အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၂) ကျင်းပမှုထဲမှ စိတ်ဝင်စားဖွယ် အချက်အလက်များ

 2413

NP News - နေပြည်တော် ဇန်နဝါရီ - ၃၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေး(၁/၂၀၂၂) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ် ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအနေဖြင့် ကျန်းမာရေးအခြေ အနေအရ အစည်းအဝေးမတက်ရောက်နိုင်ကြောင်း ခွင့်ပန်ကြားခဲ့သည်။

ဦးစွာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အကျိုးအကြောင်းဖော်ပြလျက် အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလအား သက်တမ်းတိုးမြှင့်ပေးပါရန်ကိစ္စနှင့် စပ်လျဉ်း၍ ပြောကြားသည်။

ထိုသို့ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁ နှစ်ပြည့် တာဝန် ထမ်းဆောင်ခဲ့မှုအခြေအနေ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တပ်မတော်က နိုင်ငံတော်တာဝန်ရယူ ထိန်းသိမ်းခဲ့ရသည့်အခြေအနေများနှင့် ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ “လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး” အတွက် ရွေးကောက်ပွဲ မကျင်းပမီနှင့် ကျင်းပအပြီး နိုင်ငံတော်အဆင့်အခမ်းအနားများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခြင်း၊ သံတမန်များ၊ နိုင်ငံတကာကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်း၊ သတင်း မီဒီယာများနှင့်တွေ့ဆုံခြင်း၊ တပ်မိသားစုများနှင့် တွေ့ဆုံခြင်းစသည့် အခမ်းအနား ၂၄ ကြိမ်၌ ထုတ်ဖော်ပြောကြားခဲ့ပြီး တရားဝင်သတင်းထုတ်ပြန်ခဲ့ပါကြောင်း၊ ခြေခံဥပဒေ ပုဒ်မ ၆(စ) အမျိုးသား နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ၊ ပုဒ်မ ၂၀(င) ဒို့တာဝန် အရေး သုံးပါးကာကွယ်ရန်၊ ပုဒ်မ ၂၀(စ) အခြေခံဥပဒေကာကွယ်ရန် မူများအရ ပြောသင့် သည်များကို ကြိုတင်သတိပေးခြင်းဖြစ်ပါကြောင်း။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမဲပေးခဲ့ကြရာ၌ တပ်မတော် က စိစစ်တွေ့ရှိရသော မဲမသမာမှု ၁၀,၄၈၂,၁၁၆ (၁၀ သန်းကျော်၊ မဲပေးသူဦးရေ၏ ၄ ပုံ ၁ ပုံခန့်) ရှိကြောင်း၊ မဲမသမာမှုများသည် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို ဆိုးရွားစွာထိခိုက်စေနိုင်သဖြင့် တပ်မတော်နှင့် နိုင်ငံရေးပါတီများက UEC အဆင့်၊ ၎င်းမှပြည်ထောင်စု လွှတ်တော်အဆင့်၊ ၎င်းမှအစိုးရအဆင့် ဖြေရှင်းပေးရန် ဥပဒေနှင့် အညီ တောင်းဆိုခဲ့ပါကြောင်း၊ တပ်မတော်က အရာရှိကြီး ၂ ဦးအား စေလွှတ်၍ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့်တွေ့ဆုံပြီး “အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီ” အစည်းအဝေးခေါ်ယူဆောင်ရွက် ဖြေရှင်းရန် ၂ ကြိမ်တိုင် တင်ပြပြောဆိုခဲ့ပါကြောင်း၊ နောက်ဆုံးအစိုးရနှင့် NLD ပါတီမှ တာဝန်အရှိဆုံးပုဂ္ဂိုလ်များထံ ကိုယ်စားလှယ်များ အပြန်အလှန်စေလွှတ်၍ တွေ့ဆုံညှိနှိုင်းအဖြေရှာရေး ဖြစ်နိုင်သမျှ နည်းလမ်းစုံဆောင်ရွက် ခဲ့ သော်လည်း ငြင်းပယ်ခြင်းခံရပါကြောင်း၊ မဲမသမာမှုများကို ရင်ဆိုင်မဖြေရှင်းရဲဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်အားခေါ်ယူရန် မတရား ကြိုးပမ်းမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ဆောင်ရွက်နေခြင်းမှာ နိုင်ငံတော်၏ ဒီမိုကရေစီ လျှောက်လှမ်းမှု၌ကြီးမားသော အခက်အခဲများ ဖြစ်ပေါ်လာစေမည်ဖြစ်၍ ဥပဒေနှင့် အညီဖြေရှင်းရန် လိုအပ်သဖြင့် ပုဒ်မ ၄၁၇၊ ၄၁၈ နှင့် ၄၁၉ တို့အရ နိုင်ငံတော်အား နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းခဲ့ ရပါကြောင်း။

မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲကို ၅ နှစ်တစ်ကြိမ်ပြုလုပ်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား တပြိုင်တည်း ရွေးချယ်သည့် အထွေထွေရွေးကောက်ပွဲဖြစ်ပါကြောင်း၊ ၎င်းလွှတ်တော် ကိုယ်စားလှယ်များနှင့်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စု လွှတ်တော်ကျင်းပပြီး နိုင်ငံတော်ဒုတိယသမ္မတများ၊ ၎င်းတို့ထဲမှ နိုင်ငံတော်သမ္မတအား ရွေးချယ်ရပါကြောင်း၊ သမ္မတကအစိုးရအဖွဲ့ကို ရွေးချယ်ဖွဲ့စည်းပါကြောင်း၊ တရားသူကြီးချုပ် နှင့် တရားသူကြီးများကိုခန့်အပ်ခြင်း၊ အတည်ပြုခြင်းများပြုလုပ်ပါကြောင်း၊ ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင် စသည့်မဏ္ဍိုင်ကြီး ၃ ရပ်၏ အကြီးအကဲများ၊ ပါဝင်ကြသူများသည် ရွေးကောက်ပွဲမှတစ်ဆင့် တိုက်ရိုက်/သွယ်ဝိုက် ရွေးချယ်/တာဝန်ပေးခံရသူများဖြစ်သည့်အတွက်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် မြန်မာ့ဒီမိုကရေစီစနစ်၊ နိုင်ငံရေးစနစ်၏ အုတ်မြစ်ပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော် အတွက် အရေးကြီးသော ရွေးကောက်ပွဲဖြစ်ပါကြောင်း။

နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းပြီးနောက် လုပ်ဆောင်ခဲ့မှုများနှင့်ပတ်သက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် တိုင်းပြည်တည်ဆောက်မှုလုပ်ငန်းစဉ်များ၌ ပါဝင် ဆောင်ရွက်နိုင်ရေး နေပြည်တော်၊ စည်ပင်ရိပ်သာတွင်ရှိနေသည့် စောင့်ကြည့်ခံ လွှတ်တော်အမတ်များကို လက်ရှိနိုင်ငံ့ဖြစ်စဉ်အပေါ် ဥပဒေနှင့်အညီဖြေရှင်းနိုင်စေရန် ရှင်းလင်းပြောပြပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ နေရပ်ဒေသ အသီးသီးသို့ ပြန်လည်စေလွှတ်ပေးခဲ့ပါကြောင်း၊ ဒီမိုကရေစီအနှစ်သာရ မထိခိုက်စေရန် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား တပ်မတော်သားများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် သင့်တော်သည့် ပါတီ ခေါင်းဆောင်များဖြင့် မျှတစွာဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်မှသည် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့် အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့် ဖွဲ့စည်းရာတွင်လည်း အရပ်ဘက် ပုဂ္ဂိုလ်များကိုသာ ဦးစီးလုပ်ဆောင်စေခဲ့ပါကြောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ညှိနှိုင်းရေးကော်မတီ ကော်မတီ ၃ ရပ် ဖွဲ့စည်းခဲ့ပြီး မတ်လ ၃ ရက်နေ့တွင် မူဝါဒ(၅)ခု ချမှတ်ခဲ့ပါကြောင်း၊ ညှိနှိုင်းရေးကော်မတီသည် ယနေ့ အထိ NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ၁၆ ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်း မပြုသေးသည့် EAO များနှင့် ၉ ကြိမ်၊ နိုင်ငံရေးပါတီများနှင့် ၇ ကြိမ်၊ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့များနှင့် ၂ ကြိမ်၊ စုစုပေါင်း ၃၄ ကြိမ် တွေ့ဆုံခဲ့ပါကြောင်း။

၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် တွေ့ဆုံအပြီး နှစ်နိုင်ငံသဘောတူထုတ်ပြန်ချက်ခဲ့ပြီး ယခုနှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဒေသခရီးစဉ် ၁၇ ခု သွားရောက်၍ ဆောင်ရွက်သင့်သည်များကို ဆွေးနွေးအကြံပြုမှာ ကြားခဲ့ပြီးလိုအပ်ချက်များဖြည့်ဆည်း ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါကြောင်း၊ ရေရှည်အနာဂတ် အတွက် အစီအမံများလမ်းညွှန်ပေးခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အတူ လက်တွဲလုပ်ဆောင်နေ သည့် တိုင်းရင်းသားကောင်စီအဖွဲ့ဝင်များကလည်း ဒေသအကျိုး ဆောင်ရွက်ပေးရန် သက်ဆိုင် ရာဒေသအလိုက် ခရီးစဉ် ၂၉ ခု သွားရောက်၍ ဒေသ၏လိုအပ်ချက်များကို ဆောင်ရွက် ပေးခဲ့ပါကြောင်း။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်၍ ဦးစားပေး လုပ်ဆောင်မည့် အချက်များနှင့် ပတ်သက်၍ပြောကြားရာတွင် “မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံ (least Development country) ဖြစ်ပါသည်၊ နိုင်ငံ့လူဦးရေရဲ့ ၇၀ ရာခိုင် နှုန်းခန့်မှာ ကျေးလက်နေသူများဖြစ်ပြီး ၃၀ ဒသမ ၄ ရာခိုင်နှုန်းခန့်ဟာ ဆင်းရဲသူများဖြစ် တဲ့အတွက် နိုင်ငံရဲ့ဖြေရှင်းရန်ရှိသည်များ ဖြေရှင်းဆောင်ရွက်ရေး၊ နိုင်ငံ့စီးပွားတိုးတက် ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်လုပ်ဆောင်ရန်လိုပါတယ်၊ တုံ့ဆိုင်းနေပါက မိမိတို့ နိုင်ငံသာ အခြားနိုင်ငံများရဲ့နောက်မှာ ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်၊ ဒါကြောင့် အမျိုးသား နိုင်ငံရေးလုပ်ငန်းစဉ် ၂ ခု တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ နိုင်ငံရေးလုပ်ငန်းစဉ် ၂ ခု၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ခြင်း၊ ငြိမ်းချမ်းရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးလုပ်ငန်းစဉ်၊ ၂၀၂၂ ခုနှစ်ဟာ အရေးပါတဲ့နှစ်ဖြစ်ပါတယ်၊ လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ စိန်ရတုပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ဟာ စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ပိုမိုခိုင်မာစေဖို့၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း အသီးအပွင့်များနဲ့ ပြည့်စုံဖို့အရေးကြီးပါတယ်၊ ဒါကြောင့် ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များစရပါမယ်၊ ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ရဲ့ စတုတ္ထအချက်ထဲမှာလည်း ဖော်ပြပြီးဖြစ်လို့ သက်ဆိုင်သူအဖွဲ့အစည်းများ အားလုံး ငြိမ်းချမ်းရေးအတွက်ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ပါတယ်လို့ ကျွန်တော် ပြောကြားခဲ့ပါတယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေနဲ့ ငြိမ်းချမ်းရေး အတွက် အစဉ်အမြဲအသင့်ရှိနေကြောင်း ပြသခြင်းလည်းဖြစ်ပါတယ်။”

လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တပ်မတော်ကနိုင်ငံတော်တာဝန်ရယူ မထိန်းသိမ်းမီအခြေအနေနှင့် ပတ်သက်ပြီး မဲမသမာမှုများ၊ UEC ၏ ဖြေရှင်းမပေးမှုများ ကြောင့် UEC အား ကန့်ကွက်ဆန္ဒပြမှုများ၊ ပါတီများက ဖြေရှင်းပေးရန်တောင်းဆိုမှုများ ကြောင့် နိုင်ငံရေးအရ တည်ငြိမ်မှုမရှိသည့်အခြေအနေဖြစ်ကြောင်း၊ အခြေခံဥပဒေနှင့် အညီ မဲမသမာမှုများကို ဖြေရှင်းနိုင်ရေးနှင့် ဒုတိယအကြိမ်လွှတ်တော်၌ မပြီးပြတ် သေးသည့်ကိစ္စရပ်များ ဆွေးနွေးနိုင်ရေး ထိုစဉ်ကလွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးက အခြေခံဥပဒေပုဒ်မ ၈၄ အရ ဥပဒေနှင့်အညီတောင်းဆိုမှုကို ငြင်းပယ်ခဲ့သဖြင့် ဥပဒေပြုရေးမဏ္ဍိုင်ယိမ်းယိုင်၍ အငြင်းပွားမှုများမှတစ်ဆင့် တည်ငြိမ်မှုပျက်ပြားနေပါ ကြောင်း၊ ယေဘုယျအားဖြင့် EAO နယ်မြေများတွင် ထိတွေ့မှုများ ပုံမှန်ရှိခဲ့သော်လည်း ရခိုင် ပြည်နယ်၌ AA လက်နက်ကိုင်အဖွဲ့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများ ပိုမိုပြင်းထန်ခဲ့ ပါကြောင်း။

တပ်မတော်က နိုင်ငံတော်တာဝန် ရယူထိန်းသိမ်းပြီးနောက် အခြေအနေနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းစွာဆန္ဒပြဖော်ထုတ်မှုမှသည် လက်နက်ကိုင်သောင်းကျန်းမှုအသွင်ထိ ပြောင်းလဲလာခြင်းနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်ခွင့်မရှိသူ များက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)အမည်ဖြင့် တရားမဝင်ကော်မတီတစ်ခုဖွဲ့စည်းခဲ့ပြီး လူစုလူဝေးဖြင့် ဆန္ဒပြမှု(Riot)အသွင် ဆူပူအကြမ်းဖက်ဆန္ဒပြမှု(Anarchy Mob)ကို ဆောင်ရွက်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အနိမ့်ဆုံးအဆင့် အနည်းဆုံးအင်အားဖြင့် ဆောင်ရွက်ခဲ့ရပါ ကြောင်း၊ ဖေဖော်ဝါရီလကုန်ပိုင်းခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ရရာလက်နက် ဖြင့် အသက်အန္တရာယ်ရှိအောင် အကြမ်းဖက်တိုက်ခိုက်သည့် (Insurrection)လုပ်ရပ်များ ဆောင်ရွက်လာကြောင်း၊ မတ်လ ၂၇ ရက်နေ့ အား CRPH အမည်ခံ အကြမ်းဖက်အဖွဲ့က ပြည်သူ့တော်လှန်ရေးနေ့ ဟု အမည်တပ်ကာ တစ်နိုင်ငံလုံးအကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်လာပါကြောင်း၊ ပြည်သူပိုင်အဆောက်အဦများ၊ စက်ရုံ/ အလုပ်ရုံ များ၊ အုပ်ချုပ်ရေးရုံးများကို တိုက်ခိုက်ခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် ဆေးရုံများ၊ ကျောင်း များ၊ မော်တော်ယာဉ်လိုင်းများကိုပါ တိုက်ခိုက်လာခဲ့ပြီး အလုံးစုံပျက်သုဉ်းရေးအတွက် အကြမ်းဖက်တိုက်ခိုက်ခြင်း (Terrorism) ပြုလုပ်လာသဖြင့် ၂၀၂၁ ခုနှစ်၊ မတ် ၁၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၆ မြို့နယ်၌ စစ်အုပ်ချုပ်ရေး(Martial Law)ထုတ်ပြန်ခဲ့ရပါကြောင်း၊ ဥပဒေနှင့်မညီသော CRPH အကြမ်းဖက်အဖွဲ့က NUG အမည်ခံ စင်ပြိုင်အစိုးရဖွဲ့စည်းပြီး အကြမ်းဖက်တိုက်ခိုက်မှုများကို အားပေးထောက်ပံ့ ခြင်း၊ ဦးဆောင်မှုပြုခြင်းများ ဆောင်ရွက်လာပါကြောင်း။

လူငယ်များအား NLD ပါတီအစွန်းရောက်များနှင့် ၎င်းပါတီကို ထောက်ခံ အားပေးအစွန်းရောက်သူများကအသုံးချပြီး EAO နယ်မြေများဖြစ်သည့် KNU ၊ KIA ၊ KNPP စသည့်နယ်မြေတို့တွင် စစ်သင်တန်းများ တက်ရောက်စေခဲ့သည့်အပြင် CDM ပြုလုပ်ခဲ့သည့်အဖွဲ့များကို အကြမ်းဖက်လုပ်ရပ်များတွင် လုပ်ဆောင်တတ်စေရန် သင်တန်းပေးခြင်းနှင့် လက်နက်/ ခဲယမ်းများ ထောက်ပံ့ခြင်းတို့အပြင် အကြမ်းဖက် လုပ်ရပ်များတွင်ပါ ပူပေါင်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ အဆိုပါလုပ်ရပ်များကြောင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့ပါကြောင်း၊ CRPH ၊ NUG ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ငန်း များကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက် စက်တင်ဘာလ ၇ ရက် နေ့တွင် အကြမ်းဖက် လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရန်ကြေညာခဲ့ရာ ချင်းပြည်နယ်၊ ထန်တလန်နှင့် မင်းတပ်မြို့၊ မကွေးတိုင်းဒေသကြီး၊ ကင်းမကျေးရွာ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည် မြို့နယ်၊ ရွာသာယာကျေးရွာနှင့် စစ်ကိုင်းတိုင်းဒေသကြီး နေရာအချို့၊ ကယားပြည်နယ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ရှမ်းပြည်နယ်၊ ဖယ်ခုံ၊ မိုးဗြဲ စသည့်ဖြစ်စဉ် တို့တွင် စစ်ရာဇဝတ်မှု(War Crime) ကျူးလွန်သည်အထိ အကြမ်းဖက် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ်၊ မင်းတပ် မြို့နယ်ကို ၂၀၂၁ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်၍ အကြမ်းဖက်မှုများကို ဖြေရှင်းဆောင်ရွက် ခဲ့ရပါကြောင်း၊ အကြမ်းဖက်သမားတို့၏ လုပ်ဆောင်မှုကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့အထိ တစ်နိုင်ငံလုံး အနေနှင့် ပျက်စီးဆုံးရှုံးမှု စက်ရုံ/အလုပ်ရုံ ၂၅ ခု၊ နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများ ၃၄၁ ခု၊ ဌာနဆိုင်ရာရုံးများ ၇၀၂ ခု၊ နိုင်ငံပိုင်/ပုဂ္ဂလိကဘဏ်များဖျက်ဆီးခံရမှု ၇၄ ခု၊ လမ်း/တံတားများဖျက်ဆီးခံရမှု ၅၂၄ ခု၊ ဈေးများဖျက်ဆီးခံရမှု ၁၇ ခု၊ ဆေးရုံ/ ဆေးခန်းများဖျက်ဆီးခံရမှု ၂၇ ခု၊ စာသင်ကျောင်းနှင့် ပညာရေး အဆောက်အဦများ ပျက်စီးမှု ၅၀၄ ခု၊ တယ်လီဖုန်း တာဝါတိုင်များပျက်စီးမှု ၄၆၅ ခု၊ လူနေအိမ်များပျက်စီးမှု ၄၁၇ လုံးတို့ ဖျက်ဆီးခံခဲ့ရ မှုရှိခဲ့ပါကြောင်း၊ သေဆုံး/ဒဏ်ရာရမှုများအနေဖြင့် ရဟန်း/ သံဃာ ၂၀ ပါး၊ အစိုးရဝန်ထမ်း ၉၅ ဦးနှင့် ဒဏ်ရာရရှိမှု ၁၅၃ ဦး၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများသေဆုံးမှု ၃၆၇ ဦးနှင့် ဒဏ်ရာရရှိမှု ၃၃၆ ဦးထိရှိခဲ့ပါကြောင်း၊ တစ်နှစ်တာကာလပတ်လုံး အကြမ်းဖက်မှု ၉,၄၃၇ ကြိမ်ဖြစ်ပေါ် ခဲ့၍ လက်နက်မျိုးစုံ ၅,၆၀၆ လက်၊ ခဲယမ်းမျိုးစုံ ၁၆၁,၅၅၆ တောင့်၊ လက်ပစ်ဗုံး ၁,၈၉၀ လုံးနှင့် လက်လုပ်မိုင်း/ဗုံး ၁၁,၄၂၄ လုံး သိမ်းဆည်း ရမိခဲ့ပြီး အကြမ်းဖက်သူ ၄,၃၃၈ ဦးအား ဖမ်းဆီးရမိခဲ့ပါကြောင်း။

စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တပ်မတော်က နိုင်ငံတော်တာဝန်ရယူ ထိန်းသိမ်းပြီးနောက် အခြေအနေများ၊ နိုင်ငံတကာ၏ ဝိုင်းဝန်းပိတ်ဆို့မှုများနှင့် ပတ်သက် ၍ ပြည်တွင်းစီးပွားရေးအခြေအနေနှင့် ပြည်ပသွေးထိုးလှုံ့ဆော်မှုများအရ ဘဏ်လုပ်ငန်း များကို ယုံကြည်မှုကျဆင်းပြီး ပုံမှန်မလည်ပတ်နိုင်သည့်အတွက် ဘဏ်လုပ်ငန်းတွင် ငွေသားလည်ပတ်စီးဆင်းမှုခက်ခဲခဲ့ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှု ကျဆင်းစေရေး အတွက် သက်ဆိုင်ရာ နိုင်ငံခြားအဆက်အသွယ်များကို တိုက်ရိုက်/ သွယ်ဝိုက် ဖိအားပေးမှုများ ဆောင်ရွက် ခဲ့ပါကြောင်း၊ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သယ်ယူပို့ဆောင်ရေးနှင့် သွင်းကုန် (လောင်စာဆီနှင့် ကုန်ကြမ်း) ဈေးနှုန်း မြင့်တက်ခြင်း၊ ဈေးကွက်တွင် ဝယ်လိုအားကျဆင်းခြင်းများ ဖြစ်ခဲ့ပါကြောင်း။

ဘဏ်ကိစ္စရပ်များနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ် နိုင်ငံတော်တာဝန် ထိန်းသိမ်းပြီး နောက်ပိုင်း ပုဂ္ဂလိကဘဏ်ကဏ္ဍ၌လည်း CDM ဆောင်ရွက်မှုများ၊ Online ငွေပေးချေမှု နှင့် ဘဏ်စနစ်များအား တွင်ကျယ်စွာအသုံးပြု နေကြသော်လည်း ပြည်ပနိုင်ငံများ၏ ဘဏ်များဆီမှ ငွေများအစုလိုက်၊ အပြုံလိုက်ပြန်လည်ထုတ်ယူရေး၊ ဘဏ်စနစ်နှင့် လုပ်ငန်းများ ပြိုပျက်စေရေးနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်စေရေးတို့ အတွက် သွေးထိုးလှုံ့ဆော်ခဲ့ကြပါကြောင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေး အတွက် ဈေးကွက်အတွင်းလိုအပ်သည့် နိုင်ငံခြားငွေဖြည့်တင်းရန်နှင့် စက်သုံးဆီ၊ စားသုံးဆီ၊ ကိုဗစ်ဆေးဝါး၊ လျှပ်စစ်နှင့် Telecom Sector များအတွက် သွင်းကုန် လုပ်ငန်းရှင်များသို့ အမေရိကန်ဒေါ်လာ လိုအပ်ချက်အတွက် အထူးနိုင်ငံခြားငွေ ဈေးပြိုင် လေလံမှတစ်ဆင့် ၂၁-၁-၂၀၂၂ ရက်နေ့အထိ USD (၅၀၈.၈)သန်း အား ရောင်းချပေး ခဲ့ပါကြောင်း။

ကုန်သွယ်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ လက်ထက် ယာယီစာရင်းများအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုစာရင်းအရ ပို့ကုန် ဒေါ်လာ ၁၅.၃၆ ဘီလီယံ၊ သွင်းကုန် ဒေါ်လာ ၁၄.၆၉ ဘီလီယံ၊ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၀.၀၅ ဘီလီယံဖြစ်ပြီး ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၆၇၇ သန်းကျော် ရှိခဲ့ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပကြွေးမြီ အနေဖြင့် ဒီမိုကရေစီပထမ အစိုးရ သက်တမ်းကာလ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်း၊ ပြည်ပကြွေးမြီ စုစုပေါင်း ၁၆,၂၇၃ ကျပ်ဘီလီယံ၊ ၂၀၂၀-၂၀၂၁ (၆ လ) ဘဏ္ဍာနှစ်တွင် ပြည်တွင်း၊ ပြည်ပ ကြွေးမြီ ၅၂,၄၈၈ ကျပ်ဘီလီယံအထိ များပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်တွင်း၊ ပြည်ပကြွေးမြီများသည် တစ်နှစ်ထက်တစ်နှစ် တိုးမြင့် လာသည် ကိုတွေ့ရှိရပါကြောင်း၊ ရေရှည်တွင် ကြွေးမြီခံနိုင်ရည်ရှိမှုကို သုံးသပ်တွက်ချက် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ် ပါကြောင်း၊ သွင်းကုန်များလျော့ချနိုင်ရေးနှင့် ပြည်တွင်းအလုပ်အကိုင်များ ဖန်တီးနိုင်ရန် အတွက် ပြည်တွင်းဖြစ်ကိုအားပေးမှု၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးမှုများ အထူး လိုအပ်ပါကြောင်း၊ ဥပမာအနေဖြင့် နိုင်ငံတွင်း၌ ဘိလပ်မြေစက်ရုံများ အလုံအလောက် ရှိသော်လည်း ၂၀၂၁ ခုနှစ်တွင် ဘိလပ်မြေတင်သွင်းမှု ၉၅၆,၈၂၅ တန် တင်သွင်းခဲ့ပြီး တန်ဖိုး ဒေါ်လာ ၇၃.၆၁၀ သန်းရှိကြောင်း တွေ့ရပါကြောင်း၊ သံနှင့်သံမဏိ တင်သွင်းမှု အနေဖြင့် စုစုပေါင်း ဒေါ်လာသန်း ၈၅၉.၄၆ တန်ဖိုး တင်သွင်းခဲ့ပါကြောင်း၊ နိုင်ငံတွင်း၌ ဘိလပ်မြေ နှင့်သံမဏိ ထုတ်လုပ်နိုင်သည့် ထုံးကျောက်၊ သံရိုင်း၊ ကျောက်မီးသွေး၊ ဒိုလိုမိုက်စသည့် ကုန်ကြမ်းများ လုံလောက်စွာရှိသော်လည်း သံနှင့်သံမဏိ စက်ရုံများ တည်ဆောက်ရန်အားပေးမှု၊ သံနှင့်သံမဏိစက်ရုံများ လည်ပတ်ရန် ကြိုးစားအားထုတ်မှု မရှိခဲ့သည့်အတွက် ပြည်ပမှမှာယူတင်သွင်းခဲ့ရပါကြောင်း၊ ပြည်တွင်း၌လည်း အလုပ် အကိုင်များ ဆုံးရှုံးခဲ့ရပါကြောင်း၊ မိမိတို့နိုင်ငံသားများ ပြည်ပနိုင်ငံများသို့ ထွက်ခွာ အလုပ်လုပ်ကိုင်ခဲ့ရပါ ကြောင်း၊ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေရသည့် မိမိနိုင်ငံ သားများသည် ပြည်ပနိုင်ငံများ၏ ဥပဒေနှင့် စည်းကမ်းများအတိုင်း နေထိုင်ကြရပါ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် ယခင်က ရပ်ဆိုင်း ထားသည့် သံနှင့်သံမဏိစက်ရုံများကို ပြန်လည်လည်ပတ်နိုင်ရန် ဆောင်ရွက် လျက်ရှိပါ ကြောင်း၊ အနိမ့်ဆုံးအဆင့် အဆောက်အဦ ဆောက်လုပ်ရေးတွင် အသုံးပြုသည့်သံချောင်း၊ သံလုံးများကို ဒေသအနှံ့အပြားတွင်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

၂၀၂၁ ခုနှစ်တွင် စားအုန်းဆီအပါအဝင် ဆီတင်သွင်းမှုမှာ ၈၅၈,၆၈၅.၂၇၁ တန် (တန်ချိန် ၈.၅ သိန်းကျော်ခန့်) ဒေါ်လာ ၈၆၆.၇၁၁ သန်းတန်ဖိုး ဖြစ်ပါကြောင်း၊ ပြည်တွင်း စားသုံးဆီဖူလုံရေး၊ ပြည်ပမှတင်သွင်းမှု လျော့ချနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ခန့်မှန်းလူဦးရေ ၅၅ သန်းခန့် ရှိပါကြောင်း၊ ကျန်းမာရေးအရ လူတစ်ဦးတစ်ရက်တွင် အနည်းဆုံး စားသုံးသင့်သည့်ဆီ ၂ ဒသမ ၂ ကျပ်သားဖြစ်ပြီး တစ်နှစ်တာ စားသုံးသည့်ဆီမှာ ၈ ပိဿာနှင့်တွက်လျှင် တစ်နှစ်တွင် စားသုံး သင့်သည့်စားသုံးဆီသည် တန်ချိန် ၇ သိန်းကျော် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၌ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ်၊ ပန်းနှမ်းနှင့် ဆီအုန်းများမှ ဆီထုတ်လုပ်နိုင်သဖြင့် မိမိတို့ပြည်သူ၊ ပြည်သားများသည် လူတစ်ဦးတစ်ရက်တွင် အနည်းဆုံးစားသင့်သည့် စားသုံးဆီထက် ပိုမိုစားသုံးနေကြောင်း တွေ့ရှိရပါကြောင်း၊ စားသုံးဆီအလွန်အကျွံ စားသုံးမှုကြောင့် တစ်ဦးချင်းကုန်ကျမှုများ၊ ၎င်းမှ နိုင်ငံအဆင့် ကုန်ကျမှုများ များပြားလာမည်ဖြစ်သည့်အပြင် တစ်ဦးချင်း၏ ကျန်းမာရေး၊ နိုင်ငံအဆင့် အမျိုးသားကျန်းမာရေးကိုပါ ထိခိုက်စေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထု၏ တစ်ဦးချင်းကျန်းမာရေး၊ တစ်ဦးချင်းဝင်ငွေ တိုးတက်ရေးကိုရှေးရှု၍ ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီပမာဏကိုသာ သုံးစွဲနိုင်ရေး အသိပညာပေးမှုများ၊ စားသောက် မှုပုံစံ ပြောင်းလဲနိုင်ရေး ဆောင်ရွက်ချက်များကို လုပ်ဆောင်လျက်ရှိပါကြောင်း။

အလားတူ မြန်မာနိုင်ငံတွင် မော်တော်ယာဉ် ၁ သန်းကျော်နှင့် ဆိုင်ကယ် ၆ သန်း ကျော်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင် စက်သုံးဆီ တင်သွင်းခဲ့မှုသည် တန်ချိန် ၄.၁၂ သန်းကျော် တန်ဖိုးအမေရိကန်ဒေါ်လာ ၂,၄၉၆.၆၅၂ သန်းရှိခဲ့ပါကြောင်း၊ ထိုသို့ ဖြစ်ရခြင်းသည် မြန်မာနိုင်ငံတွင် အများသုံးသယ်ယူပို့ဆောင် ရေးစနစ်(Public Transportation) အားနည်းခြင်းကြောင့် ကိုယ်ပိုင်ယာဉ်များကိုအားထားလာခြင်း ဖြစ်ပါကြောင်း၊ အများသုံး သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်သည့် ရထား၊ ဘက်စ်ကား၊ သင်္ဘောရေယာဉ်များ၏ ဝန်ဆောင်မှုကိုမြှင့်တင်ခြင်း၊ တစ်ဦးချင်း စက်သုံးဆီသုံးစွဲမှုကို ချွေတာခြင်းဆောင်ရွက်၍ ၎င်းကိစ္စကို ဖြေရှင်းရမည်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် အများသုံးသယ်ယူပို့ဆောင်ရေးစနစ်ဖြစ်သည့် ရထားပို့ဆောင်ရေးစနစ်၊ ဘက်စ်ကား ယာဉ်များနှင့် ပို့ဆောင်ရေးစနစ်၊ သင်္ဘော ရေယာဉ်များနှင့် ပို့ဆောင်ရေးစနစ်တို့ကို ဝန်ဆောင်မှုမြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားပြည်သူလူထု အနေနှင့်လည်း ကိုယ်တိုင်စက်သုံးဆီသုံးစွဲမှုကို ချင့်ချိန်ချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် ဝိုင်းဝန်း ကူညီကြရန် တိုက်တွန်းလိုပါကြောင်း၊ ဥပမာ-ဆိုင်ကယ် ၆ သန်းသည် တစ်ရက်လျှင်ဆီသုံးစွဲမှု နို့ဆီဗူးတစ်ဝက်ခန့် လျှော့ချလျှင် တစ်ရက် ဂါလန် ၁၂၅,၀၀၀ သက်သာမည်ဖြစ်၍ ကားတစ်စီးသည်လည်း တစ်ရက်လျှင်ဆီသုံးစွဲမှု ၁ လီတာ ပုလင်းတစ်ဝက်လျှော့ချနိုင်ပါက တစ်ရက်လျှင်ဂါလန် ၁၂၅,၀၀၀ လျှော့ချနိုင်မည်ဖြစ် ပါကြောင်း၊ တန်ဖိုးအားဖြင့် တစ်ဂါလန် ၆,၀၀၀ ကျပ် ပျှမ်းမျှဈေးဖြင့်တွက်ကြည့်လျှင်ပင် တစ်ရက် ငွေကျပ် ၁.၅ ဘီလီယံထိ လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ဖြစ်လာရန်မှာ ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုလိုပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ရန်လည်း ဆက်လက်နှိုးဆော်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် ကျေးလက်နှင့်မြို့ပြကွာခြားမှု နည်းပါးရေးဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် လျှပ်စစ်ဓာတ်အား ရရှိထုတ်လုပ်နိုင်မှုသည် များစွာအထောက်အကူပြုသည်။ နိုင်ငံတိုင်းသည် နိုင်ငံ၏လူနေမှုအဆင့်အတန်းမြင့်မားရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လျှပ်စစ်စွမ်းအား ထုတ်လုပ်မှုအား နည်းလမ်း မျိုးစုံ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်စွမ်းအားသည် ပြည်သူများ၏ လူမှုစီးပွားဘဝများအတွက်များစွာ အထောက်အကူပြုပြီး နိုင်ငံဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုသဖြင့်တန်ဖိုးဖြတ်၍မရနိုင်သောအရာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အတွင်း သဘာဝအရင်းအမြစ်များဖြစ်သည့် နေအား၊ ရေအား၊ လေအားများရှိပြီးဖြစ်ပါ ကြောင်း၊ အစိုးရအဆက်ဆက်တွင် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းကို အားပေး ဆောင်ရွက်ထုတ်လုပ်ခဲ့သော်လည်း ပြီးခဲ့သည့်အစိုးရလက်ထက် ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုအကြောင်းပြ၍ နိုင်ငံရေးအရအသုံးချပြီး ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစီမံကိန်း အခက်အခဲ ဖြစ်စေရန်ဆောင်ရွက်ခဲ့ပါကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်းများအား အကောင်အထည် ဖော်ရာတွင် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးသည်ကြီးမားပြီး ကုန်ကျစရိတ်တန်ဖိုးများအား တိကျစွာတွက်ချက်နိုင်သော်လည်း ပြန်လည်ရရှိသော အကျိုးအမြတ်မှာတန်ဖိုးဖြတ်၍ မရအောင် ကြီးမားပါကြောင်း၊ မြန်မာနိုင်ငံတွင် မိုးများသောဒေသများမှအပ ကျန်နိုင်ငံ တစ်ဝှမ်းလုံးတွင် နေသာသည့်ရက် တစ်နှစ်လျှင်ရက် ၂၀၀ မှ ၂၅၀ ထိရှိသဖြင့် နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံများ လုံလောက်စွာ တည်ဆောက်ရေးဆောင်ရွက်ပါက နိုင်ငံတော်လျှပ်စစ်ဓာတ်အား လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ ကျေးရွာများအတွင်း ဆိုလာပြားစနစ်သုံး လျှပ်စစ် ဓာတ်အား တပ်ဆင်ထုတ် လုပ်ပါက ကျေးရွာနေပြည်သူများ၏ လျှပ်စစ်သုံးစွဲမှုအား ပိုမိုအထောက် အကူပြုရုံသာမက လူနေမှုဘဝဖွံ့ဖြိုးတိုးတက်မှုလည်း ရှိလာမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အား ဖြည့်ဆည်းပေး နိုင်သည်သာမက မြို့ပြစီမံကိန်းများတည်ဆောက်ရာတွင် လျှပ်စစ်ကိုအခြေခံသည့် လျှပ်စစ်ဘတ်စ်ကားလုပ်ငန်းများနှင့် လျှပ်စစ်ရထားလုပ်ငန်းများကိုလည်း အထောက် အကူပြုစေပါကြောင်း။

လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တပ်မတော်ကနိုင်ငံတော်တာဝန် ရယူ မထိန်းသိမ်းမီ ဘာသာ၊ သာသနာ ဖျက်ဆီးခံရမှုအခြေအနေနှင့်ပတ်သက်ပြီး ဘာသာ ပေါင်းစုံ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(မဟန)ရှိပြီးဖြစ်၍ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ (မဘသ) ကဲ့သို့သော ဘာသာ၊ သာသနာရေးနှင့် ပရဟိတ တွဲဖက်ဆောင်ရွက်သော အဖွဲ့အစည်းများကို ဖျက်သိမ်းခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ အကြောင်းပြချက်ဖြင့် ဘုရားပုထိုးများဖူးမြော်ခွင့်နှင့် ဘာသာရေးအဆောက်အဦအတွင်း ဘုရားဝတ်ပြု၊ ကြည်ညိုခွင့်များကို ပိတ်ပင်ခဲ့ပါကြောင်း၊ သာသနာ့ဝန်ထမ်း ရဟန်းတော်များကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းသယောင် ဝါဒဖြန့်ခဲ့ပါကြောင်း။

မြန်မာ့ယဉ်ကျေးမှုနှင့်ပတ်သက်၍ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပညာရပ်များသည် National Treasure များဖြစ်ပါကြောင်း၊ မြန်မာတို့သည် ရုပ်ပိုင်း၊ စိတ်ပိုင်း ယဉ်ကျေးသိမ်မွေ့သူများဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် အစိုးရသက်တမ်း ကာလတွင်မြန်မာ့ယဉ်ကျေးမှုအတွက် စိုးရိမ်ရေအမှတ် အနေအထားဖြစ်လာရသည့် အပြင် ရွှေတိဂုံစေတီပုံရိပ်ပေါ်၌ ဖိနပ်နင်းအက ကသည်အထိ ဘာသာရေးနှင့် ယဉ်ကျေးမှု နယ်ပယ်ပျက်စီးခဲ့ရပါကြောင်း၊ မြန်မာ့ဓလေ့ဖြစ်သည့် ကြီးသူကိုရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူ ကိုသနားဟူသော မွန်မြတ်လှသည့် အလေ့အကျင့်များအပေါ် Online Media များ အသုံးချ၍ လူငယ်တို့၏ ယဉ်ကျေးသိမ်မွေ့မှု အခြေခံစိတ်ဓာတ်များအား ဖျက်ဆီးခဲ့ပါကြောင်း၊ ကျောင်းသားလူငယ်များထဲစိမ့်ဝင်နေမှု နှင့်ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါအကြောင်းပြုပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းများအား တားမြစ်ပိတ်ပင်ခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း၊ အခြေခံပညာကျောင်း သင်ခန်းစာများတွင် မြန်မာ့ ယဉ်ကျေးမှုနှင့် ကိုက်ညီမှုမရှိသော၊ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်ပွန်းပဲ့စေသော Sex Education သင်ခန်းစာများအား ထည့်သွင်းသင်ကြားစေခဲ့ပါကြောင်း၊ နိုင်ငံရေးသမား များက သမိုင်းအမှန်ကိုဖုံးကွယ်၍ လူငယ်ထုအတွင်း တပ်မတော်အား အမုန်းများရန်ပွား စေရန် နားယောင်ထိုးသွင်းလှုံ့ဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။

တပ်မတော်က နိုင်ငံတော်တာဝန်ယူနောက် အခြေအနေနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင်ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်း သာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပဘုရားဖူးများ လာရောက် ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်ရည်ရွယ်၍ နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် တော်၌ ကမ္ဘာပေါ်ရှိ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ် များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် “မာရဝိဇယ” ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အားတည်ဆောက် ပူဇော်လျက်ရှိပြီး ယခုအခါ ဆင်းတုတော်ကြီး၏ ပလ္လင်တော်အစိတ် အပိုင်းအား နေရာချထားမှုပြီးစီးခဲ့ပြီး ကျန်ဆင်းတုတော်အစိတ်အပိုင်းများကို CNC စက် ဖြင့် ဆက်လက်ထုဆစ်လျက်ရှိကြောင်း၊ ရင်ပြင်တော်ပတ်လည် အခြေခံတည်ဆောက်မှု အကြမ်းထည်ပြီးစီးပြီဖြစ်ကြောင်း၊ အလားတူ အဆိုပါဗုဒ္ဓဥယျာဉ်အတွင်း ပိဋကတ်သုံးပုံ ပါဠိတော်အဋ္ဌကထာဋီကာကျမ်းစာများကိုလည်း စကျင်ကျောက်များပေါ်၌ ခေတ်မီစက် ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Roamnize Language တို့ဖြင့် ရေးထိုးပူဇော် သွားရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီအစိုးရဒုတိယသက်တမ်းကာလအတွင်း အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များ ဖျက်ဆီးမှိုင်းတိုက်ဝါဒဖြန့် လှုံ့ဆော်မှု၏ အကျိုးဆက်ကြောင့်အချို့က Generazation-Z ဟု ခေါ်သော လူငယ် များမှာ နိုင်ငံရေးသမားတို့၏ အသုံးချမှုအပေါ် အယုံလွယ်လမ်းမှားရောက်ခဲ့ပြီး ဆရာ/ ဆရာမ ၃၇ ဦး သတ်ဖြတ်ပြီး ၃၀ ဦးကို ထိခိုက်ဒဏ်ရာရရှိအောင် ပြုလုပ်ခြင်း၊ ရဟန်း သံဃာ ၂၀ ပါးအား သတ်ဖြတ်စော်ကားခြင်း၊ စာသင်ကျောင်းများအားမီးရှို့ဖျက်ဆီးခြင်း ၅၀၄ ကြိမ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒီမိုကရေစီအစိုးရဒုတိယသက်တမ်းကာလအတွင်း ကိုဗစ်-၁၉ ရောဂါ အကြောင်းပြ၍ ပိတ်ထားခဲ့သည့် ဗုဒ္ဓဘာသာဘုရားစေတီများ အပါအဝင် သက်ဆိုင်ရာဘာသာအလိုက် ဘာသာရေးအဆောက်အဦများတွင် ဘုရား ဝတ်ပြုခြင်း၊ ကြည်ညိုခြင်းများအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG တို့၏ သွေးထိုးလှုံ့ဆော်မှုများနှင့် အကြောင်းအမျိုးမျိုး ကြောင့် ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည့်အတွက် အရေးယူခံရပြီး နိုင်ငံတော်အတွင်း တရားရုံးအသီးသီးတွင်တရားစွဲဆိုခြင်း ခံနေရသူများကို လူသား ချင်းစာနာထောက်ထားမှုများအား အလေးထားသောအားဖြင့်လည်းကောင်း၊ ပြည်သူ လူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရန်နှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန် အတွက်အကျဉ်းသား၊ အကျဉ်းသူ ၄၇,၈၇၉ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်၊ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်တို့ကို ဆောင်ရွက်ပေး ခဲ့ပါကြောင်း။

ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ် အကောင်အထည်ဖော်မှုအခြေအနေ နှင်စပ်လျဉ်၍ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အားအကောင်အထည်ဖော်ဆောင်ရွက်မှုအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူပြီးနောက် ရှေ့လုပ်ငန်းစဉ် ၅ ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ မဲမသမာမှုဖြစ်စဉ်ပေါ် မူတည်၍ “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများစစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်” ဟူသည့်အချက်ကို ပထမအချက် လုပ်ငန်းစဉ်ထားခဲ့ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် နေ့တွင် ကော်မရှင် အဖွဲ့အသစ်အား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၀ ပြည်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်မှ ဆန္ဒမဲလက်မှတ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာမြို့နယ်များတွင်ရှိသည့် တာဝန်ရှိသူများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံ မေးမြန်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲပေးခဲ့သူ ၄,၆၄၈,၂၇၀ ဦး (၄.၆ သန်းကျော်) အသက် ၁၈ နှစ် မပြည့်ဘဲ မဲပေးခဲ့သူ ၁၄,၄၁၂ ဦး၊ အသက် ၁၀၀ နှစ်အထက် မဲပေး ခဲ့သူ ၂၀,၅၆၆ ဦး၊ ၂ ကြိမ်နှင့် ၃ ကြိမ်အထက် မဲပေးခဲ့သူ ၃,၈၉၁,၆၁၁ ဦး အပါအဝင် မဲမသမာမှုစုစုပေါင်း ၁၁,၃၀၅,၃၉၀ ဦး (၁၁ သန်း ၃ သိန်း ကျော်) ရှိကြောင်း တွေ့ရှိရပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နိုင်ငံသားကတ်မရှိဘဲ မဲပေးသူ ၄,၆၄၈,၂၇၀(၄ ဒသမ ၆ သန်းကျော်)ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းဆိုင်ရာ အချက်အလက်များကိုအခြေခံပြီး တွက်ချက်ထားချက် အရ ၁-၄-၂၀၂၁ ရက်နေ့အထိ အသက်(၁၈)နှစ်နှင့်အထက် ခန့်မှန်း လူဦးရေ ၃၇,၂၉၉,၈၅၈(၃၇ ဒသမ ၂၉ သန်း)ဖြစ်ပြီး မှတ်ပုံတင် နိုင်ငံသားကတ် မရှိသည့် နိုင်ငံသားများ ၃ ဒသမ ၄ သန်းကျော်ရှိနေပါကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့် အကျုံးဝင်သော (ဥပဒေ အရနိုင်ငံသားများ) အားလုံးကို “ပန်းခင်း” စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေး နိုင်ရန်အတွက် ၃-၅-၂၀၂၁ ရက်နေ့မှစ၍ စစ်ဆင်ရေးတစ်ရပ်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ မှတ်ပုံ တင်ပြုလုပ်ရမည့်လူဦးရေ ၃,၄၉၁,၃၆၄ ဦး(၃ ဒသမ ၄ သန်းကျော်) အနက် ၂၁-၁-၂၀၂၂ ရက်နေ့အထိ ၁,၉၀၅,၈၄၃ ဦး(၂ သန်းနီးပါး) ဆောင်ရွက် ပေးနိုင် ခဲ့ရာ ၅၅ ရာခိုင်နှုန်း နီးပါးပြီးစီးပြီဖြစ်ပြီး မှတ်ပုံတင်ဆောင်ရွက်မှု အချိန်ကာလအားဖြင့် ၁၈ လတာ ကြာမြင့်မည်ဖြစ်ပါကြောင်း။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးကောက်ပွဲစနစ်နှင့် ပတ်သက် ၍ပြောကြားရာတွင် “လက်ရှိရွေးကောက်ပွဲစနစ်ဟာ များသူအနိုင်ယူ (FPTP)ဖြစ် တဲ့ အတွက်ကြောင့် တိုင်းရင်းသား ၁၃၅ မျိုးနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နှင့်ဖက်ဒရယ် စနစ်ကိုကျင့်သုံးရာမှာ သဟဇာတမဖြစ်ကြောင်း တွေ့ရှိရပါတယ်၊ ဒီအတွက်ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ မြန်မာနိုင်ငံနဲ့ သင့်လျော် ကိုက်ညီတဲ့ရွေးကောက်ပွဲစနစ်ပြောင်းလဲကျင့်သုံးနိုင်ဖို့အတွက်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီများ ၄ ကြိမ်တွေ့ဆုံခဲ့ပြီးတော့မှ နိုင်ငံရေးပါတီအစုအဖွဲ့ ၆ ဖွဲ့ရဲ့ တင်ပြချက်စာတမ်းအရ အစုအဖွဲ့အားလုံးက လွှတ်တော်သုံးရပ်မှာ အချိုးကျ ကိုယ်စားပြုမှုစနစ်(PR) ပြောင်းလဲကျင့်သုံးနိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ်ရွေးကောက်ပွဲများကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်၊ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှာ မြို့နယ် ၃၂၃ မြို့နယ်မှာကျင်းပပြီးစီးခဲ့ပါတယ်၊ အဆိုပါရွေးကောက်ပွဲများမှာ ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှုအချို့ရှိခဲ့သော်လည်းပဲ ပြေလည်အောင်ဖြေရှင်းနိုင်ခဲ့ပါတယ်၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် မြို့နယ်ပေါင်း ၃၁၅ မြို့နယ်တွင် ကျင်းပခဲ့ပါတယ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများသည် General Election ဖြစ်၍ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့်တိုင်း လွှတ်တော်အမတ်များအတွက် ကိုယ်စားလှယ်များရွေးချယ်ရပါတယ်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုများကို သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များက ရင်ဆိုင်မဖြေရှင်းရဲတဲ့ အခြေအနေအထိ မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ပါတယ်၊ ယင်းဖြစ်ရပ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်မှုကို ယုံကြည်အားကိုးမှု အားနည်းစေပြီးတော့မှ နိုင်ငံ၏ပုံရိပ်ကိုလည်း များစွာကျဆင်းစေခဲ့ပါတယ်၊ ထို့အတွက် ကြောင့် ရွေးကောက်ပွဲများကို ထိခိုက်အောင်လုပ်ခဲ့သူများကို တည်ဆဲဥပဒေများအရ အရေးယူမှုများ ဆောင်ရွက်လျက်ရှိပါတယ်၊ အစိုးရအနေနဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များပြီးစီးပါက ရွေးကောက်ပွဲပြန်လည်ကျင်းပပြုလုပ်သွားမည်ဆိုတဲ့ ကတိကို အကောင်အထည်ဖော်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေပါတယ်၊ ရွေးကောက်ပွဲဆိုတာ တည်ငြိမ်အေးချမ်းလုံခြုံတဲ့အခြေအနေရှိမှ ပြည်သူများ လွတ်လပ်စွာ မဲပေးနိုင်မှာဖြစ်ပါတယ်၊ သန့်ရှင်းတရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မှာဖြစ်ပါတယ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြို့နယ်အားလုံး ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖို့အတွက် ကြိုးပမ်းနေရာမှာ အစိုးရရဲ့နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်များကို တိုင်းရင်းသားပြည်သူအားလုံးက ပူးပေါင်းဆောင်ရွက် ကြဖို့လိုအပ်ကြောင်း တွေ့ရှိရပါတတယ်။”

ယင်းနောက် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပျက် ဆက်လက်ဆောင်ရွက်နိုင်မှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ် ၅ ရပ်တွင် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးကို ထည့်သွင်းရေးဆွဲထားခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်၌ စတင်တွေ့ရှိခဲ့ပါကြောင်း၊ ကာကွယ်ကုသမှုအနေဖြင့် ကူးစက်မှုအမြင့်ဆုံးကာလ ဇူလိုင်လ တတိယပတ်နှင့် စတုတ္ထပတ်များတွင် တစ်ရက်လျှင် ပျမ်းမျှပိုးတွေ့ လူဦးရေ ၅,၀၀၀ ကျော်ခန့်(၄၁ ရာခိုင်နှုန်း)အထိဖြစ်ပွားခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တတိယ လှိုင်းကာလတွင် ဖြစ်ပွားမှု၊ သေဆုံးမှုများ လျင်မြန်စွာထိန်းချုပ်နိုင်ရေးအတွက် ဆေးရုံ၊ ဆေးခန်းများအပြင် ကုသမှုစင်တာပေါင်း (၁,၆၇၄)ခုအထိ ဖွင့်လှစ်ကုသပေးနိုင်ခဲ့ပါ ကြောင်း၊ အောက်ဆီဂျင်ထုတ်လုပ်နိုင်ရေး အလျင်အမြန်ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်မှ အောက်ဆီဂျင်စက်ရုံ (၂၂၅) ရုံ၊ ပုဂ္ဂလိကမှ (၂၄၂) ရုံ၊ စုစုပေါင်း(၄၄၆)ရုံ တည်ဆောက် ပေးပြီး ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခဲ့ပါကြောင်း၊ မိမိအနေဖြင့် “လက်တွေ့ကျကျ မြန်မြန်ဆန်ဆန်လုပ်၊ လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုသည့် မူဝါဒချမှတ်ပြီး နည်းလမ်းပေါင်းစုံနှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နေ့မနားညမနားဆောင်ရွက်ခဲ့ ကြပါကြောင်း၊ မိမိကိုယ်တိုင် ဦးဆောင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ အစည်းအဝေးများကို (၁၃)ကြိမ်တိုင်တိုင်ကျင်းပ၍ လိုအပ်သော အုပ်ချုပ်ထောက်ပံ့ရေး ကိစ္စရပ်များကို တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များနှင့် Video Conferencing ပြုလုပ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပြည်သူ့ဆေးရုံ များတွင် ဆေးဝါးဝယ်ယူနိုင်ရန်အတွက်လည်း ငွေကျပ် ဘီလီယံ ၃၀၀ လျာထားခဲ့ပြီး ဆေးရုံလုပ်ငန်းလိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ လွယ်ကူလျင်မြန်ချော မွေ့စေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးများ ကို ဒုတိယဝန်ကြီးချုပ် ဦးစီးဆောင်ရွက်ပြီး တစ်ပတ်လျှင် ၃ ကြိမ် ပြုလုပ်ကာ အနီးကပ်ဖြည့်ဆည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက် မှု ကွင်းဆက်ပြတ်တောက်စေရေးအတွက် Stay at Home မြို့နယ် ပေါင်း ၁၁၉ မြို့နယ်အထိ သတ်မှတ်ပေးခဲ့ပါကြောင်း၊ လက်ရှိနောက်ဆုံးအခြေအနေမှာ မြို့နယ် အားလုံးကို ကန့်သတ်ချက်ဖယ်ရှားပေးခဲ့ပြီးဖြစ်သည့်အတွက် Stay at Home မြို့နယ် များ ကျန်ရှိခြင်းမရှိတော့သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ အနှောင့် အယှက်အချို့နှင့် အဖျက်သမားများ ဝိုင်းဝန်းဝေဖန်နှောင့်ယှက်မှုများကို ကျော်လွှားနိုင်ပြီး ၂၉-၁-၂၀၂၂ ရက်နေ့စာရင်းအရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုအနေဖြင့် ပျမ်းမျှ ၁ ရာခိုင် နှုန်းဝန်းကျင်သာရှိတော့ကြောင်း။

ယခင်အစိုးရလက်ထက် အိန္ဒိယနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေး သန်း ၃၀ Dose အမေရိကန် ဒေါ်လာ သန်း ၁၅၀ နှင့် ဝယ်ယူခဲ့ပါကြောင်း၊ ၎င်းမှ ၂ သန်းသာ ရောက်ရှိလာခဲ့ပြီး နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံတွင်လည်း ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်မား လာသည့်အတွက် ဆေးများထပ်မံရောက်ရှိခြင်းမရှိပါကြောင်း၊ ကိုဗစ်ရောဂါ ကာကွယ်ရေး တွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကဖြစ်သည့်အတွက် အစိုးရအနေနှင့် ကာကွယ် ဆေး ရရှိရန်လုပ်ငန်းကို အစမှပြန်လည်ကြိုးပမ်းရပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ရန်ပုံငွေ အသုံးပြုမှုအခြေအနေအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူမှု ကုန်ကျစရိတ်အနေဖြင့် ဒေါ်လာ၂၇၆.၆၄ သန်းတန်ဖိုး ဝယ်ယူခဲ့ပါကြောင်း၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံဦ ရုရှားနိုင်ငံနှင့် နီပွန်ဖောင်ဒေးရှင်းတို့မှ ကိုဗစ်ကာကွယ်ဆေး ဆေး Dose ၁၇.၁ သန်း (တန်ဖိုးအမေရိကန်ဒေါ်လာ ၁၂၁.၁၂ သန်း) လှူဒါန်းမှုကိုလက်ခံရရှိခဲ့ပါကြောင်း၊ ၎င်းအပြင် ကမ္ဘောဒီးယား၊ ထိုင်းစသည့်နိုင်ငံများမှ လည်း ကိုဗစ်ကာကွယ်ရေး ပစ္စည်းများလှူဒါန်းခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးအတွက် ကျပ်ငွေ ၆၄ ဘီလီယံကျော်သုံးစွဲခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးတွင် ဆေးရုံများအဆင့်မြှင့်တင်ရေးအတွက် ကျပ်ငွေ ၆၀.၃ ဘီလီယံ ကျော်သုံးစွဲခဲ့သည့်အနက် ကိုဗစ်ဖြစ်သူများအတွက် အရေးပေါ်လိုအပ်သော အောက်စီဂျင် နှင့် ဆက်စပ်ပစ္စည်းများဝယ်ယူမှုအနေဖြင့် ၁၂.၂၃ ဘီလီယံကျပ် ပါဝင်သုံးစွဲခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါလူနာများအတွက် ကျွေးမွေးမှုစုစုပေါင်း ကုန်ကျစရိတ်အနေဖြင့် ကိုဗစ်-၁၉ ဗဟိုကော်မတီရန်ပုံငွေမှ ကျပ် ၂၃.၁၂ ဘီလီယံနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ကျပ် ၄ ဘီလီယံ၊ စုစုပေါင်း ကျပ်ငွေ ၂၇.၁၂ ဘီလီယံ သုံးစွဲခဲ့ ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို ဒီဇင်ဘာလတွင် ၅၀ ရာခိုင်နှုန်း အပြီး မျှော်မှန်းထားသော်လည်း ၅၁ ရာခိုင်နှုန်းကျော် ထိုးနှံပြီးစီးခဲ့ပါကြောင်း၊ လက်ရှိ ကာလအထိ ၅၃ ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်ပါကြောင်း။

လက်ရှိအစိုးရသက်တမ်းကာလ တစ်နှစ်အတွင်း Quarantine ဆေးရုံ၊ ဆေးခန်း တက်ရောက်သူများအတွက် ကျွေးမွေးမှုကုန်ကျစရိတ်အနေဖြင့်ကျပ် ၄ ဘီလီယံနီးပါး၊ ကိုဗစ်ဖြစ်ပွားသူများအတွက်အောက်ဆီဂျင် Plant ဝယ်ယူခဲ့ရာ ကျပ် ၁၀.၂၃ ဘီလီယံ ကုန်ကျခဲ့ပါကြောင်း၊ နိုင်ငံအတွင်း ဆေးရုံ ၁,၀၇၇ ရုံ၊ ဆေးပေးခန်း ၁၁,၄၂၇ ခုရှိပြီး ဆေးရုံ ၇၆၅ ရုံ၊ ဆေးပေးခန်း ၇,၄၃၀ ခု လုပ်ငန်းဆောင်ရွက်နိုင်မှုရှိခဲ့သည်။ တစ်နိုင်ငံလုံး ခန့်အပ် ဆရာဝန် ၁၄,၆၇၈ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၀၅,၈၃၄ ဦးရှိပြီး ၎င်းအထဲမှ ဆရာဝန် နှင့် ကျန်းမာရေးဝန်ထမ်း အချို့ပျက်ကွက်ခဲ့ပြီး ၎င်းတို့သည် နိုင်ငံရေးဝါဒမှိုင်းများကြောင့် မိမိတို့လုပ်ငန်းခွင်ကို စွန့်ခွာသွားသည့် သူများဖြစ်ကြောင်း၊ အဆိုပါလိုအပ်သွားသည့်န ရောများတွင် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကုသပေးခြင်းနှင့် တပ်မတော်ဆေးရုံ များတွင် အများပြည်သူများကိုကုသပေးခြင်းများကို ခွင့်ပြုပေးခဲ့ကြောင်း၊ အလားတူ အငြိမ်းစားကျန်းမာရေးဝန်ထမ်းများနှင့် အငြိမ်းစား တပ်မတော်ဆေးဆရာဝန်များ ကလည်း ဆေးကုသမှုများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သည့်အတွက်ကြောင့် ကိုဗစ် -၁၉ ရောဂါကာကွယ်တိုက်ဖျက်ရေးတွင် များစွာ အကူအညီရခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာလအတွင်း တာဝန်သိကျန်းမာရေး ဝန်ထမ်းများသည် ၎င်းတို့၏လူနာရှင်များကို မပစ်ခွာဘဲ တာဝန်သိသိသစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ အပေါ် အသိအမှတ်ပြုသည့်အနေဖြင့် ကျပ် ၁၀.၉၄ဘီလီယံ ကို အစိုးရမှဆုချီးမြှင့်ခဲ့ပါ ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်ရန်လိုအပ်သည့် ပြည်သူများအတွက် တပ်မတော် ဆေးတပ်ဖွဲ့များမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပြင်ပလူနာ ၃၂၉,၇၅၉ ဦး၊ အတွင်းလူနာ ၉၈,၃၂၈ ဦး၊ မွေးလူနာ ၁၉,၅၂၆ ဦးတို့ကို ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းဆိုင်ရာရောဂါ၊ အရိုး/အကြောဆိုင်ရာရောဂါ၊ မျက်စိ ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွား၊ မီးယပ်ရောဂါ၊ ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ ရောဂါ၊ နှလုံးနှင့် ဆိုင်သောရောဂါများ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းနှင့် ကျန်းမာရေးစောင့် ရှောက်မှုများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ အငြိမ်းစားဆေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများမှလည်း ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများမှာ အင်အားဖြည့် တင်း ဆောင်ရွက်ပေးနိုင်မှုများကြောင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင်လည်း အောင်မြင်မှုများရရှိခဲ့ကြောင်း။

ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အတွက် အရေးကြီးဆုံးအချက်မှာ ကာကွယ်ဆေးထိုးနှံ ခြင်းလုပ်ငန်းဖြစ်ပါကြောင်း၊ ကာကွယ်ဆေးကို လူဦးရေများများအား မြန်နိုင်သမျှအမြန်ဆုံး ထိုးနှံပေးခြင်းသည် အထိရောက်ဆုံးနည်းလမ်း ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ တပ်မတော်နှင့် ပုဂ္ဂလိက အဖွဲ့အစည်းများအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၆၀,၅၉၆,၄၀၀ Dose (၆၀ ဒသမ ၅ သန်းကျော်)ရောက်ရှိခဲ့ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့ အထိ ထိုးနှံပြီးစီးခဲ့သည့် Dose ၄၀,၈၅၆,၀၀၀ ရှိပြီး၊ ၂ ကြိမ်အပြည့် ထိုးနှံပြီးသူ ၁၈,၇၉၂,၀၉၉ ဦး၊ တစ်ကြိမ် ထိုးနှံပြီးသူ ၃,၂၇၁,၈၀၂ ဦး၊ Booster Dose ထိုးနှံပြီးစီးသူ ၂၁၆၆၈ Dose ထိုးနှံပြီးဖြစ်သောကြောင့် တစ်နိုင်ငံလုံး မျှော်မှန်းချက်ထက် ၅၃ ရာခိုင်နှုန်းကျော် အနည်းဆုံး တစ်ကြိမ်ထိုးနှံပြီးဖြစ်ပါကြောင်း၊ နေ့စဉ်ထိုးနှံနိုင်မှုသည် ၃ သိန်းကျော် ရှိပါကြောင်း၊ ကာကွယ်ဆေးထုတ်လုပ်နိုင်မှုအနေဖြင့် ကိုဗစ်-၁၉ ရောဂါသည် အချိန် ကာလ အတိုင်းအတာတစ်ခုအထိ ဆက်လက်ဖြစ်ပွားနေ ဆဲဖြစ်သောကြောင့် ပြည်တွင်း၌ ကာကွယ်ဆေးထုတ်လုပ် နိုင်ရေးမူဝါဒအားချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကနဦးခြေလှမ်းအနေဖြင့် တရုတ်နိုင်ငံထုတ်(Sinopharm) ကာကွယ်ဆေးကို ပုလင်း အတွင်း ဖြည့်သွင်းရန်အသင့် (Ready to Fill Bulk)စနစ်ဖြင့် ဝယ်ယူထုတ်လုပ်နိုင်ရေး အတွက် သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဖေဖော် ဝါရီလ အတွင်း ထုတ်လုပ်မှုလုပ်ငန်း စဉ်များ စတင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် အတွင်း Doses ၁၀ သန်းခန့် ထုတ်လုပ်သွားမည်ဖြစ်ပါကြောင်း၊ ထို့သို့ဆောင်ရွက်မှုအရ ကာကွယ်ဆေးဈေးနှုန်းမှာလည်း မူလကုန်ချောဈေးနှုန်း၏ ထက်ဝက်မျှသာရှိသော ဈေးနှုန်းဖြင့် ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း။

လက်ရှိအခြေအနေအရ ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ၏ မျိုးကွဲစိတ် အိုမီခရွန်အား တွေ့ရှိလျက်ရှိပြီး နိုင်ငံတွင်လည်း ပြည်ပမှပြန်လည်ဝင်ရောက် လာသူများအား စစ်ဆေးလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ပြည်ပမှ ပြန်လည်ဝင်ရောက်သူများတွင် အိုမီခရွန် ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီး ၂၈-၁-၂၀၂၂ ရက်နေ့အထိ ၂၈၃ ဦးတွေ့ရှိခဲ့ရပါကြောင်း၊ ထို့ကြောင့် ကိုဗစ်ရောဂါနှင့် ပတ်သက်၍ မပေါ့ဆကြရန်နှင့် လိုက်နာရန်သတ်မှတ်ထားသည့် တစ်ကိုယ်ရည်အကာ အကွယ် စည်းမျဉ်းများကို လိုက်နာသွားရန် လိုအပ်ပါကြောင်း။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများ အား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်ဖြစ်ပါကြောင်း၊ ရှေ့လုပ်ငန်းစဉ် အား အကောင်အထည်ဖော်ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း နိုင်ငံများနည်းတူ မြန်မာနိုင်ငံကိုလည်း ရိုက်ခတ်မှုများရှိခဲ့ပါကြောင်း၊ အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများကို ဖြစ်နိုင် သမျှနည်းလမ်းများဖြင့် အမြန်ဆုံး ကုစားသွားနိုင်ရန် ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာ နိုင်သည့် စီးပွားရေးသက် ရောက်မှုများအပေါ်ကုစားရေးအတွက် ကုမ္ပဏီ/လုပ်ငန်း ၆,၃၃၄ ခု အား ချေးငွေပမာဏ ကျပ် ၁၆၆.၆၄၆၃ ဘီလီယံ ထုတ်ချေးထားပါကြောင်း၊ လက်ရှိအခြေအနေ၌ ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှု များအပေါ် ကုစားမှုကော်မတီအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီများပေးအပ် နိုင်ရေးအတွက် ကုမ္ပဏီ/ လုပ်ငန်း ၁၁၆ ခုသို့ ချေးငွေများ ခွင့်ပြုခြင်းဆောင်ရွက်ခဲ့ ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်မှုအနေဖြင့် မြန်မာနိုင်ငံသည် စိုက်ပျိုး/မွေးမြူရေးနိုင်ငံ ဖြစ်သည့်အတွက် စိုက်ပျိုး/ မွေးမြူရေးလုပ်ငန်းများ ပိုမိုထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်မှုများမှ တစ်ဆင့် စိုက်ပျိုး/ မွေးမြူရေးထုတ်ကုန်များ ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ စနစ်တကျခေတ်မီ စေရေးအတွက် အရေးပါသည့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ကျွမ်းကျင်သူများ ပေါ်ထွက်လာရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် စိုက်ပျိုး မွေးမြူရေးကျောင်းများကို သိပ္ပံကောလိပ်အဆင့် တိုးမြှင့်ရန် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် နေပြည်တော်၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုပြုလုပ်သည့် မွေးမြူရေးတိရစ္ဆာန် ပြပွဲ၊ ပြိုင်ပွဲတွင် နိုင်ငံအရပ်ရပ်က ကျွဲ၊ နွား၊ ဆိတ်၊ သိုးများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ ဒေသပြည်တွင်းမျိုး၊ ကပြားမျိုး၊ နိုင်ငံခြားမျိုးများအထဲတွင် ဒေသ ပြည်တွင်းမျိုးကောင်း များကို တွေ့ရပါကြောင်း၊ စနစ်တကျကျွေးမွေး၍ မွေးမြူမည် ဆိုလျင် တိုင်းပြည် အတွက်များစွာ အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်သည့်အတွက် ခေတ်မီ မွေးမြူရေး ပညာရှင်များမွေးထုတ်ဆောင်ရွက်ရန် ကြိုးစားရမည်ဖြစ်ပါကြောင်း။

ရှေ့လုပ်ငန်းစဉ်၏ စတုတ္ထအချက်ဖြစ်သည့် “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေး ရရှိရေး အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်” ဟု မူဝါဒ ချထားပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် အကောင်အထည်ဖော်လျက်ရှိပြီး ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ NCA အတိုင်း အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် လုပ်ဆောင်လျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် ငြိမ်းချမ်းရေးဆိုင်ရာ ကော်မတီ(၃)ရပ် ဖွဲ့စည်းခဲ့ ပါကြောင်း၊ မိမိဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်း ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သောလုပ်ငန်းကော်မတီ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သော ညှိနှိုင်းရေးကော်မတီတို့ ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှစ၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန် ချက် ပေါင်း အကြိမ်(၂၀)ပြုလုပ်ပေးခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးခဲ့ပါကြောင်း၊ ဆက်လက်၍ ယခုနှစ်ကုန်ပိုင်းအထိ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ‌ကြောင်း၊ မိမိ၏ ၂၀၂၂ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် “ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စရပါမယ်။ ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် စတုတ္ထအချက်ထဲမှာလည်း ဖော်ပြပြီးဖြစ်လို့ သက်ဆိုင်သူအဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ် ပါတယ်” ဟု ထည့်သွင်း ပြောကြားခဲ့ပြီးဖြစ်ပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်း ချက် များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး” ဆိုသည့်အချက် နှင့်ပတ်သက်၍ နောင်ကျင်းပမည့်ရွေးကောက်ပွဲအတွက် နိုင်ငံသားတိုင်း မဲပေးခွင့်ရရှိရေးအတွက် လိုအပ်လျက်ရှိသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးရှိ တိုင်းရင်းသားအားလုံးတူညီသည့် အခွင့်အရေးများရရှိရန် အချိုးကျ ကိုယ်စား ပြုခြင်းစနစ် (Proportional Representation - PR)ကို အသုံးပြုနိုင်ရေး နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ စိတ်ပါဝင်စားသူများနှင့်စုပေါင်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဖြင့် ဆွေးနွေးလျက်ရှိပါကြောင်း၊ အချိုးကျကိုယ်စားပြုခြင်း(PR)စနစ် ကျင့်သုံး မည့်အလားအလာနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ၄ ကြိမ်ကျင်းပဆောင်ရွက်ခဲ့ပါကြောင်။

