊ တင်ပြတာ သူ့တို့ရဲ့လိုလားချက်အားလုံးကို တချို့ ဟာတွေက နှစ်ဖက်မတိုက်ဆိုင်တဲ့အခါကျတော့ အဆင်ပြေပြေဆုံးဖြတ်ချက်တစ်ခုမှ မထွက်တော့ဘူးပေါ့။ အဲဒီ တော့ အလျော့အတင်းလေးနဲ့ သေသေချာချာညှိနှိုင်းနိုင်ကြမယ်ဆိုရင် ခုနကပြောတဲ့အချက်အလက်ကို ခိုင်ခိုင် မာမာတစ်ခု ရလာနိုင်တယ်။ ဆိုတော့ ပြန်ကြည့်ရင် ဒီကာလဟာ NCA လမ်းကြောင်းက သွားသွား၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခိုင်ခိုင်မာမာတစ်ခုအတွက် အချက်အလက်အားလုံကို သေသေချာချာညှိနှိုင်းနိုင်တဲ့ကာလ ဖြစ် တယ်။ အဒီတော့ ဒီ(၂) နှစ်တာကာလအတွင်းမှာ NCA လမ်းကြောင်းအရ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည်ဖြစ်စေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ မြန်မာ့တပ်မတော်နဲ့ နိုင်ငံရေးပါတီများ လက်ခံနိုင်တဲ့အနေအထားနဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအသစ်ကို ရေးဆွဲနိုင်သည်ဖြစ်စေ အဲဒီလိုလုပ်နိုင်တဲ့ အနေ အထားဟာ ဒီကာလမှာပဲရှိတယ်။ အဲဒီလိုပဲ ဒီ(၂) နှစ်တာကာလအတွင်းမှာ နစကအနေနဲ့ ရွေးကောက်ပွဲတစ်ခု ကျင်းပတော့မယ်။ ရွေးကောက်ပွဲကိုကျင်းပတယ်ဆိုတာ လာရောက်ပြီး မဲပေးမယ့် ပြည်သူလူထုရှိဖို့ လိုအပ် တယ်။ အဲဒီလိုလာရောက်မဲပေးနိုင်တဲ့ပြည်သူလူထု ရွေးကောက်ပွဲမှာပါဝင်ဖို့က တည်ငြိမ်အေးချမ်းပြီး လုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခု ရှိဖို့လိုတယ်။ လုံခြုံအေးချမ်းပြီး လာရောက်မဲပေးနိုင်တဲ့ပတ်ဝန်းကျင်ဖြစ်ဖို့က တည်ငြိမ်တဲ့ နိုင်ငံရေးအခင်းအကျင်းဖြစ်အောင် ဖန်တီးပေးဖို့လိုတယ်။ ကျွန်တော်တို့သုံးသပ်တာက နစကဘက်က ဖြစ်နိုင် မယ်ဆိုရင် လက်ရှိနိုင်ငံရေးအကြပ်အတည်းဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကော်မရှင်မှာ အမှန်တကယ်တာဝန်ရှိတယ်လို့ ကျွန်တော်ထင်တယ်။ သမာသမတ်ကျပြီး ဒီမိုကရေစီနည်းအရ ရွေးကောက်ပွဲ တစ်ခုကို အမှန်တကယ်ကျင်းပခဲ့သလားဆိုတာကို ဒီမိုကရေစီအစိုးရနဲ့ ဒီမိုကရေစီနိုင်ငံရေးပါတီအားလုံးက ၂ဝ၂ဝ မတိုင်ခင် အခင်းအကျင်းကိုပြန်သုံးသပ်ဖို့လိုတယ်။ ၂ဝ၁၅ မတိုင်ခင်အခင်းအကျင်းမှာ တပ်မတော် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတင်အေး ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာတော့ ကျွန်တော် ပါခဲ့တာပေါ့။ အဲဒီရွေးကောက်ပွဲမှာ ညှိနှိုင်းမှု၊ တင်ပြမှု အပြန်အလှန်ပေါ့။ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများ၊ နောက်ပြီးတော့ မဲပေးမယ့် ပြည်သူလူထုရဲ့မဲစာရင်းကအစ အမှားအယွင်း လုံးဝမရှိလောက်အောင်အထိ နိုင်ငံ ရေးပါတီများနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ သေသေချာချာကိုရွေးကောက်ပွဲကော်မရှင်ဟာ ညှိနှိုင်း တိုင်ပင်မှုအပြင် အပြန်အလှန်လေးစားမှုနဲ့ Code of content ကို လိုက်နာမှုရှိခဲ့ကြတယ်။ ၂ဝ၂ဝ မတိုင်ခင် အခင်း အကျင်းက ဘယ်လိုရှိခဲ့လဲဆိုတာကို ရွေးကောက်ပွဲကော်မရှင်ဟောင်းဘက်က ပြန်သုံးသပ်ဖို့လိုမယ်။ ဒီမိုကရေစီ အများဆုံးရှိပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာ ဒီမိုကရေစီမဲ့ရွေးကောက်ပွဲကြီးတစ်ခုကို ကျင်းပခဲ့ကြသလား။ ဒါက လည်း သမိုင်းအရမှတ်တမ်းအဖြစ် ကျန်ခဲ့ကြမှာဖြစ်ပါတယ်။ အမှန်ကတော့ ပိုပြီးတောင်မှ Free and Fair ဖြစ်တဲ့ ရွေးကောက်ပွဲကို ၂ဝ၂ဝ မှာ အဲဒီကာလက ကော်မရှင်က ကျင်းပဖို့သင့်တယ်။ တပ်မတော်ခေါင်းဆောင် အငြိမ်းစားတစ်ယောက်ကျင်းပခဲ့တဲ့ရွေးကောက်ပွဲထက် အရပ်သားခေါင်းဆောင်တစ်ယောက်ကျင်းပတဲ့ ရွေး ကောက်ပွဲက ပိုပြီးတော့ လက်ညိုးထိုးစရာမရှိလောက်အောင်ကို မရှိသင့်တဲ့အခင်းအကျင်းဖြစ်သင့်တယ်။ ဒါပေမယ့် ခုနကလိုအခင်းအကျင်းဖြစ်လာတဲ့အခါကျတော့ လာမယ့် ၂ဝ၂၁ အလွန်ပေါ့။ လက်ရှိအစိုရဘက်က ရွေးကောက်ပွဲတစ်ခုကို ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရကျင်းပရတော့မှာဖြစ်တဲ့အခါ ခုနက ကျွန်တော်ပြော သလို လာရောက် မဲပေးသူရှိမှ၊ ပြိုင်ဆိုင်တဲ့နိုင်ငံရေးပါတီရှိမှ အဆင်ပြေမှာ။ အဲဒီတော့ လာရောက်မဲပေးသူများ လေ ကိုယ်ကျင်းပတဲ့ရွေးကောက်ပွဲကို လူထုလက်ခံတယ်၊ နိုင်ငံရေးပါတီများက ပါဝင်ပူးပေါင်းတယ်လို့ ဆိုနိုင် မယ်။ အဲဒါကြောင့် လာမယ့်ရွေးကောက်ပွဲကြောင့်ဖြစ်လာမယ့် အစိုးရတစ်ရပ်၊ လွှတ်တော်တစ်ရပ်အပေါ် လူထု ယုံကြည်မှု ပိုရှိလာမယ်။ အဲဒီအခင်းအကျင်းဖြစ်ဖို့အတွက် နစက က ဖြစ်နိုင်မယ်ဆိုရင် ပိုပြီးပျော့ပျောင်းတဲ့ ချည်း ကပ်မှုလေးမျိုး ဖြစ်သင့်တယ်။ ကျွန်တော် တချို့မီဒီယာတွေမှာ တင်ပြဖူးပါတယ် PR ဆိုတာ မဲဆန္ဒနယ်က သေးသေးလေးမဟုတ်ဘူး။ ကျယ်လာတယ်။ အဲဒီတော့ မြို့နယ်တစ်ခုကို အခြေခံပြီးတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးကိုရွေးခဲ့တာ ၂ဝ၂ဝ ထိ ရှိခဲ့တာပေါ့။ အခုဟာက မဲဆန္ဒနယ်က ကျယ်ပြန့်လာမယ်။ ဥပမာ- မြို့နယ်ပေါင်း(၂ဝ) လောက် (သို့မဟုတ်) (၁၅) ခုလောက်ကို ပေါင်းပြီးတော့မှ မဲဆန္ဒနယ်တစ်ခုလုပ်မယ်။ အဲဒီမှာ မြို့နယ်ပေါင်း (၁၅) ခုဆိုရင် လူ (၁၅) ဦး ပြိုင်ကြ၊ အဲဒါမျိုးဖြစ်လာတဲ့အခါကျတော့ ဘယ်လိုကျွန်တော်တို့ စဉ်းစားလည်းဆိုရင် နိုင်ငံရေးပါတီ တစ်ပါတီက ပြည်သူလူထုလက်ခံနိုင်အောင် စည်းရုံးနိုင်တဲ့ပါတီက တစ်မဲ အသာနဲ့ အနိုင်ရသွားတဲ့စနစ် မဟုတ်ဘဲနဲ့ နိုင်ငံရေးပါတီ အကြီး၊ အလတ်၊ အငယ် မျှမျှတတလေး ရွေးကောက်ခံ ရမယ့်အနေအထား၊ အခင်းအကျင်းက PR ကြောင့် ဖြစ်လာမှာပေါ့။ အဲဒီတော့ တချို့နိုင်ငံရေးပါတီများနဲ့ ဝေဖန်သုံးသပ်သူများက ပြန်လည်စဉ်းစားတဲ့အခါမှာ ၂ဝဝ၈ ဖွဲ့စည်းပုံမှာ(၂၅) ရာခိုင်နှုန်းက တပ်မတော်သား တွေ အလိုလိုရပြီးသားဖြစ်နေပြီ။ အဲဒီတော့ နိုင်ငံရေးပါတီတစ်ခုက ကျန်တဲ့ (၇၅) ရာခိုင်နှုန်းကို အများစုရသွား ပြီးမှ တစ်ပါတီအစိုးရဖွဲ့ခဲ့တဲ့ဖြစ်စဉ်(၂) ကြိမ် ရှိတာပေါ့။ USDP တစ်ခေတ်နဲ့ NLD တစ်ခေတ်ပေါ့။ အဲဒီတော့ လာမယ့် ၂ဝ၂၃ အလွန်မှာဖြစ်လာမယ့်အခင်းအကျင်းကျတော့ တပ်မတော်က(၂၅) ရာခိုင်နှုန်း ရထားပြီးပြီ။ ကျန် တဲ့ဟာကလည်း အချိုးလိုက် နိုင်ငံရေးပါတီ အကြီး၊ အလတ်၊ အသေး အလိုက် ရသွားမှာဆိုတဲ့အခါကျတော့ အကြီးဆုံးသော လွှတ်တော်ကိုယ်စားလှယ်အုပ်စုက တပ်မတော်ဖြစ်နေတာပေါ့။ ဆိုတော့ အဲဒီအခင်းကျင်းပေါ် မှာ မကျေလည်မှုလည်း ရှိလာနိုင်တယ်။ တပ်မတော်က ဒါမျိုးလိုချင်လို့ PR ကိုဖန်တီးသလားဆိုတာမျိုး ရွေး ကောက်ပွဲမတိုင်ခင် နိုင်ငံရေးပါတီအများစုက လက်ညိုးထိုးလာနိုင်တာပေါ့။ ဆိုတော့ အဲဒီအခင်းအကျင်းကို ရှောင်ကွင်းဖို့က သူတို့ပြောတဲ့ ၂ဝ၂၃ လောက်မှာကျင်းပမယ်လို့ပြောတဲ့ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီများ ပါဝင် နိုင်အောင် ဒီကြားထဲမှာ တည်ငြိမ်အေးချမ်းတဲ့အနေအထားတစ်ခုမှာ နိုင်ငံတော်အခြေပြုမိန့်ခွန်းတစ်ခုလောက် ဗိုလ်ချုပ်မှူးကြီးဘက်က ပေးဖို့လိုမယ်လို့ အဲဒီတုန်းက သုံးသပ်ခဲ့ပါတယ်။ အဓိကကတော့ ရွေးကောက်ပွဲကော်မ ရှင် အပြင်ပေါ့ သူ့ဘက်က PR နဲ့ပတ်သက်လို့ ဘာ့ကြောင့် လာမယ့် သူကျင်းပမယ့်ရွေးကောက်ပွဲမှာ PR စနစ်ကို အစားထိုးလိုက်ရတယ်။ နိုင်ငံပေါင်း ကမ္ဘာမှာဘယ်လောက်ရှိတဲ့အထဲက ဘယ်နှစ်နိုင်ငံမှာ PR စနစ်ကို ကျင့်သုံး နေလဲ။ အဲဒါမျိုးကအစ သေချာရှင်းပြပေးပြီးမှ တပ်မတော်သားရဲ့ (၂၅) ရာခိုင်နှုန်းပါဝင်မှုကို ဥပမာ- PR စနစ် ကြောင့် လာမယ့်ရွေးကောက်ပွဲမှာ ရွေးကောက်ခံလွှတ်တော်နဲ့ အစိုးရမှာ သူ့ဘက်ကတော့ အများကြီး ရနေမှာပဲ လေ။ အဲဒီလာမယ့်လွှတ်တော်မှာပဲ သူ့ရဲ့တပ်မတော်သား(၂၅) ရာခိုင်နှုန်းပါဝင်မှုအရဖြစ်နေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စပြီးဘယ်လိုပြင်မယ်ဆိုတာမျိုး သူ့ဘက်ကစပြီးတော့ အဆိုပြုသင့်တဲ့ နိုင်ငံတော်အခြေပြု မိန့်ခွန်းမျိုးပေါ့။ အဲဒီလိုပြောတဲ့အခါမှာလည်း နိုင်ငံရေးပါတီများကိုဖိတ်တာလိုမျိုး တာဝန်ရှိတဲ့ အခြားပုဂ္ဂိုလ်တွေ ကိုဖိတ်တာမျိုးနဲ့ သေသေချာချာလေးတွေ့ဆုံမှုလုပ်ပြီးမှ သူ့ဘက်ပြောတယ်၊ ဒီဘက်က ဆွေးနွေးတယ် ဆိုတာ မျိုးလေးဆို ပိုပြီးတော့ မြန်မြန်ဆန်ဆန်ဖြစ်သွားနိုင်တာပေါ့။ တစ်နည်းအားဖြင့် ကျွန်တော်ဆိုလိုတာက PR စနစ် ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မကျင်းပခင်ပေါ့။ PR ကြောင့် တပ်မတော်သားတွေ လွှတ်တော်တွင်း အစိုးရ အဖွဲ့တွေမှာ ပိုပြီးယူတယ်ဆိုတာမျိုးကို မဟုတ်ဘူး။ ၂ဝဝ၈ အရ တပ်မတော်သားတွေရဲ့ပါဝင်မှုကို ဘယ်လို တစ် ဆင့်ချင်း လျော့သွားပေးမယ်ဆိုတာမျိုးကို အခုကတည်းက ကတိကဝတ်ပြုတာမျိုးပေါ့။ ဥပမာ- (၂၅) ကနေ ရာခိုင်နှုန်းဘယ်လောက်အထိ နောက်ရွေးကောက်ပွဲလုပ်မယ့်ကာလမှာ (၁၅) ရာခိုင်နှုန်း စသဖြင့် အဆင့်ဆင့် အင်ဒိုနီးရှားနိုင်ငံ လိုတဖြည်းဖြည်းချင်းလျော့ပေးသွားမယ်ဆိုတာမျိုးပေါ့။ PR စနစ်ကတော့ မြန်မာနိုင်ငံ တိုင်းရင်း သားပေါင်းစုံ ပါဝင်လာဖို့တော့ လိုအပ်တယ်ဆိုတာမျိုး၊ တပ်မတော်ရဲ့ပါဝင်မှုကို ကာလတစ်ခုအတွင်းမှာ ဇီးရိုး အထိလျော့သွားမယ်ဆိုတာမျိုး၊ နိုင်ငံရေးပါတီအားလုံးနဲ့တွေ့ဆုံပြီးမိတ်ဆက်တာမျိုး လုပ်သင့်တယ်။ အဲဒီလို လုပ်တဲ့အခါမှာ လက်ရှိတည်ဆဲနိုင်ငံရေးပါတီအားလုံးကို NLD က အစ လက်ရှိ UEC က မဖျက်သိမ်းသေးတဲ့ပါတီ အားလုံးကို ဖိတ်ကြားသင့်တယ်ဆိုတာမျိုးနဲ့ အခင်းအကျင်းမှာပါဝင်လာနိုင်အောင်ပေါ့။ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ဘက်က စပြီးတော့ တွေ့ဆုံဆွေးနွေးအဖြေရှာသင့်တယ်ဆိုတာမျိုး ကျွန်တော် တွေးမိပါတယ်။

မေး ။ ။ ဘေးကလူတစ်ယောက်အနေနဲ့ကြည့်မယ်ဆိုရင် ၂ဝ၂၁ ဖြစ်စဉ်မှာ စစ်တပ်ကပြောတာတော့ မဲမသမာ မှုဖြစ်စဉ်ကြောင့် အာဏာသိမ်းရတယ်ပေါ့။ ဟိုဘက်ကတော့ မဲမသမာမှုက စစ်တပ်နဲ့မဆိုင်ဘူးဆိုတာမျိုး ပြော တယ်ပေါ့။ အဲဒီနှစ်ခုရဲ့ကြားထဲမှာ အဖြေတစ်ခု တွေ့မိလား ဆရာ။ ဆရာဘယ်လိုတွေးမိလဲ။
ဖြေ ။ ။ အမှန်ကတော့ အားလုံနဲ့ဆိုင်တယ်ဗျ။ တပ်မတော်သားတွေလည်း မဲပေးရတာပဲ။ နောက်ပြီးလွှတ်တော် အတွင်းမှာလဲ ၂ဝဝ၈ အခြေခံဥပဒေအရ (၂၅) ရာခိုင်နှုန်းတောင် လွှတ်တော်အသီးသီးမှာ တာဝန်ယူကြရတာ။ အဲဒီတော့ ၂ဝဝ၈ ဖွဲ့စည်းပုံကိုကြည့်ရင်လည်း တပ်မတော်နဲ့ပတ်သက်တဲ့ကဏ္ဍက တော်တော်လေးကို ပါတယ် ဗျ။ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်စောင့်ရှောက် မှုပေးရတဲ့အဖွဲ့အစည်း စသဖြင့် ဖော်ကျူးထားတာဖြစ်တယ်။ အခုလိုမျိုးအခြေအနေရောက်ခဲ့ရင်လည်း ကာလုံ ခေါ်ပြီးမှ အရေးပေါ်ကာလဥပဒေပြဋ္ဌာန်းချက်ပါအတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအပ်နှင်းရ မယ်ဆိုတာမျိုးအထိ ပါထားတာဖြစ်တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ နဝတအစိုးရက သူ့ရဲ့နိုင်ငံရေး အကျဉ်းအကြပ်ကနေ ထွက်ဖို့အတွက် အကောင်းဆုံးပြင်ဆင်ရေးဆွဲသွားတဲ့အခြေခံဥပဒေမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ ကိုပြင်ချင်ရင် ညှိနှိုင်းဆွေးနွေးပြီးမှပြင်လို့ရတဲ့အခင်းအကျင်းကို ဖန်တီးခဲ့ပြီးသားဖြစ်တယ်။ အဲဒီတော့ NLD သည် လည်းကောင်း၊ ကျွန်တော်တို့သည်လည်းကောင်း တပ်မတော်နဲ့ညှိကြတာပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်တဲ့ ဦးအောင်ကြည်ညွန့်တို့ကို ကျွန်တော်တို့ ထောင်တွင်းကနေကြည့်တဲ့အခါမှာ ပြင်တာကတော့ မဟုတ်ဘူး မပြင် ခင် ညှိကြသေးရဲ့လား။ ဥပမာ- ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီး ဒီအချက်တွေကိုတော့ ကျွန်မတို့ပြင်ချင်တယ်။ ဗိုလ်ချုပ်မှူးကြီးတို့ဘက်က ဘာကိုပြင်ဖို့တော့ အဆင်သင့်ဖြစ်ပြီလဲ။ အဲဒီတော့ သဘောမတူတာတွေကို နောက် ထားပြီး တူတဲ့သူတွေစုပြီး ကြိုတင်ညှိနှိုင်းပြီးမှ ဖွဲ့စည်းပုံကပြင်လို့ရမှာ။ အဲဒီတော့ ခုနက ကျွန်တော်တင်ပြတာက လာမယ့်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကျင်းပပေးမယ့်ရွေးကောက်ပွဲမတိုင်ခင်မှာ ဒီဖွဲ့စည်းပုံရဲ့ ပြင်ရခက်တဲ့ အပိုင်းတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်ရဲ့အကြီးအကဲဖြစ်တဲ့ကာလမှာ ဘယ်လိုပြုပြင် သွားမယ်ဆိုတာမျိုး လူထုကို နိုင်ငံရေးအားဖြင့် အပျော့ပျောင်းဆုံးပေးနိုင်တဲ့မေတ္တာပဲဗျ။ ဒီဖွဲ့စည်းပုံကြီးရဲ့ အမာ ဆုံးအပိုင်း၊ တပ်မတော်ရဲ့ပါဝင်မှုကို လူထုကမကြိုက်ဘူးဆိုရင် ဘယ်လိုပျော့ပျော့ပြောင်းပြောင်းနဲ့ကိုင်တွယ်မလဲ ဆိုတာကတော့ ကိုယ်တိုင်တာဝန်ယူတဲ့ကာလမှာပေါ့။ ကျွန်တော်တို့ကတော့ ဖွဲ့စည်းပုံကိုပြင်လို့မရဘူး။ ဒါပေမယ့် ပြင်လို့ရတာက ရွေးကောက်မှုကြောင့်ဖြစ်လာတဲ့လွှတ်တော်မှာ ဒါကိုတော့ ကျွန်တော်တို့ပြင်ပေးပါ့ မယ်ဆိုတဲ့ အာမခံကတိမျိုးပေါ့။ ဥပမာ- တပ်မတော်သား (၂၅) ရာခိုင်နှုန်းပါဝင်မှု ဘယ်လောက်လျှော့မယ်၊ တိုင်းရင်းသားများရဲ့သယံဇာတရပိုင်ခွင့်ကို ဘယ်လောက်ထိပေးမယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရနိုင်အောင်၊ လက်နက်ကိုင်ပဋိပက္ခတွေ ပြေငြိမ်းဖို့အတွက် လိုအပ်တာကိုပေးမယ်၊ အဲဒီပေးမှာကို ကျွန်တော်တို့က အခုကတိပဲပေးနိုင်တယ်။ လက်တွေ့ပေးနိုင်မှာက လွှတ်တော်တွင်းကိုရောက်မယ့် တပ်မတော် သားများဘက်က ဒါကြီးကိုပြင်ဖို့ တာဝန်ယူတယ်ဆိုတာမျိုး သူ့ဘက်ကလူထုကိုချပြမယ်၊ နိုင်ငံရေးပါတီတွေကို ချပြမယ်။ အဲဒါကျွန်တော်တို့ ညှိနှိုင်းမှုပဲ။ ၂ဝဝ၈ ဖွဲ့စည်းပုံရဲ့အနှစ်သာရက ဘာလဲ။ ညှိနှိုင်းပြီးမှ ပြင်ကြ။ အဲဒီတော့ ညှိနှိုင်းပြီးမှပြင်ဖို့အတွက် ခေါင်းဆောင်ကြီးတွေရဲ့သဘောထားက လိုတယ်။ တကယ်တော့ အစောကြီးကတည်း က ဗိုလ်ချုပ်မှူးကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် ညှိခဲ့ကြရမှာ။ ညှိလိုရတဲ့အချက်ကို ဦးအောင်ကြည်ညွန့်တို့ လွှတ် တော်က ပြင်ရမှာ။ မညှိဘဲနဲ့ ဦးအောင်ကြည်ညွန့်တို့ပြင်တဲ့အခါမှာ ဒီဘက်ကလည်း အထက်နဲ့ညှိနှိုင်းမှုမရှိတဲ့ အခါကျတော့ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍမှာ တပ်မတော်က ပါတယ်။ ဖွဲ့စည်းပုံကိုစောင့်ရှောက်ရတယ်ဆို တဲ့အချက်နဲ့ ကန့်ကွက်ကြတာပေါ့။ တစ်လျှောက်လုံးကန့်ကွက်တဲ့အခါ ပဋိပက္ခကကျယ်ပြန့်တော့ တစ်ဖက်က ပြင်လိုတဲ့ပုဂ္ဂိုလ်၊ တစ်ဖက်က မပြင်လိုတဲ့ပုဂ္ဂိုလ်ဆိုတော့ လူထုရဲ့အမုန်းကိုတော့ တပ်မတော်ဘက်က ရတာပေါ့။ ဒါပေမယ့် သူ့ရဲ့မူလတာဝန်က အမုန်းခံပြီးတော့ ဒီဖွဲ့စည်းပုံကိုကာကွယ်ရမယ့်တာဝန်က အခြေခံဥပဒေမှာ ပေး ပြီးသား။ အဲဒီမှာ ပဋိပက္ခနှစ်ခုက ကျယ်ပြန့်သွားတော့ အခုလိုအကျဉ်းအကျပ်ကြားထဲမှာ လူထုသွေးမြေကျ တယ်။ ဒီဘက်က ပစ်တယ်၊ ဒီဘက်က ခတ်တယ်ဆိုတာ ကျွန်တော်တို့ကတော့ အတိအကျမသိဘူးပေါ့။ ဘာပဲ ဖြစ်ဖြစ် အရပ်သား၊ လူထုတွေကို ထိခိုက်တာမျိုးကတော့ မထိခိုက်သင့်၊ မဖြစ်သင့်ဘူးပေါ့ဗျာ။ ကျွန်တော်တို့ တစ်လျှောက်လုံးတိုင်းရင်းသားဒေသတွေမှာ စစ်ဖြစ်တယ်။ လက်နက်ကိုင်က နှစ်ဖက်ဖြစ်နေတယ်။ အရပ်သား လူထုပဲ ခံရတယ်။ သေကြေကြရတယ်။ တပ်မတော်သားတွေဘက်ကတော့ ပစ်ခတ်တိုက်ခိုက်တာဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ပေါ့။ တိုက်ကြ ခိုက်ကြမှတော့ သေကြမှာပေါ့။ ဒါကတော့ ပြောလို့မရဘူးပေါ့။ ဒါပေမယ့် ခုနက လို အရပ်သားတွေ သေတဲ့အခါကျတော့ ကျွန်တော်တို့က ပြောရတောပေါ့။ ၂ဝ၁၈ မတိုင်ခင်ကနေ အခုအပစ် အခတ်ရပ်တဲ့ကာလပေါ့။ မစ္စတာဆာဆာကာဝါရဲ့ကြားဝင်မှုကြောင့် ရခိုင်မှာ အပစ်ရပ်တဲ့ကာလထိကြားမှာ (၃) လပဲကြာသေးတယ်။ အဲဒီတော့ပြန်ကြည့်ရင် ထောင်ချီပြီးတော့ ဒဏ်ရာရကြတာပေါ့။ နှစ်ဖက်စလုံး သေကြေတာ ကတော့ ကိန်းဂဏန်းတော့ မသိပါဘူး။ စစ်ပြေးဒုက္ခသည်တွေကတော့ (၃) သိန်းလောက်ထိဖြစ်သွားတယ်ဆို တော့ အဲဒါတွေကို ပြည်မမှာမြင်ရတဲ့အခါမှာ အခုကျွန်တော်တို့ တွေးခဲ့သလိုပေါ့။ တိုင်းရင်းသားဒေသတွေမှာ နှစ် ပေါင်း(၇ဝ) ကျော်ဖြစ်ပြီး စစ်ပြေးဒုက္ခသည်၊ အရပ်သားသေတာ၊ အိမ်မီးလောင်တာ အကုန်လုံးဒဏ်ရာရတာတွေ ပြန်ကြည့်ရင် အခုပြည်မကလူထု ခံစားနေရတဲ့အခါကျတော့ တိုင်းရင်းသားလူထု၊ တိုင်းရင်းသားဒေသရဲ့ ခံစား ချက်ကို မျှဝေပြီးတော့ ခံစားမိမယ်ဆိုရင် တိုင်းရင်းသားချင်းဖြစ်နေတဲ့ပြည်တွင်းစစ်ကလည်း ရပ်နိုင်မယ်။ ပြည်မ မှာလည်း အချင်းချင်းနှစ်ဖက်လျော့နိုင်တာပေါ့။ NUG၊ PDF ဘက်ကလည်း လျော့နိုင်တယ်။ မြန်မာ့ တပ်မတော် ဘက်ကလည်း လျော့နိုင်မယ်။ အဲဒီလိုမှသာလျင် မြန်မာနိုင်ငံကြီးက ငြိမ်းချမ်းမှာဖြစ်တယ်။ ငြိမ်းချမ်းဖို့အတွက် ကတော့ နစကဘက်ကလည်း အရွေ့တစ်ခုအတွက် ညှိနှိုင်းကြိုးစားဖို့လိုတယ်။ NUG၊ PDF ဖက်ကလည်း ညှိနှိုင်း ဖို့လိုတာပေါ့။ အဓိကကတော့ လက်နက်မပါတဲ့အရပ်သားတွေကိုမထိခိုက်အောင် စည်းမျဉ်းစည်းကမ်းတွေ အတိုင်း ဥပမာ- တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က မြန်မာ့တပ်မတော်နဲ့ဖြစ်တဲ့အခါမှာ သူ့လူထုမထိခိုက် အောင် အများဆုံးစောင့်ထိန်းတယ်။ တစ်နည်းအားဖြင့် မြန်မာ့တပ်မတော်ဘက်က ရခိုင်လူထုကို ထိခိုက်အောင် ဆောင်ရွက်ခဲ့ရင်တောင် UNLA ဘက်က ကန့်ကွက်တာမျိုးပေါ့။ စစ်ဖြစ်တဲ့နေရာသည် ရခိုင်အများစုရှိတဲ့နေရာ မှာဆိုရင် ခေါင်းဆောင်က ကိုယ့်လူထု မထိခိုက်အောင် ကာကွယ်ပေးရတယ်လေ။ ပြည်မမှာလည်း အဲဒီလိုဖြစ်စေ ချင်တယ်။ ဥပမာ- NUG, PDF ဘက်က ဗမာလူထု မထိခိုက်အောင်၊ မြန်မာ့တပ်မတော်ဘက်ကလည်း တရား ဥပဒေစိုးမိုးရေးဆောင်ရွက်တဲ့အခါမှာ လူထုမထိခိုက်အောင် ကျင့်ဝတ်အရစောင့်ထိန်းပေးခြင်းအားဖြင့် နှစ်ဖက် အလျော့အတင်းလုပ်မယ်ဆိုရင် အခုလိုမျိုး ကျွန်တော်တို့မမြင်တွေ့ချင်တဲ့မြင်ကွင်းမျိုး ကင်းသွားနိုင်တာပေါ့။ ဒါမျိုးဖြစ်ဖို့လည်း ဆုတောင်းပါတယ်။ ဗမာပြည်ကြီးလည်း ငြိမ်းချမ်းချိန်၊ အေးချမ်းချိန်တန်ပါပြီ။ အဲဒီတော့ အယူ ဝါဒကြောင့် လက်တွဲတုန်းကလည်း အများကြီး သေခဲ့ကြပြီးပြီ။ ကျွန်တော်တို့ပတ်ဝန်းကျင်နိုင်ငံတွေကို ပြန်ကြည့် ရင် ၁၉၇၁ ခုနှစ်လောက်မှာ လွတ်လပ်ရေးရသွားတဲ့ ဘင်္ဂလားဒေ့ရှ်ကိုကြည့်ရင် လူဦးရေသန်းပေါင်း (၁၇ဝ) လောက် ရှိတယ်။ သူတို့ရဲ့လွတ်လပ်ရေးကာလမှာတော့ (၆၈) သန်းလောက်ပဲရှိတယ်ဗျ။ အခု ၂ဝ၂၁ ဆို နှစ် (၅ဝ) ရှိပြီးပေါ့။ သူတို့ရဲ့လွတ်လပ်ရေးနှစ်(၅ဝ) သက်တမ်းကိုပြန်ကြည့်ရင် ကျွန်တော်တို့နိုင်ငံကို ကျော်တက်စပြု သွားပြီ။ လက်နက်ကိုင်ပဋိပက္ခ မရှိဘူး။ ရှမ်းပြည်သာသာလောက်ပဲရှိတဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ (၆၈) သန်း လောက်ကနေလွတ်လပ်ရေးရပြီး အခုဆိုသန်း (၁၇ဝ) လောက်ရှိလာပြီ သန်း(၁ဝဝ) လောက်ကို တိုးလာတာပေါ့။ အဲဒီလူထုကို ဝဝလင်လင်ဖြစ်အောင် ရှိတ်ဟာစီနာတို့အစိုးရက ကျွေးနိုင်တယ်ဗျ။ ပြည်တွင်းစစ် မရှိဘူးဗျ။ တောတောင်တွေဆိုရင်လည်း စိုစိုပြေပြေပဲ။ မွေးမြူရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းအကုန်လုံး ကမ္ဘာမှာ Garment Factory (အထည်ချုပ်စက်ရုံတွေ) အကြီးဆုံးနိုင်ငံဖြစ်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် လူသားအရင်းအမြစ်ကို အသုံးဆုံး နိုင်ငံ၊ စက်ရုံ၊ အလုပ်ရုံမှာ အမျိုးသမီးပါဝင်မှု အများဆုံးနိုင်ငံ၊ ကမ္ဘာအနှံ့ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် လူမျိုးတွေရဲ့ဝင်ငွေကို အပို့ဆုံးနိုင်ငံ၊ အခုဆိုရင် Upper Intermediate Income နိုင်ငံဖြစ်သွားပြီ။ လာမယ့် ဆယ်စုနှစ်မှာ Develop Country ဖြစ်အောင် မျှော်မှန်းကြထားပြီးဖြစ်တယ်။ အဲဒီတော့ပြန်ကြည့်ရင် ကျွန်တော် တို့ ဘင်္ဂလားဒေ့ရှ်နောက်ကို ကျန်ခဲ့ပြီ။ ကျွန်တော်တို့ထက် သုံးဆလောက်ကြီးတဲ့လူဦးရေကို ဝဝလင်လင်၊ ဖွံ့ဖွံ့ ဖြိုးဖြိုးနဲ့ ပညာတတ်အသိုင်းအဝိုင်းကလည်း တကယ့်စံမီအောင် ပညာရေးဘက်မှာပြန်ကြည့်ရင်လည်း ကျွန်တော် တို့ထက် အများကြီးသာတယ်။ သဘာဝဘေးအန္တရာယ်အရှိဆုံးနိုင်ငံကို သဘာဝဘေးအန္တရာယ်က အကာကွယ် ဆုံးနိုင်ငံဖြစ်အောင် သူတို့ကြိုးစားတည်ဆောက်နေတယ်။ ဆိုတော့ ကျွန်တော်တို့ နမူနာ ယူသင့်တယ်။ စစ်မဲ့နိုင်ငံ တစ်ခုရဲ့ဖွံ့ဖြိုးမှုနှုန်းနဲ့ စစ်ဖြစ်တဲ့နိုင်ငံတစ်ခုရဲ့ကျဆုံးမှု ဒါတွေကို နိုင်ငံတော်အကြီးအကဲများ ဥပမာ- နစက ဘက် က ဗိုလ်ချုပ်မှူးကြီးလည်း သင်ခန်းစာယူလိမ့်မယ်လို့ ယုံပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဘက်ကလည်း သင်ခန်းစာယူကြမှာပါ။ အဲဒီလိုပဲ NUG၊ PDF ဘက်က ပြန်ကြည့်ရင်လည်း အလုံးစုံပျက်သုန်းရေး ကိုသွားသင့်တဲ့ ပြည်ထောင်စုလား၊ အလုံးစုံအပျက်သုန်းစေဖို့အတွက် ဘယ်လိုချုပ်တည်းပြီး ငါတို့ပေးဆပ်ကြ မှာလဲဆိုတာမျိုးကို စပြီးစဉ်းစားသင့်တဲ့ကာလဖြစ်ပါတယ်။ အဲဒါကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးက ငြိမ်းချမ်းချိန် တန်ပါပြီ။ လွတ်လပ်ရေးမရခင်ကတည်းကပေးခဲ့တဲ့ ကတိကဝတ်တွေကို ဒီအချိန်ဒီကာလမှာတည် အောင် ကျွန်တော်တို့ စပြီးကြိုးစားသင့်ပြီ။ တစ်ခါတလေ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်ကို ကျွန်တော်တို့ေ ပြာတာရှိရင် ကျွန်တော်တို့ကိုဆဲကြတာပေါ့။ ဘာကြောင့်ဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေး ဦးစီးချုပ် သိသလောက်ဆိုရင် သုံး၊ လေးဦး။ ဗိုလ်ချုပ်နေဝင်းကစပြီး ဗိုလ်ချုပ်ကျော်ထင်၊ ဗိုလ်ချုပ်ကြီးစန်းယု စသဖြင့် ဒါက ဖဆပလ ခေတ် အာဏာကသိပ်မရှိဘူး။ ဥက္ကဋ္ဌကြီးက အာဏာရှိတာ။ အဲဒီနောက်ပိုင်း ဗိုလ်ချုပ် သန်းရွှေ၊ ဗိုလ်ချုပ်စောမောင်ကတော့ ထားလိုက်ပါ။ ဒီဘက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပေါ့။ အကျဉ်းကြပ် ကြားထဲမှာ ကာကွယ်ရေးဦးစီးချုပ်၊ အပြင်းထန်ဆုံး ပြည်တွင်းစစ်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံတော်တာဝန်ကို ရယူထားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သူ့ဘက်က ဖွဲ့စည်းပုံဆိုင်ရာအကြပ်အတည်းရှိတယ်။ နိုင်ငံတွင်း ပြည်မလူထု ရဲ့အကြပ်တည်းရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်အကြပ်အတည်းရှိတယ်။ ဒါတွေအားလုံးကို ရှင်းနိုင်တဲ့ အနေအထား သူ့မှာရှိတယ်။ နှစ် (၇ဝ) ပြည်တွင်းစစ်ကို ရပ်စဲနိုင်လောက်အောင် သူ့ဘက်က လုပ်ပေးနိုင်ခဲ့မယ် ဆိုရင် ပြည်တွင်းစစ်ကို စပြီးငြိမ်းအောင်လုပ်နိုင်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် သမိုင်းတွင်သွားနိုင် တယ်။ အခုဖြစ်တဲ့ PDF ၊ NUG ပေါ့။ ဗကပအလွန်မှာ အလွန်ပြင်းထန်တဲ့ ပြည်မတိုင်း(၇) တိုင်းရဲ့ပဋိပက္ခ အကြီး ဆုံးပေါ့။ အဲဒါကို ပြန်ရှင်းနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေး ညှိနှိုင်းနိုင်တဲ့လမ်းကြောင်း ခုနကကျွန်တော်ပြောသလို နိုင်ငံတော်အခြေပြုမိန့်ခွန်းနဲ့ ငြိမ်းချမ်းရေးကိုဖိတ်ခေါ်ဖို့ အဲဒီမှာ PR နဲ့ပတ်သက်လို့ သေချာရှင်းတာမျိုး၊ လာမယ့် သူရွေးကောက်ပေးတဲ့လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းတဲ့ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ တပ်မတော်သားပါဝင်မှုကို ဘယ်လိုလျော့မလဲ၊ မြန်မာနိုင်ငံအတွက် အသင့်လျော်ဆုံး တစ်ပါတီအာဏာရှင် စနစ်မဖြစ်ဖို့အတွက် အမျိုးသားညွန့်ပေါင်းအစိုးရနဲ့ မြန်မာလူ့အဖွဲ့အစည်းကို တည်တည်ငြိမ်ငြိမ်အုပ်ချုပ်သွားမယ့် စနစ်ဖြစ်တယ်ဆိုတာမျိုးကို စပြီးမိတ်ဆက်ပေးပြီးမှ တစ်ဆင့်ချင်းစီ တပ်မတော်ရဲ့ပါဝင်မှုကို ဘယ်လိုလျော့မလဲ၊ နှစ်(၇ဝ) ပြည်တွင်းစစ်ကြီးကို ရပ်စဲနိုင်လောက်တဲ့အထိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘယ်လိုပြင်မယ်။ တိုင်းရင်း သားများတောင်းဆိုတဲ့ ပြည်နယ်အားလုံးရဲ့ဖွဲ့စည်းပုံကို ဖက်ဒရယ်အစစ်အမှန်ဖွဲ့စည်းပုံမျိုးဖြစ်အောင် ရပိုင်ခွင့် အပြည့်အဝပေးမယ်ဆိုတာမျိုးနဲ့ ပြည်တွင်းစစ်ကြီးကို ငြိမ်းချမ်းအောင်လုပ်နိုင်မယ်ဆိုရင် ကျွန်တော်ထင်ပါတယ် သူလည်းသမိုင်းမှာ အဓိကပုဂ္ဂိုလ်အဖြစ်နဲ့ အထွက်ကောင်းသွားမှာပါ။ သို့မဟုတ် ဒီအတိုင်းပဲ ပဋိပက္ခကိုထားခဲ့ပြီး တော့မှ ရွေးကောက်ပွဲတစ်ခုကို ကျင်းပပေးခဲ့တယ်။ ပြည်တွင်းစစ်ပဋိပက္ခက ဒီထက်မကဆိုးဝါးပြီးမှ သီးသန့်နိုင်ငံ လေးတွေဖြစ်သွားတာတို့ ခွဲထွက်တာတို့၊ အစိတ်စိတ်အမွှာမွှာကွဲသွားတဲ့ဟာမျိုးဖြစ်သွားရင် သူသည်ပင်လျှင် သမိုင်းမှာလက်ညှိုးထိုးခံရတဲ့ပုဂ္ဂိုလ်ဖြစ်သွားမယ်။ အဲဒီတော့ သူ့ဘက်ကတော့ လမ်းနှစ်သွယ်ရှိတာပေါ့။ စစ်မှန် တဲ့ပြည်ထောင်စုကို ဖွဲ့စည်းပုံအခြေခံဥပဒေအရခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်ပေး ခဲ့မှာလဲ။ လက်နက်ကိုင်ပဋိပက္ခကိုချုပ်ငြိမ်းနိုင်တဲ့နည်းလမ်းကို သူရအောင်ရှာရတော့မှာ။ ပွင့်ပွင့်လင်းလင်းပြောရ ရင် သွေးမြေ တစ်ယောက်မှမကျအောင်၊ မြန်မာ့တပ်မတော်သားတစ်ယောက် သွေးမြေကျရင်လည်း မကောင်း ဘူး။ လက်နက်ကိုင်အင်အားစုတွေဘက်က တစ်ယောက်ကျရင်လည်း ကိုယ့်ညီကိုယ်ချင်းဆိုတာမျိုးနဲ့ လက်နက် ကိုင်ပဋိပက္ခကို လုံးဝချုပ်ငြိမ်းသွားအောင် နှစ်(၇ဝ) အကြွေးကို ပြန်ပေးရမယ့်ခေါင်းဆောင် လက်ရှိအနေအထား မှာ သူရောက်နေတယ်။ အဲဒီတော့ သူ့ထွက်ရမယ့်လမ်းက ငြိမ်းချမ်းရေးလမ်းလား၊ ပဋိပက္ခနဲ့ထားပစ်ခဲ့ရမယ့် ပြည်ထောင်စုမြန်မာနိုင်ငံရဲ့လက်ရှိအနေအထားလားဆိုတာကို သူ့ဘက်ကရွေးရတော့မယ်နေရာကို ရောက်နေ ပါတယ်။ အဲဒီတော့ အကောင်းဆုံးသူရွေးနိုင်ပါစေ။ ပြည်ထောင်စုကြီးကိုငြိမ်းငြိမ်းချမ်းချမ်းနဲ့ ၁၉၄၇ မတည် ဆောက်ခင်ကတည်းက ကတိကဝတ်တွေအတိုင်း အားလုံလက်ခံနိုင်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ငြိမ်းချမ်းတဲ့ တိုင်းပြည်ကြီးကို လာမယ့်ကာလအတွင်းမှာ ရရှိနိုင်ပါစေ။ ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ ကမ္ဘောဒီးယား တို့ကိုလည်း အမြန်ဆုံးကျော်တက်နိုင်ပါစေပေါ့ဗျာ။ ဒါတော့ ကျွန်တော်ဆုတောင်းပါတယ်။

မေး ။ ။ ဆရာတို့ ကျွန်တော်တို့ကတော့ ညှိနှိုင်းရေးဆိုတဲ့လမ်းကြောင်းကိုပဲ ကျွန်တော်တို့က ဖိအားပေး၊ အလေးပေးသလို ဆွေးနွေးဖို့တိုက်တွန်းပေးကြတယ်။ သို့သော် နှစ်ဖက်အဖွဲ့အစည်းတွေရဲ့အယူအဆတွေ ရပ် တည်ချက်ပုံစံတွေကိုကြည့်ရတာကတော့ အပြုတ်တိုက်ရေးဆိုတဲ့လမ်းစဉ်ကိုရွေးကြတယ်။ လုံးဝ မဆွေးနွေး နိုင်ဘူးဆိုတဲ့လမ်းစဉ်ကို အတင်းသွားနေတာ တွေ့ရတယ်။ ဒါက အလုံးစုံပျက်သုဉ်းရေးဘက်ကို နှစ်ဖက်စလုံးက ဝိုင်းပို့နေကြတာလား။ ကြားမှာ သူတို့နှစ်ဦးနှစ်ဖက်က ညှိကို မညှိချင်တော့တဲ့အထိ ဖြစ်ကိုဖြစ်သွားရတာက ဘာလို့ပြောချင်လဲ။ ဆရာအနေနဲ့ ဘယ်လိုမြင်မိလဲ။ အချက်လေးတွေ ထုတ်ပြပြီး ပြောပေးလို့ရမလား ခင်ဗျာ။
ဖြေ ။ ။ ညှိတာကတော့ ညှိမှရမယ်။ မညှိရင်တော့ ပြတ်ထွက်သွားလိမ့်မယ်။ လက်ရှိအနေအထားက လက်နက်ကိုင်အဖွဲ့အစည်းအင်အားတွေကလည်း နှစ်(၇ဝ) အထိ တိုက်လာတဲ့အခါကျတော့ စစ်ပန်းတာပေါ့။ မြန်မာ့တပ်မတော်ဘက်ကလည်းပြန်ကြည့်ရင် စစ်ကို ပန်းနေပြီး Recuse လုပ်နိုင်တဲ့ Resources တွေ၊ Human Resource တွေက နည်းလာပြီ။ ဒါပေမယ့် တော်လှန်ရေးလက်နက်ကိုင်ဘက်မှာတော့ Recuse လုပ်နိုင်တဲ့ Resources တွေကများလာတယ်။ တော်လှန်စိတ်က အမျိုးသားရေးလက္ခာတစ်ခု၊ အမျိုးသားရေးစိတ်ဓါတ် တစ်ခုအဖြစ် ပုံပြောင်းသွားတဲ့အခါမှာ Generation by Generation က ပိုပြီးတော့ တက်ကြွလာတယ်လေ။ ဒီလို နှစ်(၇ဝ) ကျော်ကြာလာတဲ့ ဒုက္ခ၊ သုခ အားလုံးသည် လိုလားချက်ကို မဖြည့်ဆည်းပေးလို့ဆိုတဲ့စိတ်ဆန္ဒတွေနဲ့ သွားပြီးတော့ ထိပ်တိုက်တွေ့တာပေါ့။ အဲဒီမှာ တော်လှန်စိတ်နဲ့လွတ်လပ်ချင်စိတ်က ပိုပြီးတော့ ရှေ့ကိုရောက် တာပေါ့။ တဖက်က တော်လှန်စိတ်က များလာသလို တဖက်က ထိန်းသိမ်းရတဲ့ပုဂ္ဂိုလ်တွေမှာ Recuse လုပ်နိုင်တဲ့ Human Resource တွေကတော့ နည်းသွားတာပေါ့။ အဲဒီနှစ်ခုရဲ့ခြားနားချက်က အဆုံးအဖြတ်တစ်ခုကိုတော့ ပေးမှာပေါ့။ ကာလဘယ်လောက်ထိ တိုက်နိုင်ကြမှာလဲ။ ပွင့်ပွင်းလင်းလင်းပဲပြောရရင်တော့ မြန်မာ့တပ်မတော်ရဲ့ အင်အားကို မြန်မာ့တပ်မတော်ဘက်ကပဲ သုံးသပ်ပြီးတော့ သိတာပေါ့။ ဒီလိုပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများရဲ့အင်အားနဲ့ သူ့ရဲ့တိုးပွားလာတဲ့အင်အားတွေကို သူတို့ကိုယ်တိုင်ပဲသိတာပေါ့။ အဲဒီနှစ်ခုရဲ့ ထိပ်တိုက်က အဆုံးအဖြတ်ပဲ။ ဒါကတော့ ကျွန်တော်က စစ်ရေးအားဖြင့် အကြမ်းဖျင်းပဲသုံးသပ်တာပါ။ မြန်မာ နိုင်ငံရဲ့အနေအထားကို ခင်ဗျားတို့၊ ကျွန်တော်တို့ပြန်ကြည့်ရင် ဥပမာ- ရခိုင်ပြည်နယ်ဆိုရင် ၂ဝဝဝ ပြည့်နှစ် စွန်း စွန်းလောက်ကစပြီးတော့ ဗိုလ်ချုပ်ဦးသန်းရွှေတို့လက်ထက် နရက နောက်ဆုံးကာလလောက်မှာ မဒေးကျွန်း ဆို တာဖြစ်လာတယ်။ အဲဒီတော့ Shwe Guest တို့ကနေတဆင့်၊ နောက်ပြီး အရှေ့အလယ်ပိုင်းကလာတဲ့ ရေနံ၊ စွမ်းအင် လုံခြုံမှုရယ်၊ မလက္ကာကိုမဖြတ်ဘဲနဲ့ တဖက်က တရုတ်ပြည်ကိုပို့တဲ့ပိုက်လိုင်း၊ ရေနံပိုက်လိုင်းလို့တော့ ထင်ပါ တယ်။ Gas ကတော့ ဒီလောက်အရေးကြီးတဲ့ပုံမပေါက်ဘူး။ ဒါပေမယ့် အဲဒီကစပြီးတော့ အိန္ဒိယ သမုဒ္ဒရာနဲ့ပတ်သက်တဲ့တရုတ်ရဲ့ဦးတည်ချက်က သူ့ရဲ့မဟာဗျူဟာမြောက် အတွေးထဲမှာပါလာတာပေါ့။ ပထမ ဆုံးအချက်ကတော့ ရခိုင်ကမ်းမြောင်ဒေသ၊ ရခိုင်ကမ်းကို ပါဝါကြီးတဲ့နိုင်ငံတစ်ခုရဲ့ချဉ်းကပ်မှုကနေစပြီးတော့ ပထဝီဝင်နိုင်ငံကြီးရွေ့တာပေါ့။ အဲဒီကာလလောက်မှာ ULA/ AA ကလည်း လွိုက်ဇာဘက်မှာ အခြေချပြီးတော့မှ အင်အားကလည်းကြီးလာတာပေါ့ဗျာ။ ရခိုင်ပြည်နယ်ရဲ့အနေအထားကိုပြန်ကြည့်ရင် ဖွံ့ဖြိုးမှုအနိမ့်ဆုံးနဲ့ အလုပ် အကိုင်နည်းတဲ့အခါမှာ ပြည်ပနဲ့ ပြည်မ စီးပွားရေးဖွံ့ဖြိုးတဲ့နေရာတွေကို ရွှေ့ကြ၊ ပြောင်းကြတာပေါ့။ အဲဒီတော့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာက ရခိုင်လူမျိုးအများဆုံးဖြစ်သွားတော့တာပေါ့။ ထိုင်း၊ မလေးရှားနဲ့ တခြား ကမ္ဘာ့နိုင်ငံအသီးသီးကိုကြည့်ရင်လည်းပဲ သိန်းချီတဲ့ရခိုင်လူငယ်တွေက ပြည်ပကိုရောက်ကုန်တာပေါ့။ အဲဒီတော့ Human Resource တွေက အလွန်တရာကို မိဝေး၊ ဖဝေး နဲ့ပေါ့ဗျာ ရှိကြတာပေါ့။ ဆိုတော့ အဲဒီလိုအနေအထား နှစ်ခု ပါဝါနိုင်ငံကြီးတစ်ခုကလည်း ၂ဝဝဝ ပြည့်နှစ်ကျော်ကျော်လောက်ကာလကနေ စပြီးတော့ ရခိုင်ဒေသကို အခြေချတဲ့အချိန်မှာပဲ ရခိုင်ပြည်နယ်ရဲ့အနေအထားကစပြီးတော့ ပြောင်းတော့တာပေါ့။ အဲဒီတော့ အခုအခြေ အနေကိုပြန်ကြည်တဲ့အခါမှာ ခင်ဗျားတို့သိတဲ့ ဘိုင်ဒန်လက်ထက် အင်ဒို-ပစိဖိတ်ဒေသနဲ့ပတ်သက်ရင် အမေရိကန်ပေါ်လစီက ဒီဘက်ကိုရွှေ့လာပြီး၊ ထိုင်ဝမ်နဲ့ပတ်သက်တဲ့တရုတ်ရဲ့ပေါ်လစီတို့ ထိပ်တိုက်တွေ့တဲ့ အခါ အမေရိကန်နဲ့ တရုတ်ပေါ်လစီရဲ့ကြားမှာ နျူကလီးယားစမ်းသပ်တီထွင်မှု ရှေ့ဆုံးနိုင်ငံဖြစ်တဲ့ရုရှားနဲ့ အမေရိ ကန်ရှိတယ်။ အဲဒီတော့ ရုရှားကြီးကလည်း ခင်ဗျားတို့သိတဲ့အတိုင်းပဲ တရုတ်နဲ့မဟာမိတ်ခိုင်မြဲပြီးမှ အိန္ဒိယ သမုဒ္ဒရာအဝန်းအဝိုင်းနဲ့ ဟိုဘက်က သမုဒ္ဒရာတို့ဆက်စပ်တာမျိုးဖြစ်လာတဲ့အခါကျတော့ အခုအနေအထားကို ကျွန်တော်တို့သုံးသပ်တဲ့အခါမှာ တဖက်ရခိုင်ပြည်နယ်ဘက်မှာ အင်အားကြီးနိုင်ငံနှစ်ခုက အခြေချတဲ့အနေ အထားထိဖြစ်အောင်ကို မြန်မာအစိုးရဘက်ကလည်း ပိုင်ပိုင်နိုင်နိုင်လုပ်လိုက်နိုင်တယ်လို့တော့ မြင်တယ်။
