ကျောက်မဲမြို့နှင့် သီပေါမြို့နယ်တို့ရှိ ကမ္ဘောဇဘဏ်ခွဲ(၂)ခုအား ဓားပြတိုက်ခဲ့သည့်တရားခံများ ဖမ်းမိ

 949

NP News - မတ် ၁ဝ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နှင့် သီပေါမြို့နယ်တို့ရှိ ကမ္ဘောဇဘဏ်ခွဲ(၂)ခုအား သေနတ်ပြ ခြိမ်းခြောက်၍ ဓားပြတိုက်မှုကျူးလွန်ခဲ့သည့် တရား ခံများအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

နစက သတင်းထုတ်ပြန်ရေးအဖွဲ့က တရားခံများဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ မတ်လ ၉ ရက်နေ့ညပိုင်းတွင် သတင်းထုတ်ပြန်လာခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်(၂)ခုမှ ကျူးလွန်သူ တရားခံ အမျိုးသား (၅) ဦး၊ အမျိုးသမီး (၂) ဦး နှင့် သက်သေခံပစ္စည်းများဖြစ်သည့် ငွေကျပ် (၁၂၂ဝ) သိန်း၊ ရွှေဆွဲကြိုး (၃) ကုံး၊ ရွှေလက်စွပ် တစ်ကွင်း၊ ရွှေဆွဲသီး တစ်ခု၊ လက်ကိုင်ဖုန်း (၅) လုံး၊ Tablet (၁) လုံး၊ ရွှေဘောက်ချာ (၆) ရွက်နှင့် ငွေစုဘဏ်စာအုပ် (၂) အုပ်၊ လုယက်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည်(၂)တောင့်၊ Toyota GAIA အမျိုးအစား အဖြူရောင် မော်တော်ယာဉ် (၁) စီးနှင့် လုယက်မှုကျူးလွန်ရာမှရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် HONDA Fit GE 6 အမျိုးအစား ခဲရောင်မော်တော်ယာဉ် (၁) စီးတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

၂ဝ၂၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲအမှတ်(၁၀၆)ရှေ့သို့ မော်တော်ယာဉ် (၁) စီးဖြင့် အမျိုးသား ၃ ဦး(စိစစ်ဆဲ) ရောက်ရှိလာကာ ၁ ဦးမှာ ကားအတွင်း စောင့်နေခဲ့ပြီး ကျန်အမျိုးသား ၂ ဦးအနက် ၁ ဦးမှာ သေနတ်ကိုင်ဆောင်၍ ဘဏ်အတွင်း ဝင်ရောက်ကာ ငွေကျပ် သိန်း (၁ဝဝဝ) ခန့်အား လုယက်ယူဆောင် ထွက်ပြေးခဲ့သည့်ဖြစ်စဉ်နှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်တွင် သီပေါမြို့နယ်၊ ပန်းတိမ်မြောက် ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်သို့ ယာဉ်အမှတ် YGN 3E/ 4798 နံပါတ်တပ်ဆင်ထားသည့် TOYOTA GAIA အမျိုးအစား အဖြူရောင်ယာဉ်ဖြင့် အမျိုးသား ၃ ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး ဘဏ်အတွင်းသို့ ဝင်ရောက်လာကာ အမျိုးသား ၁ ဦးက ၎င်းလက်အတွင်း အသင့်ကိုင်ဆောင်လာသည့် ပစ္စတိုသေနတ်ဖြင့် ဘဏ်လုံခြုံရေးနှင့် ဘဏ်အတွင်း ငွေထုတ်ရန် ရောက်ရှိနေသူများအား သေနတ်ပြခြိမ်းခြောက်ကာ ကြမ်းပြင်ပေါ်သို့ မှောက်ခိုင်းထား၍ ကျန်အမျိုးသား ၂ ဦးက ဓားများ ကိုယ်စီကိုင်ဆောင်ကာ ဘဏ်ငွေသွင်းကောင်တာ စားပွဲပေါ်ရှိ ငွေကျပ် (၁၉၅၅) သိန်းအား အသင့်ယူဆောင်လာသည့် လက်ဆွဲဆာလာ အိတ်အတွင်းထည့်၍ ငွေများအားယူဆောင်ကာ ကျောက်မဲမြို့ဘက်သို့ မော်တော်ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် အမှုဖွင့်လှစ်စုံစမ်း စစ်ဆေးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ လုယက်မှုကျုးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အထူးအမှုစစ်အဖွဲ့ဖြင့် နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ ပိတ်ဆို့ရှာဖွေခြင်းများဆောင် ရွက်ခဲ့ရာ သီပေါမြို့ ကမ္ဘောဇဘဏ်အား လုယက်မှုကျူးလွန်သူများသည် လုယက်ရာတွင် အသုံးပြုခဲ့သည့် TOYOTA GAIA အမျိုးအစား အဖြူရောင်ယာဉ်အား ယာဉ်အမှတ် YGN 3E/4798 နံပါတ်အစား SHN 3G/7275 နံပါတ်အား ပြောင်းလဲတပ်ဆင်၍ သီပေါမြို့မှ ကျောက်မဲမြို့သို့ ကျောက်မဲတိုးဂိတ်အား ဖြတ်သန်းမောင်းနှင်ထွက်ခွာသွားကြောင်း ဖော်ထုတ်သိရှိရ သဖြင့် အဆိုပါယာဉ်အား နယ်မြေအတွင်း ပိတ်ဆို့ရှာဖွေခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ လုပ်ပါကျေးရွာအနီး လမ်းဘေးတွင် ရပ်တန့်လျက် တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်လက်၍ လုယက်မှုကျူးလွန်သူများအား ဖော် ထုတ်ဖမ်းဆီးနိုင်ရေး ကွင်းဆက်မပြတ် စုံစမ်းဖော် ထုတ်ခဲ့ရာ သိမ်းဆည်းရမိသည့် မော်တော်ယာဉ်အား စီးနင်းမောင်းနှင်အသုံးပြုခဲ့ပြီး လုယက်မှုကျူးလွန်ရာတွင် မသင်္ကာ တရားခံဖြစ်သော မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သာစည်ရွာသစ်ကျေး ရွာနေ တရားခံ သော်ဇင်အုံး(၃၂)နှစ် (ဘ)ဦးဇော်ဇော်မင်းအား ပုသိမ်ကြီး မြို့နယ်၊ မင်္ဂလာကျေးရွာ၌ ဖမ်း ဆီးထိန်းသိမ်း ရမိခဲ့ကြောင်း သိရသည်။

တရားခံ သော်ဇင်အုံး၏ ထွက်ဆိုချက်အရ ၎င်းအ နေဖြင့် သီပေါမြို့နယ်ရှိ ကမ္ဘောဇဘဏ် လုယက်မှုဖြစ် စဉ်တွင် ကိုယ်တိုင်ပါဝင်လုယက်ခဲ့ခြင်းမရှိသော် လည်း လုယက်ရန် စီစဉ်နေသည့် အချိန်တွင် ပါဝင်ခဲ့ကြောင်း၊ ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့သဖြင့် လု ယက်မှုကျူးလွန်ရာတွင် မပါဝင် ခဲ့ကြောင်းနှင့် လုယက်မှုအား ၎င်း၏ သူငယ်ချင်းများဖြစ်သည့် ငွေလင်းထွန်း၊ ပြည့်စုံဝင်းဆင်နှင့် မျိုးမြင့်ဟန်(ခ)ပလောင်တို့ ၃ ဦးက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

သော်ဇင်အုံး၏ထွက်ဆိုချက်အရ အထူးအမှုစစ်အဖွဲ့သည် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ မတ်လ ၆ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်အချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ တောင်ရပ်ကွက်နေ ငွေလင်းထွန်း(၂၈)နှစ် (ဘ)ဦးတင်စိုး နှင့် ၎င်း၏ရည်းစားဖြစ်သူ ဘူတာရပ်ကွက်နေ နှင်းနှင်းဦး(၃ဝ)နှစ်(ဘ)ဦးမြင့်မောင်တို့ ၂ ဦးအား ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက် ၄၇ လမ်းနှင့် ၄၈ လမ်းကြား၊ (၁၀၅)လမ်းရှိ “ထွန်း”တည်းခိုခန်းအရှေ့၌လည်း ကောင်း၊ နံနက် ၈ နာရီ ၅၅ မိနစ်အချိန်တွင် နောင်ချိုမြို့နယ်၊ ဘူတာရပ်ကွက်နေ ပြည့်စုံဝင်းဆင် (၂၉)နှစ် (ဘ)ဦးမာဆင်းနှင့် ဇနီးဖြစ်သူ မဆိုင်းပန်နူး(ခ) မြတ် နိုး (၂၇)နှစ် (ဘ)ဦးခမ်းအောင်တို့ ၂ ဦးအား ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အဝိုင်းအနီး အဝေးပြေး ယာဉ်ရပ်နားသည့်နေရာ၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ ၄ ဦးထံမှ လက်ကိုင်ဖုန်း ၅ လုံးနှင့် Tablet ၁ လုံး၊ မြန်မာငွေစက္ကူရောရာ ၆၈ သိန်း၊ အလေးချိန် ၁ ကျပ် ၆ ပဲ ၁ ရွေးခန့်ရှိ ရွှေဆွဲကြိုး ၁ ကုံး၊ အလေးချိန် ၆ ပဲ ၅ ရွေးရှိ ရွှေဆွဲကြိုး ၁ ကုံး၊ အလေးချိန် ၃ ပဲ ၇ ရွေးရှိ လက်စွပ် ၁ ကွင်း၊ မှတ်ပုံတင် ၅ ခု၊ KBZ ငွေစုဘဏ်စာအုပ် ၂ အုပ်၊ လက်ပတ်နာရီ ၁ လုံး၊ လက်ကိုင်ကျောပိုး အိတ် ၉ လုံးတို့အား သိမ်းဆည်းရမိခဲ့ပြီး မျိုးမင်းဟန်(ခ)ပလောင်(၂၆)နှစ် (ဘ)ဦးမောင်တင်အား နံနက် ၉ နာရီအချိန်တွင် နောင်ချိုမြို့နယ်၊ ဘူတာရပ်ကွက်၊ မန္တလေး-လားရှိုးကားလမ်းဘေးရှိ “ရဲလင်းထွန်း” လေ/ဂဟေဆက်ဆိုင်တွင်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တရားခံများ၏ ထွက်ဆိုချက်အရ ယင်းနေ့ နံနက်ပိုင်းတွင် နောင်ချိုမြို့နယ်၊ ဘူတာ ရပ်ကွက်ရှိ နှင်းနှင်းဦး ဖွင့်လှစ်ထားသည့် “ထွန်းတောက်”စက်ချုပ်ဆိုင်နှင့် ခြံဝင်းအတွင်းသို့ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းစက်ချုပ်ဆိုင်နှင့် ခြံစည်းရိုးကြား၌ မြေကျင်းတူး၍ မြှုပ်နှံထားသော စက္ကူဂျပ်ဖာအတွင်းမှ ငွေကျပ် ၁၇၀ သိန်း၊ စက်ချုပ်ဆိုင်အတွင်းမှ ပိုက်ဆံအိတ် ၁ လုံးနှင့် ရွှေဘောက်ချာ ၂ ရွက်တို့အားလည်းကောင်း၊ ဘူတာရပ်ကွက်နေ ပြည့်စုံဝင်းဆင်၏ နေအိမ်အနောက် ဘက်ခြံစည်းရိုးထောင့်တွင် မြေကျင်းတူး၍ မြှုပ်နှံထားသော ကော်ပုံးအတွင်းမှ ငွေကျပ် ၃၄ဝ သိန်း၊ ရွှေဘောက်ချာ ၄ ရွက်နှင့် နေအိမ်ရှေ့ရှိ သစ်ပင်အနီး၌ မြေကျင်းတူး၍ မြှုပ်နှံထားသော ကော်ပုံး အတွင်းမှ ငွေကျပ် ၃၃၅ သိန်းကိုလည်းကောင်း၊ နေ့လည် ၁ နာရီ ၂၀ မိနစ်အချိန်တွင် တရားခံ ပြည့်စုံဝင်းဆင်က လုယက်ရာမှရရှိသည့် ငွေများဖြင့် ဝယ်ယူထားပြီး ရပ်စောက်မြို့နယ်၊ နောင်ဘို ကျေးရွာရှိ ငွေလင်းထွန်း ၏အဒေါ်ဖြစ်သူ ဒေါ်မြင့်မြင့်သန်း ပိုင် “မိသားစု” ထမင်းဆိုင်၌ သိမ်းဆည်း ထားရှိသည့် HONDA Fit GE 6 အမျိုးအစား ခဲရောင်မော်တော်ယာဉ် ၁ စီးအားလည်းကောင်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
