ရုရှားထံမှ ရေနံတိုက်ရိုက်သွင်းရန် မြန်မာအစိုးရနှင့်ဥရောပအာရှ စီးပွားရေးသမဂ္ဂတို့ သဘောတူ

2988

အေဝိုင်အီး (NP News) - ဧပြီ ၅
လောင်စာဆီပြဿနာနှင့်ပတ်သက်၍ ရုရှားထံမှ ရေနံတိုက်ရိုက်တင်သွင်းခြင်းကို အိန္ဒိယနှင့်ဖြစ်စေ ၊ တရုတ်ပိုက်လိုင်းစီမံကိန်းမှဖြစ်စေ ဖက် စပ်လုပ်ဆောင်သွားရန် မြန်မာအစိုးရနှင့် ရုရှားဦးဆောင်သော ဥရောပအာရှစီးပွားရေးသမဂ္ဂတို့အကြား သဘောတူညီထားပြီဖြစ်ကာ ရန်ကုန် သန်လျှင်ရေနံချက်စက်ရုံကိုလည်း အဆင့်မြင့်တင်ခြင်းများ လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံသို့ မတ်လနောက်ဆုံးပတ်က လာရောက်ခဲ့သော ဥရောပအာရှစီးပွားရေးသမဂ္ဂ၏ အတွင်းရေးမှူးချုပ်ဖြစ်သူ မစ္စတာ အန်ဒရေ ဒီယန်စကီ(Andrey DIANSKY) ဦးဆောင်သောအဖွဲ့က မြန်မာဘက်မှတာဝန် ရှိသူများနှင့်ဆွေးနွေးခဲ့ပြီးနောက် အတည်ပြုနိုင်ခဲ့သော ပူးပေါင်းဆောင် ရွက်မှုတစ်ခုဖြစ်ကြောင်း နစက၏ထိပ်တန်းသတင်းရင်းမြစ်တစ်ဦးက NP News ကို အတည်ပြုပြောကြားသည်။ “ပထမစီမံချက်က သန်လျင်စက်ရုံကိုပြန်ပြီး ပြုပြင်မွမ်းမံအဆင့်မြင့်တင်မယ်။ ပိုက်လိုင်း ရန်ကုန်မြစ်ပြင် ပင်လယ်ဝအထိ သွယ်တန်းပြီးတော့ Offshore လုပ်ကွက်ပုံစံမျိုး လုပ်သွားဖို့ စီစဉ်ထားတယ်။ သင်္ဘောတွေက ကြီးလွန်းတော့ ရန်ကုန်မြစ်ထဲကို ဝင်လာပြီး ရေနံသိုလှောင်ဖြည့်တင်းမှုလုပ်ရမှာခက်တယ်” ဟု နစက၏ ထိပ်တန်းသတင်းရင်းမြစ်က NP News ကို ဧပြီလ(၂)ရက်တွင် အတည်ပြုပြောကြားသည်။
ရုရှားနိုင်ငံထံမှ တိုက်ရိုက်ဝယ်ယူမည့် ရေနံများကို ဈေးကွက်အတွင်း၌ သက်သာစွာရရှိစေရေးအတွက် နည်းလမ်းနှစ်သွယ်စဉ်းစားထားကြောင်းလည်း သတင်းရင်းမြစ်က အတည်ပြုသည်။ ပထမတစ်နည်းအဖြစ် ရုရှားမှတိုက်ရိုက်ဝယ်ယူထားသော ရေနံများကို ရန်ကုန်မြစ်အထိ သင်္ဘောကြီးများဖြင့် သယ်ဆောင်၍ သိုလှောင်ကန်များထံ ပို့ဆောင်မည့် အစီအစဉ်ဖြစ်ပြီး ယင်းအစီအစဉ်မှာ အခက်အခဲရှိနေသဖြင့် သိုလှောင်ကန်အဖြစ် အဓိကထားရှိမည်ဖြစ်သော သန်လျင်ရေနံချက်စက်ရုံကို အဆင့်မြင့်တင်ပေးရခြင်းများ ဖြစ်လာမည်ဟု ဆိုသည်။ သန်လျင်ရေနံချက်စက်ရုံနှင့် သိုလှောင်ကန်များဆီသို့ ရန်ကုန်မြစ်ဝ ကပ္ပလီပင်လယ်ကမ်းစပ်အနီးမှနေ၍ ကမ်းလွန်လုပ်ကွက်ပုံစံသကဲ့သို့ ဆိပ်ကမ်းကြီးတစ်ခု တည်ဆောက်ကာ ရေနံတင်သင်္ဘောများဆီမှ ပိုက်လိုင်းဖြင့် တွန်းလွှတ်ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ “ရန်ကုန်မြစ်ကို တူးပြီး သယ်ဖို့က အချိန်ယူရမယ်။ လွယ်လည်းမလွယ်ဘူး။ နှစ်စဉ်လုပ်နေရလိမ့်မယ်။ ပိုက်လိုင်းကတော့ စိတ်အချရဆုံးပဲ ” ဟု သတင်းရင်းမြစ်က ပြောသည်။
ဒုတိယတစ်နည်းအဖြစ် စဉ်းစားထားသော ပုံစံမှာ ရခိုင်ပြည်နယ် ကျောက်ဖြူဘက်ရှိ တရုတ်ပိုက်လိုင်းစီမံကိန်းကို တစ်စိတ်တစ်ပိုင်း ငှါးရမ်းအသုံးပြုရန်ဖြစ်ပြီး အဆိုပါပိုက်လိုင်းမှတစ်ဆင့် မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့ရှိ သံပုရာကန်ရေနံချက်စက်ရုံဆီသို့ ထပ်ဆင့်ပို့လွှတ်ခြင်းမျိုး ဖြစ်ကြောင်းလည်း သိရသည်။ “အဲဒါက လောလောဆယ်အလုပ်ဖြစ်နိုင်တာပါပဲ။ တရုတ်ပိုက်လိုင်းကိုတော့ ငှါးသုံးရမှာပေါ့။ ဒါမှလည်း ရေနံပြဿနာက နည်းနည်းဖြေရှင်းပြီးသားဖြစ်မယ် ”ဟု သတင်းရင်းမြစ်က ဆက်လက်ပြောကြားသည်။ ရုရှားဘက်ကလည်း ရေနံတင် သင်္ဘောများဖြင့် ပို့ဆောင်ပေးရေးတွင် ပင်လယ်နက်ဘက်မှဖြစ်စေ၊ ဂျပန်ဘက်မှဖြစ်စေ လမ်းကြောင်းနှစ်သွယ်ကို စဉ်းစားနေရပြီး အိန္ဒိယနှင့် ချုပ်ဆိုခဲ့သောစာချုပ်နှင့်အတူ ချိတ်ဆက်ပို့ဆောင်ရန် စဉ်းစားနေကြောင်းလည်း ထည့်သွင်းပြောကြားသည်။
သန်လျင်ရေနံချက်စက်ရုံမှ လက်ရှိအချိန်တွင် နေ့စဉ်ရေနံစည် (၂ဝဝဝဝ) သာထုတ်လုပ်နိုင်ပြီး သံပုရာကန်မှာ ၂၅ဝဝဝ အထိ ထုတ်လုပ်နိုင်ကြောင်း သိရသည်။ သို့သော်လည်း မြန်မာရေနံချက်စက်ရုံများမှာ အရည်အသွေးပိုင်း၌ မေးခွန်းထုတ်စရာများစွာရှိနေပြီး ရုရှားဘက်က ပို့ဆောင်မည့် ရေနံများမှာ အသင့်သုံးနိုင်သော အနေအထားမျိုးကိုသာ ပို့ဆောင်မည်ဖြစ်ကြောင်းနှင့် မြန်မာဘက်က တန်ချိန်သိန်းချီဆန့်သော သိုလှောင်ကန်များကို ပြင်ဆင်ထားရန် လိုအပ်ကြောင်းလည်း သိရသည်။

zawgyi version