အဲဒီတော့ နှစ်(၃ဝ) ကြာ ရုရှားနဲ့ မြန်မာနိုင်ငံတပ်မတော်ရဲ့ချစ်ကြည်မှုအရ ကျွန်တော်ထင်တာ သံတွဲနဲ့ မာန် အောင်ဖြစ်နိုင်ပါတယ်။ အဲဒီဒေသရဲ့ ရေတပ်အင်အားတိုးချဲ့မှုကိုပြန်ကြည့်ရင် ရခိုင်ဒေသဟာ ပထဝီနိုင်ငံရေး အရ အလွန်တရာကိုအရေးကြီးတဲ့အနေအထားဖြစ်သလို တဖက်ကလည်း လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ULLAE ကလည်း အင်အားကြီးကြီးလာတယ်။ အဲဒီတော့ ပထဝီအနေအထားအရကလည်း မြန်မာနိုင်ငံတည်မြဲဖို့ အတွက် မြန်မာနိုင်ငံအစိုးရနဲ့ တပ်မတော်တို့က ရခိုင်ဒေသသည် အရေးကြီးလာတဲ့အခါမှာ မဟာဗျူဟာမြောက် ထိပ်တိုက်ကတော့ မြန်မာ့တပ်မတော်၊ မြန်မာအစိုးရနဲ့ ULA/AA တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုကတော့ ရှိတာပေါ့။ အဲဒီ တော့ ရခိုင်ဒေသသည် ခုနကပြောတဲ့အခင်းအကျင်း၊ မြန်မာနိုင်ငံရဲ့အခင်းအကျင်းအရ ပဲ့ထွက်သွားမလား။ ဥပမာ- ရှမ်းပြည်မြောက်ပိုင်းက လွိုက်ဇာတို့၊ ဘာတို့၊ တနည်းအားဖြင့် ပန်ဆန်းတို့ကိုပြန်ကြည့်ရင်လည်း အဲဒီမှာ လည်း ငြိမ်းချမ်းရေးကို ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ယူခဲ့တဲ့နောက်ပိုင်းမှာ အလွန်တရာကို ဖွံ့ဖြိုးတိုးတက်တဲ့ သီးခြား ဆန်တဲ့ဖွံ့ဖြိုးတိုးတက်မှုကြီးတွေဖြစ်လာတာပေါ့။ တနည်းအားဖြင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ဘက်ကပြောတဲ့ Confederate ပုံစံမျိုးဖြစ်လာတာပေါ့။ အဲဒီတော့ ရခိုင်ဒေသသည် ခုနက မဟာဗျူဟာမြောက်အားဖြင့် မြန်မာ့ တပ်မတော်၊ မြန်မာအစိုးရပါဝင်ပတ်သက်မှုနဲ့ တရုတ်နဲ့ ရုရှားရဲ့အဓိက အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဆိုတဲ့ နေရာ ဖြစ်တဲ့အခါမှာ ULA/AA ရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ နိုင်ငံရေးဦးတည်ချက်သည် မြန်မာနိုင်ငံတစ်ခုလုံးနဲ့ ပတ်သက်တဲ့ပထဝီနိုင်ငံရေးလိုအပ်ချက်အရ ရခိုင်ဒေသမှာ ထိပ်တိုက် တွေ့ကြတာပေါ့။ အဲဒီတော့ ညှိနှိုင်းမှုဆိုတာက လိုအပ်လာတာပေါ့။ မဟုတ်ရင် ခုနကပြောသလို အင်အား အင်အားခြင်းသာထိပ်တိုက်တွေ့ကြမယ်ဆိုရင် ခံရမှာက ပြည်သူတွေပဲဖြစ်မှာပေါ့။ အဲဒီတော့ လက်ရှိအခင်း အကျင်းအရ နှစ်ဖက်ညှိနှိုင်းဖို့ကတော့ အလွန်တရာကို လိုအပ်ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ချုပ်ငြိမ်းဖို့ဆိုတာကတော့ မြန်မာ့တပ်မတော်ဘက်ကလည်း လက်ရှိအနေအထားကို သဘောပေါက်ဖို့လိုတယ်။ လက်နက်ကိုင်အင်အားရှိကြတဲ့အဖွဲ့အစည်းအားလုံးကလည်း သဘောပေါက်ဖို့လိုတယ်။ လူထုကို ထိခိုက်ကျ ဆုံးမှုနည်းဆုံးနဲ့ နိုင်ငံရေးအားဖြင့် ရလဒ်အများဆုံးဖြစ်အောင် ညှိနှိုင်းတိုင်ပင်မှုနဲ့ကြားဝင်ဖြန်ဖြေမှုက ဒီကာလမှာ အလွန်တရာကို အရေးကြီးပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့နိုင်ငံရေးပါတီများဘက်မှ UPDJC ဘက် NCA လမ်းကြောင်းအရသွားနေတဲ့ PPST တို့နဲ့ တွေ့ဆုံတာတွေ လုပ်ဖို့အတွက် လမ်းစပြင်နေတဲ့အနေအထားကို ရောက်နေပါပြီ။ ဒါကတော့ ကျွန်တော်အကြမ်းဖျင်း တင်ပြတာပါ။

မေး ။ ။ ဆရာ အဲဒီတော့ ကျွန်တော်တို့လက်ရှိ မြေပြင်အခြေအနေမှာ နိုင်ငံရေးအခင်းအကျင်းဖြစ်လာတဲ့အချိန် ထိ စစ်ကလည်းနှစ်ပေါင်း(၇ဝ) ကျော်အထိ ဆက်တိုက်ဖြစ်လာတဲ့အခါကျတော့ ခုနောက်ပိုင်း လူအများစုပြော လာတဲ့စကားက ဒီစစ်တပ်ကြီး မရှိမှဘဲအေးမယ်။ ဒီစစ်တပ်ကြီး မရှိမှဘဲ ပြည်ထောင်စုတပ်ပေါင်းစုကြီး ဖြစ်လာ မယ်ဆိုပြီးပြောနေကြတာတွေက တကယ်ပဲစစ်တပ်ကြီးမရှိမှ အေးမှာလား။ ဒါကတော့ အဖြေဖြစ်မယ်လို့ ဆရာ ရော ထင်လား။
ဖြေ ။ ။ အဲဒီလိုက အဖြေမဟုတ်ဘူးဗျ။ နိုင်ငံတစ်ခုရဲ့အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲဖို့အတွက် သူ့ရဲ့ နယ်မြေနဲ့ ဂုဏ်သိက္ခာအရကာကွယ်ရမယ့် တပ်မတော်ကြီးတစ်ခုဆိုတာကတော့ လိုပါတယ်။ ဒါကတော့ လိုအပ် ချက်ပါ။ အဲဒီတော့ ကျွန်တော်တို့လိုလားတဲ့တပ်မတော်ဖြစ်အောင်လည်းပဲ ကျွန်တော်တို့ကိုယ်တိုင်ပဲ ပံ့ပိုးကူညီ ပေးကြရမယ့်အနေအထားရှိတာပေါ့။ အဲဒီတော့ ကျွန်တော်တို့ ဗိုလ်ချုပ်ဦးသိန်းစိန်လက်ထက်မှာ နှစ်နှစ်နီးပါး လောက်ကြာတဲ့ NCA စာချုပ်မှာ ဗိုလ်ချုပ်ဦးအောင်မင်းတို့တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆွေးနွေး ရေးဆွဲပြီးမှ နှစ်ဦးနှစ်ဖက်မျှတမှုရှိအောင်လုပ်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီစာချုပ်ရဲ့အနှစ်သာရကိုပြန်ကြည့်ရင် ကျွန်တော်ကတော့ အချက်နှစ်ချက်လောက်တော့ တွေ့တယ်။ သူကအခြေခံမူ(၁၁) ချက်ပေးထားတယ်ဗျ။ နံပါတ်တစ်ကတော့ ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့အချက်၊ ခွင့်တူညီမျှ၊ တန်းတူညီမျှ၊ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုကို ကျွန်တော်တို့တည်ဆောက်မယ်ဆိုတာက နံပါတ်တစ်အချက်မှာ ပါတယ်။ အဲဒီတော့ အဲဒီ စာချုပ်ရဲ့အခြေခံမူချက်မှာ ပြည်ထောင်စုတပ်မတော်ဆိုတာ ပါတယ်။ နောက်ပိုင်း အပိုဒ်(၂၂) မှာတော့ ငြိမ်းချမ်း ရေးညီလာခံကနေရလာတဲ့ရလဒ်အရ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ တစ်ခုပါဝင်တယ်။ အဲဒီတော့ ချုပ်ပြောရ ရင် NCA စာချုပ်တစ်ခုလုံး၏အနှစ်သာရသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံတစ်ခုဖြစ် အောင် အမျိုးသားငြိမ်းချမ်းရေးညီလာခံကနေတစ်ဆင့် ညှိနှိုင်းပူးပေါင်းပြီးမှ အချက်အလက်များကို အခြေခံပြီး ပြင်ဆင်သွားမယ်။ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်ထောင်စုတပ်မတော်ဆိုတာ ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေရှိတယ်။ မြန်မာ့တပ်မတော်ရှိတယ်။ ပြည်ထောင်စုတပ်မတော်ဖြစ်အောင် ဘယ်လို အသွင်ပြောင်းကြမှာလဲဆိုတဲ့ ညှိနှိုင်းမှုကတော့ DDR/ SSR ခြုံပြောရရင် အချင်းချင်းပဋိပက္ခမဖြစ်ဖို့အတွက် ပထမလိုအပ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အားလုံးလက်ခံတဲ့ အားလုံးမျှော်လင့်တဲ့ စစ်မှန်တဲ့ တိုင်းရင်းသားတွေ ကိုယ်ပိုင်အုပ်ချုပ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အပြည့်အဝပေးထားတဲ့ စည်းနှောင်မှုအပြည့်ရှိတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ။ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ။ အဲဒီအခြေခံဖွဲ့စည်းပုံဥပဒေမှာ မြန်မာ့တပ်မတော်က ဘယ်လိုဖွဲ့စည်း ပါရှိမှာလဲဆိုတဲ့စည်းကမ်းသတ်မှတ်ချက် စတဲ့အချက်တွေ အပြည့်အဝပါမယ်ဆိုရင် လက်ညှိုးထိုးစရာမဖြစ်တော့ ဘူး။ ဥပမာ- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေမှာလည်း ဗိုလ်ချုပ်ကြီးတွေရှိကြတာပဲ။ နှစ်(၇ဝ) လက်နက်ကိုင်တော်လှန်တဲ့ပုဂ္ဂိုလ်တွေဟာ စစ်ရေးအားဖြင့်၊ နိုင်ငံရေးအားဖြင့်၊ စစ်ဗျူဟာအားဖြင့် အတွေ့အကြုံ တွေရှိကြတာပဲ။ သူတို့လည်းလေ့ကျင့်ပြီးသားတွေဖြစ်တယ်။ မြန်မာ့တပ်မတော်မှာလည်း ရှိကြတာပဲ။ ရုရှား၊ အမေရိက၊ တရုတ်နိုင်ငံတွေမှာလည်း သွားလေ့ကျင့်တာမျိုးတွေ စသဖြင့် ရှိကြတာပေါ့နော်။ အထူးသဖြင့် ရေတပ်ဆိုရင် အင်္ဂလန်မှာ လေကျင့်မယ်ထင်ပါတယ်။ ထားပါတော့လေ။ ပြည်ထောင်စုတပ်မတော်တစ်ခုကို ဘယ်လိုဖွဲ့စည်းမှာလဲဆိုတဲ့မူဘောင်တစ်ခုသာခိုင်ခိုင်မာမာရပြီဆိုရင် ဗမာပြည်တွင်းက ဗမာလူမျိုးကို လက်ညှိုး ထိုးစရာ မလိုဘူးလေ။ ကျွန်တော်တို့ပြည်ထောင်စုတစ်ခုလုံးကို ကာကွယ်မယ့်ပြည်ထောင်စုတပ်မတော်၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကလည်း သတ်မှတ်တဲ့ညှိနှိုင်းမှုအရ ပူးပေါင်းပါဝင်ကြတဲ့ဖွဲ့စည်းပုံ အရ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုတပ်မတော်ဖြစ်သွားတဲ့အခါမျိုးမှာ အချင်းချင်းပဋိပက္ခမရှိနိုင်တော့ဘူးလေ။ သူ့ရပိုင်ခွင့်၊ ကိုယ့်ရပိုင်ခွင့်နဲ့ တိုင်းရင်းသားဒေသကိုအုပ်ချုပ်ပိုင်ခွင့်အပြည့်အဝနဲ့ ကိုယ့်ပြည်နယ်ဖွဲ့စည်းပုံနဲ့ ကိုယ့် ပြည်ထောင်စု၊ ဖက်ဒရယ်ဖွဲ့စည်းပုံနဲ့ခိုင်ခိုင်မာမာထားတဲ့ပြည်ထောင်စုကို တပ်မတော်သာဖွဲ့စည်းနိုင်ခဲ့မယ်ဆိုရင် ပြည်ထောင်စုကိုကာကွယ်တဲ့တပ်မတော်ဖြစ်သွားမှာ။ ပြည်ထောင်စုအတွင်းမှာ ပဋိပက္ခဖန်တီးတဲ့ တပ်မတော် မဟုတ်တော့ဘူး။ အဲဒီတော့မှ တပ်မတော်သည် ပြည်ထောင်စုကိုကာကွယ်သည်ဆိုပြီး အသွင်ပြောင်းသွားလိမ့် မယ်။ လုံခြုံရေးအဖွဲ့အစည်းများသည် ကျွန်တော်တို့တရားဥပဒေစိုးမိုးမှုအပေါ် ကူညီကာကွယ်မယ်။ အဲဒီလိုမျိုး ကဏ္ဍအသီးသီးကနေ နိုင်ငံရေးပါတီမှာသည် နိုင်ငံရေးစနစ်အရ လူထုကိုပညာပေးမယ်။ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင်တိုင်းပြည်ကို စီမံအုပ်ချုပ်နိုင်အောင်ကြိုးစားမယ်။ အဲဒီလိုမျိုးကဏ္ဍအလိုက်က မိမိကဏ္ဍ မိမိ တာဝန်ယူမယ်ဆိုရင်တော့…ဘင်္ဂလားဒေ့ရှ်ဖွံ့ဖြိုးတာ အဲဒါဗျ။ တပ်မတော်သည် တပ်မတော်ကဏ္ဍ၊ နိုင်ငံရေးပါတီ များသည် နိုင်ငံရေးပါတီများကဏ္ဍ၊ စီးပွားရေးသည် လုပ်ငန်းရှင်များကဏ္ဍ၊ အခွန်ပေးရမှာသည် စီးပွားရေး လုပ်ငန်းရှင်များရဲ့တာဝန်၊ အခွန်ထမ်းလူထုရဲ့တာဝန်၊ ဒီလိုပဲ အခွန်ထမ်းလူထုရဲ့ရပိုင်ခွင့်ကို လူထုကိုပြန်ပြီး အစိုးရတစ်ရပ်က တာဝန်ယူအုပ်ချုပ်ပြီးမှ မျှဝေဖြန့်ခွဲပြီး တည်ဆောက်ပေးရမယ့်တာဝန်က အစိုးရတစ်ရပ်ရဲ့ တာဝန်ဖြစ်တယ်။ ကိုယ့်တာဝန်၊ ကိုယ့်ကဏ္ဍအလိုက်ကို ကျေကျေနပ်နပ်နဲ့တာဝန်ကျေပွန်အောင် ထမ်းဆောင် ကြမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်ကတိုးတက်သွားတာ အဲဒါပဲ။ တပ်မတော်သည် တပ်မတော်ကဏ္ဍ၊ လုံခြုံရေးအဖွဲ့ အစည်းများသည် လုံခြုံရေးအဖွဲ့အစည်းများရဲ့ကဏ္ဍ၊ ခုနက ကျွန်တော်တို့ ခင်ဗျားတို့ စကားဝိုင်းမစခင်က လျှပ်စစ်မီးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြသလို အရေးကြီးတာကို။ နေရာတကာမှာ အစိုးရစီးပွားရေးဆိုတာမျိုးက မရှိရဘူး။ အစိုးရသည် အခွန်ထား နိုင်အောင် စည်းမျဉ်းစည်းကမ်းတွေကို အားလုံးလက်ခံနိုင်အောင် ညှိနှိုင်းမှုတွေနဲ့အတူသတ်မှတ်ပေးရမယ်။ စီးပွားရေးအဖွဲ့အစည်းများသည် ကဏ္ဍအလိုက်ကမ္ဘာ့အဆင့်မီ စီးပွားရေးကဏ္ဍတွေဖြစ်အောင် တည်ဆောက်ရ မယ်။ လမ်းနဲ့ပတ်သက်တဲ့ကုမ္ပဏီတွေကလည်း ဆောက်တဲ့အခါ လမ်းနဲ့ပတ်သက်တဲ့အစိုးရပိုင်းတွေက အဲဒီလမ်း နဲ့ ပတ်သက်တဲ့စံချိန်စံညွှန်းတွေကို စစ်ဆေးပေါ့ဗျာ။ အခုကတော့ ပြောင်းပြန်ဖြစ်နေတာပေါ့။ လျှပ်စစ်ဌာနကိုပဲ ခင်ဗျာကြည့်ကြည့်ပါ။ ဆောက်လုပ်ရေးလုပ်ငန်းကိုပဲကြည့်ကြည့်။ တာဝန်ရှိတဲ့သူတွေက တာဝန်ရှိတဲ့ဝန်ကြီးဌာန ကနေတဆင့် နိုင်ငံတော်ပိုက်ဆံကိုတောင်းတယ်။ သက်ဆိုင်ရာလမ်းနဲ့ပတ်သက်တဲ့မြေနေရာတွေက လမ်းနဲ့ ပတ်သက်တဲ့ Plan ကို ဆွဲတယ်။ ပြီးတော့ သူတို့နဲ့ပတ်သက်ဆက်နွယ်တဲ့ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီတွေက သူတို့ဆီကိုလာသွင်းတယ်။ ပြီးရင် အရည်အသွေး၊ အရည်အချင်းမှီ၊ မမှီ မသိဘူး။ အဲဒါတွေကို စစ်ဆေးတဲ့သူက လည်း သူတို့ဆီကသူတွေကပဲပြန်စစ်တာဆိုတော့ လူထုအနေနဲ့က ကဏ္ဍတစ်ခုကို သက်တမ်းရှည်ရှည် ဘယ်တော့မှ မခံစားရဘူး။ ဖြစ်သင့်တာကတော့ ကျွန်တော်တို့ဆွေးနွေးသလို Privatization ဖြစ်ဖို့လိုမယ့် လျှပ်စစ်နဲ့ ပတ်သက်တဲ့ကုမ္ပဏီတွေကိုပေးလိုက်ရင် လူထုကလည်း လျှပ်စစ်နဲ့ပတ်သက်တဲ့ကဏ္ဍကို ပြည့်ပြည့်ဝဝခံစားရ မယ်။ အစိုးရက သူ့ရဲ့နှုန်းထားတွေကိုသာ ထိန်းညှိပေး။ လမ်းပိုင်းဆက်သွယ်ရေး ကဏ္ဍဆိုရင်လည်း ထိုနည်း လည်းကောင်းပဲ။ အဲဒီလိုဆိုရင် အစိုးရနဲ့ပတ်သက်တဲ့သူ တွေက PC ကို စစ်ဖို့ပဲ တာဝန်ရှိတော့တာပေါ့။ အဲဒီတော့ သူ့ Plan ကို စစ်ဆေးတဲ့အခါမှာ ဥပမာ- လမ်းနဲ့ပတ်သက်တာဆိုရင် ပါဝင်တာတွေက အဆင့်မှီ/ မမှီဆိုတာတွေ အစိုးရအနေနဲ့က သေချာစိစစ်ကြည့်ပြီး ဆောက်လုပ်ရေး ကုမ္ပဏီ တွေကဆောက်။ ဆောက်ပြီးတဲ့အခါမှာလည်း အရည်အသွေး၊ အရည်အချင်း မှီ/ မမှီကိုလည်း အစိုးရဝန်ထမ်း တွေက သေချာပြန်စစ်။ အဆင်မပြေရင် ဖျက်ခိုင်းသင့်ရင်လည်းပြန်ဖျက်။ အဲဒါမျိုးလေးနဲ့ Privatization ကို ခိုင်ခိုင်မာမာပေးသင့်တယ်ဗျ။ ပိုတောင်မှ Recuse လုပ်ရတာလွယ်သွားလိမ့်မယ်။ လက်နက်ကိုင်ပဋိပက္ခကြား လည်း သယ်စရာ၊ ပြုစရာမရှိတော့ဘူးလေ။ ပြည်ပ ရန်မရှိရင် တပ်မတော်သားတစ်ဦးတောင်မှ အသက်ဆုံးရှုံး စရာ၊ အသက်စွန့်လွှတ်စရာ မရှိဘူးလေ။ အသက်စွန့် လွှတ်ခဲ့ရရင်တောင်မှ ပြည်ပရန်ကိုကာကွယ်ရင်းနဲ့ အသက်စွန့်လွှတ်သွားရတယ်ဆိုတာက အလွန်တရာကို ဂုဏ်ယူဖို့ကောင်းတယ်ဗျ။ အခုကတော့ ကိုယ့်နိုင်ငံသား အချင်းချင်း တိုင်းရင်းသားအချင်းချင်း ပြည်တွင်းပဋိပက္ခ ကြောင့် တိုင်းရင်းသားအ ချင်းချင်းသတ်ကြဖြတ်ကြတဲ့ အခါကျတော့ တစ်ခါတစ်ခါ သတ်ဖြတ်ကြတယ်ဆိုတာက ဂုဏ်ယူဖို့မကောင်းဘူးဗျ။ အချင်းချင်းသင်ခန်းစာယူဖို့ ကောင်းတယ်။ အကျဉ်းချုပ်ပြောရရင်တော့ ကိုယ်ကဏ္ဍ၊ သူူ့ကဏ္ဍ၊ ကိုယ့်ကဏ္ဍ၊ သူ့ကဏ္ဍအလိုက်တာဝန်ခွဲ ဝေပေးတတ်ဖို့ကလည်း လိုအပ်ပါတယ်။ မြန်မာ့တပ်မတော်ကလည်း ညှိနှိုင်းဆွေးနွေးပြီးမှ အဖြေတစ်ခု ရအောင် လုပ်ဖို့ ဗိုလ်ချုပ်မင်းအောင်လှိုင်ဘက်က ဆောင်ရွက်လာနိုင် လိမ့်မယ်လို့ယုံပါတယ်။ ပြည်ထောင်စု တပ်မတော်ဖြစ်အောင် ဖန်တီးနိုင်လိမ့်မယ်။ လူထုမေတ္တာရှိအောင်၊ ပြည်ပ ရန်ကိုကာကွယ်တဲ့တပ်မတော်ဖြစ် အောင် ကျွန်တော်တို့ဒီကာလဟာ အချိန်မနှောင်းသေးဘူးလို့ ထင်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့လက်နက်ကိုင်ပဋိပက္ခတွေဘက်က ချုပ်ငြိမ်းဖို့နဲ့ လက်နက်ကိုင်အဖွဲ့တွေလည်း ညှိနှိုင်းတိုင်ပင်နိုင်အောင်ဖိတ်ခေါ်နိုင်မှုကလည်း တော်တော်အရေးကြီးတယ်ဗျ။ ဗိုလ်ချုပ်ဦးနေဝင်းလက်ထက် တုန်းက ကျွန်တော်တို့ကြားပါတယ်။ တော်လှန်ရေးကောင်စီစပြီး အာဏာသိမ်းတဲ့နောက်မှာ ငြိမ်းချမ်းရေးဖိတ် ခေါ်တယ်။ နောက်ပြီး အကြောင်းကြောင်းကြောင့် ဦးနုကြီးကိုတောင်မှ ဖိတ်ခေါ်ပေးပါတယ်။ လွတ်ငြိမ်းသက်သာ ခွင့်ပေးပြီးမှ အိန္ဒိယသို့ ဘုရားဖူးဖို့ခွင့်ပြုပေးခဲ့တာပဲလေ။ အဲဒီတော့ပြန်ကြည့်ရင် မုန်းစကို တိုစေချင်ပါတယ်။ ချစ်စကို ရှည်စေချင်ပါတယ်။ အဲဒါတွေအားလုံးရဲ့လုပ်ပိုင်ခွင့်ကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့လက်ထဲ မှာ ရှိနေ တာပေါ့။ အဲဒီတော့ အကောင်းဆုံးကိုသူရွေးနိုင်ပါစေ။ ပြည်ထောင်စုကိုလည်း ပိုပြီးခိုင်မာအောင်တည် ဆောက်နိုင်ပါစေ။ မြန်မာ့တပ်မတော်ကြီးကိုလည်း ပြည်ထောင်စုတပ်မတော်အဖြစ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးပါဝင်တဲ့ ပြည်ထောင်စုတပ်မတော်ကြီးကို ဖန်တီးနိုင်ပါစေ။ နိုင်ငံကိုအုပ်ချုပ်တဲ့အခါမှာလည်း ဗမာတစ်မျိုးသားတည်း၊ ဗမာတစ်မျိုးတည်းမဟုတ်ဘဲနဲ့ အလှည့်ကျတိုင်းရင်းသားများအားလုံးပါဝင်တဲ့ စစ်သေနာ ပတိချုပ်အဖွဲ့နဲ့သေချာဦးဆောင်ပြီး အဖွဲ့အစည်းကြီးတစ်ခုကိုတည်ဆောက်နိုင်ပါစေလို့ ကျွန်တော်ကတော့ မျှော်လင့်ဆုတောင်းပါတယ်။

မေး ။ ။ ကျွန်တော်သိသလောက်နဲ့ ကျွန်တော်မှီတဲ့ သက်တမ်းတစ်ခုစာလောက်ကိုပဲကြည့်လိုက်တဲ့အခါကျေ တာ့ ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံရေးအခင်းအကျင်းအကုန်လုံးက တပ်မတော်နဲ့ပဲ ဖက်ပြိုင်ရတာမျိုးဖြစ်လာတယ်။ နိုင်ငံရေးသမားတွေလည်း တပ်မတော်နဲ့ပဲ။ ခေတ်အဆက်ဆက် နိုင်ငံရေးသမားတွေသာ ပြောင်းပြောင်းသွား တာ တပ်မတော်က တပ်မတော်ပဲ။ ဆိုတော့ စစ်တပ်ဟာ နိုင်ငံရေးသမားတွေနဲ့ အမြဲတမ်းကစားယှဉ်ပြိုင်နေရ တာမျိုးဖြစ်နေပြီး တဖက်မှာလည်း နိုင်ငံရေးသမားတွေကလည်း စစ်တပ်ကိုပဲ သွားယှဉ်ပြိုင်နေတာကို တွေ့ရ တယ်။ အဲဒီတော့ စစ်တပ်ကို ဗီလိန်နေရာကို ပို့လိုက်ကြတယ်။ အဲဒီတော့ စစ်တပ်နဲ့ရန်ဖြစ်ပြီးတော့ တိုင်းပြည်ကို တည်ဆောက်ရမှာလား။ စစ်တပ်နဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ တိုင်းပြည်ကိုတည်ဆောက်ရမှာလား။ ဒါမှမဟုတ် စစ်တပ်ကို ဘယ်လိုသုံးရမလဲ။ ဆရာဆိုရင်ရော နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ ။ ။ လက်ငါးချောင်းမှာတောင်မှ မတူဘူးလေ။ လက်မ ကတော့ အားပိုကောင်းတာပေါ့။ လက်မ မပါရင် ဘာမှသုံးလို့ အဆင်မပြေဘူး။ လက်ငါးချောင်းမှာတောင် သူ့ရဲ့တန်ဖိုးတစ်ခုချင်းတစ်ခုချင်းရဲ့တန်ဖိုးက မတူကြ ဘူး။ ကျွန်တော်တို့ အဲဒါပါပဲ။ လက်ကိုဆုပ်ကိုင်တဲ့အားဟာ လက်ငါးချောင်းမှာ တာဝန်ကိုယ်စီခွဲဝေပေးနိုင်မှုကို ဆုံးဖြတ်ပေးနိုင်ဖို့က အဓိကအရေးကြီးတယ်။ တာဝန်ခွဲဝေမှုပေါ့။ အဲဒီတော့ ကျွန်တော်တို့ပြည်ထောင်စုကို ဘယ်လိုဖွဲ့စည်းသလဲဆိုတာရယ်၊ ပြည်ထောင်စုကိုဘယ်လိုတာဝန်ခွဲဝေပေးမှာလည်းဆိုတာရယ်၊ ကိုယ်တစ် ယောက်တည်းတာဝန်အားလုံးကို ယူထားသင့်သလား။ လက်ညိုး၊ လက်ခလယ် စသဖြင့် သူတို့ကိုလည်း တာဝန် အသီးသီးကိုခွဲဝေပေးသင့်သလားဆိုတာမှာ နှစ်(၇ဝ) ကြာပဋိပက္ခရဲ့အချက်အလက်ကိုအခြေပြုပြီးမှ သုံးသပ် စိတ်ဖြာရမယ့်ကဏ္ဍဖြစ်သွားပြီ။ အဲဒီတော့ မြန်မာ့တပ်မတော်ကလည်းပဲ သမိုင်းနဲ့လာတာကို။ မြန်မာ့တပ်မတော် သမိုင်းက မြန်မာ့တပ်မတော်ရဲ့လက်ရှိအနေအထားနဲ့ တကယ်ရှိသင့်တဲ့အနေအထားကိုပြန်သုံးသပ်ဖို့လိုတာ ပေါ့။ အဲဒီလိုပဲနိုင်ငံရေးသမားတွေကလည်း နိုင်ငံရေးသမားတွေရဲ့ကဏ္ဍနဲ့သူတို့ရဲ့အနေအထားကိုပြန်သုံးသပ် ဖို့ လိုတယ်။ တပ်မတော်ကိုချည်းပဲလက်ညှိုးထိုးနေလို့ ပဋိပက္ခပြေလည်မှာလား။ နိုင်ငံရေးသမားသည် နိုင်ငံရေး သမားတာဝန်ကိုရော ပီပီသသလုပ်နိုင်ခဲ့ကြရဲ့လားဆိုတာကိုပြန်ကြည့်။ ဦးကျော်ငြိမ်း၊ ဦးဘဆွေ၊ ဦးနု တို့ ခေတ်ကိုလည်းပြန်ကြည့်ပေါ့။ ဦးနေဝင်း၊ ဗိုလ်ချုပ်ကျော်ဇောတို့၊ ဦးမောင်မောင်တို့ခေတ်ကိုလည်းပြန်ကြည့်ရ မယ်။ အဲဒီတော့ မြန်မာ့တပ်မတော်ကိုဖြစ်စေချင်တာပေါ့နော်။ နှစ်(၇ဝ) ကြာအားလုံးသော အချက်အလက်များ ကိုအခြေပြုပြီး ကျွန်တော်တို့အခုပြန်သုံးသပ်ကြည့်ကြမယ်ဆိုရင် မြန်မာ့တပ်မတော်က မြန်မာ့တပ်မတော်ရဲ့ ပင်ရင်းတာဝန်ကိုစပြီးတော့ သွားသင့်ပြီ။ Professional Army ၊ Standard Army ဆိုတာမျိုးဘက်ကို ဦးတည်ပြီး တော့ သွားသင့်နေပြီ။ အဲဒီလိုသွားမယ်ဆိုရင် ပြည်တွင်းစစ်မရှိရဘူးလို့ တစ်ခါ၊ တစ်ခါပြောပါတယ်။ အဲဒီတော့ ပြည်တွင်းစစ်ကြောင့် မြန်မာ့တပ်မတော်သည် နိုင်ငံရေးထဲမှာ ပါနေကြရတယ်လို့၊ ပြည်ထောင်စုမပြိုကွဲဖို့အတွက်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ဖို့အတွက်အရင်းခံလို့ပဲ ဒီလိုပဲပြောကြဆိုကြတာပေါ့ဗျာ။ ဒါတွေနဲ့ပဲ ပတ်ချာလည် နေပြီး အစရှာမရ ဖြစ်နေတာပေါ့။ အဲဒီတော့ ပြည်တွင်းစစ် မရပ်သမျှကာလပတ်လုံး မြန်မာ့တပ်မတော်သည် နိုင်ငံရေးထဲမှာပါနေမယ်။ နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးယန္တရားမှာ ပါကို ပါမှဖြစ်မယ်။ မဟုတ်ရင် တိုင်းပြည်ပြိုကွဲ သွားမယ်ဆိုတဲ့အယူအဆ၊ အဲဒီအယူအဆကရော ခိုင်မာမှုဘယ်လောက်ထိရှိသလဲ။ မှန်ကန်ရဲ့လား။ ပြည်တွင်း စစ်ကိုရပ်သွားအောင် ကျွန်တော်တို့မဖန်တီးနိုင်ဘူးလား။ အဲဒီလိုရပ်သွားနိုင်လောက်တဲ့ဆွေးနွေးမှု အပေးအယူ ကို ကျွန်တော်တို့တတွေ မလုပ်နိုင်ကြဘူးလား။ ဘယ်လောက်များကြီးကြီးမားမားပေးရမှာလဲ။ အသက်တွေ အများကြီးပေးပြီးပြီ၊ အသက်ထက်တန်ဖိုးကြီးတာရှိသေးရဲ့လား။ လူ့သမိုင်းတစ်ခုမှာ အသက်တွေအများကြီး ပေးဆပ်ပြီးပြီ။ နှစ်(၇ဝ) ကြာ တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်အုပ်ချုပ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ကြောင့်ဖြစ်လာတဲ့ ပြည်တွင်းစစ်ကြီး။ ပြည်တွင်းစစ်ကြီးကြောင့်ပြည်ထောင်စုပြိုကွဲမယ်လို့ပြောတယ်။ အဲဒီတော့ ပြည်တွင်းစစ် ကြောင့်တိုင်းရင်းသားစည်းလုံးညီညွတ်မှုက မပြိုကွဲဘူးလား၊ ပြိုကွဲနေသလား။ ပြည်တွင်းစစ်ကိုလည်း သက်ဆိုး ရှည်အောင်ထားမယ်။ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပြိုကွဲမှာ ကြောက်တယ်လို့လည်း ပြောတယ်။ အဲဒီတော့ ပြည်တွင်းစစ်သည် တိုင်းရင်းသားအချင်းချင်းပြိုကွဲအောင်ဖန်တီး တဲ့အကြောင်းအရင်း မဟုတ်ဘူးလားဆိုတာကတော့ မေ့နေကြတယ်။ လုံးချာပတ်ချာလည်နေတာပေါ့ဗျာ။ အားလုံးကိုချုပ်ကြည့်ရင်တော့ ခုနကပြောတဲ့မြန်မာ့တပ်မတော်ရဲ့အနေအထားကတော့ နိုင်ငံတစ်ခုမှာ ပြည်ထောင်စုတပ်မတော်အဖြစ်နဲ့ရှိဖို့လိုအပ်တယ်။ သို့သော် သူ့တာဝန်ကိုယ့်တာဝန်ကို ခိုင်ခိုင်မာမာသတ်မှတ်ဖို့ လိုအပ်တယ်။ ဒါကိုဖွဲ့စည်းပုံအခြေခံဥပဒေမှာ သေသေချာချာကို သတ်မှတ်ပေးဖို့လိုတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ဖြင့် အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍာမှာ တပ်မတော်ကိုရှိတယ်လို့သတ်မှတ်ထား တာကို။ အဲဒီတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ရဲ့ပါဝင်မှုကိုတော့ဖြင့် ကျွန်တော်တို့ပြောလို့ မရဘူး။ ဘာ့ကြောင့်လဲဆိုရင် နိုင်ငံရေးထဲမှာပါဝင်အောင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရေးဆွဲထားခဲ့မိလျက် သားဖြစ်နေပြီ။ အဲဒီတော့ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုတပ်မတော်လို့ပဲပြောပြော၊ မြန်မာ့ တပ်မတော်ကိုမြန်မာ့တပ်မတော်ရဲ့နေရာအစစ်အမှန်ရောက်အောင် ကျွန်တော်တို့တွေ နိုင်ငံရေးထဲကနေ ဘယ်လိုပြန်ပြီးဆွဲထုတ်မှာလည်းဆိုတာ ညှိနှိုင်းမှု၊ အပေးအယူ၊ သဘောထားကြီးမှုနဲ့ တာဝန်ကိုယ်စီရှိမှုအပြင် တာဝန်သိမှုက ပိုအရေးကြီးပါတယ်။ ဥပမာ- မြန်မာ့တပ်မတော်ရဲ့အနေအထားသည် နိုင်ငံရေးထဲကနေ ဘယ်လို နောက်ဆုတ်ပြီးမှ ကျွန်တော်တို့ဆွေးနွေးခဲ့ ကြသလို လွှွတ်တော်မှာတပ်မတော်သား(၂၅) ရာခိုင်နှုန်းကနေ သုည ရာခိုင်နှုန်းဖြစ်တဲ့အထိ ဘယ်လိုမျိုး ဇီးရိုး အထိကိုသွားမှာလဲ။ သူတို့ရဲ့မူလတာဝန်ဖြစ်တဲ့ Professional Army ဖြစ်အောင် ကျွန်တော်တို့ ပြည်ထောင်စုကြီးကို ပြည်ပရန်ကနေ ကာကွယ်မယ်။ ကာကွယ်မယ်ဆိုတဲ့နေရာမှာ လည်း ဗမာ့တပ်မတော်တစ်ခုတည်းမဟုတ်တော့ဘူး။ ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ ရခိုင်၊ မွန် စသဖြင့် အားလုံး ပါတဲ့ပြည်ထောင်စုတပ်မတော်ကြီးတစ်ခုလုံးက ကာကွယ်မယ်။ နိုင်ငံရေးနယ်ပယ်ထဲက ဆုတ်ခွာရမယ်။ နိုင်ငံရေး ကိုလည်း တကယ့်ကိုပရော်ဖက်ရှင်နယ်နိုင်ငံရေးသမားလက်ထဲကိုအပ်မယ်။ ဒါပေမယ့် ပရော်ဖက်ရှင်နယ်နိုင်ငံ ရေးသမားကိုတော့ မွေးထုတ်ပေးရမှာပေါ့။ ကိုယ်ကျိုးရှာတဲ့၊ အကျင့်ပျက်ဖောက်ပြားတဲ့ ၊ လက်ပေးလက်ယူလုပ် တဲ့ နိုင်ငံရေးသမားတွေများလာရင် တိုင်းပြည်ပြိုပျက်သွားမှာပေါ့။ အဲဒီတော့ နိုင်ငံရေးသမားအစစ်အမှန်ဖြစ် အောင်လည်း Generation by generation က တကယ့်ကို Political Sense (နိုင်ငံရေးအသိ) နဲ့ Economic ကို သင်ပေးရမှာပေါ့။ Politician(နိုင်ငံရေးသမား) ဖြစ်လာအောင်။ အဲဒီတော့ ဒါမျိုးက ကဏ္ဍအလိုက်တာဝန်အသီး သီးခွဲဝေပေးနိုင်ဖို့လိုအပ်ပြီး ကျွန်တော်သဘောထားကြီးကြီးနဲ့ ဒါမျိုးလိုအပ်တယ်ဆိုတာကို မြန်မာ့တပ်မတော် ဘက်က သဘောပေါက်သလို နိုင်ငံရေးသမားတွေဘက်ကလည်းသဘောပေါက်ဖို့လိုတယ်။ အဲဒီတော့ပြန်ကြည့် ရင် ကျွန်တော်တို့နိုင်ငံမှာ အခုတောင်နိုင်ငံရေးသမားဆိုရင် မယုံကြဘူး။ ကျွန်တော်လည်း နိုင်ငံရေးသမားအဖြစ် သို့ပုံပြောင်းသွားတာပေါ့။ နိုင်ငံရေးသမားတွေကိုမယုံဘူးဆိုတဲ့နေရာမှာလည်း နိုင်ငံရေးသမားတွေရဲ့ပါဝါကို ပြန် ကြည့်။ ဦးနုခေတ်ကနေစပြီး ဖဆပလခေတ်ကို ပြန်ကြည့်။ တကယ့်တကယ်ကျတော့ နိုင်ငံရေးသမားလက်ထဲမှာ နိုင်ငံရေးအာဏာရှိပေမယ့်လို့လည်း တကယ်တမ်း ခင်ဗျားကိုယ်တိုင်လည်းပြန်ကြည့်ကြည့်ပါ၊ ရန်ကုန်အစိုးရ ဖြစ်တဲ့ကာလမှာ ဗိုလ်ချုပ်ကြီးနေဝင်းတို့က ရန်ကုန်ကိုကာကွယ်တယ်။ တကယ့်တကယ့် သခင်စော၊ သခင်သန်း ထွန်းတို့က ဗကပ တောင်မှာ နောက်ကျောကနေ ဝင်တိုက်ပေးတာပဲလေ။ အဲဒီတော့ မြန်မာနိုင်ငံရေးသမားများရဲ့ ကဏ္ဍမှာ အမျိုးသားရေးအစွန်းတစ်ခုတော့ရှိနေပြီဗျ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဗမာအမျိုးသားရေးမဏ္ဍိုင် ကြီးပြိုသွားမှာကို ကြောက်တယ်။ ကရင်အမျိုးသားရေးမဏ္ဍိုင်ကြီး ခိုင်ခိုင်မာမာတည်ဆောက်သွားရင်ဆိုတဲ့ စိုးရိမ်စိတ်တွေ၊ ရခိုင်တို့၊ ရှမ်းတို့ကများ မဏ္ဍိုင်ကြီးတစ်ခုကို ပြည်ထောင်စုမှာတည်ဆောက်သွားရင်ဆိုတဲ့ စိုးရိမ် စိတ်က နိုင်ငံရေးသမားများ ပြည်မအင်အားစုတွေမှာရှိနေတယ်လို့ ကျွန်တော်တို့သုံးသပ်တာပေါ့။ အဲဒီတော့ မြန်မာ့တပ်မတော်ကျတော့ အဲဒါမျိုးမဟုတ်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့တိုင်းရင်းသားများရင်ဆိုင်တဲ့အခါမှာ ပြည်မနိုင်ငံရေးသမားအင်အားစုတွေနဲ့ရင်ဆိုင်မှာလား။ မြန်မာ့တပ်မတော်အင်အားစုနဲ့ရင်ဆိုင်မှာလား။ တိုင်းရင်း သားများတောင်းဆိုတဲ့အခွင့်အရေးကို ဘယ်သူကပိုပေးနိုင်မှာလဲ။ စစ်အစိုးရခေတ်နဲ့ နိုင်ငံရေးခေတ်ကိုပြန်ကြည့် ရင် နိုင်ငံရေးခေတ်မှာဆွေးနွေးရတာ အင်မတန်ကို ကြာတယ်ခင်ဗျ။ အရပ်သားနိုင်ငံရေးသမားတွေရဲ့လက်ထဲမှာ အာဏာရှိရင် ကျွန်တော်တို့တိုင်းရင်းသားများလိုလားချက်ကိုဆွေးနွေးရတာ၊ ငြင်းခုံရတာ၊ တောင်းရတာ အင်မတန်မှကိုဆုံးဖြတ်ချက်က ကြာတယ်ဗျ။ အဲဒီတော့ အာဏာသုံးရပ်လုံးကို ကိုင်ထားတဲ့၊ တပ်နဲ့ပတ်သက်တဲ့ အာဏာသုံးရပ်ကိုကိုင်ထားတဲ့ ပုဂ္ဂိုလ်နဲ့ဆွေးနွေးရတာဆုံးဖြတ်ချက်က ပိုမြန်တယ်ဗျ။ နှစ်ခုကိုနှိုင်းယှဉ်မယ်ဆိုရင် ဦးသိန်းစိန်နဲ့ NLD လက်ထက်က ငြိမ်းချမ်းရေးရလာဒ်ဆိုရင် ဦးသိန်းစိန်လက်ထက်မှာက NCA လမ်းကြောင်းအရ နည်းနည်းလေးရှိတာကို။ ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာက အစိတ်အပိုင်းနှစ်ခု လက်မှတ်ထိုးနိုင်ခဲ့တယ်။ စုစုပေါင်း ငါးဆယ့်တစ်ချက်လောက် ရလာပြီးပြီး။ ငါးဆယ့်တစ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့အတွက် ဘယ်လိုမှအဆင်မပြေနိုင်သလို စနိုင်တဲ့အနေအထားကို မရှိဘူး။ တစ်နည်းအားဖြင့် ခြောက်နှစ်တာကာလ ငြိမ်းချမ်းရေးဆွေးနွေးမှုရဲ့ရလာဒ်သည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်တဲ့အနေအထား (၁) ရာခိုင်နှုန်းတောင် မရှိဘူး။ အဲဒီတော့ ရလာဒ်သည်(၁) ရာခိုင်နှုန်းအောက်ပဲရှိတယ်။ ဒါက ခြောက်နှစ်တာ အရွေ့နော်။ အဲဒီတော့ ခြောက်နှစ်ကို ဘယ်နှစ်ဆယ်လောက်ထိ သွားနေရဦးမှာလဲ။ ဘယ်တော့မှ ညီမျှတဲ့ ညီလာခံကြီးလုပ်ပေးမှာလဲ။ အဲဒီတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုကြိုက်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်အောင် အရပ်သားအစိုးရကရော ဘယ်တော့လုပ်နိုင်မှာလဲဆိုတာကို ကျွန်တော်တို့ကိုယ်တိုင်လည်း တွေး ကြောက်လာတာပေါ့။ အခုတပ်မတော်နဲ့ပတ်သက်တဲ့စကားတွေအားလုံးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဦးဆောင်မှုနဲ့ဘယ်အချက်တွေကိုတော့ ဘယ်လိုလျော့ပေးမယ်လို့တချက်အမိန့်ထုတ်လိုက်ရင် အရပ်သား အစိုးရ ငါးနှစ်၊ တပ်မတော်အစိုးရ တစ်လနဲ့ညှိနှိုင်းမှုအဆင်ပြေရင် NCA လမ်းကြောင်းအရ ကျွန်တော်တို့ကာလ ဟာ ဆယ်နှစ် (သို့) အနှစ်နှစ်ဆယ် တိုသွားလိမ့်မယ်။ တနည်းအားဖြင့် ရလဒ်အခြေပြုတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုရတဲ့အချိန်လေးမှာ အချိန်တစ်နှစ်၊ နှစ်နှစ်အတွင်းပဲဖြစ်ဖြစ် အချက်အလက်သာခိုင်မာခဲ့ရင် ကျွန်တော် တို့က ပိုပြီးတော့ တိုင်းရင်းသားတွေလိုလားတဲ့အချက်တွေ ပိုပြီးတော့ရှေ့ကိုရောက်လိမ့်မယ်။ ပိုပြီးတော့ ရလဒ် ကောင်းကောင်းရမယ်။ ဥပမာ- နိုင်ငံရေအစိုးရတစ်ရပ်နဲ့ စစ်အစိုးရတစ်ရပ်မှာ စစ်အစိုးရက ပိုပြီးတော့ မြန်ဆန် တယ်ဗျ။ ဆုံးဖြတ်ချက်တစ်ခုရဖို့အတွက် အင်မတန်ကိုမြန်ဆန်တယ်။ အရပ်သားနိုင်ငံရေးအစိုးရတစ်ရပ် လက်ထက်မှာကျတော့ ဆုံးဖြတ်ချက်က အနှစ်သာရမပြည့်ဝတဲ့အပြင် ဆုံးဖြတ်ချက်တစ်ခုရဖို့အတွက်တောင် အချိန်တော်တော်လေးကိုပေးရတယ်။ ဘာမှလုပ်လို့မရတော့ဘူးပေါ့။ အဲဒါကြောင့် SAC လက်ထက်မှာ တိုင်းရင်းသားတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေလိုလားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို ခိုင်ခိုင်မာမာ ဖြစ်အောင်၊ ငြိမ်းချမ်းမှု ခိုင်ခိုင်မာမာဖြစ်အောင်၊ အချိန်တိုအတွင်းမှာ ဆွေးနွေးမှုကို ကျစ်ကျစ်လစ်လစ်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုင်တွေ့ဆုံပြီးမှ ဖြေရှင်းနိုင်မယ်ဆိုရင် ကျွန်တော်တို့ရလဒ်ကောင်းတစ်ခု ရလာ မယ်။ ဒါကတော့ ကျွန်တော်စဉ်းစားမိသလောက်ပြောပြတာပါ။

မေး ။ ။ ဟုတ်ကဲ့။ အခုကျွန်တော်ဒီမှာ ထပ်ပြီးသိချင်တာတစ်ခုက နိုင်ငံရေးသမားတစ်ယောက်ရဲ့အရည် အချင်း၊ တိုင်းပြည်အပေါ်ထားတဲ့စေတနာနဲ့ နောက်တစ်ခါ ကိုယ့်ရဲ့ Personal ကိုယ်ကျိုးအတ္တတွေကို ဆရာ့ အနေနဲ့ ခွဲခြမ်းစိတ်ဖြာပြီးတော့ တစ်ခုချင်းရှင်းပြ၊ ပြောပြလို့ရမလား။ ဥပမာ- ကိုယ်ကျိုးအတ္တများတဲ့နိုင်ငံရေး သမားဟာ တိုင်းပြည်ကိုဦးဆောင်နိုင်ပါ့မလား။ အဲဒီလိုပဲ ကိုယ်ကျိုးအတ္တကိုနည်းနိုင်သမျှနည်းအောင်ထားနိုင်တဲ့ နိုင်ငံရေးသမားကိုရော ဆရာမြင်ဖူးလား။ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ ဆရာ့အနေနဲ့ရော ဘယ်လိုမြင်ထား တာရှိမလဲ။
ဖြေ ။ ။ အတ္တကတော့ မကင်းကြဘူးဗျ။ ကိုယ်ရယ်၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်ရယ်ဆိုတာကတော့ နိုင်ငံရေးသမားတိုင်းမှာ အခြေခံပါလာကြမယ်ထင်တယ်။ အဲဒီတော့ ကင်းအောင်ဆိုတာမျိုးက သူ့ရဲ့ယုံကြည်မှု၊ သူ့ရဲ့ရပ်တည်မှုနဲ့ သူ့ရဲ့ဂုဏ်သိက္ခာနဲ့ထိပ်တိုက်တွေ့တဲ့အခါမှာ ကိုယ့်ရဲ့အတ္တက တဖြည်းဖြည်းနဲ့လျော့လျော့ သွားတာပေါ့။ ကိုယ့်ရဲ့သမိုင်းမှာ ကိုယ်က ဘာပေးဆပ်ခဲ့မှာလဲ။ ကိုယ့်ရဲ့သမိုင်းကို ကိုယ်က ဖြူဖြူစင်စင်ရေးမှာ လား။ ခုနကပြောသလိုပဲ အတ္တအမှောင်ဖုံးပြီးမှ သမိုင်းအရ လက်ညှိုးထိုးခံရတဲ့ပုဂ္ဂိုလ်များဖြစ်အောင်ထားခဲ့မှာ လားဆိုတာနဲ့ ကိုယ့်ရဲ့ရပ်တည်မှုဆိုတာက ပြန်ပြီးတော့အားပြိုင်ကြတာပေါ့။ ကိုယ်ကျိုးအတ္တရယ်၊ အများနဲ့ပတ် သက်တဲ့ကိစ္စမှာ အားပြိုင်မှု၊ ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့အားပြိုင်မှု၊ ပုဂ္ဂိုလ်တစ်ဦးချင်းစီမှာရှိကြပါတယ်။ အဲဒီလို အားပြိုင်မှု၊ အားသာချက်ကြောင့် ကိုယ့်ရဲ့အတ္တဟာ အဆင့်တစ်ခုအောက်ကိုကျသွားပြီးမှ အများအတွက် ကိုယ့် ရဲ့သမိုင်းမှာကျန်ခဲ့အောင်ဆိုတဲ့ရပ်တည်မှု။ အဲဒီလိုရပ်တည်မှုကောင်းတဲ့ပုဂ္ဂိုလ်တွေ နိုင်ငံရေးနယ်ပယ်ထဲမှာ ရောက်လေ အများအမြင်မှာကိုကတည်းက သန့်ရှင်းတဲ့၊ အများအတွက် ကိုယ်ကျိုးစွန့်သွားတဲ့ဝန်ကြီးချုပ် လက်ထက်တိုင်ခင်ကလည်း တစ်ကျပ်ပဲ ရှိတယ်။ ဝန်ကြီးချုပ်ဘဝက ထွက်သွားလည်း တစ်ကျပ်ပဲရှိတယ်ဆိုပြီး တစ်ခါက ဦးနုပြောခဲ့တဲ့ဂုဏ်သိက္ခာအရ တိုင်းပြည်ကိုအလုပ်အကျွေးပြုတာဖြစ်တယ်။ ငါ့အတွက် ငါ့မိသားစု အတွက် ကိုယ်ကျိုးရှာတာမဟုတ်ဘူးဆိုတဲ့ဂုဏ်သိက္ခာအရ ရပ်တည်မူက ကျွန်တော်ထင်တယ် အရေးကြီးလှပါ တယ်။ သို့သော်လည်းပဲ ပြန်ကြည့်ရင် အခုခေတ်မှာက နိုင်ငံအသီးသီးမှာလည်းပဲ အတ္တကို ဗဟိုပြုကြတာတို့၊ တချို့ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ အတ္တကိုရှေ့တန်းတင်တာ နည်းကြမယ်လို့ထင်ပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာတို့၊ နိုင်ငံရေးရာသီဥတု