ဥရောပနိုင်ငံများသည် သူတစ်ပါး၏ သွေးများဖြင့် စီးပွားရှာနေဟု ယူကရိန်း သမ္မတရှုတ်ချ
1340
Htay Oung (NP News) - ဧပြီ ၁၅
ရုရှားရေနံဝယ်ယူခြင်းကို ရပ်တန့်ရန် ငြင်းဆိုခြင်းမှာ သူတစ်ပါး၏ သွေးများဖြင့် ငွေရှာဖွေခြင်းဖြစ်သည်ဟု ဥရောပနိုင်ငံများအား ဗိုလိုဒီမြာဇီလန်စကီးက ယမန်နေ့ည(ဧပြီလ ၁၄ ရက်)၌ စွပ်စွဲလိုက်သည်။ ဂျာမနီနှင့် ဟန်ဂေရီတို့၏ ငြင်း ဆိုခြင်းသည် ရုရှားစွမ်းအင်အပေါ် အလုံးစုံ မှီခိုမည်ဟု ဆိုလိုရာရောက်ကြောင်း ယူကရိန်းသမ္မတက ပြောဆိုသည်ဟု ဗြိတိန်အခြေစိုက် Daily Mail က ဧပြီလ ၁၅ ရက်ကရေးသားသည်။
“ ဘယ်နှယ်လုပ်ပြီး သွေးတွေထဲက ပိုက်ဆံရှာနေတယ်ဆိုတာ မပြောတတ်တော့ဘူး၊ ဆိုးရွားတာက အဲဒီလို လုပ်နေတာ ဥရောပမှာရှိတဲ့ နိုင်ငံတစ်ချို့ဖြစ်နေတယ်။” “ဥပမာ၊ ပွင့်ပွင့်လင်းလင်း ပြောချင်တာက ဥရောပနိုင်ငံ တွေရဲ့ ရုရှားရေနံအပေါ် ဒဏ်ခတ်ပိတ်ဆို့ရေးလို့ ကျွန်တော်တို့သိထားတဲ့ ကိစ္စမှာ ဂျာမနီနဲ့ ဟန်ဂေရီတို့က အဓိ က အဟန့်အတားလုပ်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။” ..” ရေနံဝယ်ယူမှု ဒဏ်ခတ်ပိတ်ဆို့ရေးကိစ္စနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂအတွင်း ဒီလို ကွဲပြားတဲ့ အမြင် သဘော ထားတွေအတွက် အဲ့ဒီနိုင်ငံတွေနဲ့ ဆွေးနွေး ချင်ပါတယ်..” ဟု ဇီလန်စကီးက ပြောဆိုသည်။
လွန်ခဲ့သည့် သီတင်းပတ်အတွင်း စုဆောင်းရရှိခဲ့သည့် ကိန်းဂဏန်းများအရ အီးယူသည် စွမ်းအင်အတွက် ရုရှားအား စတာလင်ပေါင် ၂၉ ဘီလျံပေးချေခဲ့ကြောင်း တွေ့ရှိရသည်။ နှိုင်းယှဉ်ကြည့်လျှင် ထိုကာလအတွင်း ၎င်းတို့က ယူကရိန်းအား စစ်ရေးအကူအညီ ပေါင်သန်း ၈၃၀ ခန့်သာ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဥရောပသမဂ္ဂသည် ရုရှားနိုင်ငံမှ ကျောက်မီးသွေးတင်သွင်းနေမှုကို တားမြစ်ခဲ့သော်လည်း ရုရှား၏ စွမ်းအင် ဝယ်ယူနေခြင်းကို လုံးဝရပ်တန့်ရေး တောင်းဆိုမှုကိုမူ ငြင်းဆန်ခဲ့သည်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ဓာတ်ငွေ့လိုအပ်ချက် ၄၀ ရာခိုင်နှုန်းခန့်ကို ရုရှားထံမှ ရရှိသည်။ ရုရှား၏ ရေနံ တင်ပို့မှု လေးပုံတစ်ပုံသည် ဂျာမနီက ဝယ်ယူခြင်းဖြစ်ပြီး ကျူးကျော်မှုမတိုင်မီ ၃၅ ရာခိုင်နှုန်းမှ လျော့ကျလာ ခြင်းဖြစ်သည်။ အလားတူ သဘာဝဓာတ်ငွေ့တင်သွင်းမှု၌လည်း ၅၅ ရာခိုင်နှုန်းမှ ၄ဝ ရာခိုင်နှုန်းအထိ ဖြတ် တောက်ခဲ့သည်။ ဗြိတိန်သည် ရုရှားထံမှ ရေနံ ၈ ရာခိုင်နှုန်းခန့်သာ ရရှိနေသော်လည်း ယခုနှစ်ကုန်ခန့် ရောက်မှ သာ တင်သွင်း နေရခြင်းများကို ရပ်ဆိုင်းနိုင်ဖွယ်ရှိကြောင်း ပြောကြားထားသည်။
ကိရိယက်ဗ်၏ အခြေအနေနှင့် ပတ်သက်၍ ယူကရိန်းသို့ နောက်ထပ်လက်နက်များ ထောက်ပံ့ပေးရန် ဇီလင် စကီးက တောင်းဆိုခဲ့သည်။
“အမေရိကန်၊ ဗြိတိန်၊ ဥရောပနိုင်ငံတချို့က ကူညီပါမယ်.. ကူညီဖို့ ကြိုးစားနေပါပြီလို့ ပြောနေကြပါတယ်။ ဒါပေ မဲ့ အမြန်ဆုံးလုပ်ဖို့ ခုထိ လိုအပ်နေပါတယ်၊ ပြောသလို ချက်ချင်း လုပ်ပြရပါလိမ့်မယ်ဟု ဇီလင်စကီးက BBC သို့ ပြောကြားသည်။
ယူကရိန်းအပေါ် ဆက်လက်ထောက်ခံလျှက်ရှိကြောင်း ဖော်ပြရန်အတွက် အမေရိကန် ထိပ်တန်း အရာရှိ တစ် ဦးကို ကိရိယက်ဗ်သို့ စေလွှတ်ရန် ဝါရှင်တန်က ချိန်ဆလျှက်ရှိသည်။ သို့သော် သမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် အဆိုပါ ခရီးစဉ်ကို ဆောင်ရွက်နိုင်ဖွယ် မရှိပေ။
ဘောရစ်ဂျွန်ဆင် အပါအဝင် အနောက်နိုင်ငံခေါင်းဆောင် အများအပြားသည် မကြာသေးမီ သီတင်းပတ်များ အတွင်း မြို့တော် ကိရိယက်ဗ်သို့ လာရောက်ခဲ့ကြသည်။ လာရောက်လည်ပတ်ခြင်းဖြင့် ထောက်ခံကြောင်း ပြသရန် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ထိုကိစ္စတွင် အသက် ၇၉ နှစ်အရွယ် သမ္မတထက် အစိုးရအဖွဲ့ဝင် တစ်ဦးဦး ဖြစ်ဖွယ်ရှိသည်ဟု အရေိကန်အရာရှိများက ဆိုသည်။
နိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင်ကင် သို့မဟုတ် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့ ဖြစ်ဖွယ်ရှိ ကြောင်း သတင်းရင်းမြစ်များက ပြောပြသည်။ ၎င်းအတွက် မကြာမီ ဆုံးဖြတ်မည်ဖြစ်ကြောင်း ယမန်နေ့ညတွင် ဂျိုးဘိုင်ဒင်က သတင်းထောက်များအား အတည်ပြုသည်။
