နိုင်ငံအတွင်း အပြန်အလှန်စစ်ခင်းတော်လှန်နေခြင်းသည် နိုင်ငံရေးအတွက် ဆုံးဖြတ်ပေးနိုင်သောအဖြေကောင်းများမဟုတ်ဟု KNU ဥက္ကဋ္ဌဖွင့်ဟ

4265

မျိုးကြီး (NP News)- ဖေဖော်ဝါရီ ၁ဝ
နိုင်ငံတစ်နိုင်ငံအတွင်းနေထိုင်သည့် လူမျိုးများအနေ ဖြင့် အပြန်အလှန်စစ်ခင်းတော်လှန်နေခြင်းသည် နိုင် ငံရေးအတွက် နောက်ဆုံးဆုံးဖြတ်ပေးနိုင်သော အ ဖြေကောင်းများမဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ဖွင့်ဟပြောကြားလိုက်သည်။
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ဖေဖော် ဝါရီလ ၁၁ ရက်တွင် ကျရောက်မည့် ၇၄ ကြိမ်မြောက် ကရင်အမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ၌အ ထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်မှုများနှင့် ရက်စက်သတ်ဖြတ်မှုများကြောင့် မလွှဲမရှောင်သာ ကရင့်အမျိုးသားများ၏ရည် မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန် နိုင်ငံ ရေးရပ်တည်ချက်နှင့်ကရင့်အမျိုးသားများကို ကာကွယ်နိုင်ရန် ခုခံတော်လှန်ရေးကို ဆင်နွဲခဲ့ကြရသည် မှာ နှစ်ပေါင်း ၇ဝ ကျော်ရှိခဲ့ပြီဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ဆိုသည်။
အဆိုပါ ခုခံတော်လှန်ရေးကို အမှန်တကယ်ရွေးချယ်ခဲ့ကြသည်မဟုတ်ကြောင်းနှင့် ဘဝဖြတ်သန်းမှုများနှင့် လေ့လာတွေ့ရှိမှုများအရ နိုင်ငံတစ်နိုင်ငံတည်း အတွင်း အတူတကွနေထိုင်နေကြသည့် လူမျိုးများအ နေဖြင့် အပြန်အလှန်စစ်ခင်းကြခြင်းနှင့် ခုခံတော်လှန်နေခြင်းများသည် နိုင်ငံရေးအတွက် နောက်ဆုံးအဆုံးအဖြတ်ပေးနိုင်သော အဖြေကောင်းများမဟုတ် ကြောင်း KNU ဥက္ကဋ္ဌကသဝဏ်လွှာတွင် ဖွင့်ဟပြော ဆိုထားသည်။
ထို့ကြောင့် နိုင်ငံရေးနှင့် တရားမျှတသောနည်းလမ်း များဖြင့် မွေးရာပါအခွင့်အရေးများရရှိနိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့သော်လည်း ခေတ်အဆက်ဆက်အုပ်ချုပ်သူများအနေဖြင့် နိုင်ငံရေးစိတ်ဆန္ဒနှင့် နိုင်ငံရေးသ မာသမတ်ရှိမှုများကို မတွေ့ရှိခဲ့ရကြောင်း KNU ဥက္ကဋ္ဌက ပြောကြားသည်။
ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ တန်းတူရေး၊ ငြိမ်းချမ်းရေးနှင့် အပြန်အလှန်လေးစားအသိအမှတ်ပြုရေးများကို အာမခံချက်ပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး အသွင်အပြင်သည် ယနေ့ထိတိုင် လုံးဝရုပ်လုံးပေါ်မလာပဲရှိနေဆဲဖြစ်ကြောင်း KNU ဥက္ကဋ္ဌက ပြောကြားသည်။
ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကိုအာမခံချက်ပေးနိုင်ပြီး နိုင်ငံသားအားလုံးနှင့် ပြည်သူတစ်ရပ်လုံးက မျှော်လင့်နေကြသော ဖက်ဒ ရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်နေသည့် လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနှင့် လက်တွဲကာအကောင်အထည် ဖော်ရန် တိုက်တွန်းထားသည်။