အလွန်ကိုညစ်ပတ်တဲ့ပတ်ဝန်းကျင်တွေမှာ ကြီးပြင်းတဲ့ကြတဲ့အနေအထား မှာဆို လက်ညှိုးထိုးရင်တော့ နည်းနည်းတော့ရှိကြလိမ့်မယ်ဗျ။ ကိုယ်ကျိုးစွန့်တဲ့နိုင်ငံရေးသမားတွေက မရှိဘူး မဟုတ်ဘူး။ ရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း လူထုကြားထဲမှာ အရောာင်ဆိုးတာတွေက နိုင်ငံရေးတွေထဲမှာဆိုရင် ပိုပြီးတော့ မြင်သာထင်သာတာကို။ အဲဒီတော့ သန့်ရှင်းတဲ့နိုင်ငံရေးအခင်းအကျင်းတစ်ခုဖြစ်အောင်ကတော့ ဖန်တီးပေးဖို့လိုပါတယ်။ အဲဒါကတော့ ကိုယ့်ကိုယ်တိုင်သည်ပင်လျှင် သန့်ရှင်းပြီးမှ အများအတွက်ကိုယ်ကျိုးစွန့် တယ်ဆိုတဲ့ခံယူချက်ကလည်း အရေးကြီးမယ်ထင်ပါတယ်။ ခေတ်ကာလတစ်ခုနဲ့တစ်ခုကတော့ ဘယ်တူမလဲ ဗျာ။ ဗိုလ်ချုပ်အောင်ဆန်းတို့လက်ထက်မှာတော့ ယူနီဖောင်းလေး သုံးစုံ၊ နှစ်စုံလောက်ပဲရှိခဲ့ကြတယ်။ သူ ကျဆုံး သွားပြီးတဲ့နောက်မှာ အများပြည်သူမြင်သာထင်သာအောင် ချိတ်ပြခဲ့တာပဲလေ။ အနေကလည်း ရိုးတယ်။ သူ့ အတွက် ကြီးကြီးမားမားကိုယ်ကျိုးရှာခဲ့တာပြီးမှ တိုင်းပြည်ကိုလွတ်လပ်ရေးအတွက် ကြိုးစားပမ်းစား၊ တိုင်းရင်းသားများနဲ့ချစ်ကြည်ရေးအတွက် ကြိုးစားပမ်းစားလုပ်ခဲ့ကြတာကို။ အဲဒီလိုပုဂ္ဂိုလ်မျိုးကလည်း အခုမရှိ နိုင်ဘူးလားဆိုရင် ရှိနိုင်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေမှာလည်း ရှိနိုင်ပါတယ်။ ဗိုလ်ချုပ်ကြီးမူထူးစေးဖိုးတို့နေတဲ့အိမ်လေးဆိုရင် တစ်ခါပြတယ်။ သနားဖို့လည်းကောင်းပါတယ်။ တောထဲ တောင်ထဲမှာ နှစ်ပေါင်း အသက်(၈ဝ) လောက်ပတ်ဝန်းကျင်ထိ နေအိမ်ကလေးထဲက တော်လှန်ရေး သမားဆိုလို့ ပြန်ကြည့်ရင် ကျွန်တော်တို့နေရ၊ ထိုင်ရတဲ့အနေအထားထက် အများကြီးစွန့်လွှတ်စွန့်စားပြီးမှ သူ့လူမျိုး၊ သူ့ရဲ့ ဒေသအတွက် ကိုယ်ပိုင်အုပ်ချုပ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ရှိအောင် အသက်စွန့်၊ ကိုယ်ကျိုးစွန့်တိုက်နေကြတဲ့အခါ မှာ ကျွန်တော်တို့နဲ့တော့ ဘယ်လိုလုပ်နှိုင်းယှဉ်အပ်မလဲ ခင်ဗျာ။ ဗိုလ်ချုပ်ကြီးက မာနလည်းကြီး။ တဖက်က ကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့လည်းကြည့်၊ ဒီဘက်က ဗိုလ်ချုပ်ကြီးတွေကိုလည်းကြည့်ပေါ့နော်။ နှိုင်းယှဉ်ကြည့် မယ်ဆိုရင်တော့ ခင်ဗျားတို့ကိုယ်တိုင်လည်း သဘောပေါက်မှာပါ။ အဲဒီတော့ လူငယ်လူရွယ်ကာလပေါ့ဗျာ။ မြို့ ကြီးမှာ စာသင်ပြီးမှတော့ ကောင်းကောင်းနေချင်မှာပေါ့။ လောကစည်းစိမ်ကို ကောင်းကောင်းခံစားချင်မှာပေါ့။ တောထဲတောင်ထဲမှာ မျှစ်တို့၊ မဝရေဆာလေးနဲ့ တဲလေးထိုးပြီးတော့မှ ဘယ်အချိန်ကျလာမှန်းမသိတဲ့ ဗုံးသီးတွေ ကိုမျှော်ပြီး ဘယ်လိုလုပ်နေချင်ပါ့မလဲ။ ဒါပေမယ့် သူတို့ရဲ့ခံယူချက်၊ စွန့်လွှတ်စွန့်စားလိုစိတ်ရှိတဲ့အခါမျိုးကျတော့ လက်နက်ကိုင်တော်လှန်ကြတာပေါ့။ မြန်မာ့တပ်မတော်ကိုကြည့်ရင်လည်း ခင်ဗျားတို့၊ ကျွန်တော်တို့သွားလာနေ တဲ့ပုံစံနဲ့က မတူဘူးလေ။ စစ်သားလုပ်တယ်၊ စစ်ဗိုလ်လုပ်ကြတယ်။ အမိန့်အရ၊ တာဝန်အရ သေမယ်မှန်းလည်း သိကြတယ်။ မိုင်းရှိမှန်းလည်းသိပေမယ့် အမိန့်အရတက်ကြရတာပဲ။ အဲဒီတော့ပြန်ကြည့်ရင် ကျွန်တော်တို့နိုင်ငံ ရေးသမားတွေထက် ပိုပြီးတော့ တာဝန်အရ အသက်ကိုပေးရတယ်။ အသက်ကိုစွန့်ရတယ်။ ဒါမျိုးတွေရှိကြတာ ကို။ ကျွန်တော်တို့ထက်ပိုပြီးတော့ ပေးဆပ်ကြရတယ်။ အဲဒီတော့ နိုင်ငံရေးသမားတွေနဲ့ပတ်သက်ရင်တော့ဖြင့် ခုနကခင်ဗျားပြောသလို အတွေးအခေါ်သန့်ရှင်းရမယ်။ အများအတွက် အလုပ်လုပ်တဲ့နိုင်ငံရေးသမားဖြစ်အောင်၊ ကိုယ်ကျိုးစွန့်တဲ့နိုင်ငံရေးသမားဖြစ်အောင်ကို ကြိုးစားပြီးတည်ဆောက်ရမှာပဲ။ ပတ်ဝန်းကျင်ကလည်း အဲဒီလိုမျိုး ဖြစ်အောင်ဖန်တီးပေး၊ ထောက်ပြပေးကြရမှာပဲ။ လူဆိုတာကတော့ ဖောက်ပြန်တတ်ကြတာပဲ။ အဲဒီဖောက်ပြန်မှု ကို အနည်းဆုံးဖြစ်အောင်လို့ ပတ်ဝန်းကျင်ကလည်း ပြုပြင်ပေးရမယ်။ ခင်ဗျားတို့လို မီဒီယာသမားတွေကလည်း ထောက်ပြပေးရမယ်။ တကယ်လို့ ကိုယ်ကျိုးရှာတာမျိုးကိုတွေ့ရှိရင်လည်း အရေးယူစရာကို အားနာစရာမလိုဘဲ နဲ့ ပြတ်ပြတ်သားသားအရေးယူဖြစ်ရမှာပေါ့။ ဒါမျိုးကတော့ လူထုမှာလည်းတာဝန်ရှိသလို ခင်ဗျားတို့မီဒီယာတွေ မှာလည်း တာဝန်ရှိတယ်။ နိုင်ငံရေးသမား တွေမှာလည်း တာဝန်ကြီးကြီးမားမားရှိပါတယ်။ နိုင်ငံရေးသမားအနေနဲ့ နိုင်ငံရေးလောကထဲကိုဝင်တော့မယ်ဆိုရင် ဆောင်ရန်၊ ရှောင်ရန်နဲ့ ကိုယ့်ရဲ့ကျင့်ဝတ်တွေကိုစောင့်ထိန်းဖို့တာဝန် က ရှိပါတယ်။ ဒါပေမယ့်လည်း အဲဒီအခင်းအကျင်းထိကို မြန်မာနိုင်ငံမှာ နိုင်ငံရေးသမားတွေဘက်ကလေ အဲဒီ အနေအထားထိ မရောက်သေးဘူးထင်တယ်။ ဒါပေမယ့် အချို့သောလူငယ်တွေကလည်း ကြိုးစားနေကြတယ် ဗျ။ ဒါကတော့ စောင့်ကြည့်ပေးရမှာပေါ့။

မေး ။ ။ ဆရာအတွေ့အကြုံအရ ဆရာအကျဉ်းကျတဲ့ဖြစ်စဉ်ဆိုရင် လုပ်ပိုင်ခွင့်ရှိသူတွေရဲ့အတ္တကြောင့် ဆရာ အကျဉ်းကျခဲ့ရတယ်လို့ ပြောလို့ရမလား။ ဆရာ အကျဉ်းကျသွားရတဲ့အကြောင်းရင်းကို လူတွေက ပုံဖော်တာ အမျိုးစုံပုံဖော်ပြောဆိုကြတာရှိတယ်။ အဲဒီတော့ ဆရာဆိုရင်ရော ဘာ့ကြောင့် အကျဉ်းချခံရတယ်လို့ ပြောချင်လဲ။
ဖြေ ။ ။ အစိုးရတစ်ရပ်က သူ့အတွက်စိုးရိမ်စိတ်ရှိရင် လက်နက်ကိုမြင်ကွင်းကနေ ဖယ်ထုတ်လိုက်တာပဲဗျ။ ကျွန်တော် အဲဒီတုန်းက စဉ်းစားပါတယ်။
မေး ။ ။ ဆရာအဲဒီတုန်းက လွှတ်တော်တောင် မတက်လိုက်ရဘူးနော်။
ဖြေ ။ ။ ဟုတ်တယ်။ ကျွန်တော် ဧပြီ ၂ဝ၁၇ မှာ အနိုင်ရပြီးမှ ပြည်သူ့လွှတ်တော်အမတ် ဖြစ်လာတာပေါ့။ အဲဒီ ကာလမှာ ကိုဖီအာန်နန် ကော်မရှင် Report တွေ ပေးတယ်ထင်တယ်။ ကျွန်တော်တို့နောက်မှာ ကိုဖီအာန်နန် ကော်မရှင်ရဲ့ Report ကို ကန့်ကွက်တဲ့ကာလမျိုးတွေ လွှတ်တော်ထဲမှာရှိတယ်။ ကျွန်တော်ထင်ပါတယ်။ အဲဒီ တုန်းက ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပဋိပက္ခဖြေရှင်းတဲ့ဥက္ကဋ္ဌတာဝန်ကိုယူထားတယ်။ ကျွန်တော်တို့က နိုင်ငံရေးအားဖြင့် တိပ်ကွက်လေးတွေရှိတာပေါ့။ အဲဒါကလည်း လူထုအတွက်ပါပဲ။ အဲဒါလေးကို သူလည်း ကျေနပ်ချင်မှကျေနပ်မှာပေါ့။ အဲဒီတုန်းက ရခိုင်ဆိုတာမျိုးကို ဖျောက်လိုက်တာမျိုးရှိခဲ့ပြီး Buddhist Communities ၊ အစ္စလာမ်ကွန်မြူနစ်တီ ဆိုတာမျိုးလည်း သုံးတယ်လေ။ NLD လက်ထက် နဲ့ ဦးခင်ညွန့်တို့ ပြန်ကြားရေးဝန်ကြီးဌာနကလည်း အဲဒါမျိုးသုံးခဲ့ပါတယ်။ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ အုပ်စုပေါ့နော်။ အဲဒီလောက်ထိ တောင်မှလုပ်ခဲ့တယ်။ ကျွန်တော်အပေါ်မှာလည်း သူတို့စိုးရိမ်စိတ် ရှိပုံပေါက်တယ်။ အဲဒါကြောင့်လည်း ကျွန်တော့်ကို ဒီမြင်ကွင်းကနေ ဝေးရာကို ထားမှဖြစ်မယ်ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်တစ်ခုရှိပုံပေါ်တယ်။ ကျွန်တော် ဟောခဲ့၊ ပြောခဲ့တာက ဘာမှမဟုတ်ဘူးဗျ။ တွက်ကြည့်ရင် ဒါမျိုး နှစ်စဉ်ကျင်းပတာ လေး၊ ငါးကြိမ် ရှိပြီ။ သမ္မတကြီး ဦးသိန်းစိန်လက်ထက်ကတည်းက ကျင်းပခဲ့ကြတာပေါ့။ ဒီဇင်ဘာ(၃၁)ရက်ဆိုတာက ဘိုးတော်မောင်ဝိုင်းက မဟာသမ္မတရာဇာကို မြောက်ဦးထီးနန်းကို သိမ်းတဲ့ရက်ကိုဗျ။ ရခိုင်ကလည်း သမိုင်းကြီးတော့ အဲဒီလိုမျိုး နိုင်ငံကျဆုံးတဲ့နေ့၊ အဲဒီတုန်းကအမှတ်တရလေးတွေကို နောက်လူတွေ မမေ့အောင် ပြောကြ၊ ဆိုကြ ဟောပြောကြတာပေါ့ဗျာ။ စာပေဟောပြောပွဲလိုပဲ ကျင်းပကြပါတယ်။ အဲဒီတော့ စာရေးဆရာတွေကြားထဲမှာ နိုင်ငံရေးပါတီတစ်ခုရဲ့ခေါင်းဆောင်၊ လွှတ်တော်အမတ်က အဲဒီလိုဟောပြောလာတာလည်း သုံး၊ လေးနှစ် ရှိပြီဗျ။ အဲဒီတုန်းက နာရီဝက်လောက် ဟောပြောပြီးမှ ကျွန်တော့်ကို ၅ဝ၅(ခ) လောက်နဲ့ ဖမ်းရင်လည်း ဖမ်းပေါ့။ ဒါပေမယ့် ကျွန်တော့်ကို အဲဒီတုန်းက စွဲတဲ့ပုဒ်မက အံ့သြဖို့ကောင်းတယ် ၁၇/၁၊ ၂ တဲ့ဗျ။ မတရားအသင်းမှာ ကိုယ်တိုင်ပါတယ်။ မတရားအသင်းနဲ့ဆက်သွယ်တယ်။ ၁၇/၁ က ဆက်သွယ်တယ်။ ၁၇/၂ က မတရား အသင်းမှာ ပါတယ်ပေါ့ဗျာ။ တနည်းအားဖြင့် လက်နက်ကိုင်အဖွဲ့အစည်းမှာ သင်တန်းတက်တယ်။ ၁၇/၂ အရ ဆို ရင် ပူးပေါင်းတယ်၊ ကူညီတယ်ပေါ့ဗျာ။ ၅ဝ၅(ခ)၊ ၅ဝ၅(ဂ) ဆိုရင်၊ ၅ဝ၅(ခ) က နိုင်ငံတော်ကိုအကြည်ညိုပျက် အောင်လုပ်တယ်။ ၅ဝ၅(ဂ) က တိုင်းရင်းသားအချင်းချင်းချစ်ကြည်မှုကို ယိုယွင်းအောင်ဟောပြောတယ်။ ၁၂၂ ကျတော့ လက်နက်ကိုင်တော်လှန် ပုန်ကန်တယ်။ အဲဒီတော့ ကျွန်တော့်ကို စွဲတဲ့ ပုဒ်မတွေကို ကြည့်ရင် ၅ဝ၅(ခ) လောက်နဲ့စွဲရင်တောင် ငြိမ့်ညောင်းသေးတယ်ပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော့်ကိုစစ်တဲ့အခါမှာ ၁၇/ ၁၊ ၂ အားလုံး က မငြိဘူးဗျ။ ကျွန်တော်နဲ့ပတ်သက်တဲ့အထောက်အထားလည်း ဘာမှမရှိဘူးရယ်။ တရားသာစွဲတာ ဝရမ်းမပါ ဘဲနဲ့ ကျွန်တော့်ကို ဖမ်းနိုင်ခွင့် ၁၇/ ၁၊ ၂ မှာပဲ ရှိတာလေ။ ၅ဝ၅(ခ)၊ ၅ဝ၅(ဂ)၊ ၁၂၂ နဲ့သာ စွဲမယ်ဆိုရင် တရားသူကြီးရဲ့ ဝရမ်းလိုတာပေါ့။ အဲဒီတော့ ဝရမ်းမပါဘဲနဲ့ ကျွန်တော့်ကိုတန်းဖမ်းချင်တော့ ၁၇/ ၁၊ ၂ ကို ပုဒ်မ တပ်လိုက်တယ်လို့ ကျွန်တော်ထင်တယ်။ စစ်ဆေးတော့လည်း ၅ဝ၅(ဂ) ဆိုတာကလည်း တိုင်းရင်းသား အချင်းချင်းချစ်ကြည်မှုကို ပျက်ပြားအောင်လည်း ကျွန်တော် ဘာမှမလှုံ့ဆော်ခဲ့ဘူးဆိုတာမျိုးကြောင့် ၅ဝ၅(ဂ) နဲ့စွဲထားတာလည်းပြုတ်သွားတယ်။ ၅ဝ၅(ခ) ကတော့ ပါလာတာပေါ့။ အဲဒီတော့ (ခ) နဲ့ နှစ် နှစ်ကျတယ်။ ထူးခြား တာက ပြည်နယ်အစိုးရရှေ့နေ လို့ခေါ်တာပေါ့နော် ပြည်နယ်ဥပဒေအရာရှိဘက်ကလာတင်တဲ့ ပြည်နယ်ဒုတိယ ဥပဒေအရာရှိအမျိုးသမီးတစ်ယောက် ကျွန်တော်တို့ဥပဒေတရားလွှတ်တော်မှာ လျှောက်လွှဲချက်ပေးတာပေါ့။ ကျွန်တော်တို့ဘက်က နိုင်ငံတော်သစ္စာဖောက်မှု မမြောက်ဘူးဆိုတာကို အကြိမ်ကြိမ်ပြောတယ်လေ။ နိုင်ငံရေး အားဖြင့် ဟောတာ၊ ပြောတာတွေရှိတယ်၊ လက်နက်ကိုင်တာလည်း မဟုတ်ဘူး။ အဲဒီတော့ အဲဒီအစိုးရရှေ့နေ ဘက်ကလည်းပြောတယ်ဗျ။ ဒေါက်တာအေးမောင်သည် နိုင်ငံရေးအားဖြင့် နိုင်ငံရေးသမားစကားကို ပြောတာ သာဖြစ်တယ်။ နိုင်ငံတော်သစ္စာဖောက်ဖျက်မှု၊ နိုင်ငံတော်ပုန်ကန်မှုအထိ မမြောက်ဘူးလို့တော့ တိုက်ရိုက်မပြော ခဲ့ပေမယ့် နိုင်ငံရေးသဘောအရ ဟောခြင်း၊ ပြောခြင်းသာဖြစ်တယ်။ အဲဒီတော့ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ စွဲ ထားတဲ့အမှုကိုဆင်ခြင်သုံးသပ်ပြီးတော့မှ တရားသူကြီးမင်းအနေနဲ့အဖြေပေးပါ။ တနည်းအားဖြင့် သူကိုယ်တိုင် ကလည်း မမြောက်ဘူး၊ နိုင်ငံရေးသဘောတရား နိုင်ငံရေးစကားကိုပြောတာဖြစ်တယ် ဆိုပြီးပြောခဲ့တယ်။ တနည်းအားဖြင့် ၁၇/ ၁၊ ၂ နဲ့ငြိပြီး ဆက်စပ်တယ်ဆိုရင် တော့ နိုင်ငံတော်သစ္စာဖောက်ဖျက်၊ ပုန်ကန်မှုတော့ မြောက်မှာပေါ့။ သေနတ်တစ်ချောင်းမပြောနဲ့ အပ်ကလေးတစ်ချောင်းတောင် ကျွန်တော့်ဆီက မရဖူးဘူးဆိုတော့ တွက်ကြည့်ရင် မတရားဖမ်းဆီးခံရတယ်ဆိုတဲ့ဘက်ကို ပိုများတာပေါ့။ အဲဒီတော့ နိုင်ငံရေးမှာ အပျောက်ရှင်းတာ ပေါ့။ တနည်းအားဖြင့် သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်က နိုင်ငံခြားရေး Policy အရ ရခိုင်အရေးပြဿနာကို ဖြေရှင်းတော့မယ်ဆိုတဲ့နေရာမှာ ရခိုင်လူမျိုးစုထောက်ခံမှုရတဲ့ပါတီနဲ့ ခေါင်းဆောင်၊ သူတို့အတွက် အတားအဆီး အခက်အခဲကိုပေးနိုင်တဲ့ပုဂ္ဂိုလ်လို့ သတ်မှတ်တဲ့သူကို၊ တနည်းအားဖြင့် ကိုဖီအာနန်ကော်မရှင်အရ တစ်ဆင့်ချင်း တစ်ဆင့်ချင်း အကောင်အထည်ဖော်တော့မယ်ဆိုတဲ့အခါမှာ ဒီပုဂ္ဂိုလ်နဲ့ ဒီပုဂ္ဂိုလ်ပြောဆိုမှုသည် အတားအဆီး ဖြစ်တယ်ဆိုတဲ့အခါမှာ ဒီပုဂ္ဂိုလ်ကို အတွင်းထဲမှာထားလိုက်တာက ပိုပြီးတော့ ငြိမ်းချမ်းတယ်။ ဖြေရှင်းပြီးသား ဖြစ်တယ်ဆိုတဲ့သဘောကြောင့် ထင်ကြပါတယ်။ အဲဒါမျိုးကတော့ ဥပဒေအရဆိုရင် အစဉ်အလာမကောင်းဘူးဗျ။ အစိုးရတစ်ရပ်က တရားစွဲဆိုသည်ထားဦး တကယ်ဥပဒေအရ မြောက်/မမြောက်ကိုတော့ သက်ဆိုင်ရာဥပဒေပြု တဲ့၊ အထောက်အကူပြုတဲ့ တရားသူကြီးတို့၊ အစိုးရရှေ့နေတို့ကလည်း အစိုးရက တရားစွဲထားရင် အမှုမြောက် တယ်ဆိုတဲ့ဘက်ကပဲ မသွားဘဲနဲ့ တရားရေးမဏ္ဍိုင်အရ အမှုမြောက်ခြင်း/ မမြောက်ခြင်းကို သေသေချာချာ ခွဲခြားစိတ်ဖြာပြီးမှ တရားသူကြီးဆီမှာ လျှောက်လွှဲချက်ပေးရမှာပေါ့။ အမှုမမြောက်ရင်လည်း မမြောက်ဘူးဆိုတာ ကို တရားသူကြီးက ဆုံးဖြတ်ရဲရမှာပေါ့။ အစိုးရစွဲတဲ့အမှုတိုင်းမှာ တရားခံလို ခဏသတ်မှတ်ထားတဲ့ပုဂ္ဂိုလ်ကို တရားခံဖြစ်ပါတယ်ဆိုတာမျိုးဆုံးဖြတ်ပြီး စီရင်ချက်ချတာမျိုးကတော့ မမှန်ကန်သလို တရားသူကြီးမှာလည်း တာဝန်ရှိပါတယ်။ အဲဒါမျိုးတော့ မဖြစ်စေချင်တော့ဘူး။

မေး ။ ။ နောက်တစ်ခုက ဘာလဲဆိုတော့ ၂ဝ၂၁ အာဏာသိမ်းမှုမဖြစ်ခင် စစ်တပ်က နိုဝင်ဘာနောက်ဆုံးပတ် ကနေ ဇန်နဝါရီအထိ တောက်လျှောက်သတင်းစာရှင်းလင်းပွဲလုပ်ပြီး မဲမသမာမှုကိုဖြေရှင်းပေးဖို့ပြောတယ်။ (၂၆) ကြိမ်အထိကို ပြောတယ်။ သတင်းစာရှင်းလင်းပွဲတွေလည်း အကြိမ်များစွာလုပ်ခဲ့တယ်။ တကယ်လို့သာ ဆရာ အဲဒီကာလမှာ ရွေးကောက်ပွဲအနိုင်ရတဲ့ပါတီရဲ့ခေါင်းဆောင်ဆိုရင် သူတို့ပြောတဲ့ဟာကို ရွေးကောက်ပွဲကော်မရှင် နဲ့ညှိနှိုင်းတိုင်ပင်ပြီး ဖြေရှင်းပေးဖို့ဆန္ဒရှိလား။
ဖြေ ။ ။ အမှန်ကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအရတော့ အစိုးရတစ်ရပ်က ရွေးကောက်ပွဲကော်မရှင်ကိုတာဝန်ပေး ရတာ။ ဒါလည်းပဲ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အားနည်းချက်ပေါ့။ ဆရာဦးသာဌေးတို့၊ စောကြာဒိုးတို့ခေတ်ကတော့ ဗိုလ်ချုပ်စောမောင်ထင်ပါတယ်။ သေသေချာချာလေး ကြားလူကိုတာဝန်ပေးခဲ့တာ။ ဦးအေးမောင် တို့လက်ထက်ကပေါ့။ အခုကတော့ အစိုးရတစ်ရပ်က မိမိစိတ်ကြိုက်ရွေးကောက်ပွဲကော်မရှင်ကို ဖန်တီးခဲ့တာ ပေါ့။ အဲဒီတော့ ဘာပဲဖြစ်ဖြစ်အစိုးရမှာ ရွေးကောက်ပွဲကော်မရှင်ဟာ ဘယ်လိုပဲလွတ်လပ်တယ်လို့ ဘယ်လိုပဲ ပြောပြော အစိုးရရဲ့ Influence(လွှမ်းမိုးမှု) ကတော့ ရှိတယ်ဆိုတာ ကျွန်တော်တို့လက်ခံရမှာပဲ။ အဲဒီတော့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အဲဒီကကျင်းပပေးရမယ့်တာဝန်သည် ရွေးကောက်ပွဲကော်မရှင်ပဲ။ ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်အပေါ်မှာ လွှမ်းမိုးနိုင်မှုအာဏာသည် အစိုးရမှာရှိနေတယ်လို့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကျွန်တော်တို့လည်းယုံတယ်။ ဒီလိုပဲ အများလည်းလက်ခံမယ်လို့ထင်ပါတယ်။ အဲဒီတော့ ရွေးကောက် ပွဲကြောင့်ဖြစ်လာမယ့် တိုင်ခြင်း၊ တောခြင်း၊ မတော်မတရားဖြစ်ခြင်းတွေကတော့ ရှိမှာပဲ။ ရှိရင်ရှင်းရမယ့်တာဝန် က ရွေးကောက်ပွဲကော်မရှင်မှာရှိတယ်။ အထူးသဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားနိုင်ငံရေး ဦးဆောင်ကဏ္ဍမှာယူထားရတဲ့ တပ်မတော်ရဲ့ အင်စတီကျူးရှင်းတစ်ခုက စစ်ဆေးလို့ တွေ့တာကို ပိုပြီးအလေး ထားရမယ်။ နိုင်ငံရေးပါတီတစ်ခုက ထောက်ပြတာမျိုးဟာ အချက်အလက်အားဖြင့် ပြည့်စုံချင်မှပြည့်စုံနိုင်မယ်။ လက်ရှိအနေအထားမှာ အင်စတီကျူးရှင်းအရ နိုင်ငံရေးပါတီတွေ မခိုင်မာသေးဘူး။ ပြည်ခိုင်ဖြိုးကတော့ ခိုင်မာ တဲ့အနေအထားမှာရှိနိုင်တယ်။ ကျွန်တော်တို့လို တိုင်းရင်းသားပါတီတွေက ပြည်ထောင်စုကို လွှမ်းခြုံနိုင်တဲ့အနေ အထားမှာ မရှိသလို၊ ခိုင်မာတဲ့ဖွဲ့စည်းပုံဘဏ္ဍာရေးနဲ့ဝန်ထမ်းအင်အား ကျွန်တော်တို့မှာ အားနည်းချက်အများ ကြီးရှိတယ်။ အဲဒီတော့ ပြည်ခိုင်ဖြိုးထက် အဖွဲ့အစည်းအလွန်ကြီးတဲ့တပ်မတော်ရဲ့ပါဝင်မှုအရ စစ်ဆေး၊ ထောက်ပြတာမျိုး ဖွဲ့စည်းပုံအခြေခံဥပဒေအရပဲဖြစ်ဖြစ်၊ တပ်မတော်သားများရဲ့စိစစ်မှု၊ သူတို့ရဲ့ အချက်အလက် စုဆောင်းနိုင်မှု၊ ဖော်ထုတ်နိုင်မှုစွမ်းအားကိုပြန်ကြည့်ရင်ဖြစ်ဖြစ် ရွေးကောက်ပွဲကော်မရှင်ဘက်က ထောက်ပြတဲ့ နိုင်ငံရေးပါတီထက် ပိုပြီးတော့အလေးအနက်ထားဖို့လိုအပ်တယ်။ သူတို့ကိုယ်တိုင်က (၂၅) ရာခိုင်နှုန်းက ရွေးကောက်ခံအမတ်နဲ့အတူ လွှတ်တော်ထဲကိုရောက်တော့မယ့် ဖွဲ့စည်းပုံအရ ခိုင်ခိုင်မာမာနေရာရထားတဲ့အဖွဲ့ အစည်းဖြစ်တဲ့အတွက် ပိုပြီးတော့ အလေးနက်ထားဖို့လိုတယ်။ ရွေးကောက်ပွဲကော်မရှင် အလေးအနက်ထားဖို့ လိုတာက ရွေးကောက်ပွဲကော်မရှင်နဲ့ပတ်သက်တယ်။ အလေးအနက်မထားရင်တောင်မှ အလေးအနက်ထားဖို့ တွန်းအားပေးနိုင်တဲ့အဖွဲ့အစည်းက အစိုးရမှာရှိတယ်။ အစိုးရကလည်း ရွေးကောက်ပွဲကော်မရှင်အပေါ်မှာ အလေးအနက်ထားဖို့ တွန်းအားပေးဖို့လိုတယ်။ တကယ်လို့များ အဲဒီကာလက NLD ပါတီရဲ့ခေါင်းဆောင်က ကျွန်တော်များဖြစ်ခဲ့ရင် ခုနကလိုပေါ့ဗျာ။ ဖြစ်လာမယ့် ဖေဖော်ဝါရီ(၁) ရက်နေ့လိုဖြစ်စဉ်မျိုးကိုကြိုမြင်ဖို့ လိုအပ်ပါ တယ်။ အဲဒီတော့ ညှိနှိုင်းမှုဟာ အဲဒီကာလမတိုင်ခင်မှာ လိုအပ်တယ်ဆိုတာကို ဦးကိုကိုကြီးတို့၊ ဦးခွန်ထွန်းဦးတို့ ထောက်ပြခဲ့တယ်လို့ ကျွန်တော်တို့ထောင်အတွင်းက ကြားခဲ့ရပါတယ်။ ပြန်တွေးကြည့်ရင်ဗျာ အားနည်းချက်တွေ ကြောင့်ပါပဲ။ တကယ်လို့များ အစိုးရအဖွဲ့ခေါင်းဆောင်ကြီးများသာလျှင် အခုလိုဖြစ်နိုင်တဲ့အနေအထားကို ကြို တွေးခဲ့တာလို့ ခုနကလိုရွေးကောက်ပွဲကော်မရှင်ကိုထောက်ပြတဲ့အချက်အလက်များကိုစနစ်တကျနဲ့ ဒုတိယ အကြိမ် လွှတ်တော်ကိုခေါ်ပြီးတော့လေ၊ လွှတ်တော်ခေါ်တာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်မှတ်ထိုး ပြီးခေါ်တာဗျ။ လွှတ်တော်ကိုယ်စားလှယ်များရဲ့(၂ဝ) ရာခိုင်နှုန်းကျော်လက်မှတ်နဲ့တင်တာကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအရလွှတ်တော်ကို မဖြစ်မနေခေါ်ပေးရမယ်။ အဲဒီခေါ်ပေးတဲ့လွှတ်တော်ရဲ့ကာလအတို၊ အရှည်ကို မူတည် ပြီးမှသာလျှင် ဒီဘက်ကတင်တဲ့အဆိုကို ရွေးကောက်ပွဲကော်မရှင်က ပြန်ရှင်းပြနိုင်တဲ့အနေအထား ဆိုရင်တောင် အခုလိုအခင်းအကျင်းမျိုးရောက်ဖို့ခက်ခဲတယ်။ အဲဒီတော့ညှိနှိုင်းမှုမရှိကြလို့ သူ့အတ္တ၊ ကိုယ်အတ္တပြိုင်နေကြလို့၊ သူမှန်တယ်၊ ကိုယ်မှန်တယ်ဆိုတာကို ကိုယ့်ဘက်ကချည်းဆုံးဖြတ်နေကြလို့၊ ကြားလူရဲ့သဘောထားကို တစ်ဖက်နဲ့တစ်ဖက် မသုံးသပ်၊ မလေ့လာနိုင်ခဲ့ကြလို့ အခုလိုအကြပ်အတည်းကြားကို ရောက်သွားရတယ်လို့ပဲ သုံးသပ်မိပါတယ်။

မေး ။ ။ ဟုတ်ကဲ့ဆရာ။ နောက်ဆုံးမေးခွန်းနှစ်ခုလောက်ပါပဲ။ ပထမတစ်ခုကဘာလဲဆိုတော့ ညှိနှိုင်းတိုင်ပင် ရေးလမ်းကြောင်းလို့ပြောကြပြီဆိုရင် နှစ်ဖက်ရှိမယ်ပေါ့။ စစ်တပ်ရော NUG ရောပေါ့။ (သို့မဟုတ်) NLD က အဖမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ပေါ့။ ဆိုတော့ သူတို့နှစ်စုနှစ်ဖွဲ့ကို ညှိနှိုင်းတိုင်ပင်ပေးနိုင်ဖို့ဆိုတာ နှစ်ဖွဲ့လုံးကလည်း လုံးဝမတိုင်ပင်နိုင်ဘူးလို့ပြောတယ်။ တိုင်ပင်မယ်ဆိုရင်တောင် မင်းကအရင်ကမ်းလှမ်း၊ ငါက အရင်ကမ်းလှမ်းဆိုပြီး အတ္တတွေခံထားကြတာတွေ့ရတယ်။ ဒီနှစ်ယောက်ရဲ့ကြားမှာ သူတို့နှစ်ဖွဲ့လုံးအတွက် အားကောင်းတဲ့၊ ဩဇာကြီးတဲ့လူ ဝင်ပြောမယ်ဆိုရင်လည်း အဲဒီလူက နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့လူဖြစ်ဖို့လို တယ်။ ဆိုတော့ အဲဒီညှိနှိုင်းတိုင်ပင်ရေးလမ်းကြောင်းက ဘေးကြပ်နံကြပ်တွေ့နေတယ်လို့ ဆရာထင်မိလား။
ဖြေ ။ ။ အဲဒီညှိနှိုင်းတိုင်ပင်ရေးလမ်းကြောင်းဘယ်လိုရှိလည်းဆိုတာတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် ညှိနှိုင်းတိုင်ပင်ရေးလမ်းကြောင်း ရှိခဲ့တယ်ဆိုရင်တောင် အခုလိုမျိုးအခင်းအကျင်းဖြစ်လာပြီဆိုရင် ညှိနှိုင်းတိုင်ပင် ရေးလမ်းကြောင်းက လိုအပ်ချက်အလွန်တရာရှိခဲ့လို့ပေါ့။ တကယ်လို့များ ညှိနှိုင်းတိုင်ပင်ရေးလမ်းကြောင်းက နှစ်ဘက်လက်ခံနိုင်တဲ့အနေအထားကိုရောက်ခဲ့ရင် အခုအခင်းအကျင်းဖြစ်မလာဘူး။ ဒါကတော့ ရလဒ်ကိုအခြေ ပြုပြီး ကျွန်တော်တို့သုံးသပ်လို့ရတာပေါ့။ ညှိနှိုင်းတယ်၊ တိုင်ပင်တယ်ဆိုတာကလည်း အများလက်ခံနိုင်တဲ့၊ နှစ်ဖက်စလုံးလက်ခံနိုင်တဲ့ပုဂ္ဂိုလ်တွေ ပါဖို့လိုတာပေါ့။ ပြီးတော့ ကိုယ့်ဘက်ကအတ္တ၊ သူ့ဘက်က အတ္တ နှစ်ခုလုံး ကိုလည်း အလျော့နိုင်ဆုံး၊ လျော့နိုင်တဲ့အနေအထားဖြစ်ဖို့လဲလိုတာပေါ့။ ကိုယ့်ဘက်က ကိုယ့်ရဲ့လိုအပ်ချက်နဲ့ ကိုယ့်ရဲ့ဘောင်ကိုတင်းခံထားတာမျိုး၊ သူ့ဘက်ကလည်း သူ့သတ်မှတ်ချက်နဲ့ သူ့ဘောင်ကို တင်းခံထားတာမျိုး ဆိုရင် ဘယ်လိုမှညှိနှိုင်းတိုင်ပင်ဖို့က ခက်ခဲပါတယ်။ အဲဒီတော့ ညှိနှိုင်းတိုင်ပင်မှုရဲ့ အဓိကလိုအပ်ချက်က ပြည်ထောင်စုကြီး ခိုင်ခိုင်မာမာနဲ့ အလုံးစုံမပျက်သုန်းဖို့အတွက်ဆိုတဲ့ နှစ်ဖက်ရဲ့ရည်မှန်းချက်သာ ရှိကြမယ်ဆိုရင် တွေးလို့မြင်တတ်ပါတယ်။ နိုင်ငံရေးခေါင်းဆောင်ဖြစ်ဖြစ်၊ စစ်ရေးခေါင်းဆောင်ဖြစ်ဖြစ် (၁ဝ) နှစ်၊ နှစ် (၂ဝ) လောက်မှာ(သို့မဟုတ်) နောက်(၄) နှစ်လောက်မှာ (သို့မဟုတ်) နောက်ကာလတစ်ခုလောက်မှာဖြစ်လာမယ့် အခင်းအကျင်းကို အခုလက်ရှိအနေအထားကနေ သုံးသပ်နိုင်ကြတယ်ဗျ။ အဲဒါက အချက်အလက်ကိုအခြေပြု ပြီးတွေးနိုင်တယ်။ ဆိုပါတော့ ဖေဖော်ဝါရီလ(၁) ရက်နေ့မှာ ဖြစ်လာမယ့်အခင်းအကျင်းကို အဲဒီမတိုင်ခင် တစ်လ လောက်ကတည်