႐ုရွားထံမွ ေရနံတိုက္႐ိုက္သြင္းရန္ ျမန္မာအစိုးရႏွင့္ဥေရာပအာရွ စီးပြားေရးသမဂၢတို႔ သေဘာတူ
ေအဝိုင္အီး (NP News) - ဧၿပီ ၅
ေလာင္စာဆီျပႆနာႏွင့္ပတ္သက္၍ ႐ုရွားထံမွ ေရနံတိုက္႐ိုက္တင္သြင္းျခင္းကို အိႏၵိယႏွင့္ျဖစ္ေစ ၊ တ႐ုတ္ပိုက္လိုင္းစီမံကိန္းမွျဖစ္ေစ ဖက္ စပ္လုပ္ေဆာင္သြားရန္ ျမန္မာအစိုးရႏွင့္ ႐ုရွားဦးေဆာင္ေသာ ဥေရာပအာရွစီးပြားေရးသမဂၢတို႔အၾကား သေဘာတူညီထားၿပီျဖစ္ကာ ရန္ကုန္ သန္လွ်င္ေရနံခ်က္စက္႐ုံကိုလည္း အဆင့္ျမင့္တင္ျခင္းမ်ား လုပ္ေဆာင္ေတာ့မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။
ျမန္မာႏိုင္ငံသို႔ မတ္လေနာက္ဆုံးပတ္က လာေရာက္ခဲ့ေသာ ဥေရာပအာရွစီးပြားေရးသမဂၢ၏ အတြင္းေရးမႉးခ်ဳပ္ျဖစ္သူ မစၥတာ အန္ဒေရ ဒီယန္စကီ(Andrey DIANSKY) ဦးေဆာင္ေသာအဖြဲ႕က ျမန္မာဘက္မွတာဝန္ ရွိသူမ်ားႏွင့္ေဆြးေႏြးခဲ့ၿပီးေနာက္ အတည္ျပဳႏိုင္ခဲ့ေသာ ပူးေပါင္းေဆာင္ ႐ြက္မႈတစ္ခုျဖစ္ေၾကာင္း နစက၏ထိပ္တန္းသတင္းရင္းျမစ္တစ္ဦးက NP News ကို အတည္ျပဳေျပာၾကားသည္။ “ပထမစီမံခ်က္က သန္လ်င္စက္႐ုံကိုျပန္ၿပီး ျပဳျပင္မြမ္းမံအဆင့္ျမင့္တင္မယ္။ ပိုက္လိုင္း ရန္ကုန္ျမစ္ျပင္ ပင္လယ္ဝအထိ သြယ္တန္းၿပီးေတာ့ Offshore လုပ္ကြက္ပုံစံမ်ိဳး လုပ္သြားဖို႔ စီစဥ္ထားတယ္။ သေဘၤာေတြက ႀကီးလြန္းေတာ့ ရန္ကုန္ျမစ္ထဲကို ဝင္လာၿပီး ေရနံသိုေလွာင္ျဖည့္တင္းမႈလုပ္ရမွာခက္တယ္” ဟု နစက၏ ထိပ္တန္းသတင္းရင္းျမစ္က NP News ကို ဧၿပီလ(၂)ရက္တြင္ အတည္ျပဳေျပာၾကားသည္။
႐ုရွားႏိုင္ငံထံမွ တိုက္႐ိုက္ဝယ္ယူမည့္ ေရနံမ်ားကို ေဈးကြက္အတြင္း၌ သက္သာစြာရရွိေစေရးအတြက္ နည္းလမ္းႏွစ္သြယ္စဥ္းစားထားေၾကာင္းလည္း သတင္းရင္းျမစ္က အတည္ျပဳသည္။ ပထမတစ္နည္းအျဖစ္ ႐ုရွားမွတိုက္႐ိုက္ဝယ္ယူထားေသာ ေရနံမ်ားကို ရန္ကုန္ျမစ္အထိ သေဘၤာႀကီးမ်ားျဖင့္ သယ္ေဆာင္၍ သိုေလွာင္ကန္မ်ားထံ ပို႔ေဆာင္မည့္ အစီအစဥ္ျဖစ္ၿပီး ယင္းအစီအစဥ္မွာ အခက္အခဲရွိေနသျဖင့္ သိုေလွာင္ကန္အျဖစ္ အဓိကထားရွိမည္ျဖစ္ေသာ သန္လ်င္ေရနံခ်က္စက္႐ုံကို အဆင့္ျမင့္တင္ေပးရျခင္းမ်ား