အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းစီမံကိန်း (e-ID) စနစ်ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည်

768

ဟိန်း (NP News) - မတ် ၂၃
မြန်မာနိုင်ငံ၏ e-Government စနစ် အကောင်အထည်ဖော်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် အီလက်ထ ရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းစီမံကိန်း (e-ID) စနစ်ကို ဆက်လက်အကောင်အ ထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း လဝကဝန်ကြီး ဦးခင်ရီက ပြောကြားသည်။
e-ID စနစ် အကောင်အထည်ဖော်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ပထမအကြိမ် e-ID စနစ်လုပ်ငန်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအား နိုင်ငံတော်အကြီးအကဲထံ တင်ပြခဲ့ပြီးဖြစ်သည့်အတွက် ဆက် လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ ၂၂ ရက်က ကျင်းပခဲ့သည့် e-ID စနစ်လုပ်ငန်းကော်မတီ၊ ဒုတိယအကြိမ် အစည်းအဝေးတွင် e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့ခြင်း ဖြစ်သည်။
e-ID စနစ်ကို ယခင်အစိုးရကာလအတွင်းက ဆောင်ရွက်ရန်ကြိုးပမ်းခဲ့သော်လည်း လုပ်ငန်းများ ရပ်တန့်နေပြီး ယခုအစိုးရကာလတွင် အ ကောင်အထည်ဖော်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် ကြီးမားကျယ်ပြန့်ပြီး နိုင်ငံတော် အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် e-Government စနစ်၏ အခြေခံအုတ်မြစ် ဖြစ်ပါကြောင်းလည်း ထည့်သွင်းပြောသည်။
e-ID စနစ် အကောင်အထည်ဖော်ရာတွင် Unit-ID ကောက်ယူခြင်းနှင့် National-ID ဆောင်ရွက်ခြင်းဆိုသည့် အပိုင်း (၂) ပိုင်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုကာလအတွင်း Unit-ID ကို စတင်ဆောင်ရွက်ရန် လျာထား ရာတွင်လည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသည့် တိုင်းဒေသကြီး(၃)ခုမှ မြိုနယ် (၈၁) မြိုနယ်အား ဦးစွာဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။ Unit-ID ကောက်ယူရာတွင် နိုင်ငံအတွင်းရှိ အသက် (၁ဝ) နှစ်နှင့် အထက်ရှိသူအားလုံးအား အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (၆) ချက် ကောက်ယူခြင်းနှင့် ဇီဝဆိုင်ရာ အချက်အလက် (၃) မျိုးကောက်ယူခြင်းတို ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းပြီးစီးမှု အပေါ်မူတည်၍ ယင်းလုပ်ငန်းစဉ်အား စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကာ National-ID ခေါ် Smart Card ထုတ်ပေးရေး လုပ်ငန်းအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
e-ID စနစ်သည် နိုင်ငံအတွင်း တရားဝင်မှီတင်းနေထိုင်နေသူ အားလုံး၏ ကိုယ်ရေးအချက်အလက်များအား အစိုးရ၏ Database ထဲတွင် ထည့်သိမ်းပြီး လိုအပ်လျှင်ပြန်ရှာနိုင်ရန် သီးသန့်နံပါတ် သိုမဟုတ် Unique Identification နံပါတ် ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