ဦးတည်ချက်(၉)ရပ် အကောင်အထည်ဖော်မှု နှင့်စပ်လျဉ်း၍ နိုင်ငံရေးဦးတည်ချက် များနှင့်ပတ်သက်ပြီး စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရား မျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ကို တည်ဆောက်နိုင်ရေးကို ပထမဆုံးအချက်အဖြစ် ဦးတည်ချက်အား ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားနေသည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစား ခြင်းလည်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားပါတီများ အပါအဝင် နိုင်ငံရေးပါတီများသည် ၎င်းတို့ကိုထောက်ခံသည့် ပြည်သူလူထုကို ကိုယ်စားပြုသည့်လူများဖြစ်ပါကြောင်း၊ ထို့ကြောင့် မတူကွဲပြားသည့်ကိုယ်စားပြုမှုများရှိပြီး ပါတီများသည် ဝါဒရေးရာအရဖြစ်လာ သော ပါတီများဖြစ်ပါကြောင်း၊ ဝါဒရေးရာပါတီများဖြစ်၍ ဒီမိုကရေစီလမ်းကြောင်းချင်း အနည်းငယ်ကွဲပြားနိုင်ပါကြောင်း၊ လူမျိုးရေးနှင့်ပတ်သက်သည့် ပါတီများသည် လူမျိုးစု အလိုက် ကိုယ်စားပြုသည့်ပါတီများဖြစ်ပြီး ဒေသအလိုက် ကိုယ်စားပြုသည့်ပါတီများ အနည်းငယ်ရှိပါကြောင်း၊ ထိုပါတီများတွင် ကိုယ်စားပြုမှုပေါ်မူတည်ပြီး ၎င်းတို့၏ ထောက်ခံသူများရှိပါကြောင်း၊ ပါတီများ၊ တိုင်းရင်းသားလူမျိုးစု များကို ကျယ်ကျယ် ပြန့်ပြန့်ကိုယ်စားပြုနိုင်ရေးအတွက် အချိုးကျကိုယ်စားပြုစနစ်(PR)ကို သွားရမည်ဖြစ် ပါကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည် ဆောက်ရာတွင် ဒီမိုကရေစီနှင့်ပတ်သက်၍လည်းကောင်း၊ ဖက်ဒရယ်နှင့်ပတ်သက်၍ လည်းကောင်း မည်သို့ပင်အယူအဆ အမျိုးမျိုးကွဲပြားနေပါစေ မိမိတို့နိုင်ငံနှင့် သဟဇာတ ဖြစ်သည့်စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ရန် လိုအပ်သည့်အပြင် ဒီမိုကရေစီနှင့်ပတ်သက် ၍ အများဆန္ဒအတိုင်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လူနည်းစု၏ဆန္ဒကိုလည်း အလေးထားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ ဆောင်ရွက်မည့် ဖက်ဒရယ်သည် မတူကွဲပြားသည့် တိုင်းဒေသကြီး၊ ပြည်နယ်၊ လူမျိုးများ၊ လူမျိုးစုများ၊ စုစည်းထားရာမှ အချုပ်အခြာ အာဏာဖြစ်သည့် အာဏာ(၃)ရပ်ကို ခွဲဝေကျင့်သုံးခြင်းနှင့် ထိုသို့ဆောင်ရွက်ရာမှာ ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ် များအကြား အာဏာခွဲဝေဆောင်ရွက်သွားခြင်းဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် အခြေခံဥပဒေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များရရှိစေမည်ဖြစ်ပါကြောင်း။

ဒုတိယအချက်ဖြစ်သည့် “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါအတိုင်းအလေးထား လုပ်ဆောင်ရေး” ဆောင်ရွက်မှုအား ရှေ့လုပ်ငန်းစဉ် ၅ ရပ် စတုတ္ထအချက်၌ ဖော်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ တတိယအချက်ဖြစ်သည့် “လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး “မူ”ကို ဆက်လက်လိုက်နာကျင့်သုံးရေး”နှင့်စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက် ဆက်ဆံရေးရှေးရှု သည့်မူဝါဒ၊ ကမ္ဘာ့နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်း သည့် မူဝါဒ(၃)ရပ်ကို ပြဋ္ဌာန်းထားခဲ့ပါကြောင်း၊ အစိုးရအနေဖြင့် ပထမတစ်နှစ်တာ ကာလ အတွင်းတွင် နိုင်ငံတကာဆက်ဆံရေးကောင်းမွန်ရန် အမြဲရှေးရှုလျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြည်ပနိုင်ငံများ ပထမဦးဆုံးခရီးစဉ်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် ကျင်းပသည့် အာဆီယံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပါကြောင်း၊ ဒုတိယခရီးစဉ် အဖြစ် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၀ ရက်မှ ၂၇ ရက်အထိ ရုရှားနိုင်ငံတွင်ကျင်းပခဲ့သည့် (၉)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံကို တက်ရောက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် မိတ်ဆွေနိုင်ငံသာရှိပြီး ရန်သူနိုင်ငံဟူ၍မရှိပါကြောင်း၊ မိမိတို့အပေါ် ရန်သူသဖွယ်ဆက်ဆံနေလျှင်လည်း ၎င်းနိုင်ငံများ၏သဘောထားကို ပြောင်းလဲလာ စေရန်၊ မိတ်ဆွေဖြစ်လာစေရန် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရာတွင် နိုင်ငံ၏နယ်စပ်ဒေသများကို ထာဝရတည်ငြိမ်အေးချမ်းသည့် နယ်စပ်ဒေသဖြစ်ရန်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နိုင်ငံများနှင့် ထာဝရတည်ငြိမ်အေးချမ်းပြီး ချစ်ခင်သည့် အိမ်နီးနားချင်း ဆက်ဆံရေးကို ထူထောင်သွားမည်ဖြစ်ပါကြောင်း၊ အိမ်နီးချင်း ဆက်ဆံရေးမှာလည်း မတူသည့်မူဝါဒ၊ ယဉ်ကျေးမှုများရှိသည့်နိုင်ငံများနှင့် ဆက်ဆံခြင်းဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံချင်းပေါ် မူတည်၍ နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကို ထိတွေ့ဆက်ဆံ နိုင်ရေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လက်ရှိအနေအထားတွင် ခေတ်အဆက်ဆက်တည်ရှိခဲ့သည့် အိမ်နီးချင်း ဆက်ဆံရေးနှင့် ထာဝရငြိမ်းချမ်းသည့် အိမ်နီးချင်းဆက်ဆံရေးတွင် ချစ်ကြည်ရင်းနှီးမှု များရှိပြီးဖြစ်သည့်အတွက် ပိုမိုခိုင်မာမှုရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ နှင့်ဆွေးနွေးခဲ့ရာတွင် အာဆီယံထိပ်သီးအစည်း အဝေး ဘုံသဘောတူညီချက် ၅ ရပ်နှင့် ပတ်သက်၍ ဦးတည်ဆွေးနွေးခဲ့ပြီး ပထမဆုံး အချက်ဖြစ်သည့် အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်နေသူများအနေဖြင့် အကြမ်းဖက်မှု ရပ်ဆိုင်းပြီးတွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ရန် ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်နှင့်အကြမ်းဖက်များ၏ ကွဲပြားခြားနားမှုများ၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် အမြဲမပြတ်ဆောင်ရွက်နေမှုများနှင့် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရေးဖိတ်ခေါ်ဆွေးနွေးနိုင်ခဲ့ပါ ကြောင်း၊ ၎င်းအပြင် အာဆီယံလူသားချင်းစာနာ ထောက်ထားမှုနှင့်သက်ဆိုင်သည့် အထောက်အပံ့ပစ္စည်းများ ကူညီထောက်ပံ့နိုင်ရေး ဆိုင်ရာကိစ္စများကိုလည်း ဆွေးနွေးနိုင် ခဲ့ပြီး အစိုးရအနေဖြင့် လက်ခံပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ်၏ မြန်မာနိုင်ငံသို့ အလုပ်သဘောရောက်ရှိခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်တွင် ကောင်းမွန်ထူးခြားသည့်ရလဒ်များရရှိခဲ့ပြီး ခရီးစဉ်နှင့် ပတ်သက်၍ ပူးတွဲသတင်းထုတ်ပြန်ချက်များအား ထုတ်ပြန်ခဲ့ပါကြောင်း၊ ထို့အပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ဇန်နဝါရီလ ၂၆ ရက်နေ့ Video Conferencing နှင့် တွေ့ဆုံဆွေးနွေးရာတွင်လည်း အာဆီယံအဖွဲ့တွင် မြန်မာနိုင်ငံ၏ ပါဝင်ဆောင်ရွက်မှု၊ အာဆီယံနိုင်ငံများအတွင်း အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေနှင့် အကောင်းဆုံး ဖြစ်စေရန် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ အာဆီယံ အထူးကိုယ်စားလှယ် ကို မြန်မာနိုင်ငံသို့စေလွှတ်သွားမည့်အခြေအနေများနှင့် ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်လာရောက်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ခဲ့ပါကြောင်း၊ အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ အမျိုးသား အကျိုး စီးပွားနှင့် အစိုးရ၏ရှေ့လုပ်ငန်းစဉ်များကို မထိခိုက်စေဘဲ နိုင်ငံတကာနှင့် အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

စီးပွားရေးဦးတည်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု အနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေးအတွက် မြန်မာနိုင်ငံ၏အခြေခံနှင့် ပြည်သူအများ စုလုပ်ကိုင်နေရသည့် စီးပွားရေးဖြစ်သော စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများအား ဦးစားပေး လုပ်ဆောင်စေလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုး/မွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေကြသည့် ကျေးလက်နေပြည်သူလူထု ၇၀ ရာခိုင် နှုန်းခန့်ရှိပါကြောင်း၊ မွေးမြူရေးလုပ်ငန်းများအနေဖြင့် မိမိတို့နိုင်ငံ ၏ ဒေသအများစုတွင် မွေးမြူ၍ရသော ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး စသည့် မွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင်ပြည်ပမှ နို့ထွက်ပစ္စည်းတင်သွင်း နေမှုကို လျှော့ချနိုင်ရန်အတွက် နိုင်ငံအတွင်း ရာသီဥတုနှင့် မြေအခြေအနေကောင်းသည့် နေရာများတွင် နို့စားနွားများမွေးမြူ၍ နို့ထွက်ပစ္စည်းများ ပြည်တွင်းဖူလုံရုံမျှမက ပိုလျှံစေရန် မွေးမြူဆောင်ရွက်လျက်ရှိသည်သာမက အသားစားနွား၊ အသားတိုးဝက်၊ အသားတိုးကြက်များ မွေးမြူ၍ပြည်တွင်းတွင် အသားစိုရိက္ခာဖူလုံရေးနှင့် ပြည်ပသို့တင်ပို့ နိုင်ရေး အတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျေးလက်ဒေသများဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် “မြန်မာနိုင်ငံမှာလူဦးရေ ၅၅ သန်းခန့် ရှိရာမှာ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ ကျေးလက်နေ ပြည်သူများဖြစ်ပြီးတော့ ၃၀ ဒသမ ၂ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးတဲ့ အောက်ကိုရောက်ရှိနေတဲ့သူများဖြစ်ပါတယ်၊ အများဆုံးခံစားရတဲ့ ဒေသများဟာ ကျေးလက်ဒေသများဖြစ်ပါတယ်၊ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ကျေးလက်ဒေသများရဲ့ ပြည်သူများရဲ့ဆင်းရဲနွမ်းပါးမှု လျှော့ချ နိုင်ဖို့အတွက် ထိရောက်တဲ့နည်းလမ်းများကို အသုံးပြုပြီး မြို့ပြနဲ့ကျေးလက်ဒေသများ အကြား ကွာဟချက်ကျဉ်းမြောင်းစေဖို့နဲ့ ပြည်သူများရဲ့လူမှုစီးပွားဘဝမြှင့်တင်နိုင် ဖို့အတွက် တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်စေဖို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်းမှာ မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ကျေးလက်ဒေသသောက်သုံးရေ ဖူလုံရေးအတွက် ရေကန်များ၊ မြေအောက်ရေ များတူးဖော်ခြင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာအရ ၂၀၃၀ ပြည့်နှစ်၊ ကျေးလက်ကျေးရွာများ အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို ရာသီမရွေးသွားလာနိုင်တဲ့ လမ်းများ အဆင့်တိုးမြှင့်ဆောင်ရွက်ခြင်း၊ ကျေးလက် အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးရေး လူထုအခြေပြုစီမံကိန်းများ၊ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများ၊ ကျေးလက် အိမ်ယာတည်ဆောက်ခြင်းစတဲ့လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။” ဟုပြော ကြားသည်။

ထို့နောက် ကျေးလက်ဒေသများဖွံ့ဖြိုး တိုးတက်ရေးအတွက်ကျေးလက်အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးနှင့်ကျေးလက်အသက် မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မား လာစေရန်၊ကျေးလက် နေပြည်သူများမှ လူမှုစီးပွားဆိုင်ရာအခြေခံ အဆောက်အဦများနှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲနိုင်စေရန်အတွက် ၂၀၂၁ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် သမဝါယမနှင့် ကျေးလက်ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ကြောင်း၊ အလားတူ အုပ်ချုပ်မှုပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက်အုပ်ချုပ်ရေးစနစ်၌ ပြည်သူလူထုအား ထိရောက် သော ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် လက်ရှိမိမိတို့နိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ၇၅ ခရိုင်ရှိရာမှ သင့်တော်သည့်နေရာများတွင် ခရိုင်များထပ်မံ တိုးချဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း။

ဈေးကွက်စီးပွားရေးစနစ်တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ မှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ၂၀၂၂ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ကမ္ဘောဒီးယား နိုင်ငံက ၎င်းတာဝန် ယူစဉ်ကာလ၌ ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးကိစ္စရပ်(၁၇)ရပ်အား အဆိုပြုထား ပါကြောင်း၊ Living Document အဖြစ် သတ်မှတ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးကဏ္ဍနှင့်ပတ်သက်၍ ဦးစားပေးလုပ်ငန်းများကို ကမ္ဘောဒီးယားနိုင်ငံက ဆက်လက်အဆိုပြုသွားရန်ရှိပါကြောင်း၊ ထို့အပြင် အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ အကောင် အထည်ဖော်မှုအောက်မှ ၂၀၂၂ အတွင်း ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ၁၃၈ ခုအား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် တရုတ်နိုင်ငံ သမ္မတ၏မြန်မာနိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရန် ရည်ရွယ်ပြီး သဘောတူစာချုပ်၊ သဘောတူညီချက်၊ နားလည်မှုစာချွန်လွှာနှင့် စာလွှာ စုစုပေါင်း စာချုပ်စာတမ်း ၃၃ ခုလက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၎င်းစာချုပ်စာတမ်း ၃၃ ခုနှင့် စပ်လျဉ်းသည့် စီမံကိန်းများအဆင်ပြေချောမွေ့စွာ ဆက်လက်အကောင်အထည် ဖော်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာ-ဂျပန် ပူပေါင်း ဆောင်ရွက်မှုအနေဖြင့် စီမံကိန်းများ ကိုဗစ်-၁၉ ကြောင့် ခေတ္တရပ်ဆိုင်းထား ခဲ့ရသော် လည်း မကြာမီလုပ်ငန်းများပြန်လည်စတင်နိုင်ရေးနှင့် ဂျပန်နိုင်ငံသားများ မြန်မာပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေး အဆင်ပြေချောမွေ့ရေး၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စသည့်ကဏ္ဍများတွင် အကူအညီနှင့်ချေးငွေများလည်း အဓိကထားပေးအပ်လျက် ရှိပါကြောင်း၊ မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှု နှင့် ရင်းနှီးမြုပ်နှံမှုများ ပိုမိုတိုးမြှင့်လာစေရန်ရည်ရွယ်၍ ပထမအကြိမ် မြန်မာ-ရုရှားစီးပွားရေးလုပ်ငန်းရှင် များဆွေးနွေးပွဲကို virtual စနစ်ဖြင့် ကျင်းပပြုလုပ်ဆွေးနွေးခဲ့ သည့်အပြင် မြန်မာ-ရုရှားစီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲများကိုလည်း ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးအနေဖြင့် ပြည်တွင်းအားပေးမှုအနေဖြင့် ပြည်တွင်းထုတ်ကုန် အားပေးရန်နှင့် ပြည်တွင်းထုတ်လုပ်နိုင်သော ကုန်ပစ္စည်းများကိုလျှော့ချ တင်သွင်းနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း။

နိုင်ငံတော်အစိုးရသည် ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် ပြည်တွင်းဖြစ်စီးပွားရေးကို အားပေးလျက်ရှိပါကြောင်း၊ အထူးသဖြင့်မရှိမဖြစ်သည့် စားကုန်၊ သောက်ကုန်၊ လူသုံးကုန်များ၊ ဘိလပ်မြေနှင့် သံနှင့်သံမဏိ လုပ်ငန်းများကို အားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာလအထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ အလိုက်ကဏ္ဍ (၁၂)ခုမှ လုပ်ငန်း ၂၇ ခုအတွက် ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာသန်း ၃,၅၅၂.၃၉၆(၃.၅၅ ဘီလီယံ)၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍအလိုက်ခွင့်ပြုပြီး လုပ်ငန်းများအနေဖြင့် ကဏ္ဍ‌ပေါင်း (၁၂)ခုမှ လုပ်ငန်းပေါင်း ၃၇ အတွက် ကျပ်သန်းပေါင်း ၃၃၂,၉၆၆.၃၈၀(၃၃၂.၉၆ ဘီလီယံ) ဖြစ်ပါကြောင်း၊

လူမှုရေးဦးတည်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် ပတ်သက် ၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည်နိုင်ငံ၏ ၇၅ နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့်အစိုးရ အနေဖြင့်(၁)ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာစေရေးလုပ်ငန်းစဉ်၊ (၂)ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက် သွားရန်အတွက် (၇၅)နှစ်ပြည့် စိန်ရတုပြည်ထောင် စုနေ့ကို တိုင်းရင်းသားအားလုံး အတွက် တခမ်းတနားကျင်းပဆောင်ရွက်သွားပါမည်ဖြစ်ပါကြောင်း။

တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစား လိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး နှင့်ပတ်သက်၍ရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ရန် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနဖွဲ့စည်း၍ တိုင်းရင်းသားလူမျိုး အပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို အလေးထားလိုက်နာပြီး အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးကို ဆောင်ရွက် ပေးနိုင်ခြင်းဖြစ်ပါကြောင်း၊မြန်မာနိုင်ငံသည် မတူကွဲပြားသောယဉ်ကျေးမှုများ ပေါင်းစည်း ထားသည့်နိုင်ငံဖြစ်ပြီး ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသောနိုင်ငံကြီး ၂ ခု ကြားတွင် တည်ရှိနေခြင်းကြောင့်လည်း ဘိုးဘွားအမွေအနှစ် အနုပညာရပ်များကို သမားစဉ်မပျက် ထိန်းသိမ်းရန်နိုင်ငံတော်အစိုးရနှင့်နိုင်ငံသားတိုင်းတွင် တာဝန်ကိုယ်စီရှိပါ ကြောင်း၊ ထို့ကြောင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် (၂၃)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြန်လည်ကျင်းပရန် စီစဉ် ဆောင်ရွက်လျက်ရှိပြီး နှစ်စဉ်ကျင်းပပေးခြင်းဖြင့် မိရိုးဖလာယဉ်ကျေးမှုများကို မပျောက် ပျက်အောင် ထိန်းသိမ်းထားနိုင်မည်ဖြစ်ပါကြောင်း။

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး နှင့်ပတ်သက်ပြီး နိုင်ငံတိုင်း နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင် နိုင်ရန် လူသားအရင်းအမြစ် (Humen Resources)က အဓိကဖြစ်သည်ကို လက်ခံထား ကြပါကြောင်း၊ လူသားအရင်းအမြစ်ဆိုသည်မှာ“ပညာ”အပေါ်အဓိကမူတည် တည်ဆောက် ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့်ပညာရေးရင်းနှီးမြှုပ်နှံမှုကို အဓိကအလေးထား လုပ်ဆောင်ကြ ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၂၅ နှစ်နှင့်အထက်အရွယ်ရောက်ပြီးသူများထဲမှ အလယ်တန်းအဆင့်နှင့် ၎င်းအဆင့် အောက် ပညာသင်ကြားခဲ့ရသူပေါင်း ၁၈ ဒဿမ ၂ သန်းနီးပါးခန့်ရှိသည်ကို တွေ့ရှိ ရသည့် အတွက်နိုင်ငံလူဦးရေ၏ ၃ ပုံ ၁ ပုံ ခန့်သည် ပညာရေးအားနည်းသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့်ပညာရေးမြှင့်တင်ရေးလုပ်ငန်း များကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းပေါင်း ၆,၁၇၈ ကျောင်း၊ အလယ်တန်းအဆင့်ကျောင်းပေါင်း ၁၅,၈၇၇ ကျောင်း၊ မူလတန်းအဆင့် ကျောင်းပေါင်း ၂၅,၇၀၅ ကျောင်း၊ စုစုပေါင်း အခြေခံပညာအဆင့် ကျောင်းပေါင်း ၄၇,၇၆၀ ကျောင်းရှိပါကြောင်း၊ စာသင်ကျောင်းများ ကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထား ခဲ့ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါကို ကာကွယ် ထိန်းချုပ်နိုင်သည့်အတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့သို့ဖွင့်လှစ်ရာတွင် အထက်တန်းအဆင့် ၅,၂၀၉ ကျောင်း၊ အလယ်တန်း အဆင့် ၁၂,၇၈၆ ကျောင်း၊ မူလတန်းအဆင့် ၂၁,၂၄၇ ကျောင်း၊ စုစုပေါင်း ၃၉,၂၄၂ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ CDM ပြုလုပ်ခြင်း၊ အကြမ်းဖက် တိုက်ခိုက်နှောင့်ယှက်ခြင်း များကြောင့် ကျောင်းအချို့ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါကြောင်း၊ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ပေါင်း ၄၂၅,၇၉၇ ဦး၊ အလယ်တန်း အဆင့် ၁,၅၀၉,၅၈၂ ဦး၊ မူလတန်းအဆင့် ၃,၂၈၀,၅၉၂ ဦး၊ စုစုပေါင်း ၅,၂၁၅,၉၇၁ ဦး စားရင်းသွင်းထားရှိပါကြောင်း၊ လက်ရှိ အတန်းတက် ရောက်မှုအနေဖြင့် အထက်တန်း အဆင့် ၃၆၃,၃၇၂ ဦး၊ အလယ်တန်းအဆင့် ၁,၂၄၃,၁၆၀ ဦး၊ မူလတန်းအဆင့် ၂,၆၁၉,၃၅၅ ဦး၊ စုစုပေါင်း ၄,၂၂၅,၈၈၇ ဦး ကျောင်းတက်ရောက်လျက်ရှိပါကြောင်း၊ ကျောင်းတက် ရောက်မှုအနေဖြင့် ၈၁ ရာခိုင်နှုန်းရှိသည့်အတွက် ရာနှုန်းပြည့် ကျောင်းတက်နိုင်ရေး ကိုလည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းသားများ ပညာသင်ကြားခွင့်မနစ်နာစေရေးအတွက် ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရန်ကြိုးပမ်းခြင်း၊ လိုအပ်သော ဆရာ၊ ဆရာမများ ခန့်ထားခြင်းများ ပြုလုပ် သွားမည်ဖြစ်ပါကြောင်း၊ ကာယကံရှင်များမှမိမိတို့ သား၊ သမီးများ ဘဝတိုးတက်စေရေး အတွက် ကိုယ်တိုင်ဆန္ဒဖြင့် ကျောင်းတက်နိုင်ရေး ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ NUG ၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ ကျောင်းမတက်ရေး လှုံ့ဆော်ချက်များသည် တိုင်းရင်းသားပြည်သူလူထု၏ သားသမီးများကို ပညာမဲ့များ ဖြစ်စေပြီး တိုင်းပြည်နှင့်လူထုကို ကျွန်ဘဝရောက်အောင် လုပ်ဆောင်နေခြင်းဖြစ်သဖြင့် သတိရှိကြရန်လိုအပ်ပါကြောင်း၊ အခြေခံပညာ ဆရာ၊ ဆရာမများအနေနှင့်လည်း အထက် တန်းပြ ၃၂,၈၄၇ ဦး၊ အလယ်တန်းပြ ၁၀၅,၀၂၈ ဦး၊ မူလတန်းပြ ၁၆၀,၀၂၉ ဦး၊ စုစုပေါင်း အခြေခံပညာဆရာ၊ ဆရာမပေါင်း ၂၉၇,၉၀၄ ဦးရှိပါကြောင်း၊ လက်ရှိ စာသင်ကြား ပေးနေသည့် ဆရာ၊ ဆရာမများအနေဖြင့် အထက်တန်းပြ ၃၁,၈၃၇ ဦး၊ အလယ်တန်းပြ ၁၀၂,၉၀၁ ဦး၊ မူလတန်းပြ ၁၅၅,၄၇၀ ဦး၊ စုစုပေါင်း ၂၉၀,၂၀၈ ဦးစာသင်ကြား ပေးလျက်ရှိပါကြောင်း၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများ အား နိုင်ငံတော်ကတတ်နိုင်သမျှ ချီးမြှောက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပညာရေးမြှင့်တင်ရေး လုပ်ငန်းများကို အလေးထား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့် ကျောင်းနေအရွယ် ကလေးငယ်တိုင်း (KG+9)(အခြေခံပညာ အလယ်တန်းအဆင့်) အဆင့်ပြီးဆုံးသည်အထိ ပညာသင်ကြား နိုင်ရေးကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး KG+9 သည် လက်ရှိအစိုးရ၏ ပညာရေးရည်မှန်းချက်သာ ဖြစ်ပါ ကြောင်း၊ KG+9 အဆင့် အနည်းဆုံးပြီးမြောက်မှ Vocational Training ကို ကူးပြောင်း နိုင်မည်ဖြစ်ပါကြောင်း၊ KG+9 ပြီးသည်နှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားရန် အတွက် အခြေခံရသွားမည်ဖြစ်ပြီး အသက်မွေးဝမ်းကျောင်းပညာသင် ကျောင်းများသို့ ဆက်လက်တက်ရောက် နိုင်မည်ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် အထက်တန်းပညာ၊ အဆင့်မြင့်ပညာများဆီသွားနိုင်မည်ဖြစ်ပါကြောင်း၊ ၎င်းအချက်သည် တိုင်းပြည်ပညာရေး ကိုမြှင့်တင်ခြင်းဖြစ်ပြီး ထိုသို့မြှင့်တင်နိုင်မှလည်း တိုင်းပြည်၏ အနာဂတ် ဒီမိုကရေစီနိုင်ငံ တစ်ခု တည်ဆောက်နိုင်ရန် အထောက်အကူရမည်ဖြစ်ပြီး အထူး အလေးထားနိုင်ရန် လိုအပ်မည်ဖြစ်သည်။ နိုင်ငံသားများအနေဖြင့် မိမိတို့၏ ပညာသင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံးစေရေး အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

တစ်မျိုးသားလုံးလူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးနှိမ်နင်းရေး နှင့်ပတ်သက်၍လည်း မူးယစ်ဆေးဝါး တရားမဝင်ရောင်းချသူများသည် လူငယ်များကို ပစ်မှတ်ထားလာကြကာအချို့ ဒေသ များတွင် စာသင်ကျောင်းများ ပတ်ဝန်းကျင်သို့ပင် ရောက်ရှိလာကြကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့အထိ မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုအမှု ပေါင်း ၆,၄၄၄ မှု(တန်ဖိုးငွေကျပ်သိန်း ၉,၇၂၇,၈၉၁.၉၈၃ ခန့်)နှင့် ဖမ်းဆီးရမိသူ ကျား/မစုစုပေါင်း ၉,၂၄၉ ဦးထိရှိခဲ့ပါကြောင်း၊ ကြီးမားသောအန္တရာယ်ကို ဘက်ပေါင်းစုံမှ တားဆီးနှိမ်နင်း၍ ကာကွယ်လျက်ရှိပါကြောင်း။

နိုင်ငံတော်၏လက်ရှိအခြေအနေအရ နိုင်ငံတော်တာဝန်ကို ဆက်လက်ထမ်း ဆောင်မည့် အခြေအနေများ နှင့်ပတ်သက်၍ ရှေ့ပိုင်းတွင် နိုင်ငံတော်၏ လက်ရှိနိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ရှေ့ဆက်လက်လုပ်ဆောင်မည့် လုပ်ဆောင်ချက်များကို အကျဉ်းချုပ်တင်ပြပြီး ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နိုင်ငံရေးအရ အရေးပေါ် အခြေအနေကြေညာ၍ အခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်တာဝန်ရယူထားချိန်တွင် တာဝန်များအား စွမ်းအားရှိသမျှ ကြိုးစားထမ်းဆောင်ခဲ့သော်လည်း ပြည်တွင်း/ပြည်ပ နှောင့်ယှက် ဟန့်တားမှုများရှိခဲ့ပါကြောင်း၊ ဖြစ်ပေါ်နေသည့် အခြေအနေများအား ခြုံငုံ သုံးသပ်ကြည့်လျှင် ပြည်တွင်း/ ပြည်ပအကြမ်းဖက်သမားများနှင့် ၎င်းတို့ကိုအားပေး နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ လိုလားချက်သည် ဒီမိုကရေစီထက် မြန်မာနိုင်ငံ အလုံးစုံပျက်သုဉ်းရေးကိုသာ ဦးတည်နေပါကြောင်း၊ လက်ရှိအခြေအနေမှာလည်း ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအချို့တို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ၊ ဖျက်ဆီးမှုများရှိနေသကဲ့သို့ နိုင်ငံအတွင်းမြို့နယ်အချို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ် ရေးမှူးများခန့်ထားရန် ရှိနေပါကြောင်း၊ ထို့ကြောင့် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပုဒ်မ ၄၂၉ အရ ကျင်းပနိုင်ရန်အတွက် ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ ကျန်ရှိနေပါသေးကြောင်း၊ အစီရင်ခံတင်ပြခဲ့ သည့် အခြေအနေများအရ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ နိုင်ငံရေးအရ အရေးပေါ်ကာလအား နောက်ထပ် ၆ လတိုးမြှင့်သွားရန် လိုအပ်သည်ဟု တင်ပြလို ပါကြောင်း၊ အဆိုပါကာလအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ပြည်သူ့ဘဝ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကိစ္စများကို အထူးဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူတစ်ရပ် လုံးက ဝိုင်းဝန်းဆောင်ရွက်မှသာ ပြည်သူ့လိုလားချက်ဖြစ်သည့် “စစ်မှန်စည်းကမ်းပြည့်ဝ သော ပါတီစုံဒီမိုကရေစီစနစ်” လမ်းကြောင်းမှန်ကို ပြန်လည်ရောက်ရှိလာမည် ဖြစ်ပါ ကြောင်း။

နိုင်ငံတော်အစိုးရအနေနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို အစွမ်းကုန်ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ “စစ်မှန် စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်” နှင့် “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ” ကို အာမခံပါကြောင်း၊ ကတိကဝတ်များ အတိုင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူတစ်ရပ်လုံးက နိုင်ငံတော်နှင့် ပြည်သူလူထုတို့၏ ကောင်းသောအနာဂတ် ဖြစ်လာစေရေး ဝိုင်းဝန်း ကူညီကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တင်ပြသည့် အရေးပေါ်အခြေအနေကြေညာထားသည့် ကာလအားသက်တမ်းတိုးမြှင့်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ နှင့်အညီ အရေးပေါ်အခြေအနေကြေညာထားသည့် ကာလအား ၆ လထပ်မံသက်တမ်းတိုးမြှင့်ခြင်းနှင့်ပတ်သက်၍ ယာယီသမ္မတ ဦးမြင့်ဆွေ ကစတင်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင်များက အလှည့်ကျ ဆွေးနွေးကြပြီး သဘောတူထောက်ခံပါကြောင်း အတည်ပြုတင်ပြကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖြည့်စွက်ဆွေးနွေးရာတွင် “ကျွန်တော်တို့ပြီးခဲ့တဲ့ ကာလအတွင်းမှာ ပဋိပက္ခတွေဖြစ်ပွားတဲ့အခါမှာ တတ်နိုင် သလောက် သွေးထွက်သံယိုမှုအနည်းဆုံး၊ အာဃာတတရားအနည်းဆုံးဖြစ်အောင် ရည်ရွယ်ပြီး တော့မှ ထိန်းသိမ်းဆောင်ရွက်ခဲ့တာရှိပါတယ်၊ အထူးသဖြင့် ပြည်သူများကို ကာကွယ်တဲ့နေရာမှာ ပြည်သူများအားလုံးကို ကျွန်တော်တို့ ကာကွယ်မှုမပေးနိုင် တာတော့ ရိုးသားစွာဝန်ခံပါတယ်၊ ဒါကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တပ်မတော်သား တွေကိုလည်း လိုအပ်တဲ့နေရာမှာ တစ်နိုင်ငံလုံးဖြန့်ကျက်ပြီးဆောင်ရွက်ရတဲ့အတွက် ကြောင့် ကျွန်တော်တို့ဒီမှာ ပြည်သူအားလုံးကိုလည်း အလုံးစုံကာကွယ်မှုတော့ မပေး နိုင်ခဲ့ပါဘူး၊ တချို့ပြည်နယ်နှင့်တိုင်းများဖြစ်တဲ့၊ အခုအခြေအနေမှာ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအချို့မြို့နယ်တွေမှာ အကြမ်းဖက်မှုဖြစ်စဉ်များ ရှိနေဆဲဖြစ် ပါတယ်၊ ဒါကိုလည်း အတတ်နိုင်ဆုံးဆောင်ရွက်လျက်ရှိပါတယ်၊ အဆိုးဆုံးကတော့ အုပ်ချုပ်ရေးအဖွဲ့မှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်များ လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်ပါတယ်၊ ပြည်နယ်နဲ့တိုင်းအသီးသီးမှာရှိတဲ့ မြို့နယ် ၁၀၉ မြို့နယ်မှာ ဖြစ်စဉ်ပေါင်း ၂၇၂ ကြိမ်ရှိပြီး တော့မှ လုပ်ကြံသတ်ဖြတ်ခံရသူပေါင်း ၂၈၂ ယောက်ရှိခဲ့ပါတယ်၊ တစ်ခါ ဒီထက်ဆိုး တာကတော့ပညာရေးဝန်ထမ်းများ နှင့်ကျန်းမာရေးဝန်ထမ်းများကို သတ်ဖြတ်ခြင်းဖြစ်ပါ တယ်၊ ကျောင်းဆရာ၊ ဆရာမ ၃၀ ဦးကို သတ်ခဲ့တာရှိပါတယ်၊ ကျောင်းတွေမီးရှို့ဖျက်ဆီး ခဲ့တာ ၅၀၄ ကြိမ်ရှိပါတယ်၊ ကျန်းမာရေးဝန်ထမ်းများကို သတ်ဖြတ်ခဲ့တာရှိပါတယ်၊ တိုက်ခိုက်ခဲ့တာရှိပါတယ်၊ ဒါကြောင့်အများပြည်သူတွေရဲ့ လူမှုစီးပွားဘဝတိုးတက်ရေး အတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ ပညာသင်ကြားရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေဒီထက်ပိုပြီး ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့အတွက် အချိန်တစ်ခု ပေးပြီးတော့ ဆောင်ရွက်ဖို့လိုအပ်ပါတယ်၊ ဒါလည်း ကောင်စီဝင်များအနေနဲ့ ထည့်သွင်း စဉ်းစားပြီးတော့မှ ထားဖို့တင်ပြလိုပါတယ်၊ ထောက်ခံတင်ပြပေးတဲ့အတွက်လည်း ကျွန်တော် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် လုပ်ဆောင်ရတဲ့ လုပ်ငန်းပမာဏကလည်း တော်တော်လေး ကြီးမားပါတယ်၊ အခုဆိုရင်လည်း ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ထိန်းချုပ်နိုင်ပြီဆိုသော်လည်းပဲ အိုမီခရွမ်တွေ့ရှိမှုကလည်းရှိနေပါတယ်၊ တွေ့ရှိမှုရှိတဲ့အတွက်ကြောင့် ဒါကိုလည်းသတိကြီးစွာထားပြီးဆောင်ရွက်ရမှာ ဖြစ်ပါ တယ်၊ ဒါကိုထိန်းချုပ် နိုင်ဖို့အတွက် တစ်ဖက်က နေထိုင်မှုစည်းကမ်းတွေကို ထိန်းချုပ် သလိုပဲ တစ်ဖက်ကကာကွယ်ခြင်း ကုသခြင်းအပိုင်းတွေ၊ လိုအပ်တဲ့ပစ္စည်းတွေ၊ ဆေးဝါးနဲ့ ပစ္စည်းတွေကိုလည်း ကျွန်တော်တို့ ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်၊ ဒီအတွက်လည်း ကျွန်တော်တို့ တော်တော့်ကိုကြိုးစားရမှာဖြစ်ပါတယ်၊ ဒါတွေကစဉ်ဆက်မပြတ်သုံးရမှာ ဖြစ်တဲ့အတွက် ကြောင့်ငွေကုန်ကြေးကျများပါဖြစ်ပါတယ်၊ ဒါကြောင့် တိုင်းပြည်စီးပွား ရေးမြှင့်တင်ဖို့အတွက်လည်းလိုပါတယ်၊ ဒါ့ကြောင့်ကျွန်တော်က တိုင်းပြည်ရဲ့အဓိက ထုတ်ကုန်ဖြစ် တဲ့စိုက်ပျိုးရေးနဲ့ မွေးမြူရေးကုန်ထုတ်လုပ်မှုနဲ့ စားကုန်၊ သောက်ကုန်၊ သုံးကုန်ပစ္စည်း တွေအားလုံးကို ပြည်တွင်းမှာပဲ ဖူလုံအောင်ထုတ်ရမယ်၊ ပြည်ပကနေ လုံးဝမသွင်းရဘူး ဆိုပြီး မူဝါဒချမှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်၊ ဖေဖေါ်ဝါရီလ ကနေ ကျွန်တော်တို့ ဒီဖက်ပိုင်းကိုတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ သက်ဆိုင်ပါတယ်၊ ကျွန်တော်တို့ တော်တော်လေးထိန်းထိန်းသိမ်းဆောင်ရွက်ခဲ့တဲ့ အတွက်ကြောင့် ဒေါ်လာသန်းပေါင်း ၆၄၀ လောက်ပိုငွေပြခဲ့ပါတယ်၊ လက်ရှိအခြေအနေ မှာ ဇန်နဝါရီလအထိ ၉၉ သန်းပိုပါတယ်၊ ကုန်သွယ်မှုပိုငွေရှိပါတယ်၊ ဒီဖေဖေါ်ဝါရီလမှာ လည်း သေချာပေါက်ပိုငွေရှိပါတယ်၊ အဓိကတော့ တောင်သူတွေကနေ၊ ကျေးလက်နေ ပြည်သူများ၏ ကုန်ထုတ်လုပ်မှုတွေကို မြှင့်တင်ပေးမယ်ဆိုရင် ကျွန်တော်တို့အိမ်နီး နားချင်းတိုင်းပြည်တွေမှာတင် ကျွန်တော်တို့ဈေးကွက်ရှိပါတယ်၊ တရုတ်ရယ်၊ ဘင်္ဂလား ဒေ့ရှ်ရယ်၊ အိန္ဒိယရယ်၊ ဒီသုံးနိုင်ငံက ကျွန်တော်တို့ရဲ့ စိုက်ပျိုးရေးမွေးမြူရေး ထုတ်ကုန်တွေ အကုန်ယူပါတယ်၊ သူတို့က ၊ ကျွန်တော်တို့ဈေး ကွက်ကြီးရှိနေတယ်၊ တောင်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းအားဖြင့် တစ်ဖက်က သူတို့ရဲ့အခြေခံ စီးပွာရေးကောင်းလာရင်၊ ဝင်ငွေကောင်းလာရင် လူမှုစီးပွားတက်လာလို့ရှိရင် သူတို့ရဲ့လူမှု စီးပွားဘဝတက်လာလိမ့်မယ်၊ မြင့်လာလိမ့်မယ်၊ ပညာသင်ကြားနိုင်လာလိမ့်မယ်၊ ပိုက်ဆံ မရှိလို့မသင်ရတဲ့ ဆင်ခြေမျိုးတွေလျော့သွားမှာဖြစ်ပါတယ်၊ တစ်ဖက် တိုင်းပြည်ဝင်ငွေ လည်း ရမယ်၊ တိုင်းပြည်အတွက် အခွန်အခလည်းရမယ်၊ ဒါကြောင့် ကျွန်တော်က ပြည်တွင်းစီးပွာရေးကိုတော့အလေးထားတယ်၊ ဒါနဲ့ပတ်သက်ပြီးတော့ နိုင်ငံခြားကလည်း ဝေဖန်မှုတွေရှိပါတယ်၊ ကျွန်တော်တို့ပြည်တွင်းကို အလွန်အကျွံအားပေးတယ်ဆိုပြီးတော့ ဒါတွေလည်း ဝေဖန်မှုတွေရှိတယ်၊ ကျွန်တော်ထင်ပါတယ်၊ ဒါကတော့ အဖျက်လုပ်ငန်း လုပ်တယ်လို့ထင်ပါတယ်၊ သို့သော်လည်းပဲ ကျွန်တော်တို့အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအနေနဲ့ သိရှိနိုင်ဖို့ကတော့ ကျွန်တော်တို့အနေနဲ့ ပြည်တွင်းရေးကို အင်အားခိုင်မာအောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်၊ ဘယ်မှာမှသွားရှာလို့မရပါဘူး ပြည်တွင်းအားကိုပဲရအောင် လုပ်ရမှာဖြစ်ပါ တယ်၊ ပြည်တွင်းစီးပွားရေးအား၊ ပြည်တွင်းနိုင်ငံရေးခိုင်မာမှုအင်အား၊ ပြည်တွင်း ကာကွယ်ရေးစွမ်းပကား၊ ဒီအားသုံးအားကို ကျွန်တော်ဒီရတဲ့အချိန်လေး အတွင်းမှာ ကြိုးစားတည်ဆောက်သွားမယ်ဆိုတာ ကျွန်တော်တင်ပြလိုပါတယ်” ဟုပြောကြားသည်။

