နိုင်ငံအတွင်းရှိ သက်ဆိုင်ရာစစ်ဆေးရေးစခန်းများတွင် ခရီးသွားများအား မှတ်ပုံတင်စစ်ဆေးမှုများစတင်

1068

မျိုးကြီး (NP News) - ဧပြီ ၂
မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာစစ်ဆေးရေးစခန်းများတွင် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)စစ်ဆေးမှုကို ဧပြီလ ၁ ရက်မှစ၍ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ် ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။
မန္တလေးတိုင်းအတွင်း မြို့နယ်များရှိ မြို့အဝင်၊ အထွက် စစ်ဆေးရေးစခန်းများတွင် ဧပြီ ၁ ရက်၌ ခရီးသွားပြည်သူများကို လဝကမှ ထုတ်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်များကို ဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများက စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ခရီးသွားပြည်သူများအနေဖြင့် မှတ်ပုံတင်များ မရှိပါက မိမိတို့နေထိုင်ရာဒေသသို့ ပြန်လည်ရောက်ရှိပါက မှတ်ပုံတင်ရရှိရေး ဆောင်ရွက်ကြရန် သတိပေးပြောကြားခဲ့ပြီး ခရီးသွားခြင်း၊ တည်းခိုခြင်းများအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဆို သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာအနေဖြင့် ဧပြီလ ၁ ရက်မှစ၍ ခရီးသွားပြည်သူများကို မှတ်ပုံတင်ကိုင်ဆောင်ထားခြင်းရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း အသိပေးထားပြီး ရည်ရွယ်ချက်မှာ နိုင်ငံ သားအားလုံးမှတ်ပုံတင် ကိုင်ဆောင်နိုင်ရေးနှင့် မှတ်ပုံတင်မရှိသေးသူ များ မဖြစ်မနေဆောင်ရွက်နိုင်ရေးအတွက်ဖြစ်ကြောင်း ဝန်ကြီးဌာနကဆိုသည်။
ခရီးသွားပြည်သူများကို မှတ်ပုံတင်ကိုင်ဆောင်ထားခြင်းရှိ၊ မရှိ စစ်ဆေးရာတွင် ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန်နှင့် လမ်းခရီးကြန့်ကြာမှုမရှိစေဘဲ အပြေချောမွေ့စွာစစ်ဆေးရန်အတွက်လည်း ဝန်ကြီးဦးခင်ရီက ဝန်ထမ်းများကို အသိပေးမှာကြားထားသည်။ မြန်မာတစ်နိုင်ငံလုံးတွင် မှတ် ပုံတင်ထုတ်ပေးထားသည့် စာရင်းမှာ ၅၁ သန်းကျော်ရှိကြောင်း သိရသည်။

zawgyi version
ႏိုင္ငံအတြင္းရွိ သက္ဆိုင္ရာစစ္ေဆးေရးစခန္းမ်ားတြင္ ခရီးသြားမ်ားအား မွတ္ပုံတင္စစ္ေဆးမႈမ်ားစတင္
မ်ိဳးႀကီး (NP News) - ဧၿပီ ၂
ျမန္မာႏိုင္ငံအတြင္းရွိ သက္ဆိုင္ရာစစ္ေဆးေရးစခန္းမ်ားတြင္ ခရီးသြားျပည္သူမ်ားအား ႏိုင္ငံသားစိစစ္ေရးကတ္(မွတ္ပုံတင္)စစ္ေဆးမႈကို ဧၿပီလ ၁ ရက္မွစ၍ စတင္ျပဳလုပ္ေနၿပီျဖစ္ေၾကာင္း လူဝင္မႈႀကီးၾကပ္ ေရး ႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ သတင္းရရွိသည္။
မႏၲေလးတိုင္းအတြင္း ၿမိဳ႕နယ္မ်ားရွိ ၿမိဳ႕အဝင္၊ အထြက္ စစ္ေဆးေရးစခန္းမ်ားတြင္ ဧၿပီ ၁ ရက္၌ ခရီးသြားျပည္သူမ်ားကို လဝကမွ ထုတ္ေပးထားသည့္ ႏိုင္ငံသားစိစစ္ေရးကတ္မ်ားကို ဝန္ႀကီးဌာနမွ ၿမိဳ႕နယ္ဦးစီးမႉးမ်ားႏွင့္ ဝန္ထမ္းမ်ားက စစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထိုသို႔စစ္ေဆးရာတြင္ ခရီးသြားျပည္သူမ်ားအေနျဖင့္ မွတ္ပုံတင္မ်ား မရွိပါက မိမိတို႔ေနထိုင္ရာေဒသသို႔ ျပန္လည္ေရာက္ရွိပါက မွတ္ပုံတင္ရရွိေရး ေဆာင္႐ြက္ၾကရန္ သတိေပးေျပာၾကားခဲ့ၿပီး ခရီးသြားျခင္း၊ တည္းခိုျခင္းမ်ားအတြက္ အသိပညာေပး လက္ကမ္းစာေစာင္မ်ား ျဖန႔္ေဝေပးခဲ့ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနက ဆို သည္။
လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာအေနျဖင့္ ဧၿပီလ ၁ ရက္မွစ၍ ခရီးသြားျပည္သူမ်ားကို မွတ္ပုံတင္ကိုင္ေဆာင္ထားျခင္းရွိ၊ မရွိ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း အသိေပးထားၿပီး ရည္႐ြယ္ခ်က္မွာ ႏိုင္ငံ သားအားလုံးမွတ္ပုံတင္ ကိုင္ေဆာင္ႏိုင္ေရးႏွင့္ မွတ္ပုံတင္မရွိေသးသူ မ်ား မျဖစ္မေနေဆာင္႐ြက္ႏိုင္ေရးအတြက္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနကဆိုသည္။
ခရီးသြားျပည္သူမ်ားကို မွတ္ပုံတင္ကိုင္ေဆာင္ထားျခင္းရွိ၊ မရွိ စစ္ေဆးရာတြင္ ဝန္ထုတ္ဝန္ပိုးမျဖစ္ေစရန္ႏွင့္ လမ္းခရီးၾကန႔္ၾကာမႈမရွိေစဘဲ အေျပေခ်ာေမြ႕စြာစစ္ေဆးရန္အတြက္လည္း ဝန္ႀကီးဦးခင္ရီက ဝန္ထမ္းမ်ားကို အသိေပးမွာၾကားထားသည္။ ျမန္မာတစ္ႏိုင္ငံလုံးတြင္ မွတ္ ပုံတင္ထုတ္ေပးထားသည့္ စာရင္းမွာ ၅၁ သန္းေက်ာ္ရွိေၾကာင္း သိရသည္။