တရားခံများ၏ ထွက်ဆိုချက်အရ မတ်လ ၇ ရက်နေ့တွင် မန္တလေး-လားရှိုးပြည်ထောင်စု လမ်းမကြီးဘေး မိုင်တိုင်အမှတ် ၈၈ မိုင်နှင့် ၈၈ မိုင် ၁ ဖာလုံအကြားရှိ ချောက်ကမ်းပါးအတွင်း၌ လုယက်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည် ၂ တောင့်နှင့် YGN 3E-4798 နံပါတ်ပါ ယာဉ်နံပါတ်ပြားတစ်ခုအား လည်းကောင်း၊ လုယက်ရာမှ ရရှိသည့်ငွေများဖြင့် နောင်ချိုမြို့၊ ကျောက်မဲမြို့နှင့် သီပေါမြို့များတွင် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာကိစ္စရပ်များအတွက် အသုံးပြုပေးချေခဲ့သည့် ငွေကျပ်သိန်းပေါင်း (၁၆၇)သိန်းအားလည်းကောင်း၊ လုယက်ရာမှရရှိခဲ့သည့် ငွေကျပ် ၁ဝ၆၅၅ဝဝ ကျပ်ဖြင့် ဝယ်ယူထားသည့် ရွှေဆွဲကြိုး တစ်ကုံးအားလည်းကောင်း အသီးသီး ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ ၎င်းတို့အနေဖြင့် လောင်းကစားများ ပြုလုပ်ကာ ငွေကြေး လိုအပ်ချက်အရ လုယက်မှုကို ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ပြည့်စုံဝင်းဆင် သည် လုယက်မှုကျူး လွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ်အား ဇနီးဖြစ်သူ ဆိုင်းပန်နူး(ခ) မြတ်နိုး၏ မောင်ဖြစ်သူ SSP/SSA လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့ဝင် စိုင်းလီ(စိစစ်ဆဲ)ထံမှ Online မှတစ်ဆင့် ချိတ်ဆက်ကာ ငွေလင်းထွန်းနှင့်အတူ ကျသင့်ငွေ ၁၆၅ဝဝဝဝ ကျပ်အား တဝက်စီ စိုက်ထုတ်ဝယ်ယူခဲ့ခြင်းဖြစ် ကြောင်း၊ တရားခံ ပြည့်စုံဝင်းဆင်၊ ငွေလင်းထွန်း၊ မျိုးမြင့်ဟန်(ခ)ပလောင်တို့သည် ကျောက်မဲမြို့၊ ဈေးရှေ့ဘက်ရှိ တည်းခိုခန်း ၂ ခုတွင် တည်းခိုနေထိုင်ခဲ့ပြီး လုယက်မည့်ဘဏ်အား ၆ ရက်ခန့် အချိန်ယူကာ အခြေအနေလေ့လာ စောင့်ကြည့်ခဲ့ကြောင်း၊ ဖေ ဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် ၎င်းတို့ ၃ ဦးသည် သီပေါမြို့သို့ ထွက်ခွာလာခဲ့ပြီး သီ ပေါမြို့ပြည်သူ့ ဆေးရုံအနီး ယာဉ်အား ရပ်ကာ ဘဏ်တွင် လူရှင်း၊ မရှင်းစောင့်ကြည့်ခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ဘဏ်သို့ သွားရောက်ခဲ့ပြီး ပြည့်စုံဝင်းဆင်မှ ဘဏ်ရှေ့ရှိ ဘဏ်လုံခြုံရေးအား ငွေထုတ်ပုံထုတ်နည်း အား အာရုံလွှဲမေးမြန်းနေစဉ် ငွေလင်းထွန်းနှင့် မျိုးမြင့်ဟန်(ခ)ပလောင်တို့က နောက်မှဝင်ရောက်လာကာ ငွေလင်းထွန်းမှ ဘဏ်လုံခြုံရေးအား သေနတ်ဖြင့် ထောက်၍ ဘဏ်အတွင်းသို့ ဝင်ရောက် ကာ ဘဏ်ဝန်ထမ်းများနှင့် ငွေထုတ်ရန် ရောက်ရှိနေသူများအား သေနတ်ပြခြိမ်းခြောက်ပြီး အသင့် ယူဆောင်လာသော ခရီးဆောင်အိတ် ၂ လုံးဖြင့် ငွေများထားရှိသည့် အခန်းသို့ ဝင်ရောက်ကာ ငွေများအား ထည့်သွင်း၍ ပြည်ထောင်စုလမ်းမကြီးအတိုင်း သီပေါမြို့မှ နောင်ချိုမြို့သို့ မောင်းနှင် ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ငွေများအား ပြည့်စုံဝင်းဆင်နှင့် ငွေလင်းထွန်းတို့မှ တစ်ဦးလျှင် ငွေကျပ်သိန်း ၆၇ဝ စီနှင့် မျိုးမြင့်ဟန်(ခ) ပလောင်အား ငွေကျပ် သိန်း ၃၅ဝ ကျပ်တို့ အသီးသီးခွဲဝေခဲ့ကြကြောင်းနှင့် ငွေလင်းထွန်း၏ရည်းစားဖြစ်သူ နှင်းနှင်းဦးနှင့် ပြည့်စုံဝင်းဆင်၏ ဇနီးဖြစ်သူ ဆိုင်းပန်နူး(ခ)မြတ်နိုးတို့သည် ဘဏ်လုယက်မှုကျူးလွန်ခဲ့ကြသည်ကို သိရှိရသော်လည်း သက်ဆိုင်ရာသို့ သတင်း ပေးပို့တိုင်ကြားရန် ပျက်ကွက်ခဲ့သည့်အပြင် လုယက်ရာမှ ရရှိခဲ့သည့် ငွေများအား လက်ခံသိမ်းဆည်းပေးခြင်းနှင့် ၎င်းငွေများဖြင့် ရွှေထည်ပစ္စည်းနှင့် အခြားဆက်စပ် ပစ္စည်းများဝယ်ယူရာတွင် ကိုယ်တိုင်ပါဝင်ခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ဖော်ပြထားသည်။