ယင်းနောက် ယာယီသမ္မတ ဦးမြင့်ဆွေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် အခက်အခဲပေါင်းစုံကြားမှ စနစ်တကျစီမံဆောင်ရွက်၍ ဘက်စုံထောင့်စုံ မှ ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့်နိုင်ငံ အနေဖြင့်ထိုက်သင့်သလောက် တိုးတက်မှု ရှိလာသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်ကုန်များအား ပြည်ပသို့ တင်ပို့နိုင်အောင် ဆောင်ရွက်မှုများအောင်မြင်လာပြီဖြစ်ကြောင်း၊ ယနေ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်များအရ ကောင်စီဝင်များအားလုံးကြိုးပမ်းဆောင် ရွက်မှုများကြောင့် အခက်အခဲများမှ တိုးတက်လာခြင်းဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပမှ အဖျက်အမှောင့်များမရှိပါက ယခုထက်ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ တင်ပြချက်များအရ အရေးပေါ် အခြေအနေ ကြေညာထားသည့် ကာလအား ၆ လသက်တမ်းတိုးလိုက်ကြောင်း အမျိုး သားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ အသိပေးကြေညာအပ်ပါကြောင်းဖြင့် ပြောကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၂) အားရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

(မှတ်ချက် - မူရင်းအတိုင်း မှတ်တမ်းတင်ထားခြင်းသာ ဖြစ်ပြီး သမိုင်းမှတ်တမ်းအရဖြစ်စေ၊ အချက်အလက်အရ ဖြစ်စေ လိုသလိုရယူနိုင်စေရန်သာ ရည်ရွယ်ပါသည်။)

Zawgyi Version
အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီအစည္းအေဝး(၁/၂၀၂၂) က်င္းပမႈထဲမွ စိတ္၀င္စားဖြယ္ အခ်က္အလက္မ်ား
NP News - ေနျပည္ေတာ္ ဇန္နဝါရီ - ၃၁
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရး ေကာင္စီအစည္းအေဝး(၁/၂၀၂၂) ကို ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပျပဳလုပ္သည္။

အစည္းအေဝးသို႔ ယာယီသမၼတ ဦးျမင့္ေဆြ၊ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးတီခြန္ျမတ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ျပည္ထဲေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝဏၰေမာင္လြင္၊ နယ္စပ္ေရးရာ ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္၊ အထူးဖိတ္ ၾကားထားသည့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြး၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးတို႔ တက္ေရာက္ၾကၿပီး ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူအေနျဖင့္ က်န္းမာေရးအေျခ အေနအရ အစည္းအေဝးမတက္ေရာက္ႏိုင္ေၾကာင္း ခြင့္ပန္ၾကားခဲ့သည္။

ဦးစြာ အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က အက်ိဳးအေၾကာင္းေဖာ္ျပလ်က္ အေရးေပၚအေျခအေန ေၾကညာထားသည့္ ကာလအား သက္တမ္းတိုးျမႇင့္ေပးပါရန္ကိစၥႏွင့္ စပ္လ်ဥ္း၍ ေျပာၾကားသည္။

ထိုသို႔ေျပာၾကားရာတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ၁ ႏွစ္ျပည့္ တာဝန္ ထမ္းေဆာင္ခဲ့မႈအေျခအေန ႏိုင္ငံေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္ စပ္လ်ဥ္း၍ တပ္မေတာ္က ႏိုင္ငံေတာ္တာဝန္ရယူ ထိန္းသိမ္းခဲ့ရသည့္အေျခအေနမ်ားႏွင့္ ပတ္သက္ၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္အေနျဖင့္ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ “လြတ္လပ္၍ တရားမွ်တေသာ ေ႐ြးေကာက္ပြဲျဖစ္ေစေရး” အတြက္ ေ႐ြးေကာက္ပြဲ မက်င္းပမီႏွင့္ က်င္းပအၿပီး ႏိုင္ငံေတာ္အဆင့္အခမ္းအနားမ်ား၊ ႏိုင္ငံေရးပါတီမ်ားႏွင့္ ေတြ႕ဆုံျခင္း၊ သံတမန္မ်ား၊ ႏိုင္ငံတကာကိုယ္စားလွယ္မ်ားႏွင့္ ေတြ႕ဆုံျခင္း၊ သတင္း မီဒီယာမ်ားႏွင့္ေတြ႕ဆုံျခင္း၊ တပ္မိသားစုမ်ားႏွင့္ ေတြ႕ဆုံျခင္းစသည့္ အခမ္းအနား ၂၄ ႀကိမ္၌ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး တရားဝင္သတင္းထုတ္ျပန္ခဲ့ပါေၾကာင္း၊ ေျခခံဥပေဒ ပုဒ္မ ၆(စ) အမ်ိဳးသား ႏိုင္ငံေရးဦးေဆာင္မႈအခန္းက႑၊ ပုဒ္မ ၂၀(င) ဒို႔တာဝန္ အေရး သုံးပါးကာကြယ္ရန္၊ ပုဒ္မ ၂၀(စ) အေျခခံဥပေဒကာကြယ္ရန္ မူမ်ားအရ ေျပာသင့္ သည္မ်ားကို ႀကိဳတင္သတိေပးျခင္းျဖစ္ပါေၾကာင္း။

၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္ေန႔ ေ႐ြးေကာက္ပြဲမဲေပးခဲ့ၾကရာ၌ တပ္မေတာ္ က စိစစ္ေတြ႕ရွိရေသာ မဲမသမာမႈ ၁၀,၄၈၂,၁၁၆ (၁၀ သန္းေက်ာ္၊ မဲေပးသူဦးေရ၏ ၄ ပုံ ၁ ပုံခန႔္) ရွိေၾကာင္း၊ မဲမသမာမႈမ်ားသည္ စစ္မွန္စည္းကမ္းျပည့္ဝေသာ ပါတီစုံဒီမိုကေရစီ စနစ္ကို ဆိုး႐ြားစြာထိခိုက္ေစႏိုင္သျဖင့္ တပ္မေတာ္ႏွင့္ ႏိုင္ငံေရးပါတီမ်ားက UEC အဆင့္၊ ၎မွျပည္ေထာင္စု လႊတ္ေတာ္အဆင့္၊ ၎မွအစိုးရအဆင့္ ေျဖရွင္းေပးရန္ ဥပေဒႏွင့္ အညီ ေတာင္းဆိုခဲ့ပါေၾကာင္း၊ တပ္မေတာ္က အရာရွိႀကီး ၂ ဦးအား ေစလႊတ္၍ အစိုးရ ထိပ္ပိုင္းေခါင္းေဆာင္မ်ားႏွင့္ေတြ႕ဆုံၿပီး “အမ်ိဳးသားကာကြယ္ေရး ႏွင့္လုံၿခဳံေရးေကာင္စီ” အစည္းအေဝးေခၚယူေဆာင္႐ြက္ ေျဖရွင္းရန္ ၂ ႀကိမ္တိုင္ တင္ျပေျပာဆိုခဲ့ပါေၾကာင္း၊ ေနာက္ဆုံးအစိုးရႏွင့္ NLD ပါတီမွ တာဝန္အရွိဆုံးပုဂၢိဳလ္မ်ားထံ ကိုယ္စားလွယ္မ်ား အျပန္အလွန္ေစလႊတ္၍ ေတြ႕ဆုံညႇိႏႈိင္းအေျဖရွာေရး ျဖစ္ႏိုင္သမွ် နည္းလမ္းစုံေဆာင္႐ြက္ ခဲ့ ေသာ္လည္း ျငင္းပယ္ျခင္းခံရပါေၾကာင္း၊ မဲမသမာမႈမ်ားကို ရင္ဆိုင္မေျဖရွင္းရဲဘဲ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔တြင္ ျပည္ေထာင္စုလႊတ္ေတာ္အားေခၚယူရန္ မတရား ႀကိဳးပမ္းမႈသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၄၁၇ အရ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာ အာဏာကို အဓမၼနည္းျဖင့္ရယူရန္ ေဆာင္႐ြက္ေနျခင္းမွာ ႏိုင္ငံေတာ္၏ ဒီမိုကေရစီ ေလွ်ာက္လွမ္းမႈ၌ႀကီးမားေသာ အခက္အခဲမ်ား ျဖစ္ေပၚလာေစမည္ျဖစ္၍ ဥပေဒႏွင့္ အညီေျဖရွင္းရန္ လိုအပ္သျဖင့္ ပုဒ္မ ၄၁၇၊ ၄၁၈ ႏွင့္ ၄၁၉ တို႔အရ ႏိုင္ငံေတာ္အား ႏိုင္ငံေရးအရ အေရးေပၚအေျခအေနေၾကညာ၍ ႏိုင္ငံေတာ္တာဝန္ကို ထိန္းသိမ္းခဲ့ ရပါေၾကာင္း။

ျမန္မာႏိုင္ငံတြင္ေ႐ြးေကာက္ပြဲကို ၅ ႏွစ္တစ္ႀကိမ္ျပဳလုပ္ၿပီး ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအား တၿပိဳင္တည္း ေ႐ြးခ်ယ္သည့္ အေထြေထြေ႐ြးေကာက္ပြဲျဖစ္ပါေၾကာင္း၊ ၎လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားႏွင့္တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ ျပည္ေထာင္စု လႊတ္ေတာ္က်င္းပၿပီး ႏိုင္ငံေတာ္ဒုတိယသမၼတမ်ား၊ ၎တို႔ထဲမွ ႏိုင္ငံေတာ္သမၼတအား ေ႐ြးခ်ယ္ရပါေၾကာင္း၊ သမၼတကအစိုးရအဖြဲ႕ကို ေ႐ြးခ်ယ္ဖြဲ႕စည္းပါေၾကာင္း၊ တရားသူႀကီးခ်ဳပ္ ႏွင့္ တရားသူႀကီးမ်ားကိုခန႔္အပ္ျခင္း၊ အတည္ျပဳျခင္းမ်ားျပဳလုပ္ပါေၾကာင္း၊ ဥပေဒျပဳေရး မ႑ိဳင္၊ အုပ္ခ်ဳပ္ေရးမ႑ိဳင္ႏွင့္ တရားစီရင္ေရးမ႑ိဳင္ စသည့္မ႑ိဳင္ႀကီး ၃ ရပ္၏ အႀကီးအကဲမ်ား၊ ပါဝင္ၾကသူမ်ားသည္ ေ႐ြးေကာက္ပြဲမွတစ္ဆင့္ တိုက္႐ိုက္/သြယ္ဝိုက္ ေ႐ြးခ်ယ္/တာဝန္ေပးခံရသူမ်ားျဖစ္သည့္အတြက္ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲသည္ ျမန္မာ့ဒီမိုကေရစီစနစ္၊ ႏိုင္ငံေရးစနစ္၏ အုတ္ျမစ္ပင္ျဖစ္ပါေၾကာင္း၊ ႏိုင္ငံေတာ္ အတြက္ အေရးႀကီးေသာ ေ႐ြးေကာက္ပြဲျဖစ္ပါေၾကာင္း။

ႏုိင္ငံေတာ္တာဝန္ကို ထိန္းသိမ္းၿပီးေနာက္ လုပ္ေဆာင္ခဲ့မႈမ်ားႏွင့္ပတ္သက္၍ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ တိုင္းျပည္တည္ေဆာက္မႈလုပ္ငန္းစဥ္မ်ား၌ ပါဝင္ ေဆာင္႐ြက္ႏိုင္ေရး ေနျပည္ေတာ္၊ စည္ပင္ရိပ္သာတြင္ရွိေနသည့္ ေစာင့္ၾကည့္ခံ လႊတ္ေတာ္အမတ္မ်ားကို လက္ရွိႏိုင္ငံ့ျဖစ္စဥ္အေပၚ ဥပေဒႏွင့္အညီေျဖရွင္းႏိုင္ေစရန္ ရွင္းလင္းေျပာျပၿပီးေနာက္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔မွ ၄ ရက္ေန႔အထိ ေနရပ္ေဒသ အသီးသီးသို႔ ျပန္လည္ေစလႊတ္ေပးခဲ့ပါေၾကာင္း၊ ဒီမိုကေရစီအႏွစ္သာရ မထိခိုက္ေစရန္ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔တြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအား တပ္မေတာ္သားမ်ား၊ တိုင္းရင္းသားေခါင္းေဆာင္မ်ားႏွင့္ သင့္ေတာ္သည့္ ပါတီ ေခါင္းေဆာင္မ်ားျဖင့္ မွ်တစြာဖြဲ႕စည္းခဲ့ၿပီး တိုင္းေဒသႀကီး/ျပည္နယ္မွသည္ ၿမိဳ႕နယ္၊ ရပ္ကြက္၊ ေက်း႐ြာအဆင့္ အုပ္ခ်ဳပ္ေရးအဖြဲ႕အဆင့္ဆင့္ ဖြဲ႕စည္းရာတြင္လည္း အရပ္ဘက္ ပုဂၢိဳလ္မ်ားကိုသာ ဦးစီးလုပ္ေဆာင္ေစခဲ့ပါေၾကာင္း၊ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ထာဝရၿငိမ္းခ်မ္းေရးအတြက္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈ ဗဟိုေကာ္မတီ၊ လုပ္ငန္းေကာ္မတီ၊ ညႇိႏႈိင္းေရးေကာ္မတီ ေကာ္မတီ ၃ ရပ္ ဖြဲ႕စည္းခဲ့ၿပီး မတ္လ ၃ ရက္ေန႔တြင္ မူဝါဒ(၅)ခု ခ်မွတ္ခဲ့ပါေၾကာင္း၊ ညႇိႏႈိင္းေရးေကာ္မတီသည္ ယေန႔ အထိ NCA လက္မွတ္ေရးထိုးၿပီးသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ အစည္းမ်ားႏွင့္ ၁၆ ႀကိမ္၊ NCA လက္မွတ္ေရးထိုးထားျခင္း မျပဳေသးသည့္ EAO မ်ားႏွင့္ ၉ ႀကိမ္၊ ႏိုင္ငံေရးပါတီမ်ားႏွင့္ ၇ ႀကိမ္၊ ဘာသာေရးေခါင္းေဆာင္မ်ား၊ ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္ အဖြဲ႕မ်ားႏွင့္ ၂ ႀကိမ္၊ စုစုေပါင္း ၃၄ ႀကိမ္ ေတြ႕ဆုံခဲ့ပါေၾကာင္း။

၂၀၂၂ ခုႏွစ္ ႏွစ္ဆန္းပိုင္းတြင္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ႏွင့္ ေတြ႕ဆုံအၿပီး ႏွစ္ႏိုင္ငံသေဘာတူထုတ္ျပန္ခ်က္ခဲ့ၿပီး ယခုႏွစ္ကုန္ပိုင္းအထိ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး ကို ေဆာင္႐ြက္ေပးသြားမည္ျဖစ္ပါေၾကာင္း၊ မိမိအေနျဖင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ေဒသခရီးစဥ္ ၁၇ ခု သြားေရာက္၍ ေဆာင္႐ြက္သင့္သည္မ်ားကို ေဆြးေႏြးအႀကံျပဳမွာ ၾကားခဲ့ၿပီးလိုအပ္ခ်က္မ်ားျဖည့္ဆည္း ေပါင္းစပ္ညႇိႏႈိင္းေပးခဲ့ပါေၾကာင္း၊ ေရရွည္အနာဂတ္ အတြက္ အစီအမံမ်ားလမ္းၫႊန္ေပးခဲ့ပါေၾကာင္း၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အစိုးရအဖြဲ႕၌ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ႏွင့္အတူ လက္တြဲလုပ္ေဆာင္ေန သည့္ တိုင္းရင္းသားေကာင္စီအဖြဲ႕ဝင္မ်ားကလည္း ေဒသအက်ိဳး ေဆာင္႐ြက္ေပးရန္ သက္ဆိုင္ ရာေဒသအလိုက္ ခရီးစဥ္ ၂၉ ခု သြားေရာက္၍ ေဒသ၏လိုအပ္ခ်က္မ်ားကို ေဆာင္႐ြက္ ေပးခဲ့ပါေၾကာင္း။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဆက္လက္၍ ဦးစားေပး လုပ္ေဆာင္မည့္ အခ်က္မ်ားႏွင့္ ပတ္သက္၍ေျပာၾကားရာတြင္ “ျမန္မာႏိုင္ငံသည္ ဖြံ႕ၿဖိဳးမႈ အနိမ့္ဆုံးႏိုင္ငံ (least Development country) ျဖစ္ပါသည္၊ ႏိုင္ငံ့လူဦးေရရဲ႕ ၇၀ ရာခိုင္ ႏႈန္းခန႔္မွာ ေက်းလက္ေနသူမ်ားျဖစ္ၿပီး ၃၀ ဒသမ ၄ ရာခိုင္ႏႈန္းခန႔္ဟာ ဆင္းရဲသူမ်ားျဖစ္ တဲ့အတြက္ ႏိုင္ငံရဲ႕ေျဖရွင္းရန္ရွိသည္မ်ား ေျဖရွင္းေဆာင္႐ြက္ေရး၊ ႏိုင္ငံ့စီးပြားတိုးတက္ ေရးလုပ္ငန္းမ်ား အရွိန္အဟုန္မျပတ္လုပ္ေဆာင္ရန္လိုပါတယ္၊ တုံ႔ဆိုင္းေနပါက မိမိတို႔ ႏိုင္ငံသာ အျခားႏိုင္ငံမ်ားရဲ႕ေနာက္မွာ က်န္ရစ္ခဲ့မွာျဖစ္ပါတယ္၊ ဒါေၾကာင့္ အမ်ိဳးသား ႏိုင္ငံေရးလုပ္ငန္းစဥ္ ၂ ခု တိုင္းျပည္သာယာဝေျပာေရးႏွင့္ စားေရရိကၡာဖူလုံေရး၊ ႏိုင္ငံေရးလုပ္ငန္းစဥ္ ၂ ခု၊ စစ္မွန္စည္းကမ္းျပည့္ဝသည့္ ပါတီစုံဒီမိုကေရစီစနစ္ ခိုင္မာေစေရးနဲ႔ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကိုအေျခခံတဲ့ ျပည္ေထာင္စု တည္ေဆာက္ျခင္း၊ ၿငိမ္းခ်မ္းေရးနဲ႔ အခ်ဳပ္အျခာအာဏာတည္တံ့ခိုင္ၿမဲေရးလုပ္ငန္းစဥ္၊ ၂၀၂၂ ခုႏွစ္ဟာ အေရးပါတဲ့ႏွစ္ျဖစ္ပါတယ္၊ လာမယ့္ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔ဟာ စိန္ရတုျပည္ေထာင္စုေန႔ျဖစ္ၿပီး ၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီလ ၄ ရက္ေန႔ဟာ စိန္ရတု လြတ္လပ္ေရးေန႔ျဖစ္တဲ့အတြက္ ႏိုင္ငံေတာ္ရဲ႕ အခ်ဳပ္အျခာအာဏာ ပိုမိုခိုင္မာေစဖို႔၊ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ျခင္း အသီးအပြင့္မ်ားနဲ႔ ျပည့္စုံဖို႔အေရးႀကီးပါတယ္၊ ဒါေၾကာင့္ ဒီႏွစ္မွာ ၿငိမ္းခ်မ္းေရးအတြက္ ေျခလွမ္းသစ္မ်ားစရပါမယ္၊ ကြၽန္ေတာ္တို႔ရဲ႕ ေရွ႕လုပ္ငန္းစဥ္ (၅)ရပ္ရဲ႕ စတုတၳအခ်က္ထဲမွာလည္း ေဖာ္ျပၿပီးျဖစ္လို႔ သက္ဆိုင္သူအဖြဲ႕အစည္းမ်ား အားလုံး ၿငိမ္းခ်မ္းေရးအတြက္ေဆြးေႏြးႏိုင္ဖို႔ ဖိတ္ေခၚပါတယ္လို႔ ကြၽန္ေတာ္ ေျပာၾကားခဲ့ပါတယ္၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီအစိုးရအေနနဲ႔ ၿငိမ္းခ်မ္းေရး အတြက္ အစဥ္အၿမဲအသင့္ရွိေနေၾကာင္း ျပသျခင္းလည္းျဖစ္ပါတယ္။”

လုံၿခဳံေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္း၍ တပ္မေတာ္ကႏိုင္ငံေတာ္တာဝန္ရယူ မထိန္းသိမ္းမီအေျခအေနႏွင့္ ပတ္သက္ၿပီး မဲမသမာမႈမ်ား၊ UEC ၏ ေျဖရွင္းမေပးမႈမ်ား ေၾကာင့္ UEC အား ကန႔္ကြက္ဆႏၵျပမႈမ်ား၊ ပါတီမ်ားက ေျဖရွင္းေပးရန္ေတာင္းဆိုမႈမ်ား ေၾကာင့္ ႏိုင္ငံေရးအရ တည္ၿငိမ္မႈမရွိသည့္အေျခအေနျဖစ္ေၾကာင္း၊ အေျခခံဥပေဒႏွင့္ အညီ မဲမသမာမႈမ်ားကို ေျဖရွင္းႏိုင္ေရးႏွင့္ ဒုတိယအႀကိမ္လႊတ္ေတာ္၌ မၿပီးျပတ္ ေသးသည့္ကိစၥရပ္မ်ား ေဆြးေႏြးႏိုင္ေရး ထိုစဥ္ကလႊတ္ေတာ္ကိုယ္စားလွယ္ ၂၀၃ ဦးက အေျခခံဥပေဒပုဒ္မ ၈၄ အရ ဥပေဒႏွင့္အညီေတာင္းဆိုမႈကို ျငင္းပယ္ခဲ့သျဖင့္ ဥပေဒျပဳေရးမ႑ိဳင္ယိမ္းယိုင္၍ အျငင္းပြားမႈမ်ားမွတစ္ဆင့္ တည္ၿငိမ္မႈပ်က္ျပားေနပါ ေၾကာင္း၊ ေယဘုယ်အားျဖင့္ EAO နယ္ေျမမ်ားတြင္ ထိေတြ႕မႈမ်ား ပုံမွန္ရွိခဲ့ေသာ္လည္း ရခိုင္ ျပည္နယ္၌ AA လက္နက္ကိုင္အဖြဲ႕ႏွင့္ ထိေတြ႕တိုက္ပြဲ ျဖစ္ပြားမႈမ်ား ပိုမိုျပင္းထန္ခဲ့ ပါေၾကာင္း။

တပ္မေတာ္က ႏိုင္ငံေတာ္တာဝန္ ရယူထိန္းသိမ္းၿပီးေနာက္ အေျခအေနႏွင့္ စပ္လ်ဥ္း၍ ၿငိမ္းခ်မ္းစြာဆႏၵျပေဖာ္ထုတ္မႈမွသည္ လက္နက္ကိုင္ေသာင္းက်န္းမႈအသြင္ထိ ေျပာင္းလဲလာျခင္းႏွင့္ပတ္သက္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ရပ္တည္ခြင့္မရွိသူ မ်ားက ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔တြင္ ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီ(CRPH)အမည္ျဖင့္ တရားမဝင္ေကာ္မတီတစ္ခုဖြဲ႕စည္းခဲ့ၿပီး လူစုလူေဝးျဖင့္ ဆႏၵျပမႈ(Riot)အသြင္ ဆူပူအၾကမ္းဖက္ဆႏၵျပမႈ(Anarchy Mob)ကို ေဆာင္႐ြက္ခဲ့ရာ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက အနိမ့္ဆုံးအဆင့္ အနည္းဆုံးအင္အားျဖင့္ ေဆာင္႐ြက္ခဲ့ရပါ ေၾကာင္း၊ ေဖေဖာ္ဝါရီလကုန္ပိုင္းခန႔္တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေပၚ ရရာလက္နက္ ျဖင့္ အသက္အႏၲရာယ္ရွိေအာင္ အၾကမ္းဖက္တိုက္ခိုက္သည့္ (Insurrection)လုပ္ရပ္မ်ား ေဆာင္႐ြက္လာေၾကာင္း၊ မတ္လ ၂၇ ရက္ေန႔ အား CRPH အမည္ခံ အၾကမ္းဖက္အဖြဲ႕က ျပည္သူ႔ေတာ္လွန္ေရးေန႔ ဟု အမည္တပ္ကာ တစ္ႏိုင္ငံလုံးအၾကမ္းဖက္တိုက္ခိုက္မႈမ်ား ျဖစ္ေပၚေစရန္ လႈံ႕ေဆာ္လာပါေၾကာင္း၊ ျပည္သူပိုင္အေဆာက္အဦမ်ား၊ စက္႐ုံ/ အလုပ္႐ုံ မ်ား၊ အုပ္ခ်ဳပ္ေရး႐ုံးမ်ားကို တိုက္ခိုက္ခဲ့ပါေၾကာင္း၊ ေနာက္ပိုင္းတြင္ ေဆး႐ုံမ်ား၊ ေက်ာင္း မ်ား၊ ေမာ္ေတာ္ယာဥ္လိုင္းမ်ားကိုပါ တိုက္ခိုက္လာခဲ့ၿပီး အလုံးစုံပ်က္သုဥ္းေရးအတြက္ အၾကမ္းဖက္တိုက္ခိုက္ျခင္း (Terrorism) ျပဳလုပ္လာသျဖင့္ ၂၀၂၁ ခုႏွစ္၊ မတ္ ၁၅ ရက္ေန႔တြင္ ရန္ကုန္တိုင္းေဒသႀကီး ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္၌ စစ္အုပ္ခ်ဳပ္ေရး(Martial Law)ထုတ္ျပန္ခဲ့ရပါေၾကာင္း၊ ဥပေဒႏွင့္မညီေသာ CRPH အၾကမ္းဖက္အဖြဲ႕က NUG အမည္ခံ စင္ၿပိဳင္အစိုးရဖြဲ႕စည္းၿပီး အၾကမ္းဖက္တိုက္ခိုက္မႈမ်ားကို အားေပးေထာက္ပံ့ ျခင္း၊ ဦးေဆာင္မႈျပဳျခင္းမ်ား ေဆာင္႐ြက္လာပါေၾကာင္း။

လူငယ္မ်ားအား NLD ပါတီအစြန္းေရာက္မ်ားႏွင့္ ၎ပါတီကို ေထာက္ခံ အားေပးအစြန္းေရာက္သူမ်ားကအသုံးခ်ၿပီး EAO နယ္ေျမမ်ားျဖစ္သည့္ KNU ၊ KIA ၊ KNPP စသည့္နယ္ေျမတို႔တြင္ စစ္သင္တန္းမ်ား တက္ေရာက္ေစခဲ့သည့္အျပင္ CDM ျပဳလုပ္ခဲ့သည့္အဖြဲ႕မ်ားကို အၾကမ္းဖက္လုပ္ရပ္မ်ားတြင္ လုပ္ေဆာင္တတ္ေစရန္ သင္တန္းေပးျခင္းႏွင့္ လက္နက္/ ခဲယမ္းမ်ား ေထာက္ပံ့ျခင္းတို႔အျပင္ အၾကမ္းဖက္ လုပ္ရပ္မ်ားတြင္ပါ ပူေပါင္းေဆာင္႐ြက္ခဲ့ၾကပါေၾကာင္း၊ အဆိုပါလုပ္ရပ္မ်ားေၾကာင့္ PDF အမည္ခံ အၾကမ္းဖက္အဖြဲ႕အစည္းမ်ား ေပၚေပါက္လာခဲ့ပါေၾကာင္း၊ CRPH ၊ NUG ၊ PDF အမည္ခံအၾကမ္းဖက္အဖြဲ႕အစည္းမ်ားသည္ ျမန္မာႏိုင္ငံအတြင္း အၾကမ္းဖက္လုပ္ငန္း မ်ားကို ပူးေပါင္းေဆာင္႐ြက္ခဲ့ၿပီးေနာက္ စက္တင္ဘာလ ၇ ရက္ ေန႔တြင္ အၾကမ္းဖက္ လုပ္ငန္းမ်ား အရွိန္ျမႇင့္ေဆာင္႐ြက္ရန္ေၾကညာခဲ့ရာ ခ်င္းျပည္နယ္၊ ထန္တလန္ႏွင့္ မင္းတပ္ၿမိဳ႕၊ မေကြးတိုင္းေဒသႀကီး၊ ကင္းမေက်း႐ြာ၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ တန႔္ဆည္ ၿမိဳ႕နယ္၊ ႐ြာသာယာေက်း႐ြာႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး ေနရာအခ်ိဳ႕၊ ကယားျပည္နယ္၊ လြိဳင္ေကာ္၊ ဒီးေမာ့ဆို၊ ရွမ္းျပည္နယ္၊ ဖယ္ခုံ၊ မိုးၿဗဲ စသည့္ျဖစ္စဥ္ တို႔တြင္ စစ္ရာဇဝတ္မႈ(War Crime) က်ဴးလြန္သည္အထိ အၾကမ္းဖက္ လုပ္ငန္းမ်ားကို ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ထို႔ေၾကာင့္ ခ်င္းျပည္နယ္၊ မင္းတပ္ ၿမိဳ႕နယ္ကို ၂၀၂၁ ခုႏွစ္၊ ေမလ ၁၃ ရက္ေန႔တြင္ စစ္အုပ္ခ်ဳပ္ေရး (Martial Law) ထုတ္ျပန္၍ အၾကမ္းဖက္မႈမ်ားကို ေျဖရွင္းေဆာင္႐ြက္ ခဲ့ရပါေၾကာင္း၊ အၾကမ္းဖက္သမားတို႔၏ လုပ္ေဆာင္မႈေၾကာင့္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၂၀ ရက္ေန႔အထိ တစ္ႏိုင္ငံလုံး အေနႏွင့္ ပ်က္စီးဆုံးရႈံးမႈ စက္႐ုံ/အလုပ္႐ုံ ၂၅ ခု၊ ႏိုင္ငံေတာ္ပိုင္ႏွင့္ ပုဂၢလိကပိုင္ပစၥည္းမ်ား ၃၄၁ ခု၊ ဌာနဆိုင္ရာ႐ုံးမ်ား ၇၀၂ ခု၊ ႏိုင္ငံပိုင္/ပုဂၢလိကဘဏ္မ်ားဖ်က္ဆီးခံရမႈ ၇၄ ခု၊ လမ္း/တံတားမ်ားဖ်က္ဆီးခံရမႈ ၅၂၄ ခု၊ ေဈးမ်ားဖ်က္ဆီးခံရမႈ ၁၇ ခု၊ ေဆး႐ုံ/ ေဆးခန္းမ်ားဖ်က္ဆီးခံရမႈ ၂၇ ခု၊ စာသင္ေက်ာင္းႏွင့္ ပညာေရး အေဆာက္အဦမ်ား ပ်က္စီးမႈ ၅၀၄ ခု၊ တယ္လီဖုန္း တာဝါတိုင္မ်ားပ်က္စီးမႈ ၄၆၅ ခု၊ လူေနအိမ္မ်ားပ်က္စီးမႈ ၄၁၇ လုံးတို႔ ဖ်က္ဆီးခံခဲ့ရ မႈရွိခဲ့ပါေၾကာင္း၊ ေသဆုံး/ဒဏ္ရာရမႈမ်ားအေနျဖင့္ ရဟန္း/ သံဃာ ၂၀ ပါး၊ အစိုးရဝန္ထမ္း ၉၅ ဦးႏွင့္ ဒဏ္ရာရရွိမႈ ၁၅၃ ဦး၊ အုပ္ခ်ဳပ္ေရးဆိုင္ရာ တာဝန္ရွိသူမ်ားေသဆုံးမႈ ၃၆၇ ဦးႏွင့္ ဒဏ္ရာရရွိမႈ ၃၃၆ ဦးထိရွိခဲ့ပါေၾကာင္း၊ တစ္ႏွစ္တာကာလပတ္လုံး အၾကမ္းဖက္မႈ ၉,၄၃၇ ႀကိမ္ျဖစ္ေပၚ ခဲ့၍ လက္နက္မ်ိဳးစုံ ၅,၆၀၆ လက္၊ ခဲယမ္းမ်ိဳးစုံ ၁၆၁,၅၅၆ ေတာင့္၊ လက္ပစ္ဗုံး ၁,၈၉၀ လုံးႏွင့္ လက္လုပ္မိုင္း/ဗုံး ၁၁,၄၂၄ လုံး သိမ္းဆည္း ရမိခဲ့ၿပီး အၾကမ္းဖက္သူ ၄,၃၃၈ ဦးအား ဖမ္းဆီးရမိခဲ့ပါေၾကာင္း။

စီးပြားေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္း၍ တပ္မေတာ္က ႏိုင္ငံေတာ္တာဝန္ရယူ ထိန္းသိမ္းၿပီးေနာက္ အေျခအေနမ်ား၊ ႏိုင္ငံတကာ၏ ဝိုင္းဝန္းပိတ္ဆို႔မႈမ်ားႏွင့္ ပတ္သက္ ၍ ျပည္တြင္းစီးပြားေရးအေျခအေနႏွင့္ ျပည္ပေသြးထိုးလႈံ႕ေဆာ္မႈမ်ားအရ ဘဏ္လုပ္ငန္း မ်ားကို ယုံၾကည္မႈက်ဆင္းၿပီး ပုံမွန္မလည္ပတ္ႏိုင္သည့္အတြက္ ဘဏ္လုပ္ငန္းတြင္ ေငြသားလည္ပတ္စီးဆင္းမႈခက္ခဲခဲ့ေၾကာင္း၊ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုန္သြယ္မႈ က်ဆင္းေစေရး အတြက္ သက္ဆိုင္ရာ ႏိုင္ငံျခားအဆက္အသြယ္မ်ားကို တိုက္႐ိုက္/ သြယ္ဝိုက္ ဖိအားေပးမႈမ်ား ေဆာင္႐ြက္ ခဲ့ပါေၾကာင္း၊ ျမန္မာက်ပ္ေငြတန္ဖိုးက်ဆင္းၿပီး ကမာၻတစ္ဝန္းျဖစ္ပြားေနေသာ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ သယ္ယူပို႔ေဆာင္ေရးႏွင့္ သြင္းကုန္ (ေလာင္စာဆီႏွင့္ ကုန္ၾကမ္း) ေဈးႏႈန္း ျမင့္တက္ျခင္း၊ ေဈးကြက္တြင္ ဝယ္လိုအားက်ဆင္းျခင္းမ်ား ျဖစ္ခဲ့ပါေၾကာင္း။

ဘဏ္ကိစၥရပ္မ်ားႏွင့္ပတ္သက္၍ ၂၀၂၁ ခုႏွစ္ ႏိုင္ငံေတာ္တာဝန္ ထိန္းသိမ္းၿပီး ေနာက္ပိုင္း ပုဂၢလိကဘဏ္က႑၌လည္း CDM ေဆာင္႐ြက္မႈမ်ား၊ Online ေငြေပးေခ်မႈ ႏွင့္ ဘဏ္စနစ္မ်ားအား တြင္က်ယ္စြာအသုံးျပဳ ေနၾကေသာ္လည္း ျပည္ပႏိုင္ငံမ်ား၏ ဘဏ္မ်ားဆီမွ ေငြမ်ားအစုလိုက္၊ အၿပဳံလိုက္ျပန္လည္ထုတ္ယူေရး၊ ဘဏ္စနစ္ႏွင့္ လုပ္ငန္းမ်ား ၿပိဳပ်က္ေစေရးႏွင့္ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္း မတည္မၿငိမ္ျဖစ္ေစေရးတို႔ အတြက္ ေသြးထိုးလႈံ႕ေဆာ္ခဲ့ၾကပါေၾကာင္း၊ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္း တည္ၿငိမ္ေစေရး အတြက္ ေဈးကြက္အတြင္းလိုအပ္သည့္ ႏိုင္ငံျခားေငြျဖည့္တင္းရန္ႏွင့္ စက္သုံးဆီ၊ စားသုံးဆီ၊ ကိုဗစ္ေဆးဝါး၊ လွ်ပ္စစ္ႏွင့္ Telecom Sector မ်ားအတြက္ သြင္းကုန္ လုပ္ငန္းရွင္မ်ားသို႔ အေမရိကန္ေဒၚလာ လိုအပ္ခ်က္အတြက္ အထူးႏိုင္ငံျခားေငြ ေဈးၿပိဳင္ ေလလံမွတစ္ဆင့္ ၂၁-၁-၂၀၂၂ ရက္ေန႔အထိ USD (၅၀၈.၈)သန္း အား ေရာင္းခ်ေပး ခဲ့ပါေၾကာင္း။

ကုန္သြယ္မႈမ်ားႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အစိုးရ လက္ထက္ ယာယီစာရင္းမ်ားအရ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္ ျမန္မာႏိုင္ငံ၏ ျပည္ပကုန္သြယ္မႈစာရင္းအရ ပို႔ကုန္ ေဒၚလာ ၁၅.၃၆ ဘီလီယံ၊ သြင္းကုန္ ေဒၚလာ ၁၄.၆၉ ဘီလီယံ၊ ကုန္သြယ္မႈပမာဏ ေဒၚလာ ၃၀.၀၅ ဘီလီယံျဖစ္ၿပီး ကုန္သြယ္မႈပိုေငြ ေဒၚလာ ၆၇၇ သန္းေက်ာ္ ရွိခဲ့ပါေၾကာင္း၊ ျပည္တြင္း၊ ျပည္ပေႂကြးၿမီ အေနျဖင့္ ဒီမိုကေရစီပထမ အစိုးရ သက္တမ္းကာလ ၂၀၁၁-၂၀၁၂ ဘ႑ာေရးႏွစ္တြင္ ျပည္တြင္း၊ ျပည္ပေႂကြးၿမီ စုစုေပါင္း ၁၆,၂၇၃ က်ပ္ဘီလီယံ၊ ၂၀၂၀-၂၀၂၁ (၆ လ) ဘ႑ာႏွစ္တြင္ ျပည္တြင္း၊ ျပည္ပ ေႂကြးၿမီ ၅၂,၄၈၈ က်ပ္ဘီလီယံအထိ မ်ားျပားလာသည္ကို ေတြ႕ရွိရပါေၾကာင္း၊ ျပည္တြင္း၊ ျပည္ပေႂကြးၿမီမ်ားသည္ တစ္ႏွစ္ထက္တစ္ႏွစ္ တိုးျမင့္ လာသည္ ကိုေတြ႕ရွိရပါေၾကာင္း၊ ေရရွည္တြင္ ေႂကြးၿမီခံႏိုင္ရည္ရွိမႈကို သုံးသပ္တြက္ခ်က္ ေဆာင္႐ြက္ရန္ လိုအပ္မည္ျဖစ္ ပါေၾကာင္း၊ သြင္းကုန္မ်ားေလ်ာ့ခ်ႏိုင္ေရးႏွင့္ ျပည္တြင္းအလုပ္အကိုင္မ်ား ဖန္တီးႏိုင္ရန္ အတြက္ ျပည္တြင္းျဖစ္ကိုအားေပးမႈ၊ ျပည္တြင္းကုန္ထုတ္လုပ္မႈကို အားေပးမႈမ်ား အထူး လိုအပ္ပါေၾကာင္း၊ ဥပမာအေနျဖင့္ ႏိုင္ငံတြင္း၌ ဘိလပ္ေျမစက္႐ုံမ်ား အလုံအေလာက္ ရွိေသာ္လည္း ၂၀၂၁ ခုႏွစ္တြင္ ဘိလပ္ေျမတင္သြင္းမႈ ၉၅၆,၈၂၅ တန္ တင္သြင္းခဲ့ၿပီး တန္ဖိုး ေဒၚလာ ၇၃.၆၁၀ သန္းရွိေၾကာင္း ေတြ႕ရပါေၾကာင္း၊ သံႏွင့္သံမဏိ တင္သြင္းမႈ အေနျဖင့္ စုစုေပါင္း ေဒၚလာသန္း ၈၅၉.၄၆ တန္ဖိုး တင္သြင္းခဲ့ပါေၾကာင္း၊ ႏိုင္ငံတြင္း၌ ဘိလပ္ေျမ ႏွင့္သံမဏိ ထုတ္လုပ္ႏိုင္သည့္ ထုံးေက်ာက္၊ သံ႐ိုင္း၊ ေက်ာက္မီးေသြး၊ ဒိုလိုမိုက္စသည့္ ကုန္ၾကမ္းမ်ား လုံေလာက္စြာရွိေသာ္လည္း သံႏွင့္သံမဏိ စက္႐ုံမ်ား တည္ေဆာက္ရန္အားေပးမႈ၊ သံႏွင့္သံမဏိစက္႐ုံမ်ား လည္ပတ္ရန္ ႀကိဳးစားအားထုတ္မႈ မရွိခဲ့သည့္အတြက္ ျပည္ပမွမွာယူတင္သြင္းခဲ့ရပါေၾကာင္း၊ ျပည္တြင္း၌လည္း အလုပ္ အကိုင္မ်ား ဆုံးရႈံးခဲ့ရပါေၾကာင္း၊ မိမိတို႔ႏိုင္ငံသားမ်ား ျပည္ပႏိုင္ငံမ်ားသို႔ ထြက္ခြာ အလုပ္လုပ္ကိုင္ခဲ့ရပါ ေၾကာင္း၊ ျပည္ပႏိုင္ငံမ်ားတြင္ အလုပ္လုပ္ကိုင္ေနရသည့္ မိမိႏိုင္ငံ သားမ်ားသည္ ျပည္ပႏိုင္ငံမ်ား၏ ဥပေဒႏွင့္ စည္းကမ္းမ်ားအတိုင္း ေနထိုင္ၾကရပါ ေၾကာင္း၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစိုးရ လက္ထက္တြင္ ယခင္က ရပ္ဆိုင္း ထားသည့္ သံႏွင့္သံမဏိစက္႐ုံမ်ားကို ျပန္လည္လည္ပတ္ႏိုင္ရန္ ေဆာင္႐ြက္ လ်က္ရွိပါ ေၾကာင္း၊ အနိမ့္ဆုံးအဆင့္ အေဆာက္အဦ ေဆာက္လုပ္ေရးတြင္ အသုံးျပဳသည့္သံေခ်ာင္း၊ သံလုံးမ်ားကို ေဒသအႏွံ႔အျပားတြင္ထုတ္လုပ္ႏိုင္ရန္ ေဆာင္႐ြက္သြားမည္ ျဖစ္ပါေၾကာင္း။

၂၀၂၁ ခုႏွစ္တြင္ စားအုန္းဆီအပါအဝင္ ဆီတင္သြင္းမႈမွာ ၈၅၈,၆၈၅.၂၇၁ တန္ (တန္ခ်ိန္ ၈.၅ သိန္းေက်ာ္ခန႔္) ေဒၚလာ ၈၆၆.၇၁၁ သန္းတန္ဖိုး ျဖစ္ပါေၾကာင္း၊ ျပည္တြင္း စားသုံးဆီဖူလုံေရး၊ ျပည္ပမွတင္သြင္းမႈ ေလ်ာ့ခ်ႏိုင္ေရး ေဆာင္႐ြက္သြားမည္ ျဖစ္ပါေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ ခန႔္မွန္းလူဦးေရ ၅၅ သန္းခန႔္ ရွိပါေၾကာင္း၊ က်န္းမာေရးအရ လူတစ္ဦးတစ္ရက္တြင္ အနည္းဆုံး စားသုံးသင့္သည့္ဆီ ၂ ဒသမ ၂ က်ပ္သားျဖစ္ၿပီး တစ္ႏွစ္တာ စားသုံးသည့္ဆီမွာ ၈ ပိႆာႏွင့္တြက္လွ်င္ တစ္ႏွစ္တြင္ စားသုံး သင့္သည့္စားသုံးဆီသည္ တန္ခ်ိန္ ၇ သိန္းေက်ာ္ ျဖစ္ပါေၾကာင္း၊ မိမိတို႔ႏိုင္ငံ၌ ဆီထြက္သီးႏွံမ်ားျဖစ္သည့္ ေျမပဲ၊ ႏွမ္း၊ ေနၾကာ၊ ပဲပုတ္၊ ပန္းႏွမ္းႏွင့္ ဆီအုန္းမ်ားမွ ဆီထုတ္လုပ္ႏိုင္သျဖင့္ မိမိတို႔ျပည္သူ၊ ျပည္သားမ်ားသည္ လူတစ္ဦးတစ္ရက္တြင္ အနည္းဆုံးစားသင့္သည့္ စားသုံးဆီထက္ ပိုမိုစားသုံးေနေၾကာင္း ေတြ႕ရွိရပါေၾကာင္း၊ စားသုံးဆီအလြန္အကြၽံ စားသုံးမႈေၾကာင့္ တစ္ဦးခ်င္းကုန္က်မႈမ်ား၊ ၎မွ ႏိုင္ငံအဆင့္ ကုန္က်မႈမ်ား မ်ားျပားလာမည္ျဖစ္သည့္အျပင္ တစ္ဦးခ်င္း၏ က်န္းမာေရး၊ ႏိုင္ငံအဆင့္ အမ်ိဳးသားက်န္းမာေရးကိုပါ ထိခိုက္ေစမည္ ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ျပည္သူလူထု၏ တစ္ဦးခ်င္းက်န္းမာေရး၊ တစ္ဦးခ်င္းဝင္ေငြ တိုးတက္ေရးကိုေရွးရႈ၍ က်န္းမာေရးႏွင့္ ညီၫြတ္သည့္ စားသုံးဆီပမာဏကိုသာ သုံးစြဲႏိုင္ေရး အသိပညာေပးမႈမ်ား၊ စားေသာက္ မႈပုံစံ ေျပာင္းလဲႏိုင္ေရး ေဆာင္႐ြက္ခ်က္မ်ားကို လုပ္ေဆာင္လ်က္ရွိပါေၾကာင္း။

အလားတူ ျမန္မာႏိုင္ငံတြင္ ေမာ္ေတာ္ယာဥ္ ၁ သန္းေက်ာ္ႏွင့္ ဆိုင္ကယ္ ၆ သန္း ေက်ာ္ရွိေၾကာင္း၊ ၂၀၂၁ ခုႏွစ္တြင္ စက္သုံးဆီ တင္သြင္းခဲ့မႈသည္ တန္ခ်ိန္ ၄.၁၂ သန္းေက်ာ္ တန္ဖိုးအေမရိကန္ေဒၚလာ ၂,၄၉၆.၆၅၂ သန္းရွိခဲ့ပါေၾကာင္း၊ ထိုသို႔ ျဖစ္ရျခင္းသည္ ျမန္မာႏိုင္ငံတြင္ အမ်ားသုံးသယ္ယူပို႔ေဆာင္ ေရးစနစ္(Public Transportation) အားနည္းျခင္းေၾကာင့္ ကိုယ္ပိုင္ယာဥ္မ်ားကိုအားထားလာျခင္း ျဖစ္ပါေၾကာင္း၊ အမ်ားသုံး သယ္ယူပို႔ေဆာင္ေရးစနစ္ျဖစ္သည့္ ရထား၊ ဘက္စ္ကား၊ သေဘၤာေရယာဥ္မ်ား၏ ဝန္ေဆာင္မႈကိုျမႇင့္တင္ျခင္း၊ တစ္ဦးခ်င္း စက္သုံးဆီသုံးစြဲမႈကို ေခြၽတာျခင္းေဆာင္႐ြက္၍ ၎ကိစၥကို ေျဖရွင္းရမည္ျဖစ္ပါေၾကာင္း၊ အစိုးရအေနျဖင့္ အမ်ားသုံးသယ္ယူပို႔ေဆာင္ေရးစနစ္ျဖစ္သည့္ ရထားပို႔ေဆာင္ေရးစနစ္၊ ဘက္စ္ကား ယာဥ္မ်ားႏွင့္ ပို႔ေဆာင္ေရးစနစ္၊ သေဘၤာ ေရယာဥ္မ်ားႏွင့္ ပို႔ေဆာင္ေရးစနစ္တို႔ကို ဝန္ေဆာင္မႈျမႇင့္တင္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ တိုင္းရင္းသားျပည္သူလူထု အေနႏွင့္လည္း ကိုယ္တိုင္စက္သုံးဆီသုံးစြဲမႈကို ခ်င့္ခ်ိန္ေခြၽတာသုံးစြဲျခင္းျဖင့္ ႏိုင္ငံဖြံ႕ၿဖိဳး တိုးတက္ေရးတြင္ ဝိုင္းဝန္း ကူညီၾကရန္ တိုက္တြန္းလိုပါေၾကာင္း၊ ဥပမာ-ဆိုင္ကယ္ ၆ သန္းသည္ တစ္ရက္လွ်င္ဆီသုံးစြဲမႈ ႏို႔ဆီဗူးတစ္ဝက္ခန႔္ ေလွ်ာ့ခ်လွ်င္ တစ္ရက္ ဂါလန္ ၁၂၅,၀၀၀ သက္သာမည္ျဖစ္၍ ကားတစ္စီးသည္လည္း တစ္ရက္လွ်င္ဆီသုံးစြဲမႈ ၁ လီတာ ပုလင္းတစ္ဝက္ေလွ်ာ့ခ်ႏိုင္ပါက တစ္ရက္လွ်င္ဂါလန္ ၁၂၅,၀၀၀ ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ ပါေၾကာင္း၊ တန္ဖိုးအားျဖင့္ တစ္ဂါလန္ ၆,၀၀၀ က်ပ္ ပွ်မ္းမွ်ေဈးျဖင့္တြက္ၾကည့္လွ်င္ပင္ တစ္ရက္ ေငြက်ပ္ ၁.၅ ဘီလီယံထိ ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ပါေၾကာင္း၊ ထိုသို႔ ျဖစ္လာရန္မွာ ျပည္သူလူထု၏ ပူးေပါင္းေဆာင္႐ြက္မႈလိုပါေၾကာင္း၊ ပူးေပါင္းေဆာင္႐ြက္ရန္လည္း ဆက္လက္ႏႈိးေဆာ္သြားမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံတစ္ႏိုင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္ေရးတြင္ ေက်းလက္ႏွင့္ၿမိဳ႕ျပကြာျခားမႈ နည္းပါးေရးျဖစ္ပါေၾကာင္း၊ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ လွ်ပ္စစ္ဓာတ္အား ရရွိထုတ္လုပ္ႏိုင္မႈသည္ မ်ားစြာအေထာက္အကူျပဳသည္။ ႏိုင္ငံတိုင္းသည္ ႏိုင္ငံ၏လူေနမႈအဆင့္အတန္းျမင့္မားေရး၊ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား ပိုမိုတိုးတက္စြာ ေဆာင္႐ြက္ႏိုင္ေရးအတြက္ လွ်ပ္စစ္စြမ္းအား ထုတ္လုပ္မႈအား နည္းလမ္း မ်ိဳးစုံ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ လွ်ပ္စစ္စြမ္းအားသည္ ျပည္သူမ်ား၏ လူမႈစီးပြားဘဝမ်ားအတြက္မ်ားစြာ အေထာက္အကူျပဳၿပီး ႏိုင္ငံဖြံ႕ၿဖိဳးေရးအတြက္ မ်ားစြာအေထာက္အကူျပဳသျဖင့္တန္ဖိုးျဖတ္၍မရႏိုင္ေသာအရာျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံ အတြင္း သဘာဝအရင္းအျမစ္မ်ားျဖစ္သည့္ ေနအား၊ ေရအား၊ ေလအားမ်ားရွိၿပီးျဖစ္ပါ ေၾကာင္း၊ အစိုးရအဆက္ဆက္တြင္ ေရအားလွ်ပ္စစ္ထုတ္လုပ္ျခင္းကို အားေပး ေဆာင္႐ြက္ထုတ္လုပ္ခဲ့ေသာ္လည္း ၿပီးခဲ့သည့္အစိုးရလက္ထက္ ေရအားလွ်ပ္စစ္ ထုတ္လုပ္ေရးလုပ္ငန္းမ်ားတြင္ သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈကိုအေၾကာင္းျပ၍ ႏိုင္ငံေရးအရအသုံးခ်ၿပီး ေရအားလွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈစီမံကိန္း အခက္အခဲ ျဖစ္ေစရန္ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ေရအားလွ်ပ္စစ္စီမံကိန္းမ်ားအား အေကာင္အထည္ ေဖာ္ရာတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ တန္ဖိုးသည္ႀကီးမားၿပီး ကုန္က်စရိတ္တန္ဖိုးမ်ားအား တိက်စြာတြက္ခ်က္ႏိုင္ေသာ္လည္း ျပန္လည္ရရွိေသာ အက်ိဳးအျမတ္မွာတန္ဖိုးျဖတ္၍ မရေအာင္ ႀကီးမားပါေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ မိုးမ်ားေသာေဒသမ်ားမွအပ က်န္ႏိုင္ငံ တစ္ဝွမ္းလုံးတြင္ ေနသာသည့္ရက္ တစ္ႏွစ္လွ်င္ရက္ ၂၀၀ မွ ၂၅၀ ထိရွိသျဖင့္ ေနေရာင္ျခည္သုံး လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေရးစက္႐ုံမ်ား လုံေလာက္စြာ တည္ေဆာက္ေရးေဆာင္႐ြက္ပါက ႏိုင္ငံေတာ္လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္အား ျဖည့္ဆည္းေပးႏိုင္မည္ျဖစ္ပါေၾကာင္း၊ ေက်း႐ြာမ်ားအတြင္း ဆိုလာျပားစနစ္သုံး လွ်ပ္စစ္ ဓာတ္အား တပ္ဆင္ထုတ္ လုပ္ပါက ေက်း႐ြာေနျပည္သူမ်ား၏ လွ်ပ္စစ္သုံးစြဲမႈအား ပိုမိုအေထာက္ အကူျပဳ႐ုံသာမက လူေနမႈဘဝဖြံ႕ၿဖိဳးတိုးတက္မႈလည္း ရွိလာမည္ ျဖစ္ပါေၾကာင္း၊ ႏိုင္ငံေတာ္၏ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္အား ျဖည့္ဆည္းေပး ႏိုင္သည္သာမက ၿမိဳ႕ျပစီမံကိန္းမ်ားတည္ေဆာက္ရာတြင္ လွ်ပ္စစ္ကိုအေျခခံသည့္ လွ်ပ္စစ္ဘတ္စ္ကားလုပ္ငန္းမ်ားႏွင့္ လွ်ပ္စစ္ရထားလုပ္ငန္းမ်ားကိုလည္း အေထာက္ အကူျပဳေစပါေၾကာင္း။

လူမႈေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္ စပ္လ်ဥ္း၍ တပ္မေတာ္ကႏိုင္ငံေတာ္တာဝန္ ရယူ မထိန္းသိမ္းမီ ဘာသာ၊ သာသနာ ဖ်က္ဆီးခံရမႈအေျခအေနႏွင့္ပတ္သက္ၿပီး ဘာသာ ေပါင္းစုံ လြတ္လပ္စြာ ကိုးကြယ္ခြင့္ရွိသည္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ ႏိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႕(မဟန)ရွိၿပီးျဖစ္၍ အမ်ိဳးဘာသာ သာသနာေစာင့္ေရွာက္ေရး အဖြဲ႕ (မဘသ) ကဲ့သို႔ေသာ ဘာသာ၊ သာသနာေရးႏွင့္ ပရဟိတ တြဲဖက္ေဆာင္႐ြက္ေသာ အဖြဲ႕အစည္းမ်ားကို ဖ်က္သိမ္းခဲ့ပါေၾကာင္း၊ ကိုဗစ္-၁၉ ေရာဂါ အေၾကာင္းျပခ်က္ျဖင့္ ဘုရားပုထိုးမ်ားဖူးေျမာ္ခြင့္ႏွင့္ ဘာသာေရးအေဆာက္အဦအတြင္း ဘုရားဝတ္ျပဳ၊ ၾကည္ညိဳခြင့္မ်ားကို ပိတ္ပင္ခဲ့ပါေၾကာင္း၊ သာသနာ့ဝန္ထမ္း ရဟန္းေတာ္မ်ားေၾကာင့္ ႏိုင္ငံ့စီးပြားေရးက်ဆင္းသေယာင္ ဝါဒျဖန႔္ခဲ့ပါေၾကာင္း။

ျမန္မာ့ယဥ္ေက်းမႈႏွင့္ပတ္သက္၍ ျမန္မာ့႐ိုးရာ ယဥ္ေက်းမႈအဆို၊ အက၊ အေရး၊ အတီး ပညာရပ္မ်ားသည္ National Treasure မ်ားျဖစ္ပါေၾကာင္း၊ ျမန္မာတို႔သည္ ႐ုပ္ပိုင္း၊ စိတ္ပိုင္း ယဥ္ေက်းသိမ္ေမြ႕သူမ်ားျဖစ္ပါေၾကာင္း၊ ၿပီးခဲ့သည့္ အစိုးရသက္တမ္း ကာလတြင္ျမန္မာ့ယဥ္ေက်းမႈအတြက္ စိုးရိမ္ေရအမွတ္ အေနအထားျဖစ္လာရသည့္ အျပင္ ေ႐ႊတိဂုံေစတီပုံရိပ္ေပၚ၌ ဖိနပ္နင္းအက ကသည္အထိ ဘာသာေရးႏွင့္ ယဥ္ေက်းမႈ နယ္ပယ္ပ်က္စီးခဲ့ရပါေၾကာင္း၊ ျမန္မာ့ဓေလ့ျဖစ္သည့္ ႀကီးသူကို႐ိုေသ၊ ႐ြယ္တူကို ေလးစား၊ ငယ္သူ ကိုသနားဟူေသာ မြန္ျမတ္လွသည့္ အေလ့အက်င့္မ်ားအေပၚ Online Media မ်ား အသုံးခ်၍ လူငယ္တို႔၏ ယဥ္ေက်းသိမ္ေမြ႕မႈ အေျခခံစိတ္ဓာတ္မ်ားအား ဖ်က္ဆီးခဲ့ပါေၾကာင္း၊ ေက်ာင္းသားလူငယ္မ်ားထဲစိမ့္ဝင္ေနမႈ ႏွင့္ပတ္သက္၍ ကိုဗစ္-၁၉ ေရာဂါအေၾကာင္းျပဳၿပီး ဗုဒၶဘာသာယဥ္ေက်းမႈ သင္တန္းမ်ားအား တားျမစ္ပိတ္ပင္ျခင္း မ်ား ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ အေျခခံပညာေက်ာင္း သင္ခန္းစာမ်ားတြင္ ျမန္မာ့ ယဥ္ေက်းမႈႏွင့္ ကိုက္ညီမႈမရွိေသာ၊ ျမန္မာ့ယဥ္ေက်းမႈကို ထိခိုက္ပြန္းပဲ့ေစေသာ Sex Education သင္ခန္းစာမ်ားအား ထည့္သြင္းသင္ၾကားေစခဲ့ပါေၾကာင္း၊ ႏိုင္ငံေရးသမား မ်ားက သမိုင္းအမွန္ကိုဖုံးကြယ္၍ လူငယ္ထုအတြင္း တပ္မေတာ္အား အမုန္းမ်ားရန္ပြား ေစရန္ နားေယာင္ထိုးသြင္းလႈံ႕ေဆာ္ျခင္းမ်ား ေဆာင္႐ြက္ခဲ့ပါေၾကာင္း။

တပ္မေတာ္က ႏိုင္ငံေတာ္တာဝန္ယူေနာက္ အေျခအေနႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ျမန္မာႏိုင္ငံတြင္ေထရဝါဒဗုဒၶ သာသနာေတာ္ႀကီး ခိုင္မာစြာထြန္းလင္းေတာက္ပလ်က္ရွိမႈအား ကမာၻကိုျပသရန္၊ တိုင္းျပည္ေအးခ်မ္း သာယာမႈရွိေစရန္၊ ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ျပည္တြင္းျပည္ပဘုရားဖူးမ်ား လာေရာက္ ျခင္းျဖင့္ ေဒသတိုးတက္စည္ကားမႈျဖစ္ေစရန္၊ ႏိုင္ငံေတာ္ ဖြံ႕ၿဖိဳးတိုးတက္မႈကို အေထာက္အကူျပဳေစရန္ရည္႐ြယ္၍ ေနျပည္ေတာ္၊ ဒကၡိဏသီရိ ၿမိဳ႕နယ္ရွိ ဗုဒၶဥယ်ာဥ္ ေတာ္၌ ကမာၻေပၚရွိ ေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ မ်ားအနက္ ဉာဏ္ေတာ္အျမင့္ဆုံး ျဖစ္လာမည့္ “မာရဝိဇယ” ေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး အားတည္ေဆာက္ ပူေဇာ္လ်က္ရွိၿပီး ယခုအခါ ဆင္းတုေတာ္ႀကီး၏ ပလႅင္ေတာ္အစိတ္ အပိုင္းအား ေနရာခ်ထားမႈၿပီးစီးခဲ့ၿပီး က်န္ဆင္းတုေတာ္အစိတ္အပိုင္းမ်ားကို CNC စက္ ျဖင့္ ဆက္လက္ထုဆစ္လ်က္ရွိေၾကာင္း၊ ရင္ျပင္ေတာ္ပတ္လည္ အေျခခံတည္ေဆာက္မႈ အၾကမ္းထည္ၿပီးစီးၿပီျဖစ္ေၾကာင္း၊ အလားတူ အဆိုပါဗုဒၶဥယ်ာဥ္အတြင္း ပိဋကတ္သုံးပုံ ပါဠိေတာ္အ႒ကထာဋီကာက်မ္းစာမ်ားကိုလည္း စက်င္ေက်ာက္မ်ားေပၚ၌ ေခတ္မီစက္ ကိရိယာမ်ား အသုံးျပဳ၍ ပါဠိအကၡရာ၊ Roamnize Language တို႔ျဖင့္ ေရးထိုးပူေဇာ္ သြားရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ဒီမိုကေရစီအစိုးရဒုတိယသက္တမ္းကာလအတြင္း အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ယဥ္ေက်းမႈ၊ ဓေလ့စ႐ိုက္မ်ား ဖ်က္ဆီးမႈိင္းတိုက္ဝါဒျဖန႔္ လႈံ႕ေဆာ္မႈ၏ အက်ိဳးဆက္ေၾကာင့္အခ်ိဳ႕က Generazation-Z ဟု ေခၚေသာ လူငယ္ မ်ားမွာ ႏိုင္ငံေရးသမားတို႔၏ အသုံးခ်မႈအေပၚ အယုံလြယ္လမ္းမွားေရာက္ခဲ့ၿပီး ဆရာ/ ဆရာမ ၃၇ ဦး သတ္ျဖတ္ၿပီး ၃၀ ဦးကို ထိခိုက္ဒဏ္ရာရရွိေအာင္ ျပဳလုပ္ျခင္း၊ ရဟန္း သံဃာ ၂၀ ပါးအား သတ္ျဖတ္ေစာ္ကားျခင္း၊ စာသင္ေက်ာင္းမ်ားအားမီးရႈိ႕ဖ်က္ဆီးျခင္း ၅၀၄ ႀကိမ္ ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ဒီမိုကေရစီအစိုးရဒုတိယသက္တမ္းကာလအတြင္း ကိုဗစ္-၁၉ ေရာဂါ အေၾကာင္းျပ၍ ပိတ္ထားခဲ့သည့္ ဗုဒၶဘာသာဘုရားေစတီမ်ား အပါအဝင္ သက္ဆိုင္ရာဘာသာအလိုက္ ဘာသာေရးအေဆာက္အဦမ်ားတြင္ ဘုရား ဝတ္ျပဳျခင္း၊ ၾကည္ညိဳျခင္းမ်ားအား ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔မွစ၍ ကိုဗစ္-၁၉ ေရာဂါ စည္းမ်ဥ္း၊ စည္းကမ္းမ်ားႏွင့္အညီ ျပန္လည္ဖြင့္လွစ္ေပးခဲ့ပါေၾကာင္း၊ အၾကမ္းဖက္အုပ္စုမ်ားျဖစ္သည့္ CRPH ၊ NUG တို႔၏ ေသြးထိုးလႈံ႕ေဆာ္မႈမ်ားႏွင့္ အေၾကာင္းအမ်ိဳးမ်ိဳး ေၾကာင့္ ဆူပူဆႏၵျပမႈမ်ားတြင္ ပါဝင္ခဲ့သည့္အတြက္ အေရးယူခံရၿပီး ႏိုင္ငံေတာ္အတြင္း တရား႐ုံးအသီးသီးတြင္တရားစြဲဆိုျခင္း ခံေနရသူမ်ားကို လူသား ခ်င္းစာနာေထာက္ထားမႈမ်ားအား အေလးထားေသာအားျဖင့္လည္းေကာင္း၊ ျပည္သူ လူထု ႏွလုံးစိတ္ဝမ္းေအးခ်မ္းေစရန္ႏွင့္ ႏိုင္ငံေတာ္တည္ေဆာက္ေရးတြင္ ပါဝင္ႏိုင္ေစရန္ အတြက္အက်ဥ္းသား၊ အက်ဥ္းသူ ၄၇,၈၇၉ ဦးကို ျပစ္ဒဏ္လြတ္ၿငိမ္းခ်မ္းသာခြင့္၊ ျပစ္ဒဏ္လြတ္ၿငိမ္း သက္သာခြင့္တို႔ကို ေဆာင္႐ြက္ေပး ခဲ့ပါေၾကာင္း။

ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္ႏွင့္ ဦးတည္ခ်က္ ၉ ရပ္ အေကာင္အထည္ေဖာ္မႈအေျခအေန ႏွင္စပ္လ်ဥ္၍ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္အားအေကာင္အထည္ေဖာ္ေဆာင္႐ြက္မႈအေနျဖင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ စတင္တာဝန္ယူၿပီးေနာက္ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္အား အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့ရာ မဲမသမာမႈျဖစ္စဥ္ေပၚ မူတည္၍ “ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ျပန္လည္ဖြဲ႕စည္းၿပီး မဲစာရင္းမ်ားစစ္ေဆးျခင္းအပါအဝင္ လုပ္ေဆာင္သင့္၊ လုပ္ေဆာင္ထိုက္သည္မ်ားကို ဥပေဒႏွင့္အညီ ဆက္လက္ေဆာင္႐ြက္ သြားမည္” ဟူသည့္အခ်က္ကို ပထမအခ်က္ လုပ္ငန္းစဥ္ထားခဲ့ပါေၾကာင္း၊ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂ ရက္ ေန႔တြင္ ေကာ္မရွင္ အဖြဲ႕အသစ္အား ဖြဲ႕စည္းတာဝန္ေပးအပ္ခဲ့ပါေၾကာင္း၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က ၂၀၂၀ ျပည္ႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲက်င္းပခဲ့သည့္ ၿမိဳ႕နယ္ ၃၁၅ ၿမိဳ႕နယ္မွ ဆႏၵမဲလက္မွတ္မ်ားကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ဝင္မ်ား၊ သက္ဆိုင္ရာၿမိဳ႕နယ္မ်ားတြင္ရွိသည့္ တာဝန္ရွိသူမ်ား၊ အဖြဲ႕အစည္းမ်ားႏွင့္ ေတြ႕ဆုံ ေမးျမန္းစစ္ေဆးျခင္းမ်ား ေဆာင္႐ြက္ခဲ့ရာ ႏိုင္ငံသားစိစစ္ေရးကတ္မရွိဘဲ မဲေပးခဲ့သူ ၄,၆၄၈,၂၇၀ ဦး (၄.၆ သန္းေက်ာ္) အသက္ ၁၈ ႏွစ္ မျပည့္ဘဲ မဲေပးခဲ့သူ ၁၄,၄၁၂ ဦး၊ အသက္ ၁၀၀ ႏွစ္အထက္ မဲေပး ခဲ့သူ ၂၀,၅၆၆ ဦး၊ ၂ ႀကိမ္ႏွင့္ ၃ ႀကိမ္အထက္ မဲေပးခဲ့သူ ၃,၈၉၁,၆၁၁ ဦး အပါအဝင္ မဲမသမာမႈစုစုေပါင္း ၁၁,၃၀၅,၃၉၀ ဦး (၁၁ သန္း ၃ သိန္း ေက်ာ္) ရွိေၾကာင္း ေတြ႕ရွိရပါေၾကာင္း၊ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ ႏိုင္ငံသားကတ္မရွိဘဲ မဲေပးသူ ၄,၆၄၈,၂၇၀(၄ ဒသမ ၆ သန္းေက်ာ္)ရွိၿပီး ၂၀၁၄ ခုႏွစ္ သန္းေခါင္ စာရင္းဆိုင္ရာ အခ်က္အလက္မ်ားကိုအေျခခံၿပီး တြက္ခ်က္ထားခ်က္ အရ ၁-၄-၂၀၂၁ ရက္ေန႔အထိ အသက္(၁၈)ႏွစ္ႏွင့္အထက္ ခန႔္မွန္း လူဦးေရ ၃၇,၂၉၉,၈၅၈(၃၇ ဒသမ ၂၉ သန္း)ျဖစ္ၿပီး မွတ္ပုံတင္ ႏိုင္ငံသားကတ္ မရွိသည့္ ႏိုင္ငံသားမ်ား ၃ ဒသမ ၄ သန္းေက်ာ္ရွိေနပါေၾကာင္း၊ ၁၉၈၂ ခုႏွစ္ ျမန္မာႏိုင္ငံသား ဥပေဒႏွင့္ အက်ဳံးဝင္ေသာ (ဥပေဒ အရႏိုင္ငံသားမ်ား) အားလုံးကို “ပန္းခင္း” စီမံခ်က္ျဖင့္ အိမ္ေထာင္စု လူဦးေရစာရင္းႏွင့္ ကိုင္ေဆာင္သင့္ေသာ ကတ္ျပားတစ္မ်ိဳးမ်ိဳး ထုတ္ေပး ႏိုင္ရန္အတြက္ ၃-၅-၂၀၂၁ ရက္ေန႔မွစ၍ စစ္ဆင္ေရးတစ္ရပ္ကဲ့သို႔ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိ ပါေၾကာင္း၊ မွတ္ပုံ တင္ျပဳလုပ္ရမည့္လူဦးေရ ၃,၄၉၁,၃၆၄ ဦး(၃ ဒသမ ၄ သန္းေက်ာ္) အနက္ ၂၁-၁-၂၀၂၂ ရက္ေန႔အထိ ၁,၉၀၅,၈၄၃ ဦး(၂ သန္းနီးပါး) ေဆာင္႐ြက္ ေပးႏိုင္ ခဲ့ရာ ၅၅ ရာခိုင္ႏႈန္း နီးပါးၿပီးစီးၿပီျဖစ္ၿပီး မွတ္ပုံတင္ေဆာင္႐ြက္မႈ အခ်ိန္ကာလအားျဖင့္ ၁၈ လတာ ၾကာျမင့္မည္ျဖစ္ပါေၾကာင္း။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေ႐ြးေကာက္ပြဲစနစ္ႏွင့္ ပတ္သက္ ၍ေျပာၾကားရာတြင္ “လက္ရွိေ႐ြးေကာက္ပြဲစနစ္ဟာ မ်ားသူအႏိုင္ယူ (FPTP)ျဖစ္ တဲ့ အတြက္ေၾကာင့္ တိုင္းရင္းသား ၁၃၅ မ်ိဳးနဲ႔ ဖြဲ႕စည္းထားတဲ့ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီ ႏွင့္ဖက္ဒရယ္ စနစ္ကိုက်င့္သုံးရာမွာ သဟဇာတမျဖစ္ေၾကာင္း ေတြ႕ရွိရပါတယ္၊ ဒီအတြက္ေၾကာင့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ျမန္မာႏိုင္ငံနဲ႔ သင့္ေလ်ာ္ ကိုက္ညီတဲ့ေ႐ြးေကာက္ပြဲစနစ္ေျပာင္းလဲက်င့္သုံးႏိုင္ဖို႔အတြက္ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္နဲ႔ ႏိုင္ငံေရးပါတီမ်ား ၄ ႀကိမ္ေတြ႕ဆုံခဲ့ၿပီးေတာ့မွ ႏိုင္ငံေရးပါတီအစုအဖြဲ႕ ၆ ဖြဲ႕ရဲ႕ တင္ျပခ်က္စာတမ္းအရ အစုအဖြဲ႕အားလုံးက လႊတ္ေတာ္သုံးရပ္မွာ အခ်ိဳးက် ကိုယ္စားျပဳမႈစနစ္(PR) ေျပာင္းလဲက်င့္သုံးႏိုင္ဖို႔ ေဆြးေႏြးခဲ့ၾကပါတယ္။ ျမန္မာႏိုင္ငံမွာ ပါတီစုံဒီမိုကေရစီစနစ္ေ႐ြးေကာက္ပြဲမ်ားကို ၂၀၁၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ ၿမိဳ႕နယ္ေပါင္း ၃၂၅ ၿမိဳ႕နယ္၊ ၂၀၁၅ ခုႏွစ္၊ ႏိုဝင္ဘာလ ၇ ရက္ေန႔မွာ ၿမိဳ႕နယ္ ၃၂၃ ၿမိဳ႕နယ္မွာက်င္းပၿပီးစီးခဲ့ပါတယ္၊ အဆိုပါေ႐ြးေကာက္ပြဲမ်ားမွာ ေ႐ြးေကာက္ပြဲဆိုင္ရာ တိုင္ၾကားမႈအခ်ိဳ႕ရွိခဲ့ေသာ္လည္းပဲ ေျပလည္ေအာင္ေျဖရွင္းႏိုင္ခဲ့ပါတယ္၊ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ ၿမိဳ႕နယ္ေပါင္း ၃၁၅ ၿမိဳ႕နယ္တြင္ က်င္းပခဲ့ပါတယ္၊ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမ်ားသည္ General Election ျဖစ္၍ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ႏွင့္ ျပည္နယ္ႏွင့္တိုင္း လႊတ္ေတာ္အမတ္မ်ားအတြက္ ကိုယ္စားလွယ္မ်ားေ႐ြးခ်ယ္ရပါတယ္၊ ၂၀၂၀ ျပည့္ႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ မဲမသမာမႈမ်ားကို သက္ဆိုင္ရာအဖြဲ႕အစည္းမ်ား၊ ပုဂၢိဳလ္မ်ားက ရင္ဆိုင္မေျဖရွင္းရဲတဲ့ အေျခအေနအထိ မဲမသမာမႈမ်ား ျဖစ္ေပၚခဲ့ပါတယ္၊ ယင္းျဖစ္ရပ္ဟာ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ဒီမိုကေရစီေဖာ္ေဆာင္မႈကို ယုံၾကည္အားကိုးမႈ အားနည္းေစၿပီးေတာ့မွ ႏိုင္ငံ၏ပုံရိပ္ကိုလည္း မ်ားစြာက်ဆင္းေစခဲ့ပါတယ္၊ ထို႔အတြက္ ေၾကာင့္ ေ႐ြးေကာက္ပြဲမ်ားကို ထိခိုက္ေအာင္လုပ္ခဲ့သူမ်ားကို တည္ဆဲဥပေဒမ်ားအရ အေရးယူမႈမ်ား ေဆာင္႐ြက္လ်က္ရွိပါတယ္၊ အစိုးရအေနနဲ႔ အေရးေပၚကာလဆိုင္ရာ ျပ႒ာန္းခ်က္မ်ားၿပီးစီးပါက ေ႐ြးေကာက္ပြဲျပန္လည္က်င္းပျပဳလုပ္သြားမည္ဆိုတဲ့ ကတိကို အေကာင္အထည္ေဖာ္ႏိုင္ေအာင္ အတတ္ႏိုင္ဆုံး ႀကိဳးစားေဆာင္႐ြက္ေနပါတယ္၊ ေ႐ြးေကာက္ပြဲဆိုတာ တည္ၿငိမ္ေအးခ်မ္းလုံၿခဳံတဲ့အေျခအေနရွိမွ ျပည္သူမ်ား လြတ္လပ္စြာ မဲေပးႏိုင္မွာျဖစ္ပါတယ္၊ သန႔္ရွင္းတရားမွ်တသည့္ ေ႐ြးေကာက္ပြဲ ျဖစ္မွာျဖစ္ပါတယ္၊ ျပည္နယ္ႏွင့္တိုင္းေဒသႀကီး ၿမိဳ႕နယ္အားလုံး ေ႐ြးေကာက္ပြဲ ျပဳလုပ္ႏိုင္ဖို႔အတြက္ ႀကိဳးပမ္းေနရာမွာ အစိုးရရဲ႕ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရး ေဆာင္႐ြက္ခ်က္မ်ားကို တိုင္းရင္းသားျပည္သူအားလုံးက ပူးေပါင္းေဆာင္႐ြက္ ၾကဖို႔လိုအပ္ေၾကာင္း ေတြ႕ရွိရပါတတယ္။”

ယင္းေနာက္ ကိုဗစ္-၁၉ ကပ္ေရာဂါ ကာကြယ္ေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ မပ်က္ ဆက္လက္ေဆာင္႐ြက္ႏိုင္မႈႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ လုပ္ငန္းစဥ္ ၅ ရပ္တြင္ ကမာၻ႔ကပ္ေရာဂါျဖစ္သည့္ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ေရးကို ထည့္သြင္းေရးဆြဲထားခဲ့ပါေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ ၂၀၂၀ ျပည့္ႏွစ္၊ မတ္လ ၂၃ ရက္၌ စတင္ေတြ႕ရွိခဲ့ပါေၾကာင္း၊ ကာကြယ္ကုသမႈအေနျဖင့္ ကူးစက္မႈအျမင့္ဆုံးကာလ ဇူလိုင္လ တတိယပတ္ႏွင့္ စတုတၳပတ္မ်ားတြင္ တစ္ရက္လွ်င္ ပ်မ္းမွ်ပိုးေတြ႕ လူဦးေရ ၅,၀၀၀ ေက်ာ္ခန႔္(၄၁ ရာခိုင္ႏႈန္း)အထိျဖစ္ပြားခဲ့ပါေၾကာင္း၊ ကိုဗစ္-၁၉ ေရာဂါ တတိယ လႈိင္းကာလတြင္ ျဖစ္ပြားမႈ၊ ေသဆုံးမႈမ်ား လ်င္ျမန္စြာထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ေဆး႐ုံ၊ ေဆးခန္းမ်ားအျပင္ ကုသမႈစင္တာေပါင္း (၁,၆၇၄)ခုအထိ ဖြင့္လွစ္ကုသေပးႏိုင္ခဲ့ပါ ေၾကာင္း၊ ေအာက္ဆီဂ်င္ထုတ္လုပ္ႏိုင္ေရး အလ်င္အျမန္ေဆာင္႐ြက္ခဲ့ရာ ႏိုင္ငံေတာ္မွ ေအာက္ဆီဂ်င္စက္႐ုံ (၂၂၅) ႐ုံ၊ ပုဂၢလိကမွ (၂၄၂) ႐ုံ၊ စုစုေပါင္း(၄၄၆)႐ုံ တည္ေဆာက္ ေပးၿပီး ျပည္သူလူထုအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈျပဳလုပ္ေပးခဲ့ပါေၾကာင္း၊ မိမိအေနျဖင့္ “လက္ေတြ႕က်က် ျမန္ျမန္ဆန္ဆန္လုပ္၊ လူ႔အသက္ထက္ အေရးႀကီးတာ ဘာမွမရွိ” ဆိုသည့္ မူဝါဒခ်မွတ္ၿပီး နည္းလမ္းေပါင္းစုံႏွင့္ ကိုဗစ္-၁၉ ေရာဂါ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားကို ေန႔မနားညမနားေဆာင္႐ြက္ခဲ့ ၾကပါေၾကာင္း၊ မိမိကိုယ္တိုင္ ဦးေဆာင္ၿပီး ကိုဗစ္-၁၉ ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဗဟိုေကာ္မတီ အစည္းအေဝးမ်ားကို (၁၃)ႀကိမ္တိုင္တိုင္က်င္းပ၍ လိုအပ္ေသာ အုပ္ခ်ဳပ္ေထာက္ပံ့ေရး ကိစၥရပ္မ်ားကို တိုင္းေဒသႀကီး/ျပည္နယ္ ဝန္ႀကီးခ်ဳပ္မ်ားႏွင့္ Video Conferencing ျပဳလုပ္၍ လိုအပ္သည္မ်ား ေပါင္းစပ္ညႇိႏႈိင္း ေဆာင္႐ြက္ေပးခဲ့ပါေၾကာင္း၊ ျပည္သူ႔ေဆး႐ုံ မ်ားတြင္ ေဆးဝါးဝယ္ယူႏိုင္ရန္အတြက္လည္း ေငြက်ပ္ ဘီလီယံ ၃၀၀ လ်ာထားခဲ့ၿပီး ေဆး႐ုံလုပ္ငန္းလိုအပ္ခ်က္မ်ားကို အျမန္ဆုံးျဖည့္ဆည္း ေဆာင္႐ြက္ေပးခဲ့ပါေၾကာင္း၊ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္ေရး လုပ္ငန္းစဥ္မ်ား လြယ္ကူလ်င္ျမန္ေခ်ာ ေမြ႕ေစေရးအတြက္ ကိုဗစ္-၁၉ ေရာဂါ ထိန္းခ်ဳပ္တုံ႔ျပန္ေရး ေကာ္မတီ အစည္းအေဝးမ်ား ကို ဒုတိယဝန္ႀကီးခ်ဳပ္ ဦးစီးေဆာင္႐ြက္ၿပီး တစ္ပတ္လွ်င္ ၃ ႀကိမ္ ျပဳလုပ္ကာ အနီးကပ္ျဖည့္ဆည္း ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ကိုဗစ္-၁၉ ေရာဂါကူးစက္ မႈ ကြင္းဆက္ျပတ္ေတာက္ေစေရးအတြက္ Stay at Home ၿမိဳ႕နယ္ ေပါင္း ၁၁၉ ၿမိဳ႕နယ္အထိ သတ္မွတ္ေပးခဲ့ပါေၾကာင္း၊ လက္ရွိေနာက္ဆုံးအေျခအေနမွာ ၿမိဳ႕နယ္ အားလုံးကို ကန႔္သတ္ခ်က္ဖယ္ရွားေပးခဲ့ၿပီးျဖစ္သည့္အတြက္ Stay at Home ၿမိဳ႕နယ္ မ်ား က်န္ရွိျခင္းမရွိေတာ့သည္ကို ေတြ႕ရွိရမည္ျဖစ္ပါေၾကာင္း၊ ႏိုင္ငံတကာ အေႏွာင့္ အယွက္အခ်ိဳ႕ႏွင့္ အဖ်က္သမားမ်ား ဝိုင္းဝန္းေဝဖန္ေႏွာင့္ယွက္မႈမ်ားကို ေက်ာ္လႊားႏိုင္ၿပီး ၂၉-၁-၂၀၂၂ ရက္ေန႔စာရင္းအရ ကိုဗစ္-၁၉ ေရာဂါပိုး ေတြ႕ရွိမႈအေနျဖင့္ ပ်မ္းမွ် ၁ ရာခိုင္ ႏႈန္းဝန္းက်င္သာရွိေတာ့ေၾကာင္း။

ယခင္အစိုးရလက္ထက္ အိႏၵိယႏိုင္ငံမွ ကိုဗစ္ကာကြယ္ေဆး သန္း ၃၀ Dose အေမရိကန္ ေဒၚလာ သန္း ၁၅၀ ႏွင့္ ဝယ္ယူခဲ့ပါေၾကာင္း၊ ၎မွ ၂ သန္းသာ ေရာက္ရွိလာခဲ့ၿပီး ေနာက္ပိုင္းမွာ အိႏၵိယႏိုင္ငံတြင္လည္း ကိုဗစ္ေရာဂါျဖစ္ပြားမႈ ျမင့္မား လာသည့္အတြက္ ေဆးမ်ားထပ္မံေရာက္ရွိျခင္းမရွိပါေၾကာင္း၊ ကိုဗစ္ေရာဂါ ကာကြယ္ေရး တြင္ ကာကြယ္ေဆးထိုးႏွံျခင္းသည္ အဓိကျဖစ္သည့္အတြက္ အစိုးရအေနႏွင့္ ကာကြယ္ ေဆး ရရွိရန္လုပ္ငန္းကို အစမွျပန္လည္ႀကိဳးပမ္းရပါေၾကာင္း၊ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအတြက္ ရန္ပုံေငြ အသုံးျပဳမႈအေျခအေနအေနျဖင့္ ကိုဗစ္-၁၉ ကာကြယ္ေဆးဝယ္ယူမႈ ကုန္က်စရိတ္အေနျဖင့္ ေဒၚလာ၂၇၆.၆၄ သန္းတန္ဖိုး ဝယ္ယူခဲ့ပါေၾကာင္း၊ တ႐ုတ္ႏိုင္ငံ၊ အိႏၵိယႏိုင္ငံဦ ႐ုရွားႏိုင္ငံႏွင့္ နီပြန္ေဖာင္ေဒးရွင္းတို႔မွ ကိုဗစ္ကာကြယ္ေဆး ေဆး Dose ၁၇.၁ သန္း (တန္ဖိုးအေမရိကန္ေဒၚလာ ၁၂၁.၁၂ သန္း) လႉဒါန္းမႈကိုလက္ခံရရွိခဲ့ပါေၾကာင္း၊ ၎အျပင္ ကေမာၻဒီးယား၊ ထိုင္းစသည့္ႏိုင္ငံမ်ားမွ လည္း ကိုဗစ္ကာကြယ္ေရး ပစၥည္းမ်ားလႉဒါန္းခဲ့ပါေၾကာင္း၊ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ ကုသေရးအတြက္ က်ပ္ေငြ ၆၄ ဘီလီယံေက်ာ္သုံးစြဲခဲ့ပါေၾကာင္း၊ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ ကုသေရးတြင္ ေဆး႐ုံမ်ားအဆင့္ျမႇင့္တင္ေရးအတြက္ က်ပ္ေငြ ၆၀.၃ ဘီလီယံ ေက်ာ္သုံးစြဲခဲ့သည့္အနက္ ကိုဗစ္ျဖစ္သူမ်ားအတြက္ အေရးေပၚလိုအပ္ေသာ ေအာက္စီဂ်င္ ႏွင့္ ဆက္စပ္ပစၥည္းမ်ားဝယ္ယူမႈအေနျဖင့္ ၁၂.၂၃ ဘီလီယံက်ပ္ ပါဝင္သုံးစြဲခဲ့ပါေၾကာင္း၊ ကိုဗစ္-၁၉ ေရာဂါလူနာမ်ားအတြက္ ေကြၽးေမြးမႈစုစုေပါင္း ကုန္က်စရိတ္အေနျဖင့္ ကိုဗစ္-၁၉ ဗဟိုေကာ္မတီရန္ပုံေငြမွ က်ပ္ ၂၃.၁၂ ဘီလီယံႏွင့္ က်န္းမာေရး ဝန္ႀကီးဌာနမွ က်ပ္ ၄ ဘီလီယံ၊ စုစုေပါင္း က်ပ္ေငြ ၂၇.၁၂ ဘီလီယံ သုံးစြဲခဲ့ ပါေၾကာင္း၊ ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးႏွံမႈကို ဒီဇင္ဘာလတြင္ ၅၀ ရာခိုင္ႏႈန္း အၿပီး ေမွ်ာ္မွန္းထားေသာ္လည္း ၅၁ ရာခိုင္ႏႈန္းေက်ာ္ ထိုးႏွံၿပီးစီးခဲ့ပါေၾကာင္း၊ လက္ရွိ ကာလအထိ ၅၃ ရာခိုင္ႏႈန္း ထိုးႏွံၿပီးျဖစ္ပါေၾကာင္း။

လက္ရွိအစိုးရသက္တမ္းကာလ တစ္ႏွစ္အတြင္း Quarantine ေဆး႐ုံ၊ ေဆးခန္း တက္ေရာက္သူမ်ားအတြက္ ေကြၽးေမြးမႈကုန္က်စရိတ္အေနျဖင့္က်ပ္ ၄ ဘီလီယံနီးပါး၊ ကိုဗစ္ျဖစ္ပြားသူမ်ားအတြက္ေအာက္ဆီဂ်င္ Plant ဝယ္ယူခဲ့ရာ က်ပ္ ၁၀.၂၃ ဘီလီယံ ကုန္က်ခဲ့ပါေၾကာင္း၊ ႏိုင္ငံအတြင္း ေဆး႐ုံ ၁,၀၇၇ ႐ုံ၊ ေဆးေပးခန္း ၁၁,၄၂၇ ခုရွိၿပီး ေဆး႐ုံ ၇၆၅ ႐ုံ၊ ေဆးေပးခန္း ၇,၄၃၀ ခု လုပ္ငန္းေဆာင္႐ြက္ႏိုင္မႈရွိခဲ့သည္။ တစ္ႏိုင္ငံလုံး ခန႔္အပ္ ဆရာဝန္ ၁၄,၆၇၈ ဦး၊ က်န္းမာေရးဝန္ထမ္း ၁၀၅,၈၃၄ ဦးရွိၿပီး ၎အထဲမွ ဆရာဝန္ ႏွင့္ က်န္းမာေရးဝန္ထမ္း အခ်ိဳ႕ပ်က္ကြက္ခဲ့ၿပီး ၎တို႔သည္ ႏိုင္ငံေရးဝါဒမႈိင္းမ်ားေၾကာင့္ မိမိတို႔လုပ္ငန္းခြင္ကို စြန႔္ခြာသြားသည့္ သူမ်ားျဖစ္ေၾကာင္း၊ အဆိုပါလိုအပ္သြားသည့္န ေရာမ်ားတြင္ တပ္မေတာ္ေဆးတပ္ဖြဲ႕ဝင္မ်ားက ကုသေပးျခင္းႏွင့္ တပ္မေတာ္ေဆး႐ုံ မ်ားတြင္ အမ်ားျပည္သူမ်ားကိုကုသေပးျခင္းမ်ားကို ခြင့္ျပဳေပးခဲ့ေၾကာင္း၊ အလားတူ အၿငိမ္းစားက်န္းမာေရးဝန္ထမ္းမ်ားႏွင့္ အၿငိမ္းစား တပ္မေတာ္ေဆးဆရာဝန္မ်ား ကလည္း ေဆးကုသမႈမ်ားကို ဝိုင္းဝန္းကူညီေဆာင္႐ြက္ေပးခဲ့သည့္အတြက္ေၾကာင့္ ကိုဗစ္ -၁၉ ေရာဂါကာကြယ္တိုက္ဖ်က္ေရးတြင္ မ်ားစြာ အကူအညီရခဲ့ပါေၾကာင္း၊ ကိုဗစ္-၁၉ ေရာဂါကာလအတြင္း တာဝန္သိက်န္းမာေရး ဝန္ထမ္းမ်ားသည္ ၎တို႔၏လူနာရွင္မ်ားကို မပစ္ခြာဘဲ တာဝန္သိသိသစၥာရွိရွိ တာဝန္ထမ္းေဆာင္ခဲ့သည့္ က်န္းမာေရးဝန္ထမ္းမ်ား အေပၚ အသိအမွတ္ျပဳသည့္အေနျဖင့္ က်ပ္ ၁၀.၉၄ဘီလီယံ ကို အစိုးရမွဆုခ်ီးျမႇင့္ခဲ့ပါ ေၾကာင္း၊ က်န္းမာေရးေစာင့္ေရွာက္ရန္လိုအပ္သည့္ ျပည္သူမ်ားအတြက္ တပ္မေတာ္ ေဆးတပ္ဖြဲ႕မ်ားမွ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၅ ရက္မွ ဒီဇင္ဘာလ ၃၁ ရက္ေန႔အထိ ျပင္ပလူနာ ၃၂၉,၇၅၉ ဦး၊ အတြင္းလူနာ ၉၈,၃၂၈ ဦး၊ ေမြးလူနာ ၁၉,၅၂၆ ဦးတို႔ကို ခြဲစိတ္ကုသမႈ ဆိုင္ရာေရာဂါ၊ သြားႏွင့္ခံတြင္းဆိုင္ရာေရာဂါ၊ အ႐ိုး/အေၾကာဆိုင္ရာေရာဂါ၊ မ်က္စိ ေရာဂါ၊ နား၊ ႏွာေခါင္း၊ လည္ေခ်ာင္းေရာဂါ၊ သားဖြား၊ မီးယပ္ေရာဂါ၊ ဆီးႏွင့္ ေက်ာက္ကပ္ဆိုင္ရာ ေရာဂါ၊ ႏွလုံးႏွင့္ ဆိုင္ေသာေရာဂါမ်ား၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္က်န္းမာေရးစစ္ေဆး ကုသေပးျခင္းႏွင့္ က်န္းမာေရးေစာင့္ ေရွာက္မႈမ်ားကို ေဆာင္႐ြက္ေပးႏိုင္ခဲ့ပါေၾကာင္း၊ အၿငိမ္းစားေဆးတပ္ဖြဲ႕ဝင္မ်ားႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားမွလည္း ကာကြယ္ေဆးထိုးႏွံေရးလုပ္ငန္းမ်ားမွာ အင္အားျဖည့္ တင္း ေဆာင္႐ြက္ေပးႏိုင္မႈမ်ားေၾကာင့္ ကိုဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး လုပ္ငန္းမ်ားတြင္လည္း ေအာင္ျမင္မႈမ်ားရရွိခဲ့ေၾကာင္း။

ကာကြယ္ေဆးထိုးႏွံၿပီးစီးမႈအေနျဖင့္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရး အတြက္ အေရးႀကီးဆုံးအခ်က္မွာ ကာကြယ္ေဆးထိုးႏွံ ျခင္းလုပ္ငန္းျဖစ္ပါေၾကာင္း၊ ကာကြယ္ေဆးကို လူဦးေရမ်ားမ်ားအား ျမန္ႏိုင္သမွ်အျမန္ဆုံး ထိုးႏွံေပးျခင္းသည္ အထိေရာက္ဆုံးနည္းလမ္း ျဖစ္ပါေၾကာင္း၊ က်န္းမာေရးဝန္ႀကီးဌာန၊ တပ္မေတာ္ႏွင့္ ပုဂၢလိက အဖြဲ႕အစည္းမ်ားအေနျဖင့္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ၆၀,၅၉၆,၄၀၀ Dose (၆၀ ဒသမ ၅ သန္းေက်ာ္)ေရာက္ရွိခဲ့ၿပီး ဇန္နဝါရီလ ၂၉ ရက္ေန႔ အထိ ထိုးႏွံၿပီးစီးခဲ့သည့္ Dose ၄၀,၈၅၆,၀၀၀ ရွိၿပီး၊ ၂ ႀကိမ္အျပည့္ ထိုးႏွံၿပီးသူ ၁၈,၇၉၂,၀၉၉ ဦး၊ တစ္ႀကိမ္ ထိုးႏွံၿပီးသူ ၃,၂၇၁,၈၀၂ ဦး၊ Booster Dose ထိုးႏွံၿပီးစီးသူ ၂၁၆၆၈ Dose ထိုးႏွံၿပီးျဖစ္ေသာေၾကာင့္ တစ္ႏိုင္ငံလုံး ေမွ်ာ္မွန္းခ်က္ထက္ ၅၃ ရာခိုင္ႏႈန္းေက်ာ္ အနည္းဆုံး တစ္ႀကိမ္ထိုးႏွံၿပီးျဖစ္ပါေၾကာင္း၊ ေန႔စဥ္ထိုးႏွံႏိုင္မႈသည္ ၃ သိန္းေက်ာ္ ရွိပါေၾကာင္း၊ ကာကြယ္ေဆးထုတ္လုပ္ႏိုင္မႈအေနျဖင့္ ကိုဗစ္-၁၉ ေရာဂါသည္ အခ်ိန္ ကာလ အတိုင္းအတာတစ္ခုအထိ ဆက္လက္ျဖစ္ပြားေန ဆဲျဖစ္ေသာေၾကာင့္ ျပည္တြင္း၌ ကာကြယ္ေဆးထုတ္လုပ္ ႏိုင္ေရးမူဝါဒအားခ်မွတ္ၿပီး ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ကနဦးေျခလွမ္းအေနျဖင့္ တ႐ုတ္ႏိုင္ငံထုတ္(Sinopharm) ကာကြယ္ေဆးကို ပုလင္း အတြင္း ျဖည့္သြင္းရန္အသင့္ (Ready to Fill Bulk)စနစ္ျဖင့္ ဝယ္ယူထုတ္လုပ္ႏိုင္ေရး အတြက္ သေဘာတူစာခ်ဳပ္မ်ားကို လက္မွတ္ေရးထိုးခဲ့ပါေၾကာင္း၊ ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ ဝါရီလ အတြင္း ထုတ္လုပ္မႈလုပ္ငန္း စဥ္မ်ား စတင္ေဆာင္႐ြက္ႏိုင္မည္ျဖစ္ၿပီး ၂၀၂၂ ခုႏွစ္ အတြင္း Doses ၁၀ သန္းခန႔္ ထုတ္လုပ္သြားမည္ျဖစ္ပါေၾကာင္း၊ ထို႔သို႔ေဆာင္႐ြက္မႈအရ ကာကြယ္ေဆးေဈးႏႈန္းမွာလည္း မူလကုန္ေခ်ာေဈးႏႈန္း၏ ထက္ဝက္မွ်သာရွိေသာ ေဈးႏႈန္းျဖင့္ ထုတ္လုပ္ႏိုင္မည္ျဖစ္ပါေၾကာင္း။

လက္ရွိအေျခအေနအရ ၂၀၂၁ ခုႏွစ္၊ ႏွစ္ကုန္ပိုင္းတြင္ ကိုဗစ္-၁၉ ေရာဂါ၏ မ်ိဳးကြဲစိတ္ အိုမီခ႐ြန္အား ေတြ႕ရွိလ်က္ရွိၿပီး ႏိုင္ငံတြင္လည္း ျပည္ပမွျပန္လည္ဝင္ေရာက္ လာသူမ်ားအား စစ္ေဆးလ်က္ရွိရာ ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလ ၂၈ ရက္ေန႔၌ ျပည္ပမွ ျပန္လည္ဝင္ေရာက္သူမ်ားတြင္ အိုမီခ႐ြန္ ေရာဂါပိုးစတင္ေတြ႕ရွိခဲ့ၿပီး ၂၈-၁-၂၀၂၂ ရက္ေန႔အထိ ၂၈၃ ဦးေတြ႕ရွိခဲ့ရပါေၾကာင္း၊ ထို႔ေၾကာင့္ ကိုဗစ္ေရာဂါႏွင့္ ပတ္သက္၍ မေပါ့ဆၾကရန္ႏွင့္ လိုက္နာရန္သတ္မွတ္ထားသည့္ တစ္ကိုယ္ရည္အကာ အကြယ္ စည္းမ်ဥ္းမ်ားကို လိုက္နာသြားရန္ လိုအပ္ပါေၾကာင္း။

ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ထိခိုက္ခဲ့သည့္ စီးပြားေရးလုပ္ငန္းမ်ား အား ျဖစ္ႏိုင္သမွ် နည္းလမ္းမ်ားျဖင့္ အျမန္ဆုံးကုစားသြားမည္ျဖစ္ပါေၾကာင္း၊ ေရွ႕လုပ္ငန္းစဥ္ အား အေကာင္အထည္ေဖာ္ရာတြင္ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ကမာၻတစ္ဝန္း ႏိုင္ငံမ်ားနည္းတူ ျမန္မာႏိုင္ငံကိုလည္း ႐ိုက္ခတ္မႈမ်ားရွိခဲ့ပါေၾကာင္း၊ အစိုးရအေနျဖင့္ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ထိခိုက္ခဲ့သည့္ စီးပြားေရးလုပ္ငန္းမ်ားကို ျဖစ္ႏိုင္ သမွ်နည္းလမ္းမ်ားျဖင့္ အျမန္ဆုံး ကုစားသြားႏိုင္ရန္ ကိုဗစ္-၁၉ ေၾကာင့္ျဖစ္ေပၚလာ ႏိုင္သည့္ စီးပြားေရးသက္ ေရာက္မႈမ်ားအေပၚကုစားေရးအတြက္ ကုမၸဏီ/လုပ္ငန္း ၆,၃၃၄ ခု အား ေခ်းေငြပမာဏ က်ပ္ ၁၆၆.၆၄၆၃ ဘီလီယံ ထုတ္ေခ်းထားပါေၾကာင္း၊ လက္ရွိအေျခအေန၌ ကိုဗစ္-၁၉ေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရးသက္ေရာက္မႈ မ်ားအေပၚ ကုစားမႈေကာ္မတီအေနျဖင့္ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၂၈ ရက္ေန႔တြင္ ႐ုပ္ရွင္၊ ဂီတ၊ သဘင္၊ စာနယ္ဇင္းႏွင့္ မီဒီယာမ်ားအား ဘ႑ာေရးဆိုင္ရာ အကူအညီမ်ားေပးအပ္ ႏိုင္ေရးအတြက္ ကုမၸဏီ/ လုပ္ငန္း ၁၁၆ ခုသို႔ ေခ်းေငြမ်ား ခြင့္ျပဳျခင္းေဆာင္႐ြက္ခဲ့ ပါေၾကာင္း၊ စီးပြားေရးလုပ္ငန္းမ်ား ျပန္လည္ဖြင့္လွစ္မႈအေနျဖင့္ ျမန္မာႏိုင္ငံသည္ စိုက္ပ်ိဳး/ေမြးျမဴေရးႏိုင္ငံ ျဖစ္သည့္အတြက္ စိုက္ပ်ိဳး/ ေမြးျမဴေရးလုပ္ငန္းမ်ား ပိုမိုထုတ္လုပ္ႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ပင္လယ္ေရေၾကာင္းႏွင့္ နယ္စပ္ ကုန္သြယ္မႈမ်ားမွ တစ္ဆင့္ စိုက္ပ်ိဳး/ ေမြးျမဴေရးထုတ္ကုန္မ်ား ပိုမိုတင္ပို႔ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား စနစ္တက်ေခတ္မီ ေစေရးအတြက္ အေရးပါသည့္ အသိပညာရွင္၊ အတတ္ပညာရွင္မ်ား၊ ကြၽမ္းက်င္သူမ်ား ေပၚထြက္လာေရးအတြက္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ရွိသည့္ စိုက္ပ်ိဳး ေမြးျမဴေရးေက်ာင္းမ်ားကို သိပၸံေကာလိပ္အဆင့္ တိုးျမႇင့္ရန္ ေဆာင္႐ြက္လ်က္ရွိပါ ေၾကာင္း၊ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၂၈ ရက္ေန႔တြင္ ေနျပည္ေတာ္၌ (၇၅)ႏွစ္ေျမာက္ စိန္ရတု ျပည္ေထာင္စုေန႔ကို ႀကိဳဆိုျပဳလုပ္သည့္ ေမြးျမဴေရးတိရစာၦန္ ျပပြဲ၊ ၿပိဳင္ပြဲတြင္ ႏိုင္ငံအရပ္ရပ္က ကြၽဲ၊ ႏြား၊ ဆိတ္၊ သိုးမ်ား ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ပါေၾကာင္း၊ ေဒသျပည္တြင္းမ်ိဳး၊ ကျပားမ်ိဳး၊ ႏိုင္ငံျခားမ်ိဳးမ်ားအထဲတြင္ ေဒသ ျပည္တြင္းမ်ိဳးေကာင္း မ်ားကို ေတြ႕ရပါေၾကာင္း၊ စနစ္တက်ေကြၽးေမြး၍ ေမြးျမဴမည္ ဆိုလ်င္ တိုင္းျပည္ အတြက္မ်ားစြာ အက်ိဳးျဖစ္ထြန္းေစႏိုင္မည္ျဖစ္သည့္အတြက္ ေခတ္မီ ေမြးျမဴေရး ပညာရွင္မ်ားေမြးထုတ္ေဆာင္႐ြက္ရန္ ႀကိဳးစားရမည္ျဖစ္ပါေၾကာင္း။

