တရုတ်နှစ်သစ်ကူးမတိုင်ခင် မလေးရှားငါးပြတိုက်မှာ တင်ဆက်မှုအသစ်အဖြစ် ရေအောက်ခြင်္သေ့အကနဲ့ဖျော်ဖြေ

782

ရောင်နီ (NP News) - ဇန်နဝါရီလ ၂၂
မလေးရှားနိုင်ငံ၊ ငါးပြတိုက်မှာ ငါး၊ လိပ်များနဲ့အပြိုင် ရေအောက်ခြင်္သေ့အကကို တရုတ်ရိုးရာနှစ်သစ်ကူး ဖျော်ဖြေ တင်ဆက်မှုအသစ်အဖြစ် ရေငုပ်သမားတွေနဲ့ ဇန်နဝါရီ ၂၁ ရက်က ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။
ကွာလာလမ်ပူ Aquaria ရှိ ငါးပြတိုက်မှာ ရောင်စုံခြင်္သေ့ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ရေငုတ်သင်္ဘောတွေက ကပြ ဖျော်ဖြေကြခဲ့ကြပြီ ဂီတပညာရှင်များက အပြင်ဘက်မှ လင်းကွင်းနဲ့ ဒရမ်တွေကို တီးမှုတ်ခဲ့ကြပါတယ်။ လိပ်နဲ့ ရောင်စုံငါးတွေဟာလည်း ကျောက်ဆောင်တစ်ခုရှေ့ကနေ ကူးဖြတ်ကာ ခြင်္သေ့အကကို ပိုပြီးရုပ်ကြွစေခဲ့ပါ တယ်။ "ဒီငါးပြတိုက်က ရေအောက်ခြင်္သေ့အကဟာ တစ်မူထူးခြားပါတယ်" လို့ Aquaria အမှုဆောင်ဒါရိုက်တာ Daryl Foong က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ရေငုပ်သမားတွေဟာ ရေအောက်ကနေလုပ်ဆောင်ဖို့လုံလောက်တဲ့ ပေါ့ပါးတဲ့ရေငုတ်ဝတ်စုံတွေကို ဝတ်ဆင်ကာ ခက်ခဲတဲ့အကအတွက် အထူးလေ့ကျင့်မှုတွေပြုလုပ်ထားရှိတယ်လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။ Aquaria ဟာ မကြာသေးမီနှစ်တွေအတွင်းကလည်း ရေအောက်အကကို အကြိမ်ပေါင်းများစွာ ပြုလုပ်ဖျော်ဖြေ ခဲ့ပါတယ်။
တရုတ်လူမျိုးတွေဟာ ခြင်္သေ့အကတွေကို တရုတ်နိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းရှိ တရုတ်လူမျိုးတွေကြားမှာ ရိုးရာအစဉ် အလာအရ ဖေဖော်ဝါရီလရောက်ပြီဆိုတာနဲ့ တရုတ်နှစ်သစ်ကူးနေ့မရောက်ခင်နဲ့ တရုတ်နှစ်သစ်ကူးနေ့တို့မှာ ကပြဖျော်ဖြေကြလေ့ရှိပါတယ်။
Zawgyi Version;
တ႐ုတ္ႏွစ္သစ္ကူးမတိုင္ခင္ မေလးရွားငါးျပတိုက္မွာ တင္ဆက္မႈအသစ္အျဖစ္ ေရေအာက္ျခေသၤ့အကနဲ႔ေဖ်ာ္ ေျဖ
ေရာင္နီ (NP News) - ဇန္နဝါရီလ ၂၂
မေလးရွားႏိုင္ငံ၊ ငါးျပတိုက္မွာ ငါး၊ လိပ္မ်ားနဲ႔အၿပိဳင္ ေရေအာက္ျခေသၤ့အကကို တ႐ုတ္႐ိုးရာႏွစ္သစ္ကူး ေဖ်ာ္ေျဖ တင္ဆက္မႈအသစ္အျဖစ္ ေရငုပ္သမားေတြနဲ႔ ဇန္နဝါရီ ၂၁ ရက္က ေဖ်ာ္ေျဖခဲ့တယ္လို႔ သိရပါတယ္။
ကြာလာလမ္ပူ Aquaria ရွိ ငါးျပတိုက္မွာ ေရာင္စုံျခေသၤ့ဝတ္စုံကို ဝတ္ဆင္ထားတဲ့ ေရငုတ္သေဘၤာေတြက ကျပ ေဖ်ာ္ေျဖၾကခဲ့ၾကၿပီ ဂီတပညာရွင္မ်ားက အျပင္ဘက္မွ လင္းကြင္းနဲ႔ ဒရမ္ေတြကို တီးမႈတ္ခဲ့ၾကပါတယ္။ လိပ္နဲ႔ ေရာင္စုံငါးေတြဟာလည္း ေက်ာက္ေဆာင္တစ္ခုေရွ႕ကေန ကူးျဖတ္ကာ ျခေသၤ့အကကို ပိုၿပီး႐ုပ္ႂကြေစခဲ့ပါ တယ္။ "ဒီငါးျပတိုက္က ေရေအာက္ျခေသၤ့အကဟာ တစ္မူထူးျခားပါတယ္" လို႔ Aquaria အမႈေဆာင္ဒါ႐ိုက္တာ Daryl Foong က သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။
ေရငုပ္သမားေတြဟာ ေရေအာက္ကေနလုပ္ေဆာင္ဖို႔လုံေလာက္တဲ့ ေပါ့ပါးတဲ့ေရငုတ္ဝတ္စုံေတြကို ဝတ္ဆင္ကာ ခက္ခဲတဲ့အကအတြက္ အထူးေလ့က်င့္မႈေတြျပဳလုပ္ထားရွိတယ္လို႔ ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။ Aquaria ဟာ မၾကာေသးမီႏွစ္ေတြအတြင္းကလည္း ေရေအာက္အကကို အႀကိမ္ေပါင္းမ်ားစြာ ျပဳလုပ္ေဖ်ာ္ေျဖ ခဲ့ပါတယ္။
တ႐ုတ္လူမ်ိဳးေတြဟာ ျခေသၤ့အကေတြကို တ႐ုတ္ႏိုင္ငံနဲ႔ ကမာၻတစ္ဝွမ္းရွိ တ႐ုတ္လူမ်ိဳးေတြၾကားမွာ ႐ိုးရာအစဥ္ အလာအရ ေဖေဖာ္ဝါရီလေရာက္ၿပီဆိုတာနဲ႔ တ႐ုတ္ႏွစ္သစ္ကူးေန႔မေရာက္ခင္နဲ႔ တ႐ုတ္ႏွစ္သစ္ကူးေန႔တို႔မွာ ကျပေဖ်ာ္ေျဖၾကေလ့ရွိပါတယ္။