ဆက်လက်၍ အထူးအမှုစစ်အဖွဲ့သည် ဖမ်းဆီးရမိသည့်တရားခံများအား အသေးစိတ်ထပ်မံ စစ်ဆေးဖော်ထုတ်ခဲ့ရာ တရားခံဖြစ်သူ ပြည့်စုံဝင်းဆင်နှင့် ငွေလင်းထွန်းတို့သည် နဂါး(ခ) သန့်ဇင်ထွန်း နှင့်အတူ ၂ဝ၂၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့တွင် ကျောက်မဲမြို့ရှိ ကမ္ဘောဇဘဏ်အား လုယက်မှုကျူးလွန်ခဲ့ကြကြောင်း၊ လုယက်ရာတွင် ပြည့်စုံဝင်းဆင်မှ ဦးဆောင်စီစဉ်ကြီးကြပ်ပြီး မော်တော်ယာဉ်အား မောင်းနှင်ပို့ဆောင်ပေးကာ ငွေလင်းထွန်းက သေနတ်ကိုင်ဆောင်ကာ နဂါး(ခ)သန့်ဇင်ထွန်းနှင့်အတူ ဘဏ်အတွင်း ဝင်ရောက်လုယက် ခဲ့ကြခြင်းဖြစ်ကြောင်း၊ လုယက်ရာမှ ငွေကျပ် ၁၂၉၈.၈၁၅ သိန်းရရှိခဲ့ပြီး ၎င်းတို့ ၃ ဦးမှ ခွဲဝေရယူခဲ့ကြကြောင်း ထွက်ဆိုခဲ့ကြောင်းနှင့် ၎င်းတို့ ၂ ဦး၏ထွက်ဆိုချက်များအရ ဖမ်းဆီးရန်ကျန်တရားခံဖြစ်သူ နဂါး(ခ)သန့်ဇင်ထွန်း အား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၂ဝ၂၂ ခုနှစ်၊ မတ်လ ၉ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် နောင်ချို မြို့နယ်၊ ဘူတာရပ်ကွက်(ရှမ်းကုန်း)၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး တရားခံဖြစ်သူ ငွေလင်းထွန်းနှင့် ပြည့်စုံဝင်းဆင်တို့ ၂ ဦးက လုယက်ရာမှ ရရှိသည့်ငွေများဖြင့် နောင်ချိုမြို့နယ်အတွင်း ၎င်းတို့၏ ကိုယ် ရေးကိုယ်တာကိစ္စရပ်များတွင် အသုံးပြုပေးချေခဲ့သည့် ငွေကျပ်သိန်းပေါင်း (၁၄ဝ)သိန်းတို့အား ပြန် လည်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ကျန်ရှိသည့် သက်သေခံပစ္စည်းများအား ဆက်လက်စစ်ဆေး ဖော်ထုတ်သိမ်းဆည်း၍ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

zawgyi version
ေက်ာက္မဲၿမိဳ႕ႏွင့္ သီေပါၿမိဳ႕နယ္တို႔ရွိ ကေမာၻဇဘဏ္ခြဲ(၂)ခုအား ဓားျပတိုက္ခဲ့သည့္တရားခံမ်ား ဖမ္းမိ
NP News - မတ္ ၁ဝ

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕ႏွင့္ သီေပါၿမိဳ႕နယ္တို႔ရွိ ကေမာၻဇဘဏ္ခြဲ(၂)ခုအား ေသနတ္ျပ ၿခိမ္းေျခာက္၍ ဓားျပတိုက္မႈက်ဴးလြန္ခဲ့သည့္ တရား ခံမ်ားအား သက္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီ ျဖစ္ေၾကာင္း သိရသည္။

နစက သတင္းထုတ္ျပန္ေရးအဖြဲ႕က တရားခံမ်ားဖမ္းဆီးရမိမႈႏွင့္ပတ္သက္၍ မတ္လ ၉ ရက္ေန႔ညပိုင္းတြင္ သတင္းထုတ္ျပန္လာခဲ့ျခင္းျဖစ္ၿပီး အဆိုပါျဖစ္စဥ္(၂)ခုမွ က်ဴးလြန္သူ တရားခံ အမ်ိဳးသား (၅) ဦး၊ အမ်ိဳးသမီး (၂) ဦး ႏွင့္ သက္ေသခံပစၥည္းမ်ားျဖစ္သည့္ ေငြက်ပ္ (၁၂၂ဝ) သိန္း၊ ေ႐ႊဆြဲႀကိဳး (၃) ကုံး၊ ေ႐ႊလက္စြပ္ တစ္ကြင္း၊ ေ႐ႊဆြဲသီး တစ္ခု၊ လက္ကိုင္ဖုန္း (၅) လုံး၊ Tablet (၁) လုံး၊ ေ႐ႊေဘာက္ခ်ာ (၆) ႐ြက္ႏွင့္ ေငြစုဘဏ္စာအုပ္ (၂) အုပ္၊ လုယက္မႈက်ဴးလြန္စဥ္ အသုံးျပဳခဲ့သည့္ ပစၥတိုေသနတ္တစ္လက္၊ ၎က်ည္(၂)ေတာင့္၊ Toyota GAIA အမ်ိဳးအစား အျဖဴေရာင္ ေမာ္ေတာ္ယာဥ္ (၁) စီးႏွင့္ လုယက္မႈက်ဴးလြန္ရာမွရရွိသည့္ ေငြမ်ားျဖင့္ ဝယ္ယူထားသည့္ HONDA Fit GE 6 အမ်ိဳးအစား ခဲေရာင္ေမာ္ေတာ္ယာဥ္ (၁) စီးတို႔အား သိမ္းဆည္းရမိေၾကာင္း သိရသည္။