ေရွ႕လုပ္ငန္းစဥ္၏ စတုတၳအခ်က္ျဖစ္သည့္ “တစ္ႏိုင္ငံလုံးထာဝရ ၿငိမ္းခ်မ္းေရး ရရွိေရး အတြက္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူ စာခ်ဳပ္(NCA)ပါ သေဘာတူညီခ်က္မ်ားအတိုင္း ျဖစ္ႏိုင္သမွ် အေလးထားလုပ္ေဆာင္သြားမည္” ဟု မူဝါဒ ခ်ထားပါေၾကာင္း၊ အဆိုပါလုပ္ငန္းစဥ္ကို အေကာင္အထည္ေဖာ္ႏိုင္ရန္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားအား စဥ္ဆက္မျပတ္ အေကာင္အထည္ေဖာ္လ်က္ရွိၿပီး ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ NCA အတိုင္း အေလးထား အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားႏိုင္ရန္ လုပ္ေဆာင္လ်က္ရွိပါေၾကာင္း၊ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၇ ရက္တြင္ ၿငိမ္းခ်မ္းေရးဆိုင္ရာ ေကာ္မတီ(၃)ရပ္ ဖြဲ႕စည္းခဲ့ ပါေၾကာင္း၊ မိမိဥကၠ႒အျဖစ္ေဆာင္႐ြက္ေသာ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ၿငိမ္းခ်မ္း ေရးေဖာ္ေဆာင္မႈဗဟိုေကာ္မတီ၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဥကၠ႒အျဖစ္ ေဆာင္႐ြက္ေသာလုပ္ငန္းေကာ္မတီ၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ ဥကၠ႒ အျဖစ္ ေဆာင္႐ြက္ေသာ ညႇိႏႈိင္းေရးေကာ္မတီတို႔ ျဖစ္ပါေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္ေန႔မွစ၍ ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔အထိ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးအတြက္ ထုတ္ျပန္ ခ်က္ ေပါင္း အႀကိမ္(၂၀)ျပဳလုပ္ေပးခဲ့ၿပီး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေပးခဲ့ပါေၾကာင္း၊ ဆက္လက္၍ ယခုႏွစ္ကုန္ပိုင္းအထိ ပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရးကို ေဆာင္႐ြက္ေပးသြားမည္ျဖစ္ပါ‌ေၾကာင္း၊ မိမိ၏ ၂၀၂၂ ခုႏွစ္ ႏွစ္သစ္ကူးႏႈတ္ခြန္းဆက္စကားတြင္ “ဒီႏွစ္မွာ ၿငိမ္းခ်မ္းေရးအတြက္ ေျခလွမ္းသစ္မ်ား စရပါမယ္။ ကြၽန္ေတာ္တို႔ရဲ႕ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္တြင္ စတုတၳအခ်က္ထဲမွာလည္း ေဖာ္ျပၿပီးျဖစ္လို႔ သက္ဆိုင္သူအဖြဲ႕အစည္းအားလုံး ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးႏိုင္ဖို႔ ဖိတ္ေခၚ ပါတယ္” ဟု ထည့္သြင္း ေျပာၾကားခဲ့ၿပီးျဖစ္ပါေၾကာင္း။

ႏုိင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ “အေရးေပၚကာလဆိုင္ရာ ျပ႒ာန္း ခ်က္ မ်ားႏွင့္အညီ ေဆာင္႐ြက္ၿပီးစီးပါက ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) ႏွင့္အညီ လြတ္လပ္ၿပီးတရားမွ်တေသာ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲအား ျပန္လည္ က်င္းပ၍ အႏိုင္ရသည့္ပါတီအား ဒီမိုကေရစီ စံႏႈန္းမ်ားႏွင့္အညီ ႏိုင္ငံေတာ္တာဝန္အား လႊဲအပ္ႏိုင္ေရး” ဆိုသည့္အခ်က္ ႏွင့္ပတ္သက္၍ ေနာင္က်င္းပမည့္ေ႐ြးေကာက္ပြဲအတြက္ ႏိုင္ငံသားတိုင္း မဲေပးခြင့္ရရွိေရးအတြက္ လိုအပ္လ်က္ရွိသည့္ ႏိုင္ငံသားစိစစ္ေရး ကတ္ျပားမ်ားအား ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုကို တည္ေဆာက္ရာတြင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အားလုံးရွိ တိုင္းရင္းသားအားလုံးတူညီသည့္ အခြင့္အေရးမ်ားရရွိရန္ အခ်ိဳးက် ကိုယ္စား ျပဳျခင္းစနစ္ (Proportional Representation - PR)ကို အသုံးျပဳႏိုင္ေရး ႏိုင္ငံေရးပါတီ ကိုယ္စားလွယ္မ်ား၊ စိတ္ပါဝင္စားသူမ်ားႏွင့္စုေပါင္း၍ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ျဖင့္ ေဆြးေႏြးလ်က္ရွိပါေၾကာင္း၊ အခ်ိဳးက်ကိုယ္စားျပဳျခင္း(PR)စနစ္ က်င့္သုံး မည့္အလားအလာႏွင့္ ပတ္သက္၍ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ ႏိုင္ငံေရး ပါတီမ်ား ေတြ႕ဆုံညႇိႏႈိင္းအစည္းအေဝး ၄ ႀကိမ္က်င္းပေဆာင္႐ြက္ခဲ့ပါေၾကာင္။

ဦးတည္ခ်က္(၉)ရပ္ အေကာင္အထည္ေဖာ္မႈ ႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံေရးဦးတည္ခ်က္ မ်ားႏွင့္ပတ္သက္ၿပီး စစ္မွန္၍စည္းကမ္းျပည့္ဝေသာ ပါတီစုံဒီမိုကေရစီစနစ္ကို တရား မွ်တမႈအျပည့္က်င့္သုံးၿပီး ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စု ကို တည္ေဆာက္ႏိုင္ေရးကို ပထမဆုံးအခ်က္အျဖစ္ ဦးတည္ခ်က္အား ခ်မွတ္ေဆာင္႐ြက္ လ်က္ရွိပါေၾကာင္း၊ ဖက္ဒရယ္ဆိုသည္မွာ မတူကြဲျပားေနသည့္ တိုင္းေဒသႀကီးမ်ား၊ ျပည္နယ္မ်ား၊ လူမ်ိဳးမ်ား၊ လူမ်ိဳးစုမ်ားကို စုစည္းလုပ္ကိုင္ရာမွ လုပ္ကိုင္ႏိုင္ခြင့္မ်ားကို ခြဲေဝက်င့္သုံးသည့္ အယူအဆသေဘာတရားျဖစ္ၿပီး ေပါင္းစည္းေနထိုင္ျခင္း၊ မွ်ေဝခံစား ျခင္းလည္းျဖစ္ပါေၾကာင္း၊ တိုင္းရင္းသားပါတီမ်ား အပါအဝင္ ႏိုင္ငံေရးပါတီမ်ားသည္ ၎တို႔ကိုေထာက္ခံသည့္ ျပည္သူလူထုကို ကိုယ္စားျပဳသည့္လူမ်ားျဖစ္ပါေၾကာင္း၊ ထို႔ေၾကာင့္ မတူကြဲျပားသည့္ကိုယ္စားျပဳမႈမ်ားရွိၿပီး ပါတီမ်ားသည္ ဝါဒေရးရာအရျဖစ္လာ ေသာ ပါတီမ်ားျဖစ္ပါေၾကာင္း၊ ဝါဒေရးရာပါတီမ်ားျဖစ္၍ ဒီမိုကေရစီလမ္းေၾကာင္းခ်င္း အနည္းငယ္ကြဲျပားႏိုင္ပါေၾကာင္း၊ လူမ်ိဳးေရးႏွင့္ပတ္သက္သည့္ ပါတီမ်ားသည္ လူမ်ိဳးစု အလိုက္ ကိုယ္စားျပဳသည့္ပါတီမ်ားျဖစ္ၿပီး ေဒသအလိုက္ ကိုယ္စားျပဳသည့္ပါတီမ်ား အနည္းငယ္ရွိပါေၾကာင္း၊ ထိုပါတီမ်ားတြင္ ကိုယ္စားျပဳမႈေပၚမူတည္ၿပီး ၎တို႔၏ ေထာက္ခံသူမ်ားရွိပါေၾကာင္း၊ ပါတီမ်ား၊ တိုင္းရင္းသားလူမ်ိဳးစု မ်ားကို က်ယ္က်ယ္ ျပန႔္ျပန႔္ကိုယ္စားျပဳႏိုင္ေရးအတြက္ အခ်ိဳးက်ကိုယ္စားျပဳစနစ္(PR)ကို သြားရမည္ျဖစ္ ပါေၾကာင္း၊ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုကို တည္ ေဆာက္ရာတြင္ ဒီမိုကေရစီႏွင့္ပတ္သက္၍လည္းေကာင္း၊ ဖက္ဒရယ္ႏွင့္ပတ္သက္၍ လည္းေကာင္း မည္သို႔ပင္အယူအဆ အမ်ိဳးမ်ိဳးကြဲျပားေနပါေစ မိမိတို႔ႏိုင္ငံႏွင့္ သဟဇာတ ျဖစ္သည့္စနစ္မ်ိဳးကို ေ႐ြးခ်ယ္ေဆာင္႐ြက္ရန္ လိုအပ္သည့္အျပင္ ဒီမိုကေရစီႏွင့္ပတ္သက္ ၍ အမ်ားဆႏၵအတိုင္းေဆာင္႐ြက္ရန္ လိုအပ္သကဲ့သို႔ လူနည္းစု၏ဆႏၵကိုလည္း အေလးထားရန္ လိုအပ္မည္ျဖစ္ပါေၾကာင္း၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစိုးရ ေဆာင္႐ြက္မည့္ ဖက္ဒရယ္သည္ မတူကြဲျပားသည့္ တိုင္းေဒသႀကီး၊ ျပည္နယ္၊ လူမ်ိဳးမ်ား၊ လူမ်ိဳးစုမ်ား၊ စုစည္းထားရာမွ အခ်ဳပ္အျခာ အာဏာျဖစ္သည့္ အာဏာ(၃)ရပ္ကို ခြဲေဝက်င့္သုံးျခင္းႏွင့္ ထိုသို႔ေဆာင္႐ြက္ရာမွာ ျပည္ေထာင္စု၊ တိုင္းေဒသႀကီး၊ ျပည္နယ္ မ်ားအၾကား အာဏာခြဲေဝေဆာင္႐ြက္သြားျခင္းျဖင့္ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ားအလိုက္ အေျခခံဥပေဒအရ ကိုယ္ပိုင္ျပ႒ာန္းခြင့္မ်ားရရွိေစမည္ျဖစ္ပါေၾကာင္း။

ဒုတိယအခ်က္ျဖစ္သည့္ “တစ္ႏိုင္ငံလုံးထာဝရ ၿငိမ္းခ်မ္းေရးရရွိေရးအတြက္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA)ပါအတိုင္းအေလးထား လုပ္ေဆာင္ေရး” ေဆာင္႐ြက္မႈအား ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္ စတုတၳအခ်က္၌ ေဖာ္ျပခဲ့ၿပီး ျဖစ္ပါေၾကာင္း၊ တတိယအခ်က္ျဖစ္သည့္ “လြတ္လပ္၍တက္ႂကြၿပီး ဘက္မလိုက္ေသာ ႏိုင္ငံျခားေရးမူဝါဒကိုက်င့္သုံးၿပီး ႏိုင္ငံမ်ားအၾကား ၿငိမ္းခ်မ္းစြာအတူ ယွဥ္တြဲေနထိုင္ေရး “မူ”ကို ဆက္လက္လိုက္နာက်င့္သုံးေရး”ႏွင့္စပ္လ်ဥ္း၍ ျပည္ေထာင္စုသမၼတ ျမန္မာ ႏိုင္ငံေတာ္သည္ လြတ္လပ္၍ တက္ႂကြသည့္ ဘက္မလိုက္ေသာ ႏိုင္ငံျခားေရးမူဝါဒ၊ ကမာၻ႔ၿငိမ္းခ်မ္းေရးႏွင့္ ႏိုင္ငံအခ်င္းခ်င္း မိတ္ဝတ္မပ်က္ေပါင္းဖက္ ဆက္ဆံေရးေရွးရႈ သည့္မူဝါဒ၊ ကမာၻ႔ႏိုင္ငံအခ်င္းခ်င္း ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရးမူကို ေစာင့္ထိန္း သည့္ မူဝါဒ(၃)ရပ္ကို ျပ႒ာန္းထားခဲ့ပါေၾကာင္း၊ အစိုးရအေနျဖင့္ ပထမတစ္ႏွစ္တာ ကာလ အတြင္းတြင္ ႏိုင္ငံတကာဆက္ဆံေရးေကာင္းမြန္ရန္ အၿမဲေရွးရႈလ်က္ရွိပါေၾကာင္း၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၏ ျပည္ပႏိုင္ငံမ်ား ပထမဦးဆုံးခရီးစဥ္ကို ၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၂၄ ရက္ အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ကာတာတြင္ က်င္းပသည့္ အာဆီယံ ေခါင္းေဆာင္မ်ား ထိပ္သီးအစည္းအေဝးကို တက္ေရာက္ခဲ့ပါေၾကာင္း၊ ဒုတိယခရီးစဥ္ အျဖစ္ ၂၀၂၁ ခုႏွစ္၊ ဇြန္လ ၂၀ ရက္မွ ၂၇ ရက္အထိ ႐ုရွားႏိုင္ငံတြင္က်င္းပခဲ့သည့္ (၉)ႀကိမ္ေျမာက္ ႏိုင္ငံတကာလုံၿခဳံေရးဆိုင္ရာညီလာခံကို တက္ေရာက္ခဲ့ပါေၾကာင္း၊ ျမန္မာႏိုင္ငံသည္ မိတ္ေဆြႏိုင္ငံသာရွိၿပီး ရန္သူႏိုင္ငံဟူ၍မရွိပါေၾကာင္း၊ မိမိတို႔အေပၚ ရန္သူသဖြယ္ဆက္ဆံေနလွ်င္လည္း ၎ႏိုင္ငံမ်ား၏သေဘာထားကို ေျပာင္းလဲလာ ေစရန္၊ မိတ္ေဆြျဖစ္လာေစရန္ အတတ္ႏိုင္ဆုံးႀကိဳးစားေဆာင္႐ြက္သြားမည္ ျဖစ္ပါ ေၾကာင္း၊ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ဆက္ဆံရာတြင္ ႏိုင္ငံ၏နယ္စပ္ေဒသမ်ားကို ထာဝရတည္ၿငိမ္ေအးခ်မ္းသည့္ နယ္စပ္ေဒသျဖစ္ရန္ႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနသည့္ ႏိုင္ငံမ်ားႏွင့္ ထာဝရတည္ၿငိမ္ေအးခ်မ္းၿပီး ခ်စ္ခင္သည့္ အိမ္နီးနားခ်င္း ဆက္ဆံေရးကို ထူေထာင္သြားမည္ျဖစ္ပါေၾကာင္း၊ အိမ္နီးခ်င္း ဆက္ဆံေရးမွာလည္း မတူသည့္မူဝါဒ၊ ယဥ္ေက်းမႈမ်ားရွိသည့္ႏိုင္ငံမ်ားႏွင့္ ဆက္ဆံျခင္းျဖစ္သည့္အတြက္ ႏိုင္ငံတစ္ႏိုင္ငံခ်င္းေပၚ မူတည္၍ ႏွစ္ႏိုင္ငံအက်ိဳးတူကိစၥရပ္မ်ားကို ထိေတြ႕ဆက္ဆံ ႏိုင္ေရးေဆာင္႐ြက္သြားမည္ ျဖစ္ပါေၾကာင္း၊ လက္ရွိအေနအထားတြင္ ေခတ္အဆက္ဆက္တည္ရွိခဲ့သည့္ အိမ္နီးခ်င္း ဆက္ဆံေရးႏွင့္ ထာဝရၿငိမ္းခ်မ္းသည့္ အိမ္နီးခ်င္းဆက္ဆံေရးတြင္ ခ်စ္ၾကည္ရင္းႏွီးမႈ မ်ားရွိၿပီးျဖစ္သည့္အတြက္ ပိုမိုခိုင္မာမႈရွိေစရန္ ေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း။

လက္ရွိ အာဆီယံအလွည့္က်ဥကၠ႒ ႏွင့္ေဆြးေႏြးခဲ့ရာတြင္ အာဆီယံထိပ္သီးအစည္း အေဝး ဘုံသေဘာတူညီခ်က္ ၅ ရပ္ႏွင့္ ပတ္သက္၍ ဦးတည္ေဆြးေႏြးခဲ့ၿပီး ပထမဆုံး အခ်က္ျဖစ္သည့္ အၾကမ္းဖက္မႈတြင္ ပါဝင္ပတ္သက္ေနသူမ်ားအေနျဖင့္ အၾကမ္းဖက္မႈ ရပ္ဆိုင္းၿပီးေတြ႕ဆုံေဆြးေႏြးမႈမ်ားေဆာင္႐ြက္ရန္ ေဆြးေႏြးႏိုင္ခဲ့ပါေၾကာင္း၊ တိုင္းရင္းသား လက္နက္ကိုင္ႏွင့္အၾကမ္းဖက္မ်ား၏ ကြဲျပားျခားနားမႈမ်ား၊ မိမိတို႔အေနျဖင့္ ၿငိမ္းခ်မ္းေရး ရရွိရန္အတြက္ အၿမဲမျပတ္ေဆာင္႐ြက္ေနမႈမ်ားႏွင့္ ၎တို႔အေနျဖင့္ ျမန္မာႏိုင္ငံ၏ ျပည္တြင္းၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားတြင္ ပါဝင္ႏိုင္ေရးဖိတ္ေခၚေဆြးေႏြးႏိုင္ခဲ့ပါ ေၾကာင္း၊ ၎အျပင္ အာဆီယံလူသားခ်င္းစာနာ ေထာက္ထားမႈႏွင့္သက္ဆိုင္သည့္ အေထာက္အပံ့ပစၥည္းမ်ား ကူညီေထာက္ပံ့ႏိုင္ေရး ဆိုင္ရာကိစၥမ်ားကိုလည္း ေဆြးေႏြးႏိုင္ ခဲ့ၿပီး အစိုးရအေနျဖင့္ လက္ခံပူးေပါင္းေဆာင္႐ြက္သြားမည့္ အေျခအေနမ်ားကိုလည္း ေဆြးေႏြးႏိုင္ခဲ့ပါေၾကာင္း၊ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၇ ရက္ေန႔ႏွင့္ ၈ ရက္ေန႔တို႔တြင္ ကေမာၻဒီးယား ႏိုင္ငံဝန္ႀကီးခ်ဳပ္၏ ျမန္မာႏိုင္ငံသို႔ အလုပ္သေဘာေရာက္ရွိခဲ့သည့္ ခ်စ္ၾကည္ေရးခရီးစဥ္တြင္ ေကာင္းမြန္ထူးျခားသည့္ရလဒ္မ်ားရရွိခဲ့ၿပီး ခရီးစဥ္ႏွင့္ ပတ္သက္၍ ပူးတြဲသတင္းထုတ္ျပန္ခ်က္မ်ားအား ထုတ္ျပန္ခဲ့ပါေၾကာင္း၊ ထို႔အျပင္ အာဆီယံအလွည့္က်ဥကၠ႒၏ ဇန္နဝါရီလ ၂၆ ရက္ေန႔ Video Conferencing ႏွင့္ ေတြ႕ဆုံေဆြးေႏြးရာတြင္လည္း အာဆီယံအဖြဲ႕တြင္ ျမန္မာႏိုင္ငံ၏ ပါဝင္ေဆာင္႐ြက္မႈ၊ အာဆီယံႏိုင္ငံမ်ားအတြင္း အျပဳသေဘာေဆာင္သည့္ ပူးေပါင္းေဆာင္႐ြက္မႈအေနျဖင့္ ေဆာင္႐ြက္ရန္လိုအပ္သည့္ အေျခအေနမ်ား၊ ျမန္မာႏိုင္ငံအေနႏွင့္ အေကာင္းဆုံး ျဖစ္ေစရန္ ပူးေပါင္းေဆာင္႐ြက္သြားမည့္အေျခအေနမ်ား၊ အာဆီယံ အထူးကိုယ္စားလွယ္ ကို ျမန္မာႏိုင္ငံသို႔ေစလႊတ္သြားမည့္အေျခအေနမ်ားႏွင့္ ကုလသမဂၢအေထြေထြ အတြင္း ေရးမႉးခ်ဳပ္၏ အထူးကိုယ္စားလွယ္လာေရာက္ႏိုင္ေရးဆိုင္ရာကိစၥရပ္မ်ားကို ေဆြးေႏြး ခဲ့ပါေၾကာင္း၊ အစိုးရအေနျဖင့္ ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာ၊ အမ်ိဳးသား အက်ိဳး စီးပြားႏွင့္ အစိုးရ၏ေရွ႕လုပ္ငန္းစဥ္မ်ားကို မထိခိုက္ေစဘဲ ႏိုင္ငံတကာႏွင့္ အေကာင္းဆုံး ပူးေပါင္း ေဆာင္႐ြက္သြားမည္ ျဖစ္ပါေၾကာင္း။

စီးပြားေရးဦးတည္ခ်က္အေပၚ အေကာင္အထည္ေဖာ္ေဆာင္႐ြက္မႈ အေနျဖင့္ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးကို အေျခခံသည့္ ကုန္ထုတ္လုပ္မႈကို ေခတ္မီနည္းစနစ္မ်ားျဖင့္ ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေအာင္ေဆာင္႐ြက္ၿပီး အျခားစီးပြားေရးက႑မ်ားကိုလည္း ဘက္စုံ ဖြံ႕ၿဖိဳးတိုးတက္ေအာင္တည္ေဆာက္ေရးအတြက္ ျမန္မာႏိုင္ငံ၏အေျခခံႏွင့္ ျပည္သူအမ်ား စုလုပ္ကိုင္ေနရသည့္ စီးပြားေရးျဖစ္ေသာ စိုက္ပ်ိဳး/ေမြးျမဴေရးလုပ္ငန္းမ်ားအား ဦးစားေပး လုပ္ေဆာင္ေစလ်က္ရွိပါေၾကာင္း၊ ျမန္မာႏိုင္ငံသည္ စိုက္ပ်ိဳး/ေမြးျမဴေရးကိုအေျခခံသည့္ စီးပြားေရးလုပ္ငန္းမ်ားကို လုပ္ကိုင္ေနၾကသည့္ ေက်းလက္ေနျပည္သူလူထု ၇၀ ရာခိုင္ ႏႈန္းခန႔္ရွိပါေၾကာင္း၊ ေမြးျမဴေရးလုပ္ငန္းမ်ားအေနျဖင့္ မိမိတို႔ႏိုင္ငံ ၏ ေဒသအမ်ားစုတြင္ ေမြးျမဴ၍ရေသာ ၾကက္၊ ဝက္၊ ဆိတ္၊ ႏြား၊ ငါး စသည့္ ေမြးျမဴေရးလုပ္ငန္းမ်ားကို အားေပးေဆာင္႐ြက္ သြားရမည္ျဖစ္ပါေၾကာင္း၊ ထို႔အျပင္ျပည္ပမွ ႏို႔ထြက္ပစၥည္းတင္သြင္း ေနမႈကို ေလွ်ာ့ခ်ႏိုင္ရန္အတြက္ ႏိုင္ငံအတြင္း ရာသီဥတုႏွင့္ ေျမအေျခအေနေကာင္းသည့္ ေနရာမ်ားတြင္ ႏို႔စားႏြားမ်ားေမြးျမဴ၍ ႏို႔ထြက္ပစၥည္းမ်ား ျပည္တြင္းဖူလုံ႐ုံမွ်မက ပိုလွ်ံေစရန္ ေမြးျမဴေဆာင္႐ြက္လ်က္ရွိသည္သာမက အသားစားႏြား၊ အသားတိုးဝက္၊ အသားတိုးၾကက္မ်ား ေမြးျမဴ၍ျပည္တြင္းတြင္ အသားစိုရိကၡာဖူလုံေရးႏွင့္ ျပည္ပသို႔တင္ပို႔ ႏိုင္ေရး အတြက္လည္း ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေက်းလက္ေဒသမ်ားဖြံ႕ၿဖိဳး တိုးတက္ေရးႏွင့္ပတ္သက္၍ ေျပာၾကားရာတြင္ “ျမန္မာႏိုင္ငံမွာလူဦးေရ ၅၅ သန္းခန႔္ ရွိရာမွာ လူဦးေရရဲ႕ ၇၀ ရာခိုင္ႏႈန္းေက်ာ္ဟာ ေက်းလက္ေန ျပည္သူမ်ားျဖစ္ၿပီးေတာ့ ၃၀ ဒသမ ၂ ရာခိုင္ႏႈန္းဟာ ဆင္းရဲႏြမ္းပါးတဲ့ ေအာက္ကိုေရာက္ရွိေနတဲ့သူမ်ားျဖစ္ပါတယ္၊ အမ်ားဆုံးခံစားရတဲ့ ေဒသမ်ားဟာ ေက်းလက္ေဒသမ်ားျဖစ္ပါတယ္၊ ဒါေၾကာင့္ ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ေက်းလက္ေဒသမ်ားရဲ႕ ျပည္သူမ်ားရဲ႕ဆင္းရဲႏြမ္းပါးမႈ ေလွ်ာ့ခ် ႏိုင္ဖို႔အတြက္ ထိေရာက္တဲ့နည္းလမ္းမ်ားကို အသုံးျပဳၿပီး ၿမိဳ႕ျပနဲ႔ေက်းလက္ေဒသမ်ား အၾကား ကြာဟခ်က္က်ဥ္းေျမာင္းေစဖို႔နဲ႔ ျပည္သူမ်ားရဲ႕လူမႈစီးပြားဘဝျမႇင့္တင္ႏိုင္ ဖို႔အတြက္ တစိုက္မတ္မတ္ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိပါတယ္။ ေက်းလက္ေဒသဖြံ႕ၿဖိဳး တိုးတက္ေစဖို႔အတြက္ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ားအတြင္းမွာ ျမစိမ္းေရာင္ေက်း႐ြာ စီမံကိန္း၊ ေက်းလက္ေဒသေသာက္သုံးေရ ဖူလုံေရးအတြက္ ေရကန္မ်ား၊ ေျမေအာက္ေရ မ်ားတူးေဖာ္ျခင္း၊ ေက်းလက္လမ္းဖြံ႕ၿဖိဳးေရး မဟာဗ်ဴဟာအရ ၂၀၃၀ ျပည့္ႏွစ္၊ ေက်းလက္ေက်း႐ြာမ်ား အားလုံးရဲ႕ ၈၀ ရာခိုင္ႏႈန္းကို ရာသီမေ႐ြးသြားလာႏိုင္တဲ့ လမ္းမ်ား အဆင့္တိုးျမႇင့္ေဆာင္႐ြက္ျခင္း၊ ေက်းလက္ အသက္ေမြးဝမ္းေၾကာင္းဖြံ႕ၿဖိဳးေရး လူထုအေျချပဳစီမံကိန္းမ်ား၊ ေက်းလက္ကုန္ထုတ္လမ္း၊ တံတားလုပ္ငန္းမ်ား၊ ေက်းလက္ အိမ္ယာတည္ေဆာက္ျခင္းစတဲ့လုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိပါတယ္။” ဟုေျပာ ၾကားသည္။

ထို႔ေနာက္ ေက်းလက္ေဒသမ်ားဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ေက်းလက္အေျခခံ အေဆာက္အဦ ဖြံ႕ၿဖိဳးေရးႏွင့္ေက်းလက္အသက္ ေမြးဝမ္းေက်ာင္း ဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္းျဖင့္ ေက်းလက္ေနျပည္သူမ်ား၏ လူမႈစီးပြားဘဝျမင့္မား လာေစရန္၊ေက်းလက္ ေနျပည္သူမ်ားမွ လူမႈစီးပြားဆိုင္ရာအေျခခံ အေဆာက္အဦမ်ားႏွင့္ ဝန္ေဆာင္မႈမ်ားကို ရယူသုံးစြဲႏိုင္ေစရန္အတြက္ ၂၀၂၁ ခုႏွစ္ ဇြန္လ ၁၇ ရက္ေန႔တြင္ သမဝါယမႏွင့္ ေက်းလက္ဝန္ႀကီးဌာနကို ဖြဲ႕စည္းခဲ့ေၾကာင္း၊ အလားတူ အုပ္ခ်ဳပ္မႈပိုမို ထိေရာက္စြာ ေဆာင္႐ြက္ႏိုင္ေရးအတြက္အုပ္ခ်ဳပ္ေရးစနစ္၌ ျပည္သူလူထုအား ထိေရာက္ ေသာ ဝန္ေဆာင္မႈမ်ားေပးႏိုင္ရန္အတြက္ လက္ရွိမိမိတို႔ႏိုင္ငံတြင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အသီးသီး၌ ၇၅ ခ႐ိုင္ရွိရာမွ သင့္ေတာ္သည့္ေနရာမ်ားတြင္ ခ႐ိုင္မ်ားထပ္မံ တိုးခ်ဲ႕ ဖြဲ႕စည္းသြားမည္ျဖစ္ေၾကာင္း။

ေဈးကြက္စီးပြားေရးစနစ္တည္ၿငိမ္ေအာင္ေဖာ္ေဆာင္ၿပီး ႏိုင္ငံတကာ ရင္းႏွီးျမႇဳပ္ႏွံ မႈမ်ားကို ဖိတ္ေခၚ၍ တိုင္းရင္းသားျပည္သူတစ္ရပ္လုံး၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေအာင္ တည္ေဆာက္ေရးႏွင့္ ပတ္သက္၍ ႏိုင္ငံတကာႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈအေနျဖင့္ ၂၀၂၂ ခုႏွစ္တြင္ အာဆီယံအလွည့္က်ဥကၠ႒တာဝန္ကို ကေမာၻဒီးယား ႏိုင္ငံက ၎တာဝန္ ယူစဥ္ကာလ၌ ဦးစားေပးေဆာင္႐ြက္မည့္ စီးပြားေရးကိစၥရပ္(၁၇)ရပ္အား အဆိုျပဳထား ပါေၾကာင္း၊ Living Document အျဖစ္ သတ္မွတ္ေဆာင္႐ြက္မည္ျဖစ္ပါေၾကာင္း၊ ဘ႑ာေရးက႑ႏွင့္ပတ္သက္၍ ဦးစားေပးလုပ္ငန္းမ်ားကို ကေမာၻဒီးယားႏိုင္ငံက ဆက္လက္အဆိုျပဳသြားရန္ရွိပါေၾကာင္း၊ ထို႔အျပင္ အာဆီယံစီးပြားေရးအသိုက္အဝန္း ၂၀၂၅ အေကာင္ အထည္ေဖာ္မႈေအာက္မွ ၂၀၂၂ အတြင္း ဦးစားေပးေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္ ၁၃၈ ခုအား ေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း၊ ၂၀၂၀ ျပည့္ႏွစ္ တ႐ုတ္ႏိုင္ငံ သမၼတ၏ျမန္မာႏိုင္ငံခရီးစဥ္တြင္ ႏွစ္ႏိုင္ငံအၾကား ပူးေပါင္းေဆာင္႐ြက္ေရးကို ျမႇင့္တင္ရန္ ရည္႐ြယ္ၿပီး သေဘာတူစာခ်ဳပ္၊ သေဘာတူညီခ်က္၊ နားလည္မႈစာခြၽန္လႊာႏွင့္ စာလႊာ စုစုေပါင္း စာခ်ဳပ္စာတမ္း ၃၃ ခုလက္မွတ္ေရးထိုးႏိုင္ခဲ့ၿပီး ၎စာခ်ဳပ္စာတမ္း ၃၃ ခုႏွင့္ စပ္လ်ဥ္းသည့္ စီမံကိန္းမ်ားအဆင္ေျပေခ်ာေမြ႕စြာ ဆက္လက္အေကာင္အထည္ ေဖာ္ႏိုင္ေရးအတြက္ ညႇိႏႈိင္းေဆာင္႐ြက္သြားမည္ ျဖစ္ပါေၾကာင္း၊ ျမန္မာ-ဂ်ပန္ ပူေပါင္း ေဆာင္႐ြက္မႈအေနျဖင့္ စီမံကိန္းမ်ား ကိုဗစ္-၁၉ ေၾကာင့္ ေခတၱရပ္ဆိုင္းထား ခဲ့ရေသာ္ လည္း မၾကာမီလုပ္ငန္းမ်ားျပန္လည္စတင္ႏိုင္ေရးႏွင့္ ဂ်ပန္ႏိုင္ငံသားမ်ား ျမန္မာျပည္သို႔ ျပန္လည္ဝင္ေရာက္ႏိုင္ေရး အဆင္ေျပေခ်ာေမြ႕ေရး၊ ျမန္မာႏိုင္ငံ၏ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ ပညာေရး၊ က်န္းမာေရး၊ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရး စသည့္က႑မ်ားတြင္ အကူအညီႏွင့္ေခ်းေငြမ်ားလည္း အဓိကထားေပးအပ္လ်က္ ရွိပါေၾကာင္း၊ ျမန္မာ-႐ုရွား ပူးေပါင္းေဆာင္႐ြက္မႈအေနျဖင့္ ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္မႈ ႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈမ်ား ပိုမိုတိုးျမႇင့္လာေစရန္ရည္႐ြယ္၍ ပထမအႀကိမ္ ျမန္မာ-႐ုရွားစီးပြားေရးလုပ္ငန္းရွင္ မ်ားေဆြးေႏြးပြဲကို virtual စနစ္ျဖင့္ က်င္းပျပဳလုပ္ေဆြးေႏြးခဲ့ သည့္အျပင္ ျမန္မာ-႐ုရွားစီးပြားေရးလုပ္ငန္းရွင္မ်ား ေဆြးေႏြးပြဲမ်ားကိုလည္း ျပင္ဆင္ ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ျပည္တြင္းစီးပြားေရးလုပ္ငန္းမ်ားကို အားေပးကူညီၿပီး ႏိုင္ငံေတာ္၏ ထုတ္ကုန္မ်ားစြာထုတ္လုပ္ႏိုင္သည့္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ေဆာင္႐ြက္ေဖာ္ေဆာင္ေရးအေနျဖင့္ ျပည္တြင္းအားေပးမႈအေနျဖင့္ ျပည္တြင္းထုတ္ကုန္ အားေပးရန္ႏွင့္ ျပည္တြင္းထုတ္လုပ္ႏိုင္ေသာ ကုန္ပစၥည္းမ်ားကိုေလွ်ာ့ခ် တင္သြင္းႏိုင္ေရး ေဆာင္႐ြက္ခဲ့ေၾကာင္း။

ႏုိင္ငံေတာ္အစိုးရသည္ ျပည္တြင္းကုန္ထုတ္လုပ္မႈႏွင့္ ျပည္တြင္းျဖစ္စီးပြားေရးကို အားေပးလ်က္ရွိပါေၾကာင္း၊ အထူးသျဖင့္မရွိမျဖစ္သည့္ စားကုန္၊ ေသာက္ကုန္၊ လူသုံးကုန္မ်ား၊ ဘိလပ္ေျမႏွင့္ သံႏွင့္သံမဏိ လုပ္ငန္းမ်ားကို အားေပးေဆာင္႐ြက္လ်က္ ရွိပါေၾကာင္း၊ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁ ရက္မွ ႏိုဝင္ဘာလအထိ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒအရ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈက႑ အလိုက္က႑ (၁၂)ခုမွ လုပ္ငန္း ၂၇ ခုအတြက္ ခြင့္ျပဳခဲ့သည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏ အေမရိကန္ေဒၚလာသန္း ၃,၅၅၂.၃၉၆(၃.၅၅ ဘီလီယံ)၊ ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈ က႑အလိုက္ခြင့္ျပဳၿပီး လုပ္ငန္းမ်ားအေနျဖင့္ က႑‌ေပါင္း (၁၂)ခုမွ လုပ္ငန္းေပါင္း ၃၇ အတြက္ က်ပ္သန္းေပါင္း ၃၃၂,၉၆၆.၃၈၀(၃၃၂.၉၆ ဘီလီယံ) ျဖစ္ပါေၾကာင္း၊

လူမႈေရးဦးတည္ခ်က္အေပၚ အေကာင္အထည္ေဖာ္ေဆာင္႐ြက္မႈ စစ္မွန္ေသာ မ်ိဳးခ်စ္စိတ္ဓာတ္ျဖစ္သည့္ ျပည္ေထာင္စုစိတ္ဓာတ္ ရွင္သန္ထက္ျမက္ေရးႏွင့္ ပတ္သက္ ၍ ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔သည္ႏိုင္ငံ၏ ၇၅ ႏွစ္ျပည့္ စိန္ရတု ျပည္ေထာင္စုေန႔ကို ႀကိဳဆိုေသာအားျဖင့္အစိုးရ အေနျဖင့္(၁)ျပည္ေထာင္စုစိတ္ဓာတ္ ရွင္သန္ခိုင္မာေစေရးလုပ္ငန္းစဥ္၊ (၂)ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို တိုးျမႇင့္ေဆာင္႐ြက္ သြားရန္အတြက္ (၇၅)ႏွစ္ျပည့္ စိန္ရတုျပည္ေထာင္ စုေန႔ကို တိုင္းရင္းသားအားလုံး အတြက္ တခမ္းတနားက်င္းပေဆာင္႐ြက္သြားပါမည္ျဖစ္ပါေၾကာင္း။