zawgyi version
ႏိုင္ငံအတြင္း အျပန္အလွန္စစ္ခင္းေတာ္လွန္ေနျခင္းသည္ ႏိုင္ငံေရးအတြက္ ဆုံးျဖတ္ေပးႏိုင္ေသာအေျဖေကာင္းမ်ားမဟုတ္ဟု KNU ဥကၠ႒ဖြင့္ဟ
မ်ိဳးႀကီး (NP News)- ေဖေဖာ္ဝါရီ ၁ဝ
ႏိုင္ငံတစ္ႏိုင္ငံအတြင္းေနထိုင္သည့္ လူမ်ိဳးမ်ားအေန ျဖင့္ အျပန္အလွန္စစ္ခင္းေတာ္လွန္ေနျခင္းသည္ ႏိုင္ ငံေရးအတြက္ ေနာက္ဆုံးဆုံးျဖတ္ေပးႏိုင္ေသာ အ ေျဖေကာင္းမ်ားမဟုတ္ေၾကာင္း ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU) ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖိုးက ဖြင့္ဟေျပာၾကားလိုက္သည္။
KNU ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖိုးက ေဖေဖာ္ ဝါရီလ ၁၁ ရက္တြင္ က်ေရာက္မည့္ ၇၄ ႀကိမ္ေျမာက္ ကရင္အမ်ိဳးသားေန႔သို႔ ေပးပို႔သည့္ သဝဏ္လႊာ၌အ ထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
အၾကမ္းဖက္မႈမ်ားႏွင့္ ရက္စက္သတ္ျဖတ္မႈမ်ားေၾကာင့္ မလႊဲမေရွာင္သာ ကရင့္အမ်ိဳးသားမ်ား၏ရည္ မွန္းခ်က္မ်ားကို အေကာင္အထည္ေဖာ္ႏိုင္ရန္ ႏိုင္ငံ ေရးရပ္တည္ခ်က္ႏွင့္ကရင့္အမ်ိဳးသားမ်ားကို ကာကြယ္ႏိုင္ရန္ ခုခံေတာ္လွန္ေရးကို ဆင္ႏြဲခဲ့ၾကရသည္ မွာ ႏွစ္ေပါင္း ၇ဝ ေက်ာ္ရွိခဲ့ၿပီျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖိုးက ဆိုသည္။
အဆိုပါ ခုခံေတာ္လွန္ေရးကို အမွန္တကယ္ေ႐ြးခ်ယ္ခဲ့ၾကသည္မဟုတ္ေၾကာင္းႏွင့္ ဘဝျဖတ္သန္းမႈမ်ားႏွင့္ ေလ့လာေတြ႕ရွိမႈမ်ားအရ ႏိုင္ငံတစ္ႏိုင္ငံတည္း အတြင္း အတူတကြေနထိုင္ေနၾကသည့္ လူမ်ိဳးမ်ားအ ေနျဖင့္ အျပန္အလွန္စစ္ခင္းၾကျခင္းႏွင့္ ခုခံေတာ္လွန္ေနျခင္းမ်ားသည္ ႏိုင္ငံေရးအတြက္ ေနာက္ဆုံးအဆုံးအျဖတ္ေပးႏိုင္ေသာ အေျဖေကာင္းမ်ားမဟုတ္ ေၾကာင္း KNU ဥကၠ႒ကသဝဏ္လႊာတြင္ ဖြင့္ဟေျပာ ဆိုထားသည္။
ထို႔ေၾကာင့္ ႏိုင္ငံေရးႏွင့္ တရားမွ်တေသာနည္းလမ္း မ်ားျဖင့္ ေမြးရာပါအခြင့္အေရးမ်ားရရွိႏိုင္ရန္ ႀကိဳးပမ္းအားထုတ္ခဲ့ေသာ္လည္း ေခတ္အဆက္ဆက္အုပ္ခ်ဳပ္သူမ်ားအေနျဖင့္ ႏိုင္ငံေရးစိတ္ဆႏၵႏွင့္ ႏိုင္ငံေရးသ မာသမတ္ရွိမႈမ်ားကို မေတြ႕ရွိခဲ့ရေၾကာင္း KNU ဥကၠ႒က ေျပာၾကားသည္။
ကိုယ္ပိုင္ျပဌာန္းခြင့္ရရွိေရး၊ တန္းတူေရး၊ ၿငိမ္းခ်မ္းေရးႏွင့္ အျပန္အလွန္ေလးစားအသိအမွတ္ျပဳေရးမ်ားကို အာမခံခ်က္ေပးႏိုင္ေသာ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုႀကီး အသြင္အျပင္သည္ ယေန႔ထိတိုင္ လုံးဝ႐ုပ္လုံးေပၚမလာပဲရွိေနဆဲျဖစ္ေၾကာင္း KNU ဥကၠ႒က ေျပာၾကားသည္။
ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖိုးက ကိုယ္ပိုင္ျပ႒ာန္းခြင့္မ်ားကိုအာမခံခ်က္ေပးႏိုင္ၿပီး ႏိုင္ငံသားအားလုံးႏွင့္ ျပည္သူတစ္ရပ္လုံးက ေမွ်ာ္လင့္ေနၾကေသာ ဖက္ဒ ရယ္ဒီမိုကေရစီျပည္ေထာင္စုႀကီးတည္ေဆာက္ႏိုင္ေရးအတြက္ ႀကိဳးပမ္းအားထုတ္ေနသည့္ လူမ်ိဳးတိုင္း၊ အဖြဲ႕အစည္းတိုင္းႏွင့္ လက္တြဲကာအေကာင္အထည္ ေဖာ္ရန္ တိုက္တြန္းထားသည္။