ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေလုပ်ရမှာဖြစ်လို့ ရုရှားကို အထီးကျန်နိုင်ငံဖြစ်အောင်မလုပ်ဖို့လိုအပ်ကြောင်း တူရကီအစိုးရ ဆို

 665

ဂျန်ဇက် (NP News) - မတ် ၂၈
ယူကရိန်းပဋိပက္ခများကိုဖြေရှင်းနိုင်ဖို့ ရုရှားနဲ့ ဆွေးနွေးဖို့လိုအပ်တာကြောင့် ရုရှားကို အထီးကျန်နိုင်ငံ ဖြစ်အောင် မလုပ်ဖို့ လိုအပ်ကြောင်း တူရကီသမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

တူရကီသမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ကာလင်က "လူတိုင်းဟာ ရုရှားနဲ့ဆက်သွယ်ထားတဲ့ ဆက်ဆံ ရေးတံတားတွေကို မီးရှို့ဖျက်ဆီးမယ်ဆိုရင် အဆုံးသတ်တစ်နေ့မှာ ဘယ်သူနဲ့သွားဆွေးနွေးရမလဲ။ ရုရှားကို အထီးကျန်နိုင်ငံဖြစ်အောင် မလုပ်ဖို့လိုတယ်" လို့ပြောပါတယ်။

ယူကရိန်းစစ်ရေးပဋိပက္ခနဲ့ပတ်သက်ပြီး နိုင်ငံတကာခေါင်းဆောင်များဟာ ယူကရိန်းကို အရာရာတိုင်း ကူညီပံ့ပိုး နေပေမယ့် ရုရှားနဲ့ပတ်သက်ပြီး ထည့်သွင်းစဉ်းစားတာမျိုး မရှိကြောင်း၊ ရုရှားနဲ့ပတ်သက်ပြီး နည်းလမ်းတစ်ခု မဟုတ်ရင် အခြားနည်းလမ်းနဲ့ကြားရအောင် လုပ်ဆောင်ရမှာဖြစ်ကြောင်း တူရကီသမ္မတ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တူရကီနိုင်ငံဟာ ရုရှားနဲ့ ယူကရိန်းစစ်ရေးပဋိပက္ခများကို ကြားဝင်စေ့စပ်သူအဖြစ် ပါဝင်ဖို့ကြိုးပမ်းနေပြီး ယူကရိန်းနဲ့ ရုရှား ပဋိပက္ခမှာကြားနေနိုင်ငံအဖြစ် ရပ်တည်လျက် ရှိနေပါတယ်။

တူရကီနိုင်ငံဟာ ရုရှားကို စီးပွားရေးပိတ်ဆို့မှုများချမှတ်ဖို့ ငြင်းဆန်ထားသလို နှစ်နိုင်ငံကြား သံတမန်လမ်း ကြောင်း ဖွင့်လှစ်ထားဆဲဖြစ်ပါတယ်။ တူရကီဟာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ပေမယ့် အမေရိကန်ရဲ့တောင်းဆို ချက်ကိုပယ်ချခဲ့ပြီး ရုရှားနိုင်ငံထုတ် S-400 အမျိုးအစား လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ယူကရိန်းကို လွှဲပြောင်းပေးဖို့ ငြင်းဆန်ထားပါတယ်။

တူရကီသမ္မတက အာဒိုဂမ်က "S-400 နဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ စာချုပ်တွေရှိတယ်။ ကျွန်တော်တို့ နိုင်ငံ ကာကွယ်ရေးအတွက်သာ အသုံးပြုရမှာဖြစ်တယ်။ ဒါကြောင့် အခြားနိုင်ငံကိုလွှဲပြောင်းပေးဖို့ အဆင်မပြေဘူး" လို့ ပြောပါတယ်။