တိုင္းရင္းသားလူမ်ိဳးအေပါင္းတို႔၏ ဓေလ့ထုံးတမ္းအစဥ္အလာမ်ားကို ေလးစား လိုက္နာၿပီး အမ်ိဳးသားယဥ္ေက်းမႈ စ႐ိုက္လကၡဏာမ်ား မေပ်ာက္ပ်က္ေအာင္ ထိန္းသိမ္း ေစာင့္ေရွာက္ေရး ႏွင့္ပတ္သက္၍ရင္းသားလူမ်ိဳးမ်ား၏ အခြင့္အေရးကို ကာကြယ္ ေစာင့္ေရွာက္ရန္ တိုင္းရင္းသားလူမ်ိဳးေရးရာ ဝန္ႀကီးဌာနဖြဲ႕စည္း၍ တိုင္းရင္းသားလူမ်ိဳး အေပါင္းတို႔၏ ဓေလ့ထုံးတမ္းအစဥ္အလာမ်ားကို အေလးထားလိုက္နာၿပီး အမ်ိဳးသား ယဥ္ေက်းမႈ စ႐ိုက္လကၡဏာမ်ား မေပ်ာက္ပ်က္ေအာင္ ထိန္းသိမ္းေစာင့္ေရွာက္ေရးကို ေဆာင္႐ြက္ ေပးႏိုင္ျခင္းျဖစ္ပါေၾကာင္း၊ျမန္မာႏိုင္ငံသည္ မတူကြဲျပားေသာယဥ္ေက်းမႈမ်ား ေပါင္းစည္း ထားသည့္ႏိုင္ငံျဖစ္ၿပီး ယဥ္ေက်းမႈအဆင့္အတန္းျမင့္မားေသာႏိုင္ငံႀကီး ၂ ခု ၾကားတြင္ တည္ရွိေနျခင္းေၾကာင့္လည္း ဘိုးဘြားအေမြအႏွစ္ အႏုပညာရပ္မ်ားကို သမားစဥ္မပ်က္ ထိန္းသိမ္းရန္ႏိုင္ငံေတာ္အစိုးရႏွင့္ႏိုင္ငံသားတိုင္းတြင္ တာဝန္ကိုယ္စီရွိပါ ေၾကာင္း၊ ထို႔ေၾကာင့္ ၂၀၂၂ ခုႏွစ္၊ ေအာက္တိုဘာလတြင္ (၂၃)ႀကိမ္ေျမာက္ ျမန္မာ့ ႐ိုးရာယဥ္ေက်းမႈ အဆို၊ အက၊ အေရး၊ အတီးၿပိဳင္ပြဲကို ျပန္လည္က်င္းပရန္ စီစဥ္ ေဆာင္႐ြက္လ်က္ရွိၿပီး ႏွစ္စဥ္က်င္းပေပးျခင္းျဖင့္ မိ႐ိုးဖလာယဥ္ေက်းမႈမ်ားကို မေပ်ာက္ ပ်က္ေအာင္ ထိန္းသိမ္းထားႏိုင္မည္ျဖစ္ပါေၾကာင္း။

တစ္မ်ိဳးသားလုံးက်န္းမာႀကံ့ခိုင္ေရးႏွင့္ ပညာရည္ျမင့္မားေရး ႏွင့္ပတ္သက္ၿပီး ႏိုင္ငံတိုင္း ႏိုင္ငံတိုင္းသည္ မိမိတို႔ႏိုင္ငံစဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ေဖာ္ေဆာင္ ႏိုင္ရန္ လူသားအရင္းအျမစ္ (Humen Resources)က အဓိကျဖစ္သည္ကို လက္ခံထား ၾကပါေၾကာင္း၊ လူသားအရင္းအျမစ္ဆိုသည္မွာ“ပညာ”အေပၚအဓိကမူတည္ တည္ေဆာက္ ျခင္းျဖစ္ပါေၾကာင္း၊ ထို႔ေၾကာင့္ပညာေရးရင္းႏွီးျမႇဳပ္ႏွံမႈကို အဓိကအေလးထား လုပ္ေဆာင္ၾက ျခင္းျဖစ္ပါေၾကာင္း၊ ၂၀၁၉ ခုႏွစ္ ၾကားျဖတ္သန္းေခါင္စာရင္းအရ အသက္ ၂၅ ႏွစ္ႏွင့္အထက္အ႐ြယ္ေရာက္ၿပီးသူမ်ားထဲမွ အလယ္တန္းအဆင့္ႏွင့္ ၎အဆင့္ ေအာက္ ပညာသင္ၾကားခဲ့ရသူေပါင္း ၁၈ ဒႆမ ၂ သန္းနီးပါးခန႔္ရွိသည္ကို ေတြ႕ရွိ ရသည့္ အတြက္ႏိုင္ငံလူဦးေရ၏ ၃ ပုံ ၁ ပုံ ခန႔္သည္ ပညာေရးအားနည္းသည္ကို ေတြ႕ရပါေၾကာင္း၊ ထို႔ေၾကာင့္ပညာေရးျမႇင့္တင္ေရးလုပ္ငန္း မ်ားကို အေလးထား ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ အေျခခံပညာအထက္တန္းအဆင့္ ေက်ာင္းေပါင္း ၆,၁၇၈ ေက်ာင္း၊ အလယ္တန္းအဆင့္ေက်ာင္းေပါင္း ၁၅,၈၇၇ ေက်ာင္း၊ မူလတန္းအဆင့္ ေက်ာင္းေပါင္း ၂၅,၇၀၅ ေက်ာင္း၊ စုစုေပါင္း အေျခခံပညာအဆင့္ ေက်ာင္းေပါင္း ၄၇,၇၆၀ ေက်ာင္းရွိပါေၾကာင္း၊ စာသင္ေက်ာင္းမ်ား ကို ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ပိတ္ထား ခဲ့ပါေၾကာင္း၊ ယခုအခါ ကိုဗစ္-၁၉ ေရာဂါကို ကာကြယ္ ထိန္းခ်ဳပ္ႏိုင္သည့္အတြက္ စာသင္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ခဲ့ၿပီး ျဖစ္ပါေၾကာင္း၊ ထို႔သို႔ဖြင့္လွစ္ရာတြင္ အထက္တန္းအဆင့္ ၅,၂၀၉ ေက်ာင္း၊ အလယ္တန္း အဆင့္ ၁၂,၇၈၆ ေက်ာင္း၊ မူလတန္းအဆင့္ ၂၁,၂၄၇ ေက်ာင္း၊ စုစုေပါင္း ၃၉,၂၄၂ ေက်ာင္း ဖြင့္လွစ္ႏိုင္ခဲ့ၿပီျဖစ္ပါေၾကာင္း၊ CDM ျပဳလုပ္ျခင္း၊ အၾကမ္းဖက္ တိုက္ခိုက္ေႏွာင့္ယွက္ျခင္း မ်ားေၾကာင့္ ေက်ာင္းအခ်ိဳ႕ဖြင့္လွစ္ႏိုင္ျခင္း မရွိေသးပါေၾကာင္း၊ အေျခခံပညာ အထက္တန္းအဆင့္ ေက်ာင္းသား၊ ေက်ာင္းသူ ေပါင္း ၄၂၅,၇၉၇ ဦး၊ အလယ္တန္း အဆင့္ ၁,၅၀၉,၅၈၂ ဦး၊ မူလတန္းအဆင့္ ၃,၂၈၀,၅၉၂ ဦး၊ စုစုေပါင္း ၅,၂၁၅,၉၇၁ ဦး စားရင္းသြင္းထားရွိပါေၾကာင္း၊ လက္ရွိ အတန္းတက္ ေရာက္မႈအေနျဖင့္ အထက္တန္း အဆင့္ ၃၆၃,၃၇၂ ဦး၊ အလယ္တန္းအဆင့္ ၁,၂၄၃,၁၆၀ ဦး၊ မူလတန္းအဆင့္ ၂,၆၁၉,၃၅၅ ဦး၊ စုစုေပါင္း ၄,၂၂၅,၈၈၇ ဦး ေက်ာင္းတက္ေရာက္လ်က္ရွိပါေၾကာင္း၊ ေက်ာင္းတက္ ေရာက္မႈအေနျဖင့္ ၈၁ ရာခိုင္ႏႈန္းရွိသည့္အတြက္ ရာႏႈန္းျပည့္ ေက်ာင္းတက္ႏိုင္ေရး ကိုလည္း ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း၊ ႏိုင္ငံေတာ္အေနျဖင့္ ေက်ာင္းသားမ်ား ပညာသင္ၾကားခြင့္မနစ္နာေစေရးအတြက္ ေက်ာင္းမ်ားအားလုံး ဖြင့္လွစ္ႏိုင္ရန္ႀကိဳးပမ္းျခင္း၊ လိုအပ္ေသာ ဆရာ၊ ဆရာမမ်ား ခန႔္ထားျခင္းမ်ား ျပဳလုပ္ သြားမည္ျဖစ္ပါေၾကာင္း၊ ကာယကံရွင္မ်ားမွမိမိတို႔ သား၊ သမီးမ်ား ဘဝတိုးတက္ေစေရး အတြက္ ကိုယ္တိုင္ဆႏၵျဖင့္ ေက်ာင္းတက္ႏိုင္ေရး ေဆာင္႐ြက္သြားၾကရန္ လိုအပ္ပါ ေၾကာင္း၊ NUG ၊ CRPH ႏွင့္ PDF အမည္ခံ အၾကမ္းဖက္သမားမ်ား၏ ေက်ာင္းမတက္ေရး လႈံ႕ေဆာ္ခ်က္မ်ားသည္ တိုင္းရင္းသားျပည္သူလူထု၏ သားသမီးမ်ားကို ပညာမဲ့မ်ား ျဖစ္ေစၿပီး တိုင္းျပည္ႏွင့္လူထုကို ကြၽန္ဘဝေရာက္ေအာင္ လုပ္ေဆာင္ေနျခင္းျဖစ္သျဖင့္ သတိရွိၾကရန္လိုအပ္ပါေၾကာင္း၊ အေျခခံပညာ ဆရာ၊ ဆရာမမ်ားအေနႏွင့္လည္း အထက္ တန္းျပ ၃၂,၈၄၇ ဦး၊ အလယ္တန္းျပ ၁၀၅,၀၂၈ ဦး၊ မူလတန္းျပ ၁၆၀,၀၂၉ ဦး၊ စုစုေပါင္း အေျခခံပညာဆရာ၊ ဆရာမေပါင္း ၂၉၇,၉၀၄ ဦးရွိပါေၾကာင္း၊ လက္ရွိ စာသင္ၾကား ေပးေနသည့္ ဆရာ၊ ဆရာမမ်ားအေနျဖင့္ အထက္တန္းျပ ၃၁,၈၃၇ ဦး၊ အလယ္တန္းျပ ၁၀၂,၉၀၁ ဦး၊ မူလတန္းျပ ၁၅၅,၄၇၀ ဦး၊ စုစုေပါင္း ၂၉၀,၂၀၈ ဦးစာသင္ၾကား ေပးလ်က္ရွိပါေၾကာင္း၊ တာဝန္ေက်ပြန္စြာ ထမ္းေဆာင္ေနၾကေသာ ဆရာ၊ ဆရာမမ်ား အား ႏိုင္ငံေတာ္ကတတ္ႏိုင္သမွ် ခ်ီးေျမႇာက္သြားမည္ျဖစ္ပါေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ပညာေရးျမႇင့္တင္ေရး လုပ္ငန္းမ်ားကို အေလးထား ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း၊ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရး ေကာင္စီအစိုးရအေနျဖင့္ ေက်ာင္းေနအ႐ြယ္ ကေလးငယ္တိုင္း (KG+9)(အေျခခံပညာ အလယ္တန္းအဆင့္) အဆင့္ၿပီးဆုံးသည္အထိ ပညာသင္ၾကား ႏိုင္ေရးႀကိဳးပမ္း ေဆာင္႐ြက္လ်က္ရွိၿပီး KG+9 သည္ လက္ရွိအစိုးရ၏ ပညာေရးရည္မွန္းခ်က္သာ ျဖစ္ပါ ေၾကာင္း၊ KG+9 အဆင့္ အနည္းဆုံးၿပီးေျမာက္မွ Vocational Training ကို ကူးေျပာင္း ႏိုင္မည္ျဖစ္ပါေၾကာင္း၊ KG+9 ၿပီးသည္ႏွင့္ အသက္ေမြးဝမ္းေက်ာင္း ပညာသင္ၾကားရန္ အတြက္ အေျခခံရသြားမည္ျဖစ္ၿပီး အသက္ေမြးဝမ္းေက်ာင္းပညာသင္ ေက်ာင္းမ်ားသို႔ ဆက္လက္တက္ေရာက္ ႏိုင္မည္ျဖစ္ပါေၾကာင္း၊ ထိုမွတစ္ဆင့္ အထက္တန္းပညာ၊ အဆင့္ျမင့္ပညာမ်ားဆီသြားႏိုင္မည္ျဖစ္ပါေၾကာင္း၊ ၎အခ်က္သည္ တိုင္းျပည္ပညာေရး ကိုျမႇင့္တင္ျခင္းျဖစ္ၿပီး ထိုသို႔ျမႇင့္တင္ႏိုင္မွလည္း တိုင္းျပည္၏ အနာဂတ္ ဒီမိုကေရစီႏိုင္ငံ တစ္ခု တည္ေဆာက္ႏိုင္ရန္ အေထာက္အကူရမည္ျဖစ္ၿပီး အထူး အေလးထားႏိုင္ရန္ လိုအပ္မည္ျဖစ္သည္။ ႏိုင္ငံသားမ်ားအေနျဖင့္ မိမိတို႔၏ ပညာသင္ယူမႈအခြင့္အလမ္းမ်ား မဆုံးရႈံးေစေရး အေလးထားေဆာင္႐ြက္သြားၾကရမည္ ျဖစ္ပါေၾကာင္း။

တစ္မ်ိဳးသားလုံးလူၫြန႔္တုံးေစမည့္ မူးယစ္ေဆးဝါးအႏၲရာယ္တားဆီးႏွိမ္နင္းေရး ႏွင့္ပတ္သက္၍လည္း မူးယစ္ေဆးဝါး တရားမဝင္ေရာင္းခ်သူမ်ားသည္ လူငယ္မ်ားကို ပစ္မွတ္ထားလာၾကကာအခ်ိဳ႕ ေဒသ မ်ားတြင္ စာသင္ေက်ာင္းမ်ား ပတ္ဝန္းက်င္သို႔ပင္ ေရာက္ရွိလာၾကေၾကာင္း၊ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္မွ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၂၁ ရက္ေန႔အထိ မူးယစ္ေဆးဝါးႏွင့္ဆက္စပ္ပစၥည္းမ်ား ဖမ္းဆီးရမိမႈအမႈ ေပါင္း ၆,၄၄၄ မႈ(တန္ဖိုးေငြက်ပ္သိန္း ၉,၇၂၇,၈၉၁.၉၈၃ ခန႔္)ႏွင့္ ဖမ္းဆီးရမိသူ က်ား/မစုစုေပါင္း ၉,၂၄၉ ဦးထိရွိခဲ့ပါေၾကာင္း၊ ႀကီးမားေသာအႏၲရာယ္ကို ဘက္ေပါင္းစုံမွ တားဆီးႏွိမ္နင္း၍ ကာကြယ္လ်က္ရွိပါေၾကာင္း။

ႏုိင္ငံေတာ္၏လက္ရွိအေျခအေနအရ ႏိုင္ငံေတာ္တာဝန္ကို ဆက္လက္ထမ္း ေဆာင္မည့္ အေျခအေနမ်ား ႏွင့္ပတ္သက္၍ ေရွ႕ပိုင္းတြင္ ႏိုင္ငံေတာ္၏ လက္ရွိႏိုင္ငံေရး၊ လုံၿခဳံေရး၊ စီးပြားေရး၊ လူမႈေရးႏွင့္ ေရွ႕ဆက္လက္လုပ္ေဆာင္မည့္ လုပ္ေဆာင္ခ်က္မ်ားကို အက်ဥ္းခ်ဳပ္တင္ျပၿပီး ျဖစ္ပါေၾကာင္း၊ မိမိတို႔အစိုးရအေနျဖင့္ ႏိုင္ငံေရးအရ အေရးေပၚ အေျခအေနေၾကညာ၍ အေျခခံဥပေဒပုဒ္မ ၄၁၇ အရ ႏိုင္ငံေတာ္တာဝန္ရယူထားခ်ိန္တြင္ တာဝန္မ်ားအား စြမ္းအားရွိသမွ် ႀကိဳးစားထမ္းေဆာင္ခဲ့ေသာ္လည္း ျပည္တြင္း/ျပည္ပ ေႏွာင့္ယွက္ ဟန႔္တားမႈမ်ားရွိခဲ့ပါေၾကာင္း၊ ျဖစ္ေပၚေနသည့္ အေျခအေနမ်ားအား ၿခဳံငုံ သုံးသပ္ၾကည့္လွ်င္ ျပည္တြင္း/ ျပည္ပအၾကမ္းဖက္သမားမ်ားႏွင့္ ၎တို႔ကိုအားေပး ေနသည့္ လူပုဂၢိဳလ္၊ အဖြဲ႕အစည္းမ်ား၏ လိုလားခ်က္သည္ ဒီမိုကေရစီထက္ ျမန္မာႏိုင္ငံ အလုံးစုံပ်က္သုဥ္းေရးကိုသာ ဦးတည္ေနပါေၾကာင္း၊ လက္ရွိအေျခအေနမွာလည္း ခ်င္းျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးအခ်ိဳ႕တို႔တြင္ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား၊ ဖ်က္ဆီးမႈမ်ားရွိေနသကဲ့သို႔ ႏိုင္ငံအတြင္းၿမိဳ႕နယ္အခ်ိဳ႕တြင္ ရပ္ကြက္ႏွင့္ ေက်း႐ြာအုပ္ခ်ဳပ္ ေရးမႉးမ်ားခန႔္ထားရန္ ရွိေနပါေၾကာင္း၊ ထို႔ေၾကာင့္ လြတ္လပ္၍တရားမွ်တသည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲကို ပုဒ္မ ၄၂၉ အရ က်င္းပႏိုင္ရန္အတြက္ ေရွ႕ဆက္လက္ေဆာင္႐ြက္ရမည့္လုပ္ငန္းမ်ား က်န္ရွိေနပါေသးေၾကာင္း၊ အစီရင္ခံတင္ျပခဲ့ သည့္ အေျခအေနမ်ားအရ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၄၂၅ အရ ႏိုင္ငံေရးအရ အေရးေပၚကာလအား ေနာက္ထပ္ ၆ လတိုးျမႇင့္သြားရန္ လိုအပ္သည္ဟု တင္ျပလို ပါေၾကာင္း၊ အဆိုပါကာလအတြင္း ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရး၊ ျပည္သူ႔ဘဝ လုံၿခဳံေရးႏွင့္ ၿငိမ္းခ်မ္းေရးကိစၥမ်ားကို အထူးေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ျပည္သူတစ္ရပ္ လုံးက ဝိုင္းဝန္းေဆာင္႐ြက္မွသာ ျပည္သူ႔လိုလားခ်က္ျဖစ္သည့္ “စစ္မွန္စည္းကမ္းျပည့္ဝ ေသာ ပါတီစုံဒီမိုကေရစီစနစ္” လမ္းေၾကာင္းမွန္ကို ျပန္လည္ေရာက္ရွိလာမည္ ျဖစ္ပါ ေၾကာင္း။

ႏုိင္ငံေတာ္အစိုးရအေနႏွင့္ တာဝန္ယူမႈ၊ တာဝန္ခံမႈအျပည့္ျဖင့္ ႏိုင္ငံ့အက်ိဳး၊ ျပည္သူ႔အက်ိဳးကို အစြမ္းကုန္ဆက္လက္ေဆာင္႐ြက္မည္ျဖစ္ပါေၾကာင္း၊ “စစ္မွန္ စည္းကမ္းျပည့္ဝေသာ ပါတီစုံဒီမိုကေရစီစနစ္” ႏွင့္ “ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရး ” ကို အာမခံပါေၾကာင္း၊ ကတိကဝတ္မ်ား အတိုင္းေဆာင္႐ြက္ႏိုင္ရန္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ျပည္သူတစ္ရပ္လုံးက ႏိုင္ငံေတာ္ႏွင့္ ျပည္သူလူထုတို႔၏ ေကာင္းေသာအနာဂတ္ ျဖစ္လာေစေရး ဝိုင္းဝန္း ကူညီၾကဖို႔ တိုက္တြန္းႏႈိးေဆာ္အပ္ပါေၾကာင္းျဖင့္ေျပာၾကားသည္။

ထို႔ေနာက္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္မ်ားက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္တင္ျပသည့္ အေရးေပၚအေျခအေနေၾကညာထားသည့္ ကာလအားသက္တမ္းတိုးျမႇင့္ေရးအတြက္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၄၂၅ ႏွင့္အညီ အေရးေပၚအေျခအေနေၾကညာထားသည့္ ကာလအား ၆ လထပ္မံသက္တမ္းတိုးျမႇင့္ျခင္းႏွင့္ပတ္သက္၍ ယာယီသမၼတ ဦးျမင့္ေဆြ ကစတင္၍ ႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီဝင္မ်ားက အလွည့္က် ေဆြးေႏြးၾကၿပီး သေဘာတူေထာက္ခံပါေၾကာင္း အတည္ျပဳတင္ျပၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျဖည့္စြက္ေဆြးေႏြးရာတြင္ “ကြၽန္ေတာ္တို႔ၿပီးခဲ့တဲ့ ကာလအတြင္းမွာ ပဋိပကၡေတြျဖစ္ပြားတဲ့အခါမွာ တတ္ႏိုင္ သေလာက္ ေသြးထြက္သံယိုမႈအနည္းဆုံး၊ အာဃာတတရားအနည္းဆုံးျဖစ္ေအာင္ ရည္႐ြယ္ၿပီး ေတာ့မွ ထိန္းသိမ္းေဆာင္႐ြက္ခဲ့တာရွိပါတယ္၊ အထူးသျဖင့္ ျပည္သူမ်ားကို ကာကြယ္တဲ့ေနရာမွာ ျပည္သူမ်ားအားလုံးကို ကြၽန္ေတာ္တို႔ ကာကြယ္မႈမေပးႏိုင္ တာေတာ့ ႐ိုးသားစြာဝန္ခံပါတယ္၊ ဒါကေတာ့ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕နဲ႔ တပ္မေတာ္သား ေတြကိုလည္း လိုအပ္တဲ့ေနရာမွာ တစ္ႏိုင္ငံလုံးျဖန႔္က်က္ၿပီးေဆာင္႐ြက္ရတဲ့အတြက္ ေၾကာင့္ ကြၽန္ေတာ္တို႔ဒီမွာ ျပည္သူအားလုံးကိုလည္း အလုံးစုံကာကြယ္မႈေတာ့ မေပး ႏိုင္ခဲ့ပါဘူး၊ တခ်ိဳ႕ျပည္နယ္ႏွင့္တိုင္းမ်ားျဖစ္တဲ့၊ အခုအေျခအေနမွာ ကယားျပည္နယ္၊ ခ်င္းျပည္နယ္နဲ႔ စစ္ကိုင္းတိုင္းအခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ အၾကမ္းဖက္မႈျဖစ္စဥ္မ်ား ရွိေနဆဲျဖစ္ ပါတယ္၊ ဒါကိုလည္း အတတ္ႏိုင္ဆုံးေဆာင္႐ြက္လ်က္ရွိပါတယ္၊ အဆိုးဆုံးကေတာ့ အုပ္ခ်ဳပ္ေရးအဖြဲ႕မွာ တာဝန္ရွိတဲ့ပုဂၢိဳလ္မ်ား လုပ္ႀကံသတ္ျဖတ္ခံရျခင္းျဖစ္ပါတယ္၊ ျပည္နယ္နဲ႔တိုင္းအသီးသီးမွာရွိတဲ့ ၿမိဳ႕နယ္ ၁၀၉ ၿမိဳ႕နယ္မွာ ျဖစ္စဥ္ေပါင္း ၂၇၂ ႀကိမ္ရွိၿပီး ေတာ့မွ လုပ္ႀကံသတ္ျဖတ္ခံရသူေပါင္း ၂၈၂ ေယာက္ရွိခဲ့ပါတယ္၊ တစ္ခါ ဒီထက္ဆိုး တာကေတာ့ပညာေရးဝန္ထမ္းမ်ား ႏွင့္က်န္းမာေရးဝန္ထမ္းမ်ားကို သတ္ျဖတ္ျခင္းျဖစ္ပါ တယ္၊ ေက်ာင္းဆရာ၊ ဆရာမ ၃၀ ဦးကို သတ္ခဲ့တာရွိပါတယ္၊ ေက်ာင္းေတြမီးရႈိ႕ဖ်က္ဆီး ခဲ့တာ ၅၀၄ ႀကိမ္ရွိပါတယ္၊ က်န္းမာေရးဝန္ထမ္းမ်ားကို သတ္ျဖတ္ခဲ့တာရွိပါတယ္၊ တိုက္ခိုက္ခဲ့တာရွိပါတယ္၊ ဒါေၾကာင့္အမ်ားျပည္သူေတြရဲ႕ လူမႈစီးပြားဘဝတိုးတက္ေရး အတြက္ အဓိကလိုအပ္ခ်က္ျဖစ္တဲ့ ပညာသင္ၾကားေရးနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းေတြဒီထက္ပိုၿပီး ထိထိေရာက္ေရာက္ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ အခ်ိန္တစ္ခု ေပးၿပီးေတာ့ ေဆာင္႐ြက္ဖို႔လိုအပ္ပါတယ္၊ ဒါလည္း ေကာင္စီဝင္မ်ားအေနနဲ႔ ထည့္သြင္း စဥ္းစားၿပီးေတာ့မွ ထားဖို႔တင္ျပလိုပါတယ္၊ ေထာက္ခံတင္ျပေပးတဲ့အတြက္လည္း ကြၽန္ေတာ္ ေက်းဇူးတင္ပါတယ္၊ ဒါေပမယ့္ လုပ္ေဆာင္ရတဲ့ လုပ္ငန္းပမာဏကလည္း ေတာ္ေတာ္ေလး ႀကီးမားပါတယ္၊ အခုဆိုရင္လည္း ကိုဗစ္နဲ႔ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ထိန္းခ်ဳပ္ႏိုင္ၿပီဆိုေသာ္လည္းပဲ အိုမီခ႐ြမ္ေတြ႕ရွိမႈကလည္းရွိေနပါတယ္၊ ေတြ႕ရွိမႈရွိတဲ့အတြက္ေၾကာင့္ ဒါကိုလည္းသတိႀကီးစြာထားၿပီးေဆာင္႐ြက္ရမွာ ျဖစ္ပါ တယ္၊ ဒါကိုထိန္းခ်ဳပ္ ႏိုင္ဖို႔အတြက္ တစ္ဖက္က ေနထိုင္မႈစည္းကမ္းေတြကို ထိန္းခ်ဳပ္ သလိုပဲ တစ္ဖက္ကကာကြယ္ျခင္း ကုသျခင္းအပိုင္းေတြ၊ လိုအပ္တဲ့ပစၥည္းေတြ၊ ေဆးဝါးနဲ႔ ပစၥည္းေတြကိုလည္း ကြၽန္ေတာ္တို႔ ျဖည့္တင္းေပးဖို႔လိုအပ္ပါတယ္၊ ဒီအတြက္လည္း ကြၽန္ေတာ္တို႔ ေတာ္ေတာ့္ကိုႀကိဳးစားရမွာျဖစ္ပါတယ္၊ ဒါေတြကစဥ္ဆက္မျပတ္သုံးရမွာ ျဖစ္တဲ့အတြက္ ေၾကာင့္ေငြကုန္ေၾကးက်မ်ားပါျဖစ္ပါတယ္၊ ဒါေၾကာင့္ တိုင္းျပည္စီးပြား ေရးျမႇင့္တင္ဖို႔အတြက္လည္းလိုပါတယ္၊ ဒါ့ေၾကာင့္ကြၽန္ေတာ္က တိုင္းျပည္ရဲ႕အဓိက ထုတ္ကုန္ျဖစ္ တဲ့စိုက္ပ်ိဳးေရးနဲ႔ ေမြးျမဴေရးကုန္ထုတ္လုပ္မႈနဲ႔ စားကုန္၊ ေသာက္ကုန္၊ သုံးကုန္ပစၥည္း ေတြအားလုံးကို ျပည္တြင္းမွာပဲ ဖူလုံေအာင္ထုတ္ရမယ္၊ ျပည္ပကေန လုံးဝမသြင္းရဘူး ဆိုၿပီး မူဝါဒခ်မွတ္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ပါတယ္၊ ေဖေဖၚဝါရီလ ကေန ကြၽန္ေတာ္တို႔ ဒီဖက္ပိုင္းကိုေတာ့ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစိုးရအေနနဲ႔ သက္ဆိုင္ပါတယ္၊ ကြၽန္ေတာ္တို႔ ေတာ္ေတာ္ေလးထိန္းထိန္းသိမ္းေဆာင္႐ြက္ခဲ့တဲ့ အတြက္ေၾကာင့္ ေဒၚလာသန္းေပါင္း ၆၄၀ ေလာက္ပိုေငြျပခဲ့ပါတယ္၊ လက္ရွိအေျခအေန မွာ ဇန္နဝါရီလအထိ ၉၉ သန္းပိုပါတယ္၊ ကုန္သြယ္မႈပိုေငြရွိပါတယ္၊ ဒီေဖေဖၚဝါရီလမွာ လည္း ေသခ်ာေပါက္ပိုေငြရွိပါတယ္၊ အဓိကေတာ့ ေတာင္သူေတြကေန၊ ေက်းလက္ေန ျပည္သူမ်ား၏ ကုန္ထုတ္လုပ္မႈေတြကို ျမႇင့္တင္ေပးမယ္ဆိုရင္ ကြၽန္ေတာ္တို႔အိမ္နီး နားခ်င္းတိုင္းျပည္ေတြမွာတင္ ကြၽန္ေတာ္တို႔ေဈးကြက္ရွိပါတယ္၊ တ႐ုတ္ရယ္၊ ဘဂၤလား ေဒ့ရွ္ရယ္၊ အိႏၵိယရယ္၊ ဒီသုံးႏိုင္ငံက ကြၽန္ေတာ္တို႔ရဲ႕ စိုက္ပ်ိဳးေရးေမြးျမဴေရး ထုတ္ကုန္ေတြ အကုန္ယူပါတယ္၊ သူတို႔က ၊ ကြၽန္ေတာ္တို႔ေဈး ကြက္ႀကီးရွိေနတယ္၊ ေတာင္သူေတြရဲ႕ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးျခင္းအားျဖင့္ တစ္ဖက္က သူတို႔ရဲ႕အေျခခံ စီးပြာေရးေကာင္းလာရင္၊ ဝင္ေငြေကာင္းလာရင္ လူမႈစီးပြားတက္လာလို႔ရွိရင္ သူတို႔ရဲ႕လူမႈ စီးပြားဘဝတက္လာလိမ့္မယ္၊ ျမင့္လာလိမ့္မယ္၊ ပညာသင္ၾကားႏိုင္လာလိမ့္မယ္၊ ပိုက္ဆံ မရွိလို႔မသင္ရတဲ့ ဆင္ေျခမ်ိဳးေတြေလ်ာ့သြားမွာျဖစ္ပါတယ္၊ တစ္ဖက္ တိုင္းျပည္ဝင္ေငြ လည္း ရမယ္၊ တိုင္းျပည္အတြက္ အခြန္အခလည္းရမယ္၊ ဒါေၾကာင့္ ကြၽန္ေတာ္က ျပည္တြင္းစီးပြာေရးကိုေတာ့အေလးထားတယ္၊ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ႏိုင္ငံျခားကလည္း ေဝဖန္မႈေတြရွိပါတယ္၊ ကြၽန္ေတာ္တို႔ျပည္တြင္းကို အလြန္အကြၽံအားေပးတယ္ဆိုၿပီးေတာ့ ဒါေတြလည္း ေဝဖန္မႈေတြရွိတယ္၊ ကြၽန္ေတာ္ထင္ပါတယ္၊ ဒါကေတာ့ အဖ်က္လုပ္ငန္း လုပ္တယ္လို႔ထင္ပါတယ္၊ သို႔ေသာ္လည္းပဲ ကြၽန္ေတာ္တို႔အမ်ိဳးသား ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီအေနနဲ႔ သိရွိႏိုင္ဖို႔ကေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ ျပည္တြင္းေရးကို အင္အားခိုင္မာေအာင္ ေဆာင္႐ြက္ျခင္းျဖစ္ပါတယ္၊ တိုင္းျပည္ရဲ႕အားဟာ ျပည္တြင္းမွာပဲ ရွိပါတယ္၊ ဘယ္မွာမွသြားရွာလို႔မရပါဘူး ျပည္တြင္းအားကိုပဲရေအာင္ လုပ္ရမွာျဖစ္ပါ တယ္၊ ျပည္တြင္းစီးပြားေရးအား၊ ျပည္တြင္းႏိုင္ငံေရးခိုင္မာမႈအင္အား၊ ျပည္တြင္း ကာကြယ္ေရးစြမ္းပကား၊ ဒီအားသုံးအားကို ကြၽန္ေတာ္ဒီရတဲ့အခ်ိန္ေလး အတြင္းမွာ ႀကိဳးစားတည္ေဆာက္သြားမယ္ဆိုတာ ကြၽန္ေတာ္တင္ျပလိုပါတယ္” ဟုေျပာၾကားသည္။

ယင္းေနာက္ ယာယီသမၼတ ဦးျမင့္ေဆြက ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ လက္ထက္တြင္ အခက္အခဲေပါင္းစုံၾကားမွ စနစ္တက်စီမံေဆာင္႐ြက္၍ ဘက္စုံေထာင့္စုံ မွ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ျခင္းေၾကာင့္ႏိုင္ငံ အေနျဖင့္ထိုက္သင့္သေလာက္ တိုးတက္မႈ ရွိလာသည္မွာ အားလုံးအသိပင္ျဖစ္ေၾကာင္း၊ ျပည္တြင္းထုတ္ကုန္မ်ားအား ျပည္ပသို႔ တင္ပို႔ႏိုင္ေအာင္ ေဆာင္႐ြက္မႈမ်ားေအာင္ျမင္လာၿပီျဖစ္ေၾကာင္း၊ ယေန႔တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ တင္ျပခ်က္မ်ားအရ ေကာင္စီဝင္မ်ားအားလုံးႀကိဳးပမ္းေဆာင္ ႐ြက္မႈမ်ားေၾကာင့္ အခက္အခဲမ်ားမွ တိုးတက္လာျခင္းျဖစ္ေၾကာင္း၊ ျပည္တြင္းျပည္ပမွ အဖ်က္အေမွာင့္မ်ားမရွိပါက ယခုထက္ပိုမိုတိုးတက္လာမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ယေန႔အစည္းအေဝးသို႔ တက္ေရာက္လာၾကသူမ်ား၏ တင္ျပခ်က္မ်ားအရ အေရးေပၚ အေျခအေန ေၾကညာထားသည့္ ကာလအား ၆ လသက္တမ္းတိုးလိုက္ေၾကာင္း အမ်ိဳး သားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီသို႔ အသိေပးေၾကညာအပ္ပါေၾကာင္းျဖင့္ ေျပာၾကားၿပီး ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီအစည္းအေဝး(၁/၂၀၂၂) အား႐ုပ္သိမ္းလိုက္ေၾကာင္း သတင္းရရွိသည္။

(မွတ္ခ်က္ - မူရင္းအတုိင္း မွတ္တမ္းတင္ထားျခင္းသာ ျဖစ္ျပီး သမုိင္းမွတ္တမ္းအရျဖစ္ေစ၊ အခ်က္အလက္အရ ျဖစ္ေစ လုိသလုိရယူႏုိင္ေစရန္သာ ရည္ရြယ္ပါသည္။)

Related news

© 2021. All rights reserved.