ဘောရစ်ဂျွန်ဆင်သည် ဇီလင်စကီးနှင့် တွေ့ဆုံရန် စနေ့နေ့တွင် ကိရိယက်ဗ်သို့ ရောက်ရှိလာသည်။ ဗြိတိန်ဝန် ကြီးချုပ်၏ မမျှော်လင့်သည့် ခရီးစဉ်နှင့် ပတ်သက်၍ ၎င်း၏ အနီးကပ်လက်ထောက်များပင်လျှင် မသိရှိခဲ့ကြပေ။ ဘောရစ်ဂျွန်ဆင်နှင့်အတူ ပိုလန်၊ ချက်သမ္မတနိုင်ငံနှင့် သြစတြီးယားနိုင်ငံတို့မှ ခေါင်းဆောင်များအပြင် ဥရောပ ကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန်တို့လည်း လိုက်ပါလာခဲ့သည်။
အမေရိကန်၏ မည်သည့်ခရီးစဉ်မဆို အလားတူ လုံခြုံရေးအကြောင်းပြချက်ဖြင့် ကြိုတင် သတင်းထုတ်ပြန် ခြင်းမပြုဘဲ ပြုလုပ်သွားဖွယ်ရှိသည်။
အိုင်ယာလန်နိုင်ငံခြားရေးဝန်ကြီး ဆိုင်မွန်_ကွန်ဗင်နီသည် ယမန်နေ့တွင် ကိရိယက်ဗ်သို့ လာရောက်လည်ပတ် သည့် နောက်ဆုံး ဥရောပနိုင်ငံရေးသမားဖြစ်လာခဲ့ပြီး ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာအပြင် ကာကွယ်ရေးဝန်ကြီးတို့နှင့်လည်း တွေ့ဆုံခဲ့သည်။
အိုင်ယာလန်သည် ယူကရိန်းအပေါ် ထောက်ခံကြောင်း လက်တွေ့ပြသမည်ဖြစ်ပြီး ကြားနေမည် မဟုတ်ကြောင်း တွေ့ဆုံပွဲအပြီး အိုင်ယာလန်၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။
zawgyi version
ဥေရာပႏိုင္ငံမ်ားသည္ သူတစ္ပါး၏ ေသြးမ်ားျဖင့္ စီးပြားရွာေနဟု ယူကရိန္း သမၼတရႈတ္ခ်
Htay Oung (NP News) - ဧၿပီ ၁၅
႐ုရွားေရနံဝယ္ယူျခင္းကို ရပ္တန႔္ရန္ ျငင္းဆိုျခင္းမွာ သူတစ္ပါး၏ ေသြးမ်ားျဖင့္ ေငြရွာေဖြျခင္းျဖစ္သည္ဟု ဥေရာပႏိုင္ငံမ်ားအား ဗိုလိုဒီျမာဇီလန္စကီးက ယမန္ေန႔ည(ဧၿပီလ ၁၄ ရက္)၌ စြပ္စြဲလိုက္သည္။ ဂ်ာမနီႏွင့္ ဟန္ေဂရီတို႔၏ ျငင္း ဆိုျခင္းသည္ ႐ုရွားစြမ္းအင္အေပၚ အလုံးစုံ မွီခိုမည္ဟု ဆိုလိုရာေရာက္ေၾကာင္း ယူကရိန္းသမၼတက ေျပာဆိုသည္ဟု ၿဗိတိန္အေျခစိုက္ Daily Mail က ဧၿပီလ ၁၅ ရက္ကေရးသားသည္။
“ ဘယ္ႏွယ္လုပ္ၿပီး ေသြးေတြထဲက ပိုက္ဆံရွာေနတယ္ဆိုတာ မေျပာတတ္ေတာ့ဘူး၊ ဆိုး႐ြားတာက အဲဒီလို လုပ္ေနတာ ဥေရာပမွာရွိတဲ့ ႏိုင္ငံတစ္ခ်ိဳ႕ျဖစ္ေနတယ္။” “ဥပမာ၊ ပြင့္ပြင့္လင္းလင္း ေျပာခ်င္တာက ဥေရာပႏိုင္ငံ ေတြရဲ႕ ႐ုရွားေရနံအေပၚ ဒဏ္ခတ္ပိတ္ဆို႔ေရးလို႔ ကြၽန္ေတာ္တို႔သိထားတဲ့ ကိစၥမွာ ဂ်ာမနီနဲ႔ ဟန္ေဂရီတို႔က အဓိ က အဟန႔္အတားလုပ္ေနတယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။” ..” ေရနံဝယ္ယူမႈ ဒဏ္ခတ္ပိတ္ဆို႔ေရးကိစၥနဲ႔ ပတ္သက္ၿပီး ဥေရာပသမဂၢအတြင္း ဒီလို ကြဲျပားတဲ့ အျမင္ သေဘာ ထားေတြအတြက္ အဲ့ဒီႏိုင္ငံေတြနဲ႔ ေဆြးေႏြး ခ်င္ပါတယ္..” ဟု ဇီလန္စကီးက ေျပာဆိုသည္။
လြန္ခဲ့သည့္ သီတင္းပတ္အတြင္း စုေဆာင္းရရွိခဲ့သည့္ ကိန္းဂဏန္းမ်ားအရ အီးယူသည္ စြမ္းအင္အတြက္ ႐ုရွားအား စတာလင္ေပါင္ ၂၉ ဘီလ်ံေပးေခ်ခဲ့ေၾကာင္း ေတြ႕ရွိရသည္။ ႏႈိင္းယွဥ္ၾကည့္လွ်င္ ထိုကာလအတြင္း ၎တို႔က ယူကရိန္းအား စစ္ေရးအကူအညီ ေပါင္သန္း ၈၃၀ ခန႔္သာ ေပးအပ္ခဲ့ေၾကာင္း သိရွိရသည္။
ဥေရာပသမဂၢသည္ ႐ုရွားႏိုင္ငံမွ ေက်ာက္မီးေသြးတင္သြင္းေနမႈကို တားျမစ္ခဲ့ေသာ္လည္း ႐ုရွား၏ စြမ္းအင္ ဝယ္ယူေနျခင္းကို လုံးဝရပ္တန႔္ေရး ေတာင္းဆိုမႈကိုမူ ျငင္းဆန္ခဲ့သည္။
ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ဓာတ္ေငြ႕လိုအပ္ခ်က္ ၄၀ ရာခိုင္ႏႈန္းခန႔္ကို ႐ုရွားထံမွ ရရွိသည္။ ႐ုရွား၏ ေရနံ တင္ပို႔မႈ ေလးပုံတစ္ပုံသည္ ဂ်ာမနီက ဝယ္ယူျခင္းျဖစ္ၿပီး က်ဴးေက်ာ္မႈမတိုင္မီ ၃၅ ရာခိုင္ႏႈန္းမွ ေလ်ာ့က်လာ ျခင္းျဖစ္သည္။ အလားတူ သဘာဝဓာတ္ေငြ႕တင္သြင္းမႈ၌လည္း ၅၅ ရာခိုင္ႏႈန္းမွ ၄ဝ ရာခိုင္ႏႈန္းအထိ ျဖတ္ ေတာက္ခဲ့သည္။ ၿဗိတိန္သည္ ႐ုရွားထံမွ ေရနံ ၈ ရာခိုင္ႏႈန္းခန႔္သာ ရရွိေနေသာ္လည္း ယခုႏွစ္ကုန္ခန႔္ ေရာက္မွ သာ တင္သြင္း ေနရျခင္းမ်ားကို ရပ္ဆိုင္းႏိုင္ဖြယ္ရွိေၾကာင္း ေျပာၾကားထားသည္။
ကိရိယက္ဗ္၏ အေျခအေနႏွင့္ ပတ္သက္၍ ယူကရိန္းသို႔ ေနာက္ထပ္လက္နက္မ်ား ေထာက္ပံ့ေပးရန္ ဇီလင္ စကီးက ေတာင္းဆိုခဲ့သည္။
“အေမရိကန္၊ ၿဗိတိန္၊ ဥေရာပႏိုင္ငံတခ်ိဳ႕က ကူညီပါမယ္.. ကူညီဖို႔ ႀကိဳးစားေနပါၿပီလို႔ ေျပာေနၾကပါတယ္။ ဒါေပ မဲ့ အျမန္ဆုံးလုပ္ဖို႔ ခုထိ လိုအပ္ေနပါတယ္၊ ေျပာသလို ခ်က္ခ်င္း လုပ္ျပရပါလိမ့္မယ္ဟု ဇီလင္စကီးက BBC သို႔ ေျပာၾကားသည္။
ယူကရိန္းအေပၚ ဆက္လက္ေထာက္ခံလွ်က္ရွိေၾကာင္း ေဖာ္ျပရန္အတြက္ အေမရိကန္ ထိပ္တန္း အရာရွိ တစ္ ဦးကို ကိရိယက္ဗ္သို႔ ေစလႊတ္ရန္ ဝါရွင္တန္က ခ်ိန္ဆလွ်က္ရွိသည္။ သို႔ေသာ္ သမၼတ ဂ်ိဳးဘိုင္ဒင္အေနျဖင့္ အဆိုပါ ခရီးစဥ္ကို ေဆာင္႐ြက္ႏိုင္ဖြယ္ မရွိေပ။
