ဂျပန်အစိုးရက နှစ်စဉ်ပြုလုပ်နေတဲ့ လေ့ကျင့်သင်ကြားရေးအစီအစဉ်တွေထဲမှာ မြန်မာစစ်သား ၄ ဦးကို တက်ရောက်သင်ယူခွင့်ပြု

1047

ဂျန်ဇက် (NP News) - ဧပြီ ၂၇
ဂျပန်အစိုးရဟာ နှစ်စဉ်ပြုလုပ်နေတဲ့လေ့ကျင့်သင်ကြားရေး အစီအစဉ်များအတွက် မြန်မာစစ်ဘက်က စစ်သား လေးဦးကို လက်ခံခဲ့ကြောင်း ဂျပန်သတင်းတွေက ဆိုပါတယ်။
မြန်မာစစ်သားအရာရှိတွေကို သင်တန်းများတက်ရောက်ခွင့်ပေးခြင်းနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံအပေါ် နိုင်ငံတကာ အဖွဲ့အစည်းများက ဝေဖန်မှုများရှိနေပေမယ့်လည်း ဂျပန်အစိုးရကတော့ မြန်မာစစ်ဘက်က အဖွဲ့ဝင် ၄ ဦးကို လက်ခံပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီး နိုဘူအို ကီရှီက မြန်မာနိုင်ငံက စစ်သားသုံးဦးဟာ ဂျပန်ကာကွယ်ရေးတက္ကသိုလ်က ပြုလုပ်မယ့်အစီအစဉ်တွေမှာ တက်ရောက်သင်ကြားခွင့်ရမှာဖြစ်သလို အခြားတစ်ဦးကတော့ ဂျပန်လေကြောင်း ကာကွယ်ရေးတက္ကသိုလ်အစီစဉ်တွေမှာ ပါဝင်ခွင့်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်တပ်ရဲ့တပ်ဖွဲ့ဝင်တွေကို ဂျပန်အစိုးရက ပညာသင်ကြားရေးအစီအစဉ် တွေထဲ ပါဝင်ခွင့်ပေးနေတဲ့အပေါ် လူအခွင့်ရေးအဖွဲ့အစည်းများက ပြစ်တင်ဝေဖန်ခဲ့ဖူးပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီးက ၎င်းတို့ိအနေနဲ့ မြန်မာစစ်သားများကို နှစ်စဉ်ပြုလုပ်နေကျ လေ့ကျင့်သင်ကြားရေး အစီအစဉ်တွေထဲမှာ ပါဝင်ခွင့်ပေးခြင်းနဲ့ပတ်သက်ပြီး ဆွေးနွေးမှုများလုပ်ခဲ့ကြောင်း၊ လေ့ကျင့်သင်ကြားရေး အစီအစဉ်တွေဟာ ဒီမိုကရေစီနဲ့ အရပ်သားထိန်းချုပ်ရေးအစီအစဉ်များကို ပိုမိုဖွံ့ဖြိုးအောင်လုပ်ဆောင်မယ့် အစီအစဉ်သာဖြစ်တယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံက ပြုလုပ်မယ့်လေ့ကျင့်သင်ကြားရေးအစီအစဉ်တွေမှာ မြန်မာစစ်ဘက်က သင်တန်းသားတွေကို ပါဝင် ခွင့်ပေးခဲ့ခြင်းကို အလွန်မင်းစိတ်မကောင်းနောင်တဖြစ်စေမိကြောင်း လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကာဆိုင်း က ပြောပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများ အလုပ်သမား အစည်းအရုံးတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးမြင့်ဆွေက ဂျပန်အစိုးရ ဆုံးဖြတ်ချက်တွေကို ပြစ်တင်ဝေဖန်ခဲ့တယ်လို့ သိရပါတယ်။
https://www.asahi.com/ajw/articles/14608799

