ဘိုကလေးမြစ်အတွင်း ခရီးသည်တင်ရေယာဉ်နှင့်ငါးဖမ်းစက်လှေတို့တိုက်မိကာ ခရီးသည်တင်ရေယာဉ်နစ်မြုပ်မှုဖြစ်ပွား

 8675

မျိုးကြီး (NP News) - ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြစ်အတွင်း ခရီး သည်တင်ရေယာဉ်နှင့် ငါးဖမ်းစက်လှေတို့ တိုက်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်တင်ရေယာဉ်နစ်မြုပ်သွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်စဉ်သည် ဇန်နဝါရီလ ၁၈ ရက်တွင် ဘိုက လေးမြို့နယ်၊ ပျဉ်ဘိုကြီးကျေးရွာအုပ်စု၊ ဓမ္မသုခချွန်းထိပ်၊ ဘိုကလေးမြစ်အတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ဧရာကျေးရွာမှ ဘိုကလေးမြို့သို့ ပြေးဆွဲနေသည့် ဘိုကလေးမြို့နယ်နေ ဦးလှထွေးမောင်းနှင်လာသော သင်္ဘောသားလေးဦးနှင့် ခရီးသည် ၁၂ ဦးလိုက်ပါလာသည့် သီဟဇော်ရေယာဉ်နှင့် ဘိုကလေးမြို့ဘက်မှ ကဒုံကနိကျေးရွာဘက်သို့ ကြည့်မြင်တိုင်မြို့နယ်နေ ဦးမျိုးမြင့် မောင်းနှင်လာသည့် ငါးဖမ်းစက်လှေတို့ တိုက်မိခဲ့ခြင်းဖြစ်သည်။

၎င်းရေယာဉ်နှစ်စီးတိုက်မှုကြောင့် ခရီးသည်များလိုက်ပါလာသည့် သီဟဇော်ရေယာဉ်သည် နစ်မြုပ်သွားခဲ့ကြောင်းသိရပြီး ဧရာဝတီရေတပ်စခန်းဌာန ချုပ်(ဗိုလ်တစ်ထောင်)က စစ်ရေယာဉ်ဖြင့်ခရီးသည် ၁၂ ဦးနှင့် သင်္ဘောသားလေးဦးတို့ကို ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန် ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ရေယာဉ်ပေါ်တင်ဆောင်လာသည့် ရေခဲပုံး ၄၃ ပုံး၊ ငါးခြောက်အိတ် သုံးအိတ်၊ ငါးပုတ်လုံး နှစ်လုံး၊ ဖော့သေတ္တာ ခုနှစ်လုံး၊ ဆိုင်ကယ်တစ်စီးနှင့် သင်္ဘောတို့ပျက်စီးခဲ့ပြီး စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ၂ဝဝ ခန့်ဆုံးရှုံးခဲ့ကြောင်းသိရကာ ဥပ ဒေနှင့်အညီ အရေးယူနိုင်ရေးစစ်ဆေးနေကြောင်းလည်း ပြည်ထဲရေးဝန်ကြီးဌာနကဆိုသည်။

zawgyi version
ဘိုကေလးျမစ္အတြင္း ခရီးသည္တင္ေရယာဥ္ႏွင့္ငါးဖမ္းစက္ေလွတို႔တိုက္မိကာ ခရီးသည္တင္ေရယာဥ္နစ္ျမဳပ္မႈျဖစ္ပြား
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၂၂

ဧရာဝတီတိုင္းေဒသႀကီး၊ ဘိုကေလးျမစ္အတြင္း ခရီး သည္တင္ေရယာဥ္ႏွင့္ ငါးဖမ္းစက္ေလွတို႔ တိုက္မႈျဖစ္ပြားခဲ့ၿပီး ခရီးသည္တင္ေရယာဥ္နစ္ျမဳပ္သြားခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက ဇန္နဝါရီလ ၂၁ ရက္တြင္ သတင္းထုတ္ျပန္ခဲ့သည္။

အဆိုပါျဖစ္စဥ္သည္ ဇန္နဝါရီလ ၁၈ ရက္တြင္ ဘိုက ေလးၿမိဳ႕နယ္၊ ပ်ဥ္ဘိုႀကီးေက်း႐ြာအုပ္စု၊ ဓမၼသုခခြၽန္းထိပ္၊ ဘိုကေလးျမစ္အတြင္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

ဧရာေက်း႐ြာမွ ဘိုကေလးၿမိဳ႕သို႔ ေျပးဆြဲေနသည့္ ဘိုကေလးၿမိဳ႕နယ္ေန ဦးလွေထြးေမာင္းႏွင္လာေသာ သေဘၤာသားေလးဦးႏွင့္ ခရီးသည္ ၁၂ ဦးလိုက္ပါလာသည့္ သီဟေဇာ္ေရယာဥ္ႏွင့္ ဘိုကေလးၿမိဳ႕ဘက္မွ ကဒုံကနိေက်း႐ြာဘက္သို႔ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ေန ဦးမ်ိဳးျမင့္ ေမာင္းႏွင္လာသည့္ ငါးဖမ္းစက္ေလွတို႔ တိုက္မိခဲ့ျခင္းျဖစ္သည္။

၎ေရယာဥ္ႏွစ္စီးတိုက္မႈေၾကာင့္ ခရီးသည္မ်ားလိုက္ပါလာသည့္ သီဟေဇာ္ေရယာဥ္သည္ နစ္ျမဳပ္သြားခဲ့ေၾကာင္းသိရၿပီး ဧရာဝတီေရတပ္စခန္းဌာန ခ်ဳပ္(ဗိုလ္တစ္ေထာင္)က စစ္ေရယာဥ္ျဖင့္ခရီးသည္ ၁၂ ဦးႏွင့္ သေဘၤာသားေလးဦးတို႔ကို ထိခိုက္ဒဏ္ရာရရွိမႈမရွိဘဲ ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း ျပည္ထဲေရးဝန္ ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ ေရယာဥ္ေပၚတင္ေဆာင္လာသည့္ ေရခဲပုံး ၄၃ ပုံး၊ ငါးေျခာက္အိတ္ သုံးအိတ္၊ ငါးပုတ္လုံး ႏွစ္လုံး၊ ေဖာ့ေသတၱာ ခုႏွစ္လုံး၊ ဆိုင္ကယ္တစ္စီးႏွင့္ သေဘၤာတို႔ပ်က္စီးခဲ့ၿပီး စုစုေပါင္းတန္ဖိုးေငြက်ပ္ သိန္း ၂ဝဝ ခန႔္ဆုံးရႈံးခဲ့ေၾကာင္းသိရကာ ဥပ ေဒႏွင့္အညီ အေရးယူႏိုင္ေရးစစ္ေဆးေနေၾကာင္းလည္း ျပည္ထဲေရးဝန္ႀကီးဌာနကဆိုသည္။

Related news

© 2021. All rights reserved.