၂ဝ၂၁ ခုႏွစ္၊ စက္တင္ဘာလ ၃ ရက္ေန႔ မြန္းလြဲ ၂ နာရီအခ်ိန္တြင္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕၊ အမွတ္(၂)ရပ္ကြက္ရွိ ကေမာၻဇဘဏ္ခြဲအမွတ္(၁၀၆)ေရွ႕သို႔ ေမာ္ေတာ္ယာဥ္ (၁) စီးျဖင့္ အမ်ိဳးသား ၃ ဦး(စိစစ္ဆဲ) ေရာက္ရွိလာကာ ၁ ဦးမွာ ကားအတြင္း ေစာင့္ေနခဲ့ၿပီး က်န္အမ်ိဳးသား ၂ ဦးအနက္ ၁ ဦးမွာ ေသနတ္ကိုင္ေဆာင္၍ ဘဏ္အတြင္း ဝင္ေရာက္ကာ ေငြက်ပ္ သိန္း (၁ဝဝဝ) ခန႔္အား လုယက္ယူေဆာင္ ထြက္ေျပးခဲ့သည့္ျဖစ္စဥ္ႏွင့္ ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔ မြန္းလြဲ ၂ နာရီ ၄၀ မိနစ္အခ်ိန္တြင္ သီေပါၿမိဳ႕နယ္၊ ပန္းတိမ္ေျမာက္ ရပ္ကြက္ရွိ ကေမာၻဇဘဏ္သို႔ ယာဥ္အမွတ္ YGN 3E/ 4798 နံပါတ္တပ္ဆင္ထားသည့္ TOYOTA GAIA အမ်ိဳးအစား အျဖဴေရာင္ယာဥ္ျဖင့္ အမ်ိဳးသား ၃ ဦး(စိစစ္ဆဲ)ေရာက္ရွိလာၿပီး ဘဏ္အတြင္းသို႔ ဝင္ေရာက္လာကာ အမ်ိဳးသား ၁ ဦးက ၎လက္အတြင္း အသင့္ကိုင္ေဆာင္လာသည့္ ပစၥတိုေသနတ္ျဖင့္ ဘဏ္လုံၿခဳံေရးႏွင့္ ဘဏ္အတြင္း ေငြထုတ္ရန္ ေရာက္ရွိေနသူမ်ားအား ေသနတ္ျပၿခိမ္းေျခာက္ကာ ၾကမ္းျပင္ေပၚသို႔ ေမွာက္ခိုင္းထား၍ က်န္အမ်ိဳးသား ၂ ဦးက ဓားမ်ား ကိုယ္စီကိုင္ေဆာင္ကာ ဘဏ္ေငြသြင္းေကာင္တာ စားပြဲေပၚရွိ ေငြက်ပ္ (၁၉၅၅) သိန္းအား အသင့္ယူေဆာင္လာသည့္ လက္ဆြဲဆာလာ အိတ္အတြင္းထည့္၍ ေငြမ်ားအားယူေဆာင္ကာ ေက်ာက္မဲၿမိဳ႕ဘက္သို႔ ေမာ္ေတာ္ယာဥ္ျဖင့္ ေမာင္းႏွင္ထြက္ေျပးသြားခဲ့သည့္ ျဖစ္စဥ္မ်ား ျဖစ္ပြားခဲ့သျဖင့္ သက္ဆိုင္ရာနယ္ေျမရဲစခန္းမ်ားတြင္ အမႈဖြင့္လွစ္စုံစမ္း စစ္ေဆးခဲ့ေၾကာင္း သိရသည္။

အထက္ပါျဖစ္စဥ္မွ လုယက္မႈက်ဳးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးႏိုင္ေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အထူးအမႈစစ္အဖြဲ႕ျဖင့္ နယ္ေျမအတြင္း သတင္းရယူစုံစမ္းျခင္း၊ ပိတ္ဆို႔ရွာေဖြျခင္းမ်ားေဆာင္ ႐ြက္ခဲ့ရာ သီေပါၿမိဳ႕ ကေမာၻဇဘဏ္အား လုယက္မႈက်ဴးလြန္သူမ်ားသည္ လုယက္ရာတြင္ အသုံးျပဳခဲ့သည့္ TOYOTA GAIA အမ်ိဳးအစား အျဖဴေရာင္ယာဥ္အား ယာဥ္အမွတ္ YGN 3E/4798 နံပါတ္အစား SHN 3G/7275 နံပါတ္အား ေျပာင္းလဲတပ္ဆင္၍ သီေပါၿမိဳ႕မွ ေက်ာက္မဲၿမိဳ႕သို႔ ေက်ာက္မဲတိုးဂိတ္အား ျဖတ္သန္းေမာင္းႏွင္ထြက္ခြာသြားေၾကာင္း ေဖာ္ထုတ္သိရွိရ သျဖင့္ အဆိုပါယာဥ္အား နယ္ေျမအတြင္း ပိတ္ဆို႔ရွာေဖြခဲ့ရာ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕နယ္၊ ေနာင္ပိန္ေက်း႐ြာအုပ္စု၊ လုပ္ပါေက်း႐ြာအနီး လမ္းေဘးတြင္ ရပ္တန႔္လ်က္ ေတြ႕ရွိသိမ္းဆည္း ရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ဆက္လက္၍ လုယက္မႈက်ဴးလြန္သူမ်ားအား ေဖာ္ ထုတ္ဖမ္းဆီးႏိုင္ေရး ကြင္းဆက္မျပတ္ စုံစမ္းေဖာ္ ထုတ္ခဲ့ရာ သိမ္းဆည္းရမိသည့္ ေမာ္ေတာ္ယာဥ္အား စီးနင္းေမာင္းႏွင္အသုံးျပဳခဲ့ၿပီး လုယက္မႈက်ဴးလြန္ရာတြင္ မသကၤာ တရားခံျဖစ္ေသာ မႏၲေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ သာစည္႐ြာသစ္ေက်း ႐ြာေန တရားခံ ေသာ္ဇင္အုံး(၃၂)ႏွစ္ (ဘ)ဦးေဇာ္ေဇာ္မင္းအား ပုသိမ္ႀကီး ၿမိဳ႕နယ္၊ မဂၤလာေက်း႐ြာ၌ ဖမ္း ဆီးထိန္းသိမ္း ရမိခဲ့ေၾကာင္း သိရသည္။