Zawgyi Version;
ဂ်ပန္အစိုးရက ႏွစ္စဥ္ျပဳလုပ္ေနတဲ့ ေလ့က်င့္သင္ၾကားေရးအစီအစဥ္ေတြထဲမွာ ျမန္မာစစ္သား ၄ ဦးကို တက္ေရာက္သင္ယူခြင့္ျပဳ
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၇
ဂ်ပန္အစိုးရဟာ ႏွစ္စဥ္ျပဳလုပ္ေနတဲ့ေလ့က်င့္သင္ၾကားေရး အစီအစဥ္မ်ားအတြက္ ျမန္မာစစ္ဘက္က စစ္သား ေလးဦးကို လက္ခံခဲ့ေၾကာင္း ဂ်ပန္သတင္းေတြက ဆိုပါတယ္။
ျမန္မာစစ္သားအရာရွိေတြကို သင္တန္းမ်ားတက္ေရာက္ခြင့္ေပးျခင္းနဲ႔ပတ္သက္ၿပီး ဂ်ပန္ႏိုင္ငံအေပၚ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားက ေဝဖန္မႈမ်ားရွိေနေပမယ့္လည္း ဂ်ပန္အစိုးရကေတာ့ ျမန္မာစစ္ဘက္က အဖြဲ႕ဝင္ ၄ ဦးကို လက္ခံေပးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ဂ်ပန္ကာကြယ္ေရးဝန္ႀကီး ႏိုဘူအို ကီရွီက ျမန္မာႏိုင္ငံက စစ္သားသုံးဦးဟာ ဂ်ပန္ကာကြယ္ေရးတကၠသိုလ္က ျပဳလုပ္မယ့္အစီအစဥ္ေတြမွာ တက္ေရာက္သင္ၾကားခြင့္ရမွာျဖစ္သလို အျခားတစ္ဦးကေတာ့ ဂ်ပန္ေလေၾကာင္း ကာကြယ္ေရးတကၠသိုလ္အစီစဥ္ေတြမွာ ပါဝင္ခြင့္ရမွာျဖစ္တယ္လို႔ ဆိုပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း စစ္တပ္ရဲ႕တပ္ဖြဲ႕ဝင္ေတြကို ဂ်ပန္အစိုးရက ပညာသင္ၾကားေရးအစီအစဥ္ ေတြထဲ ပါဝင္ခြင့္ေပးေနတဲ့အေပၚ လူအခြင့္ေရးအဖြဲ႕အစည္းမ်ားက ျပစ္တင္ေဝဖန္ခဲ့ဖူးပါတယ္။
ဂ်ပန္ကာကြယ္ေရးဝန္ႀကီးက ၎တို႔ိအေနနဲ႔ ျမန္မာစစ္သားမ်ားကို ႏွစ္စဥ္ျပဳလုပ္ေနက် ေလ့က်င့္သင္ၾကားေရး အစီအစဥ္ေတြထဲမွာ ပါဝင္ခြင့္ေပးျခင္းနဲ႔ပတ္သက္ၿပီး ေဆြးေႏြးမႈမ်ားလုပ္ခဲ့ေၾကာင္း၊ ေလ့က်င့္သင္ၾကားေရး အစီအစဥ္ေတြဟာ ဒီမိုကေရစီနဲ႔ အရပ္သားထိန္းခ်ဳပ္ေရးအစီအစဥ္မ်ားကို ပိုမိုဖြံ႕ၿဖိဳးေအာင္လုပ္ေဆာင္မယ့္ အစီအစဥ္သာျဖစ္တယ္လို႔ ဆိုပါတယ္။
ဂ်ပန္ႏိုင္ငံက ျပဳလုပ္မယ့္ေလ့က်င့္သင္ၾကားေရးအစီအစဥ္ေတြမွာ ျမန္မာစစ္ဘက္က သင္တန္းသားေတြကို ပါဝင္ ခြင့္ေပးခဲ့ျခင္းကို အလြန္မင္းစိတ္မေကာင္းေနာင္တျဖစ္ေစမိေၾကာင္း လူအခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႕ တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ ကာဆိုင္း က ေျပာပါတယ္။ ဒါ့အျပင္ ဂ်ပန္ႏိုင္ငံရွိ ျမန္မာႏိုင္ငံသားမ်ား အလုပ္သမား အစည္းအ႐ုံးတာဝန္ရွိသူတစ္ဦးျဖစ္တဲ့ ဦးျမင့္ေဆြက ဂ်ပန္အစိုးရ ဆုံးျဖတ္ခ်က္ေတြကို ျပစ္တင္ေဝဖန္ခဲ့တယ္လို႔ သိရပါတယ္။
https://www.asahi.com/ajw/articles/14608799