Zawgyi Version;
ယူကရိန္းပဋိပကၡနဲ႔ပတ္သက္ၿပီး ေဆြးေႏြးမႈေတြလုပ္ရမွာျဖစ္လို႔ ႐ုရွားကို အထီးက်န္ႏိုင္ငံျဖစ္ေအာင္မလုပ္ဖို႔ လိုအပ္ေၾကာင္း တူရကီအစိုးရ ဆို
ဂ်န္ဇက္ (NP News) - မတ္ ၂၈
ယူကရိန္းပဋိပကၡမ်ားကိုေျဖရွင္းႏိုင္ဖို႔ ႐ုရွားနဲ႔ ေဆြးေႏြးဖို႔လိုအပ္တာေၾကာင့္ ႐ုရွားကို အထီးက်န္ႏိုင္ငံ ျဖစ္ေအာင္ မလုပ္ဖို႔ လိုအပ္ေၾကာင္း တူရကီသမၼတရဲ႕ေျပာေရးဆိုခြင့္ရွိသူကေျပာပါတယ္။

တူရကီသမၼတရဲ႕ေျပာေရးဆိုခြင့္ရွိသူ အီဘရာဟင္ ကာလင္က "လူတိုင္းဟာ ႐ုရွားနဲ႔ဆက္သြယ္ထားတဲ့ ဆက္ဆံ ေရးတံတားေတြကို မီးရႈိ႕ဖ်က္ဆီးမယ္ဆိုရင္ အဆုံးသတ္တစ္ေန႔မွာ ဘယ္သူနဲ႔သြားေဆြးေႏြးရမလဲ။ ႐ုရွားကို အထီးက်န္ႏိုင္ငံျဖစ္ေအာင္ မလုပ္ဖို႔လိုတယ္" လို႔ေျပာပါတယ္။

ယူကရိန္းစစ္ေရးပဋိပကၡနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာေခါင္းေဆာင္မ်ားဟာ ယူကရိန္းကို အရာရာတိုင္း ကူညီပံ့ပိုး ေနေပမယ့္ ႐ုရွားနဲ႔ပတ္သက္ၿပီး ထည့္သြင္းစဥ္းစားတာမ်ိဳး မရွိေၾကာင္း၊ ႐ုရွားနဲ႔ပတ္သက္ၿပီး နည္းလမ္းတစ္ခု မဟုတ္ရင္ အျခားနည္းလမ္းနဲ႔ၾကားရေအာင္ လုပ္ေဆာင္ရမွာျဖစ္ေၾကာင္း တူရကီသမၼတ ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။ ေနတိုးမဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံျဖစ္တဲ့ တူရကီႏိုင္ငံဟာ ႐ုရွားနဲ႔ ယူကရိန္းစစ္ေရးပဋိပကၡမ်ားကို ၾကားဝင္ေစ့စပ္သူအျဖစ္ ပါဝင္ဖို႔ႀကိဳးပမ္းေနၿပီး ယူကရိန္းနဲ႔ ႐ုရွား ပဋိပကၡမွာၾကားေနႏိုင္ငံအျဖစ္ ရပ္တည္လ်က္ ရွိေနပါတယ္။

တူရကီႏိုင္ငံဟာ ႐ုရွားကို စီးပြားေရးပိတ္ဆို႔မႈမ်ားခ်မွတ္ဖို႔ ျငင္းဆန္ထားသလို ႏွစ္ႏိုင္ငံၾကား သံတမန္လမ္း ေၾကာင္း ဖြင့္လွစ္ထားဆဲျဖစ္ပါတယ္။ တူရကီဟာ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္ေပမယ့္ အေမရိကန္ရဲ႕ေတာင္းဆို ခ်က္ကိုပယ္ခ်ခဲ့ၿပီး ႐ုရွားႏိုင္ငံထုတ္ S-400 အမ်ိဳးအစား ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ကို ယူကရိန္းကို လႊဲေျပာင္းေပးဖို႔ ျငင္းဆန္ထားပါတယ္။

တူရကီသမၼတက အာဒိုဂမ္က "S-400 နဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔မွာ စာခ်ဳပ္ေတြရွိတယ္။ ကြၽန္ေတာ္တို႔ ႏိုင္ငံ ကာကြယ္ေရးအတြက္သာ အသုံးျပဳရမွာျဖစ္တယ္။ ဒါေၾကာင့္ အျခားႏိုင္ငံကိုလႊဲေျပာင္းေပးဖို႔ အဆင္မေျပဘူး" လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.