တရားခံ ေသာ္ဇင္အုံး၏ ထြက္ဆိုခ်က္အရ ၎အ ေနျဖင့္ သီေပါၿမိဳ႕နယ္ရွိ ကေမာၻဇဘဏ္ လုယက္မႈျဖစ္ စဥ္တြင္ ကိုယ္တိုင္ပါဝင္လုယက္ခဲ့ျခင္းမရွိေသာ္ လည္း လုယက္ရန္ စီစဥ္ေနသည့္ အခ်ိန္တြင္ ပါဝင္ခဲ့ေၾကာင္း၊ ဖမ္းဆီးခံရမည္ကို ေၾကာက္႐ြံ႕သျဖင့္ လု ယက္မႈက်ဴးလြန္ရာတြင္ မပါဝင္ ခဲ့ေၾကာင္းႏွင့္ လုယက္မႈအား ၎၏ သူငယ္ခ်င္းမ်ားျဖစ္သည့္ ေငြလင္းထြန္း၊ ျပည့္စုံဝင္းဆင္ႏွင့္ မ်ိဳးျမင့္ဟန္(ခ)ပေလာင္တို႔ ၃ ဦးက က်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း ေရးသားထားသည္။

ေသာ္ဇင္အုံး၏ထြက္ဆိုခ်က္အရ အထူးအမႈစစ္အဖြဲ႕သည္ ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိႏိုင္ေရး ေဆာင္႐ြက္ခဲ့ရာ မတ္လ ၆ ရက္ေန႔ နံနက္ ၈ နာရီ ၁၀ မိနစ္အခ်ိန္တြင္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေနာင္ခ်ိဳၿမိဳ႕နယ္၊ ေတာင္ရပ္ကြက္ေန ေငြလင္းထြန္း(၂၈)ႏွစ္ (ဘ)ဦးတင္စိုး ႏွင့္ ၎၏ရည္းစားျဖစ္သူ ဘူတာရပ္ကြက္ေန ႏွင္းႏွင္းဦး(၃ဝ)ႏွစ္(ဘ)ဦးျမင့္ေမာင္တို႔ ၂ ဦးအား ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ေအာင္ပင္လယ္ရပ္ကြက္ ၄၇ လမ္းႏွင့္ ၄၈ လမ္းၾကား၊ (၁၀၅)လမ္းရွိ “ထြန္း”တည္းခိုခန္းအေရွ႕၌လည္း ေကာင္း၊ နံနက္ ၈ နာရီ ၅၅ မိနစ္အခ်ိန္တြင္ ေနာင္ခ်ိဳၿမိဳ႕နယ္၊ ဘူတာရပ္ကြက္ေန ျပည့္စုံဝင္းဆင္ (၂၉)ႏွစ္ (ဘ)ဦးမာဆင္းႏွင့္ ဇနီးျဖစ္သူ မဆိုင္းပန္ႏူး(ခ) ျမတ္ ႏိုး (၂၇)ႏွစ္ (ဘ)ဦးခမ္းေအာင္တို႔ ၂ ဦးအား ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ တံခြန္တိုင္အဝိုင္းအနီး အေဝးေျပး ယာဥ္ရပ္နားသည့္ေနရာ၌လည္းေကာင္း အသီးသီးဖမ္းဆီးရမိခဲ့ၿပီး ၎တို႔ ၄ ဦးထံမွ လက္ကိုင္ဖုန္း ၅ လုံးႏွင့္ Tablet ၁ လုံး၊ ျမန္မာေငြစကၠဴေရာရာ ၆၈ သိန္း၊ အေလးခ်ိန္ ၁ က်ပ္ ၆ ပဲ ၁ ေ႐ြးခန႔္ရွိ ေ႐ႊဆြဲႀကိဳး ၁ ကုံး၊ အေလးခ်ိန္ ၆ ပဲ ၅ ေ႐ြးရွိ ေ႐ႊဆြဲႀကိဳး ၁ ကုံး၊ အေလးခ်ိန္ ၃ ပဲ ၇ ေ႐ြးရွိ လက္စြပ္ ၁ ကြင္း၊ မွတ္ပုံတင္ ၅ ခု၊ KBZ ေငြစုဘဏ္စာအုပ္ ၂ အုပ္၊ လက္ပတ္နာရီ ၁ လုံး၊ လက္ကိုင္ေက်ာပိုး အိတ္ ၉ လုံးတို႔အား သိမ္းဆည္းရမိခဲ့ၿပီး မ်ိဳးမင္းဟန္(ခ)ပေလာင္(၂၆)ႏွစ္ (ဘ)ဦးေမာင္တင္အား နံနက္ ၉ နာရီအခ်ိန္တြင္ ေနာင္ခ်ိဳၿမိဳ႕နယ္၊ ဘူတာရပ္ကြက္၊ မႏၲေလး-လားရႈိးကားလမ္းေဘးရွိ “ရဲလင္းထြန္း” ေလ/ဂေဟဆက္ဆိုင္တြင္လည္းေကာင္း ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

တရားခံမ်ား၏ ထြက္ဆိုခ်က္အရ ယင္းေန႔ နံနက္ပိုင္းတြင္ ေနာင္ခ်ိဳၿမိဳ႕နယ္၊ ဘူတာ ရပ္ကြက္ရွိ ႏွင္းႏွင္းဦး ဖြင့္လွစ္ထားသည့္ “ထြန္းေတာက္”စက္ခ်ဳပ္ဆိုင္ႏွင့္ ၿခံဝင္းအတြင္းသို႔ သြားေရာက္စစ္ေဆးခဲ့ရာ ၎စက္ခ်ဳပ္ဆိုင္ႏွင့္ ၿခံစည္း႐ိုးၾကား၌ ေျမက်င္းတူး၍ ျမႇဳပ္ႏွံထားေသာ စကၠဴဂ်ပ္ဖာအတြင္းမွ ေငြက်ပ္ ၁၇၀ သိန္း၊ စက္ခ်ဳပ္ဆိုင္အတြင္းမွ ပိုက္ဆံအိတ္ ၁ လုံးႏွင့္ ေ႐ႊေဘာက္ခ်ာ ၂ ႐ြက္တို႔အားလည္းေကာင္း၊ ဘူတာရပ္ကြက္ေန ျပည့္စုံဝင္းဆင္၏ ေနအိမ္အေနာက္ ဘက္ၿခံစည္း႐ိုးေထာင့္တြင္ ေျမက်င္းတူး၍ ျမႇဳပ္ႏွံထားေသာ ေကာ္ပုံးအတြင္းမွ ေငြက်ပ္ ၃၄ဝ သိန္း၊ ေ႐ႊေဘာက္ခ်ာ ၄ ႐ြက္ႏွင့္ ေနအိမ္ေရွ႕ရွိ သစ္ပင္အနီး၌ ေျမက်င္းတူး၍ ျမႇဳပ္ႏွံထားေသာ ေကာ္ပုံး အတြင္းမွ ေငြက်ပ္ ၃၃၅ သိန္းကိုလည္းေကာင္း၊ ေန႔လည္ ၁ နာရီ ၂၀ မိနစ္အခ်ိန္တြင္ တရားခံ ျပည့္စုံဝင္းဆင္က လုယက္ရာမွရရွိသည့္ ေငြမ်ားျဖင့္ ဝယ္ယူထားၿပီး ရပ္ေစာက္ၿမိဳ႕နယ္၊ ေနာင္ဘို ေက်း႐ြာရွိ ေငြလင္းထြန္း ၏အေဒၚျဖစ္သူ ေဒၚျမင့္ျမင့္သန္း ပိုင္ “မိသားစု” ထမင္းဆိုင္၌ သိမ္းဆည္း ထားရွိသည့္ HONDA Fit GE 6 အမ်ိဳးအစား ခဲေရာင္ေမာ္ေတာ္ယာဥ္ ၁ စီးအားလည္းေကာင္း သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရသည္။