ေဘာရစ္ဂြၽန္ဆင္ အပါအဝင္ အေနာက္ႏိုင္ငံေခါင္းေဆာင္ အမ်ားအျပားသည္ မၾကာေသးမီ သီတင္းပတ္မ်ား အတြင္း ၿမိဳ႕ေတာ္ ကိရိယက္ဗ္သို႔ လာေရာက္ခဲ့ၾကသည္။ လာေရာက္လည္ပတ္ျခင္းျဖင့္ ေထာက္ခံေၾကာင္း ျပသရန္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ေနသည္ဟု သတင္းမ်ား ထြက္ေပၚခဲ့ေသာ္လည္း ထိုကိစၥတြင္ အသက္ ၇၉ ႏွစ္အ႐ြယ္ သမၼတထက္ အစိုးရအဖြဲ႕ဝင္ တစ္ဦးဦး ျဖစ္ဖြယ္ရွိသည္ဟု အေရိကန္အရာရွိမ်ားက ဆိုသည္။
ႏိုင္ငံျခားေရးဝန္ႀကီး အန္သိုနီဘလင္ကင္ သို႔မဟုတ္ ကာကြယ္ေရးဝန္ႀကီး လြိဳက္ေအာ္စတင္တို႔ ျဖစ္ဖြယ္ရွိ ေၾကာင္း သတင္းရင္းျမစ္မ်ားက ေျပာျပသည္။ ၎အတြက္ မၾကာမီ ဆုံးျဖတ္မည္ျဖစ္ေၾကာင္း ယမန္ေန႔ညတြင္ ဂ်ိဳးဘိုင္ဒင္က သတင္းေထာက္မ်ားအား အတည္ျပဳသည္။
ေဘာရစ္ဂြၽန္ဆင္သည္ ဇီလင္စကီးႏွင့္ ေတြ႕ဆုံရန္ စေန႔ေန႔တြင္ ကိရိယက္ဗ္သို႔ ေရာက္ရွိလာသည္။ ၿဗိတိန္ဝန္ ႀကီးခ်ဳပ္၏ မေမွ်ာ္လင့္သည့္ ခရီးစဥ္ႏွင့္ ပတ္သက္၍ ၎၏ အနီးကပ္လက္ေထာက္မ်ားပင္လွ်င္ မသိရွိခဲ့ၾကေပ။ ေဘာရစ္ဂြၽန္ဆင္ႏွင့္အတူ ပိုလန္၊ ခ်က္သမၼတႏိုင္ငံႏွင့္ ၾသစႀတီးယားႏိုင္ငံတို႔မွ ေခါင္းေဆာင္မ်ားအျပင္ ဥေရာပ ေကာ္မရွင္ဥကၠ႒ အာဆူလာဗြန္ဒါလီယန္တို႔လည္း လိုက္ပါလာခဲ့သည္။
အေမရိကန္၏ မည္သည့္ခရီးစဥ္မဆို အလားတူ လုံၿခဳံေရးအေၾကာင္းျပခ်က္ျဖင့္ ႀကိဳတင္ သတင္းထုတ္ျပန္ ျခင္းမျပဳဘဲ ျပဳလုပ္သြားဖြယ္ရွိသည္။
အိုင္ယာလန္ႏိုင္ငံျခားေရးဝန္ႀကီး ဆိုင္မြန္_ကြန္ဗင္နီသည္ ယမန္ေန႔တြင္ ကိရိယက္ဗ္သို႔ လာေရာက္လည္ပတ္ သည့္ ေနာက္ဆုံး ဥေရာပႏိုင္ငံေရးသမားျဖစ္လာခဲ့ၿပီး ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီး ဒီမီထ႐ိုကူလီဘာအျပင္ ကာကြယ္ေရးဝန္ႀကီးတို႔ႏွင့္လည္း ေတြ႕ဆုံခဲ့သည္။
အိုင္ယာလန္သည္ ယူကရိန္းအေပၚ ေထာက္ခံေၾကာင္း လက္ေတြ႕ျပသမည္ျဖစ္ၿပီး ၾကားေနမည္ မဟုတ္ေၾကာင္း ေတြ႕ဆုံပြဲအၿပီး အိုင္ယာလန္၏ သတင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပပါရွိသည္။