YBS ယာဉ်လိုင်းများကို ည ၁ဝ နာရီအထိ တိုးချဲ့ပြေးဆွဲမည်ဖြစ်ပြီး သင်္ကြန်ကာလအတွင်း ပုံမှန်ထွက်ရှိသည့်ယာဉ်လိုင်းနှင့် ယာဉ်စီးရေအတိုင်းပြေးဆွဲပေးမည်

 1097

ဖူးပြည့် (NP News) - မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော် မတီ (YRTC) စီမံမှုအောက်ရှိ YBS ကုမ္ပဏီများမှ ခရီးသည်တင်ယာဉ်များအား ည ၁ဝ နာရီအထိ တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း YRTC ထံမှသိရသည်။

ယခင်က ည (၁ဝ) နာရီမှ နံနက် (၄) နာရီအတွင်း ညမထွက်ရအမိန့်များထုတ်ပြန်ထားသဖြင့် YBS ယာဉ်လိုင်းများကို ည (၈) နာရီအထိသာ ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။

“လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့်ကို ည (၁၂) နာရီမှ နံနက် (၄) နာရီအထိ ပြောင်းလဲပြင်ဆင်သတ်မှတ်ထားတာကြောင့် ခရီးသွားလုပ်သားပြည်သေတွေ ခရီးသွားလာမှုအဆင်ပြေ စေဖို့အတွက် YBS ယာဉ်လိုင်းတွေကို ည (၁ဝ) နာရီအထိ တိုးချဲ့ ပြေးဆွဲသွားဖို့ YBS ယာဉ်လိုင်းကုမ္ပဏီတွေကို အသိပေးအကြောင်းကြားထားပါတယ်”ဟု YRTC မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မတ်လ ၂၅ ရက်က YBS ယာဉ်လိုင်း ၁၁၈ လိုင်းမှ ယာဉ်စီးရေ ၂၉၃၁ စီးထွက်ခဲ့ပြီး ခရီး သည် ၆၄ဝဝ၂၄ ဦးစီးနင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် YRTC ၏ ကြီးကြပ်မှုအောက်ရှိ YBS ယာဉ်လိုင်းများအား သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားလုပ်သား ပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ပုံမှန်ထွက်ရှိသည့်ယာဉ်လိုင်းနှင့် ယာဉ်စီးရေ အတိုင်းပြေးဆွဲရန်နှင့် အခက်အခဲရှိပါက ယာဉ်လိုင်းတစ်လိုင်းရှိ ယာဉ်အင်အား၏ (၃) ပုံ (၁) ပုံထက်လျော့နည်းမှုမရှိစေဘဲ ပြေးဆွဲသွားရန်၊ ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းစွာဖြင့် ပြေးဆွဲရန်နှင့် ယာဉ်စီးခကို သတ်မှတ်ယာဉ်စီးခထက်ပို၍ မကောက်ခံရန် ယာဉ်လိုင်းကုမ္ပဏီများအား အသိပေးအကြောင်း ကြားထားကြောင်း သိရသည်။ ယာဉ်စီးခများ ၅ဝဝ ကျပ်နှင့်အထက်ကောက်ခံနေပါက နေ့စွဲ၊ အချိန်၊ ဖြစ်စဉ်အ ကျဉ်း၊ ယာဉ်လိုင်း၊ ယာဉ်နံပါတ်တို့နှင့် အတူ YRTC ၏ Page messenger တွင် တိုင်ကြားနိုင်ကြောင်း အသိပေး ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းမှုရှိပြီး တရားဥပဒေစိုးမိုးမှုရှိလာပြီဖြစ်သည့်အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုလည်း လျော့ကျလာပြီဖြစ်၍ ယခင်ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်အား ည ၁ဝ နာရီမှ နံနက် ၄ နာရီအတွင်းအစား ၂ဝ၂၂ ခုနှစ် မတ်လ ၂၂ ရက်မှစ၍ ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ အချိန်ပြောင်းလဲပြင်ဆင်ထုတ်ပြန်ထားကြောင်း သိရသည်။

zawgyi version
YBS ယာဥ္လိုင္းမ်ားကို ည ၁ဝ နာရီအထိ တိုးခ်ဲ႕ေျပးဆြဲမည္ျဖစ္ၿပီး သၾကၤန္ကာလအတြင္း ပုံမွန္ထြက္ရွိသည့္ယာဥ္လိုင္းႏွင့္ ယာဥ္စီးေရအတိုင္းေျပးဆြဲေပးမည္
ဖူးျပည့္ (NP News) - မတ္ ၂၆

ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္ မတီ (YRTC) စီမံမႈေအာက္ရွိ YBS ကုမၸဏီမ်ားမွ ခရီးသည္တင္ယာဥ္မ်ားအား ည ၁ဝ နာရီအထိ တိုးခ်ဲ႕ေျပးဆြဲမည္ျဖစ္ေၾကာင္း YRTC ထံမွသိရသည္။

ယခင္က ည (၁ဝ) နာရီမွ နံနက္ (၄) နာရီအတြင္း ညမထြက္ရအမိန႔္မ်ားထုတ္ျပန္ထားသျဖင့္ YBS ယာဥ္လိုင္းမ်ားကို ည (၈) နာရီအထိသာ ေျပးဆြဲေပးခဲ့ေၾကာင္း သိရသည္။

“လက္ရွိမွာ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ညမထြက္ရအမိန႔္ကို ည (၁၂) နာရီမွ နံနက္ (၄) နာရီအထိ ေျပာင္းလဲျပင္ဆင္သတ္မွတ္ထားတာေၾကာင့္ ခရီးသြားလုပ္သားျပည္ေသေတြ ခရီးသြားလာမႈအဆင္ေျပ ေစဖို႔အတြက္ YBS ယာဥ္လိုင္းေတြကို ည (၁ဝ) နာရီအထိ တိုးခ်ဲ႕ ေျပးဆြဲသြားဖို႔ YBS ယာဥ္လိုင္းကုမၸဏီေတြကို အသိေပးအေၾကာင္းၾကားထားပါတယ္”ဟု YRTC မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။ မတ္လ ၂၅ ရက္က YBS ယာဥ္လိုင္း ၁၁၈ လိုင္းမွ ယာဥ္စီးေရ ၂၉၃၁ စီးထြက္ခဲ့ၿပီး ခရီး သည္ ၆၄ဝဝ၂၄ ဦးစီးနင္းခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ YRTC ၏ ႀကီးၾကပ္မႈေအာက္ရွိ YBS ယာဥ္လိုင္းမ်ားအား သၾကၤန္႐ုံးပိတ္ရက္ကာလအတြင္း ခရီးသြားလုပ္သား ျပည္သူမ်ား အဆင္ေျပစြာသြားလာႏိုင္ေရးအတြက္ ပုံမွန္ထြက္ရွိသည့္ယာဥ္လိုင္းႏွင့္ ယာဥ္စီးေရ အတိုင္းေျပးဆြဲရန္ႏွင့္ အခက္အခဲရွိပါက ယာဥ္လိုင္းတစ္လိုင္းရွိ ယာဥ္အင္အား၏ (၃) ပုံ (၁) ပုံထက္ေလ်ာ့နည္းမႈမရွိေစဘဲ ေျပးဆြဲသြားရန္၊ ယာဥ္အႏၲရာယ္၊လမ္းအႏၲရာယ္ ကင္းရွင္းစြာျဖင့္ ေျပးဆြဲရန္ႏွင့္ ယာဥ္စီးခကို သတ္မွတ္ယာဥ္စီးခထက္ပို၍ မေကာက္ခံရန္ ယာဥ္လိုင္းကုမၸဏီမ်ားအား အသိေပးအေၾကာင္း ၾကားထားေၾကာင္း သိရသည္။ ယာဥ္စီးခမ်ား ၅ဝဝ က်ပ္ႏွင့္အထက္ေကာက္ခံေနပါက ေန႔စြဲ၊ အခ်ိန္၊ ျဖစ္စဥ္အ က်ဥ္း၊ ယာဥ္လိုင္း၊ ယာဥ္နံပါတ္တို႔ႏွင့္ အတူ YRTC ၏ Page messenger တြင္ တိုင္ၾကားႏိုင္ေၾကာင္း အသိေပး ထားသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း တည္ၿငိမ္ေအးခ်မ္းမႈရွိၿပီး တရားဥပေဒစိုးမိုးမႈရွိလာၿပီျဖစ္သည့္အျပင္ ကိုဗစ္-၁၉ ေရာဂါကူးစက္ျပန႔္ပြားမႈလည္း ေလ်ာ့က်လာၿပီျဖစ္၍ ယခင္ထုတ္ျပန္ထားသည့္ ညမထြက္ရအမိန႔္အား ည ၁ဝ နာရီမွ နံနက္ ၄ နာရီအတြင္းအစား ၂ဝ၂၂ ခုႏွစ္ မတ္လ ၂၂ ရက္မွစ၍ ည ၁၂ နာရီမွ နံနက္ ၄ နာရီအထိ အခ်ိန္ေျပာင္းလဲျပင္ဆင္ထုတ္ျပန္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.