တရားခံမ်ား၏ ထြက္ဆိုခ်က္အရ မတ္လ ၇ ရက္ေန႔တြင္ မႏၲေလး-လားရႈိးျပည္ေထာင္စု လမ္းမႀကီးေဘး မိုင္တိုင္အမွတ္ ၈၈ မိုင္ႏွင့္ ၈၈ မိုင္ ၁ ဖာလုံအၾကားရွိ ေခ်ာက္ကမ္းပါးအတြင္း၌ လုယက္မႈက်ဴးလြန္စဥ္က အသုံးျပဳခဲ့သည့္ ပစၥတိုေသနတ္ တစ္လက္၊ ၎က်ည္ ၂ ေတာင့္ႏွင့္ YGN 3E-4798 နံပါတ္ပါ ယာဥ္နံပါတ္ျပားတစ္ခုအား လည္းေကာင္း၊ လုယက္ရာမွ ရရွိသည့္ေငြမ်ားျဖင့္ ေနာင္ခ်ိဳၿမိဳ႕၊ ေက်ာက္မဲၿမိဳ႕ႏွင့္ သီေပါၿမိဳ႕မ်ားတြင္ ၎တို႔၏ ကိုယ္ေရးကိုယ္တာကိစၥရပ္မ်ားအတြက္ အသုံးျပဳေပးေခ်ခဲ့သည့္ ေငြက်ပ္သိန္းေပါင္း (၁၆၇)သိန္းအားလည္းေကာင္း၊ လုယက္ရာမွရရွိခဲ့သည့္ ေငြက်ပ္ ၁ဝ၆၅၅ဝဝ က်ပ္ျဖင့္ ဝယ္ယူထားသည့္ ေ႐ႊဆြဲႀကိဳး တစ္ကုံးအားလည္းေကာင္း အသီးသီး ထပ္မံသိမ္းဆည္းရရွိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိတရားခံမ်ား၏ ထြက္ဆိုခ်က္မ်ားအရ ၎တို႔အေနျဖင့္ ေလာင္းကစားမ်ား ျပဳလုပ္ကာ ေငြေၾကး လိုအပ္ခ်က္အရ လုယက္မႈကို က်ဴးလြန္ခဲ့ၾကျခင္းျဖစ္ေၾကာင္း၊ ျပည့္စုံဝင္းဆင္ သည္ လုယက္မႈက်ဴး လြန္ရာတြင္ အသုံးျပဳခဲ့သည့္ ပစၥတိုေသနတ္အား ဇနီးျဖစ္သူ ဆိုင္းပန္ႏူး(ခ) ျမတ္ႏိုး၏ ေမာင္ျဖစ္သူ SSP/SSA လက္နက္ကိုင္ ေသာင္းက်န္းသူအဖြဲ႕ဝင္ စိုင္းလီ(စိစစ္ဆဲ)ထံမွ Online မွတစ္ဆင့္ ခ်ိတ္ဆက္ကာ ေငြလင္းထြန္းႏွင့္အတူ က်သင့္ေငြ ၁၆၅ဝဝဝဝ က်ပ္အား တဝက္စီ စိုက္ထုတ္ဝယ္ယူခဲ့ျခင္းျဖစ္ ေၾကာင္း၊ တရားခံ ျပည့္စုံဝင္းဆင္၊ ေငြလင္းထြန္း၊ မ်ိဳးျမင့္ဟန္(ခ)ပေလာင္တို႔သည္ ေက်ာက္မဲၿမိဳ႕၊ ေဈးေရွ႕ဘက္ရွိ တည္းခိုခန္း ၂ ခုတြင္ တည္းခိုေနထိုင္ခဲ့ၿပီး လုယက္မည့္ဘဏ္အား ၆ ရက္ခန႔္ အခ်ိန္ယူကာ အေျခအေနေလ့လာ ေစာင့္ၾကည့္ခဲ့ေၾကာင္း၊ ေဖ ေဖာ္ဝါရီလ ၂၈ ရက္ေန႔ နံနက္ ၇ နာရီအခ်ိန္တြင္ ၎တို႔ ၃ ဦးသည္ သီေပါၿမိဳ႕သို႔ ထြက္ခြာလာခဲ့ၿပီး သီ ေပါၿမိဳ႕ျပည္သူ႔ ေဆး႐ုံအနီး ယာဥ္အား ရပ္ကာ ဘဏ္တြင္ လူရွင္း၊ မရွင္းေစာင့္ၾကည့္ခဲ့ေၾကာင္း၊ မြန္းလြဲ ၂ နာရီ ၄၀ မိနစ္အခ်ိန္ခန႔္တြင္ ဘဏ္သို႔ သြားေရာက္ခဲ့ၿပီး ျပည့္စုံဝင္းဆင္မွ ဘဏ္ေရွ႕ရွိ ဘဏ္လုံၿခဳံေရးအား ေငြထုတ္ပုံထုတ္နည္း အား အာ႐ုံလႊဲေမးျမန္းေနစဥ္ ေငြလင္းထြန္းႏွင့္ မ်ိဳးျမင့္ဟန္(ခ)ပေလာင္တို႔က ေနာက္မွဝင္ေရာက္လာကာ ေငြလင္းထြန္းမွ ဘဏ္လုံၿခဳံေရးအား ေသနတ္ျဖင့္ ေထာက္၍ ဘဏ္အတြင္းသို႔ ဝင္ေရာက္ ကာ ဘဏ္ဝန္ထမ္းမ်ားႏွင့္ ေငြထုတ္ရန္ ေရာက္ရွိေနသူမ်ားအား ေသနတ္ျပၿခိမ္းေျခာက္ၿပီး အသင့္ ယူေဆာင္လာေသာ ခရီးေဆာင္အိတ္ ၂ လုံးျဖင့္ ေငြမ်ားထားရွိသည့္ အခန္းသို႔ ဝင္ေရာက္ကာ ေငြမ်ားအား ထည့္သြင္း၍ ျပည္ေထာင္စုလမ္းမႀကီးအတိုင္း သီေပါၿမိဳ႕မွ ေနာင္ခ်ိဳၿမိဳ႕သို႔ ေမာင္းႏွင္ ထြက္ေျပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လုယက္မႈက်ဴးလြန္ရာမွ ရရွိခဲ့သည့္ ေငြမ်ားအား ျပည့္စုံဝင္းဆင္ႏွင့္ ေငြလင္းထြန္းတို႔မွ တစ္ဦးလွ်င္ ေငြက်ပ္သိန္း ၆၇ဝ စီႏွင့္ မ်ိဳးျမင့္ဟန္(ခ) ပေလာင္အား ေငြက်ပ္ သိန္း ၃၅ဝ က်ပ္တို႔ အသီးသီးခြဲေဝခဲ့ၾကေၾကာင္းႏွင့္ ေငြလင္းထြန္း၏ရည္းစားျဖစ္သူ ႏွင္းႏွင္းဦးႏွင့္ ျပည့္စုံဝင္းဆင္၏ ဇနီးျဖစ္သူ ဆိုင္းပန္ႏူး(ခ)ျမတ္ႏိုးတို႔သည္ ဘဏ္လုယက္မႈက်ဴးလြန္ခဲ့ၾကသည္ကို သိရွိရေသာ္လည္း သက္ဆိုင္ရာသို႔ သတင္း ေပးပို႔တိုင္ၾကားရန္ ပ်က္ကြက္ခဲ့သည့္အျပင္ လုယက္ရာမွ ရရွိခဲ့သည့္ ေငြမ်ားအား လက္ခံသိမ္းဆည္းေပးျခင္းႏွင့္ ၎ေငြမ်ားျဖင့္ ေ႐ႊထည္ပစၥည္းႏွင့္ အျခားဆက္စပ္ ပစၥည္းမ်ားဝယ္ယူရာတြင္ ကိုယ္တိုင္ပါဝင္ခဲ့ၾကေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္ဟု ေဖာ္ျပထားသည္။

