ကမ္ဘာ့အင်အားကြီးနိုင်ငံများက ရုရှားဘဏ်တွေ အခက်အခဲဖြစ်အောင် ပိတ်ဆို့မှုများချမှတ်ဖို့ သဘောတူ
517
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၇
ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါ၊ အမေရိကန်၊ ပြင်သစ် နဲ့ ဥရောပကော်မရှင်တို့ဟာ ရုရှားနိုင်ငံအပေါ် ပြင်းထန်တဲ့ဘဏ္ဍရေးပိတ်ဆို့မှုအသစ်ထပ်မံချမှတ်ဖို့ သဘောတူညီလိုက်ကြောင်းသိရပါတယ်။
အဆိုပါပိတ်ဆို့မှုအသစ်ဟာ ရုရှားနိုင်ငံရဲ့ဘဏ်လုပ် ငန်းများကို အဓိကပစ်မှတ်ထားခြင်းဖြစ်ပြီး ကမ္ဘာတဝန်းဘဏ္ဍာရေးဆက်သွယ်မှု SWIFT စနစ်ကနေ ရုရှားဘဏ်တွေ အဆက်အသွယ်မရအောင်လုပ် ဆောင်မယ့် အစီအစဉ်တွေလည်းပါဝင်နေတယ်လို့သိရပါတယ်။
ဂျာမနီ အစိုးရပြောရေးဆိုခွင့်ရှိသူ စတီဖန် ဟီဘန်စရိတ်က "လိုအပ်ချက်များရှိလာမယ်ဆိုရင် နိုင်ငံတ ကာပိတ်ဆို့မှုများအရ ရုရှားဘဏ်အားလုံးကို SWIFT အဖွဲ့အစည်းနဲ့အဆက်အသွယ်လုပ်လို့ရတော့မှာမ ဟုတ်ဘူး" လို့ပြောပါတယ်။ ကမ္ဘာတဝန်းရှိ ဘဏ်တွေကြား ငွေကြေးလွှဲပြောင်းမှု၊ ငွေကြေးပေး ချေမှုစတဲ့လုပ်ငန်းများကို SWIFT ငွေကြေးစနစ်ကထိန်းချုပ် ထားကြောင်းသိရပါတယ်။
ရုရှားဟာ ယူကရိန်းကို ဖေဖော်ဝါရီလ ၂၄ ရက်က စတင်တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန် နဲ့ အခြားနိုင်ငံတွေဟာ ရုရှားအစိုးရတာ ဝန်ရှိသူတွေကို တစ်ဦးချင်းကို ပစ်မှတ်ထားပိတ်ဆို့မှုများချမှတ်ခဲ့တယ်လို့သိရပါတယ်။ ဥရောပသမဂ္ဂကော်မရှင်နာဥက္ကဋ္ဌဖြစ်သူက ဥရောပသမဂ္ဂဟာ နိုင် ငံတကာငွေကြေးစနစ်တစ်ခုဖြစ်တဲ့SWIFT စနစ်ကနေ ရုရှား ဘဏ်အများစုကို ငွေကြေးချိတ်ဆက်ဆောင်ရွက်တာမျိုး လုပ်ခွင့်ပေးတော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။ ၄င်းက"ကျွန်မတို့ဟာ ရုရှားဘဏ်များကို SWIFT စနစ်မှ ဖယ်ရှားပိတ်ပင်ဖို့လုပ်ဆောင်နေတယ်"လို့ပြောပါတယ်။
zawgyi version
ကမာၻ႔အင္အားႀကီးႏိုင္ငံမ်ားက ႐ုရွားဘဏ္ေတြ အခက္အခဲျဖစ္ေအာင္ ပိတ္ဆို႔မႈမ်ားခ်မွတ္ဖို႔ သေဘာတူ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၇
ၿဗိတိန္၊ ဂ်ာမနီ၊ အီတလီ၊ ကေနဒါ၊ အေမရိကန္၊ ျပင္သစ္ နဲ႔ ဥေရာပေကာ္မရွင္တို႔ဟာ ႐ုရွားႏိုင္ငံအေပၚ ျပင္းထန္တဲ့ဘ႑ေရးပိတ္ဆို႔မႈအသစ္ထပ္မံခ်မွတ္ဖို႔ သေဘာတူညီလိုက္ေၾကာင္းသိရပါတယ္။
အဆိုပါပိတ္ဆို႔မႈအသစ္ဟာ ႐ုရွားႏိုင္ငံရဲ႕ဘဏ္လုပ္ ငန္းမ်ားကို အဓိကပစ္မွတ္ထားျခင္းျဖစ္ၿပီး ကမာၻတဝန္းဘ႑ာေရးဆက္သြယ္မႈ SWIFT စနစ္ကေန ႐ုရွားဘဏ္ေတြ အဆက္အသြယ္မရေအာင္လုပ္ ေဆာင္မယ့္ အစီအစဥ္ေတြလည္းပါဝင္ေနတယ္လို႔သိရပါတယ္။
ဂ်ာမနီ အစိုးရေျပာေရးဆိုခြင့္ရွိသူ စတီဖန္ ဟီဘန္စရိတ္က "လိုအပ္ခ်က္မ်ားရွိလာမယ္ဆိုရင္ ႏိုင္ငံတ ကာပိတ္ဆို႔မႈမ်ားအရ ႐ုရွားဘဏ္အားလုံးကို SWIFT အဖြဲ႕အစည္းနဲ႔အဆက္အသြယ္လုပ္လို႔ရေတာ့မွာမ ဟုတ္ဘူး" လို႔ေျပာပါတယ္။ ကမာၻတဝန္းရွိ ဘဏ္ေတြၾကား ေငြေၾကးလႊဲေျပာင္းမႈ၊ ေငြေၾကးေပး ေခ်မႈစတဲ့လုပ္ငန္းမ်ားကို SWIFT ေငြေၾကးစနစ္ကထိန္းခ်ဳပ္ ထားေၾကာင္းသိရပါတယ္။
႐ုရွားဟာ ယူကရိန္းကို ေဖေဖာ္ဝါရီလ ၂၄ ရက္က စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ အေမရိကန္၊ ဥေရာပသမဂၢ၊ ၿဗိတိန္ နဲ႔ အျခားႏိုင္ငံေတြဟာ ႐ုရွားအစိုးရတာ ဝန္ရွိသူေတြကို တစ္ဦးခ်င္းကို ပစ္မွတ္ထားပိတ္ဆို႔မႈမ်ားခ်မွတ္ခဲ့တယ္လို႔သိရပါတယ္။ ဥေရာပသမဂၢေကာ္မရွင္နာဥကၠ႒ျဖစ္သူက ဥေရာပသမဂၢဟာ ႏိုင္ ငံတကာေငြေၾကးစနစ္တစ္ခုျဖစ္တဲ့SWIFT စနစ္ကေန ႐ုရွား ဘဏ္အမ်ားစုကို ေငြေၾကးခ်ိတ္ဆက္ေဆာင္႐ြက္တာမ်ိဳး လုပ္ခြင့္ေပးေတာ့မွာမဟုတ္ဘူးလို႔ဆိုပါတယ္။ ၄င္းက"ကြၽန္မတို႔ဟာ ႐ုရွားဘဏ္မ်ားကို SWIFT စနစ္မွ ဖယ္ရွားပိတ္ပင္ဖို႔လုပ္ေဆာင္ေနတယ္"လို႔ေျပာပါတယ္။