အီလက္ထေရာနစ္စနစ္ျဖင့္ လူဦးေရမွတ္ပုံတင္ျခင္းစီမံကိန္း (e-ID) စနစ္ကို ဆက္လက္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မည္
ဟိန္း (NP News) - မတ္ ၂၃
ျမန္မာႏိုင္ငံ၏ e-Government စနစ္ အေကာင္အထည္ေဖာ္ရာတြင္ အေျခခံအက်ဆုံးျဖစ္သည့္ အီလက္ထ ေရာနစ္စနစ္ျဖင့္ လူဦးေရမွတ္ပုံတင္ျခင္းစီမံကိန္း (e-ID) စနစ္ကို ဆက္လက္အေကာင္အ ထည္ေဖာ္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း လဝကဝန္ႀကီး ဦးခင္ရီက ေျပာၾကားသည္။
e-ID စနစ္ အေကာင္အထည္ေဖာ္ေရး လုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ပထမအႀကိမ္ e-ID စနစ္လုပ္ငန္းေကာ္မတီ အစည္းအေဝးဆုံးျဖတ္ခ်က္မ်ားအား ႏိုင္ငံေတာ္အႀကီးအကဲထံ တင္ျပခဲ့ၿပီးျဖစ္သည့္အတြက္ ဆက္ လက္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း မတ္လ ၂၂ ရက္က က်င္းပခဲ့သည့္ e-ID စနစ္လုပ္ငန္းေကာ္မတီ၊ ဒုတိယအႀကိမ္ အစည္းအေဝးတြင္ e-ID စနစ္လုပ္ငန္းေကာ္မတီဥကၠ႒ ၊ ျပည္ေထာင္စုဝန္ႀကီး ဦးခင္ရီက ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
e-ID စနစ္ကို ယခင္အစိုးရကာလအတြင္းက ေဆာင္႐ြက္ရန္ႀကိဳးပမ္းခဲ့ေသာ္လည္း လုပ္ငန္းမ်ား ရပ္တန႔္ေနၿပီး ယခုအစိုးရကာလတြင္ အ ေကာင္အထည္ေဖာ္ရန္ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္ျခင္းျဖစ္ ေၾကာင္း၊ ယင္းလုပ္ငန္းစဥ္သည္ ႀကီးမားက်ယ္ျပန႔္ၿပီး ႏိုင္ငံေတာ္ အစိုးရမွ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနသည့္ e-Government စနစ္၏ အေျခခံအုတ္ျမစ္ ျဖစ္ပါေၾကာင္းလည္း ထည့္သြင္းေျပာသည္။
e-ID စနစ္ အေကာင္အထည္ေဖာ္ရာတြင္ Unit-ID ေကာက္ယူျခင္းႏွင့္ National-ID ေဆာင္႐ြက္ျခင္းဆိုသည့္ အပိုင္း (၂) ပိုင္းျဖင့္ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ယခုကာလအတြင္း Unit-ID ကို စတင္ေဆာင္႐ြက္ရန္ လ်ာထား ရာတြင္လည္း ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္စသည့္ တိုင္းေဒသႀကီး(၃)ခုမွ ၿမိဳနယ္ (၈၁) ၿမိဳနယ္အား ဦးစြာေဆာင္႐ြက္ရန္ လ်ာထားေၾကာင္း သိရသည္။ Unit-ID ေကာက္ယူရာတြင္ ႏိုင္ငံအတြင္းရွိ အသက္ (၁ဝ) ႏွစ္ႏွင့္ အထက္ရွိသူအားလုံးအား အီလက္ထေရာနစ္စနစ္ျဖင့္ ကိုယ္ေရးအခ်က္အလက္ (၆) ခ်က္ ေကာက္ယူျခင္းႏွင့္ ဇီဝဆိုင္ရာ အခ်က္အလက္ (၃) မ်ိဳးေကာက္ယူျခင္းတို ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး လုပ္ငန္းၿပီးစီးမႈ အေပၚမူတည္၍ ယင္းလုပ္ငန္းစဥ္အား စဥ္ဆက္မျပတ္ေဆာင္႐ြက္သြားမည္ျဖစ္ကာ National-ID ေခၚ Smart Card ထုတ္ေပးေရး လုပ္ငန္းအား ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။
e-ID စနစ္သည္ ႏိုင္ငံအတြင္း တရားဝင္မွီတင္းေနထိုင္ေနသူ အားလုံး၏ ကိုယ္ေရးအခ်က္အလက္မ်ားအား အစိုးရ၏ Database ထဲတြင္ ထည့္သိမ္းၿပီး လိုအပ္လွ်င္ျပန္ရွာႏိုင္ရန္ သီးသန႔္နံပါတ္ သိုမဟုတ္ Unique Identification နံပါတ္ ထုတ္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။