ဆက္လက္၍ အထူးအမႈစစ္အဖြဲ႕သည္ ဖမ္းဆီးရမိသည့္တရားခံမ်ားအား အေသးစိတ္ထပ္မံ စစ္ေဆးေဖာ္ထုတ္ခဲ့ရာ တရားခံျဖစ္သူ ျပည့္စုံဝင္းဆင္ႏွင့္ ေငြလင္းထြန္းတို႔သည္ နဂါး(ခ) သန႔္ဇင္ထြန္း ႏွင့္အတူ ၂ဝ၂၁ ခုႏွစ္၊ စက္တင္ဘာလ ၃ ရက္ေန႔တြင္ ေက်ာက္မဲၿမိဳ႕ရွိ ကေမာၻဇဘဏ္အား လုယက္မႈက်ဴးလြန္ခဲ့ၾကေၾကာင္း၊ လုယက္ရာတြင္ ျပည့္စုံဝင္းဆင္မွ ဦးေဆာင္စီစဥ္ႀကီးၾကပ္ၿပီး ေမာ္ေတာ္ယာဥ္အား ေမာင္းႏွင္ပို႔ေဆာင္ေပးကာ ေငြလင္းထြန္းက ေသနတ္ကိုင္ေဆာင္ကာ နဂါး(ခ)သန႔္ဇင္ထြန္းႏွင့္အတူ ဘဏ္အတြင္း ဝင္ေရာက္လုယက္ ခဲ့ၾကျခင္းျဖစ္ေၾကာင္း၊ လုယက္ရာမွ ေငြက်ပ္ ၁၂၉၈.၈၁၅ သိန္းရရွိခဲ့ၿပီး ၎တို႔ ၃ ဦးမွ ခြဲေဝရယူခဲ့ၾကေၾကာင္း ထြက္ဆိုခဲ့ေၾကာင္းႏွင့္ ၎တို႔ ၂ ဦး၏ထြက္ဆိုခ်က္မ်ားအရ ဖမ္းဆီးရန္က်န္တရားခံျဖစ္သူ နဂါး(ခ)သန႔္ဇင္ထြန္း အား ဖမ္းဆီးရမိေရးေဆာင္႐ြက္ခဲ့ရာ ၂ဝ၂၂ ခုႏွစ္၊ မတ္လ ၉ ရက္ေန႔ ညေန ၄ နာရီအခ်ိန္တြင္ ေနာင္ခ်ိဳ ၿမိဳ႕နယ္၊ ဘူတာရပ္ကြက္(ရွမ္းကုန္း)၌ ထပ္မံဖမ္းဆီးရမိခဲ့ၿပီး တရားခံျဖစ္သူ ေငြလင္းထြန္းႏွင့္ ျပည့္စုံဝင္းဆင္တို႔ ၂ ဦးက လုယက္ရာမွ ရရွိသည့္ေငြမ်ားျဖင့္ ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္း ၎တို႔၏ ကိုယ္ ေရးကိုယ္တာကိစၥရပ္မ်ားတြင္ အသုံးျပဳေပးေခ်ခဲ့သည့္ ေငြက်ပ္သိန္းေပါင္း (၁၄ဝ)သိန္းတို႔အား ျပန္ လည္သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရသည္။

က်န္ရွိသည့္ သက္ေသခံပစၥည္းမ်ားအား ဆက္လက္စစ္ေဆး ေဖာ္ထုတ္သိမ္းဆည္း၍ တရားခံမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ေရး ဆက္ လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

Related news

© 2021. All rights reserved.