ျဖစ္လာမည္ဟု ဆိုသည္။ သန္လ်င္ေရနံခ်က္စက္႐ုံႏွင့္ သိုေလွာင္ကန္မ်ားဆီသို႔ ရန္ကုန္ျမစ္ဝ ကပၸလီပင္လယ္ကမ္းစပ္အနီးမွေန၍ ကမ္းလြန္လုပ္ကြက္ပုံစံသကဲ့သို႔ ဆိပ္ကမ္းႀကီးတစ္ခု တည္ေဆာက္ကာ ေရနံတင္သေဘၤာမ်ားဆီမွ ပိုက္လိုင္းျဖင့္ တြန္းလႊတ္ျခင္းမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။ “ရန္ကုန္ျမစ္ကို တူးၿပီး သယ္ဖို႔က အခ်ိန္ယူရမယ္။ လြယ္လည္းမလြယ္ဘူး။ ႏွစ္စဥ္လုပ္ေနရလိမ့္မယ္။ ပိုက္လိုင္းကေတာ့ စိတ္အခ်ရဆုံးပဲ ” ဟု သတင္းရင္းျမစ္က ေျပာသည္။
ဒုတိယတစ္နည္းအျဖစ္ စဥ္းစားထားေသာ ပုံစံမွာ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴဘက္ရွိ တ႐ုတ္ပိုက္လိုင္းစီမံကိန္းကို တစ္စိတ္တစ္ပိုင္း ငွါးရမ္းအသုံးျပဳရန္ျဖစ္ၿပီး အဆိုပါပိုက္လိုင္းမွတစ္ဆင့္ မေကြးတိုင္းေဒသႀကီး အထက္မင္းလွၿမိဳ႕ရွိ သံပုရာကန္ေရနံခ်က္စက္႐ုံဆီသို႔ ထပ္ဆင့္ပို႔လႊတ္ျခင္းမ်ိဳး ျဖစ္ေၾကာင္းလည္း သိရသည္။ “အဲဒါက ေလာေလာဆယ္အလုပ္ျဖစ္ႏိုင္တာပါပဲ။ တ႐ုတ္ပိုက္လိုင္းကိုေတာ့ ငွါးသုံးရမွာေပါ့။ ဒါမွလည္း ေရနံျပႆနာက နည္းနည္းေျဖရွင္းၿပီးသားျဖစ္မယ္ ”ဟု သတင္းရင္းျမစ္က ဆက္လက္ေျပာၾကားသည္။ ႐ုရွားဘက္ကလည္း ေရနံတင္ သေဘၤာမ်ားျဖင့္ ပို႔ေဆာင္ေပးေရးတြင္ ပင္လယ္နက္ဘက္မွျဖစ္ေစ၊ ဂ်ပန္ဘက္မွျဖစ္ေစ လမ္းေၾကာင္းႏွစ္သြယ္ကို စဥ္းစားေနရၿပီး အိႏၵိယႏွင့္ ခ်ဳပ္ဆိုခဲ့ေသာစာခ်ဳပ္ႏွင့္အတူ ခ်ိတ္ဆက္ပို႔ေဆာင္ရန္ စဥ္းစားေနေၾကာင္းလည္း ထည့္သြင္းေျပာၾကားသည္။
သန္လ်င္ေရနံခ်က္စက္႐ုံမွ လက္ရွိအခ်ိန္တြင္ ေန႔စဥ္ေရနံစည္ (၂ဝဝဝဝ) သာထုတ္လုပ္ႏိုင္ၿပီး သံပုရာကန္မွာ ၂၅ဝဝဝ အထိ ထုတ္လုပ္ႏိုင္ေၾကာင္း သိရသည္။ သို႔ေသာ္လည္း ျမန္မာေရနံခ်က္စက္႐ုံမ်ားမွာ အရည္အေသြးပိုင္း၌ ေမးခြန္းထုတ္စရာမ်ားစြာရွိေနၿပီး ႐ုရွားဘက္က ပို႔ေဆာင္မည့္ ေရနံမ်ားမွာ အသင့္သုံးႏိုင္ေသာ အေနအထားမ်ိဳးကိုသာ ပို႔ေဆာင္မည္ျဖစ္ေၾကာင္းႏွင့္ ျမန္မာဘက္က တန္ခ်ိန္သိန္းခ်ီဆန႔္ေသာ သိုေလွာင္ကန္မ်ားကို ျပင္ဆင္ထားရန္ လိုအပ္ေၾကာင္းလည္း သိရသည္။