အပူလှိုင်း အရှိန်ဟပ်၍ အိန္ဒိယတွင် ငှက်များကောင်းကင်မှပြုတ်ကျနေ

896

Htay Oung (NP News) - မေ ၁၂
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ် ပြည်နယ်၏ အကြီးဆုံးမြို့၌ ရေအရင်းအမြစ်များ အငွေ့ပျံဆုံးရှုံးသွားတဲ့အတွက် မောပန်းနွမ်းနယ်ပြီး ရေဓာတ်ခန်းခြောက်နေသော ငှက်ဒါဇင်ပေါင်းများစွာတို့ကို ကယ်ဆယ်ရေးသမားတို့က နေ့စဉ်ကောက်ယူပြုစုနေရကြောင်း တိရစ္ဆာန်ဆေးကုဆရာဝန်များနဲ့ တိရစ္ဆာန်ကယ်ဆယ်ရေးသမားများ က ပြောပြတယ်လို့ Reuters က မေလ ၁၂ ရက်တွင်ရေးသားပါတယ်။
မကြာသေးမီနှစ်များအတွင်း နွေရာသီမတိုင်မီလများမှာ အပူချိန်အများဆုံးအဖြစ်နဲ့ကြုံတွေ့ခဲ့ရပါတယ်။ တောင်အာရှရဲ့ နေရာအနှံ့အပြားတို့မှာ ခြောက်သွေ့နေတဲ့အတွက် မီးဘေးအန္တရာယ်မြင့်တက်လာနိုင်ကြောင်း အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီက သတိပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း ပြုစုကုသပေးခဲ့ရတဲ့ ငှက်များမှာ အရေအတွက် ထောင်နှင့်ချီ၍ ရှိနေကြောင်း၊ ခို သို့မဟုတ် စွန်ကဲ့သို့ အမြင့်ပျံငှက်ဒါဇင်ပေါင်းများစွာတို့ကို ကယ်ဆယ်ရေးသမားတို့က နေ့စဉ် ယူ ဆောင်လာနေကြကြောင်း ဂူဂျာရတ်ပြည်နယ်မှာ အကျယ်ဝန်းဆုံးနဲ့ လူဦးရေအများဆုံးဖြစ်တဲ့ အာမက်ဒဘက်မြို့ ကုသိုလ်ဖြစ် တိရစ္ဆာန်ဆေးရုံမှ ဆရာဝန်များက ရှင်းပြပါတယ်။
“ယခုနှစ်အတွင်း လောလောဆယ်ကာလဟာ အဆိုးဆုံးရွားဆုံး ဖြစ် ကြောင်း။ ကယ်တင်ပေးဖို့လိုအပ်တဲ့ ငှက်အရေအတွက်ဟာ ၁ဝ ရာခိုင် နှုန်း တိုးမြင့်လာတာကို တွေ့ခဲ့ရပါတယ်" လို့ ဆေးရုံနဲ့ နီးကပ်စွာ အလုပ်လုပ်ရင်း ငှက်များကို ဆယ်စုနှစ်တစ်ခုကျော်ကယ်တင်ခဲ့သူတစ်ဦးက ပြောပြပါတယ်။
အဆိုပါ ကုသိုလ်ဖြစ်ဆေးရုံမှ တိရစ္ဆာန်ဆေးကုဆရာဝန်တွေဟာ ငှက်ငယ်လေးတွေကို ဗီတာမင်အစုံပါတဲ့ ဆေး ပြားတွေ ကျွေးမွေးပြီး ပါးစပ်ထဲကိုလည်း ဆေးရည်များထိုးသွင်းပေးတာ ဗုဒ္ဓဟူးနေ့(မေလ ၁၁ ရက်)က မြင်တွေ့ခဲ့ရပါတယ်။
ဂူဂျာရတ်ပြည်နယ် ကျန်းမာရေးအရာရှိများကတော့ အပူချိန်မြင့်တက်လွန်းတဲ့အတွက် အများပြည်သူတို့အနေနဲ့ အပူကြောင့် လေဖြတ်ခြင်းအပြင် အခြားအပူနှင့်ဆက်စပ်ရောဂါများအတွက် အထူးကုသဆောင်များ ထူထောင်ထားရှိကြရန် ပြည်နယ်အတွင်း ဆေးရုံများသို့ အကြံပြုချက်များ ထုတ်ပြန်ထားကြောင်း သိရှိရပါတယ်။
https://bdnews24.com/neighbours/2022/05/12/birds-fall-from-the-sky-as-heatwave-scorches-india

zawgyi version
အပူလႈိင္း အရွိန္ဟပ္၍ အိႏၵိယတြင္ ငွက္မ်ား ေကာင္းကင္မွျပဳတ္က်ေန
Htay Oung (NP News) - ေမ ၁၂
အိႏၵိယႏိုင္ငံ အေနာက္ပိုင္း ဂူဂ်ာရတ္ ျပည္နယ္၏ အႀကီးဆုံးၿမိဳ႕၌ ေရအရင္းအျမစ္မ်ား အေငြ႕ပ်ံဆုံးရႈံးသြားတဲ့အတြက္ ေမာပန္းႏြမ္းနယ္ၿပီး ေရဓာတ္ခန္းေျခာက္ေနေသာ ငွက္ဒါဇင္ေပါင္းမ်ားစြာတို႔ကို ကယ္ဆယ္ေရးသမားတို႔က ေန႔စဥ္ေကာက္ယူျပဳစုေနရေၾကာင္း တိရစာၦန္ေဆးကုဆရာဝန္မ်ားနဲ႔ တိရစာၦန္ကယ္ဆယ္ေရးသမားမ်ား က ေျပာျပတယ္လို႔ Reuters က ေမလ ၁၂ ရက္တြင္ေရးသားပါတယ္။
မၾကာေသးမီႏွစ္မ်ားအတြင္း ေႏြရာသီမတိုင္မီလမ်ားမွာ အပူခ်ိန္အမ်ားဆုံးအျဖစ္နဲ႔ႀကဳံေတြ႕ခဲ့ရပါတယ္။ ေတာင္အာရွရဲ႕ ေနရာအႏွံ႔အျပားတို႔မွာ ေျခာက္ေသြ႕ေနတဲ့အတြက္ မီးေဘးအႏၲရာယ္ျမင့္တက္လာႏိုင္ေၾကာင္း အိႏၵိယ ဝန္ႀကီးခ်ဳပ္ နာရင္ျဒာမိုဒီက သတိေပးခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္အတြင္း ျပဳစုကုသေပးခဲ့ရတဲ့ ငွက္မ်ားမွာ အေရအတြက္ ေထာင္ႏွင့္ခ်ီ၍ ရွိေနေၾကာင္း၊ ခို သို႔မဟုတ္ စြန္ကဲ့သို႔ အျမင့္ပ်ံငွက္ဒါဇင္ေပါင္းမ်ားစြာတို႔ကို ကယ္ဆယ္ေရးသမားတို႔က ေန႔စဥ္ ယူ ေဆာင္လာေနၾကေၾကာင္း ဂူဂ်ာရတ္ျပည္နယ္မွာ အက်ယ္ဝန္းဆုံးနဲ႔ လူဦးေရအမ်ားဆုံးျဖစ္တဲ့ အာမက္ဒဘက္ၿမိဳ႕ ကုသိုလ္ျဖစ္ တိရစာၦန္ေဆး႐ုံမွ ဆရာဝန္မ်ားက ရွင္းျပပါတယ္။
“ယခုႏွစ္အတြင္း ေလာေလာဆယ္ကာလဟာ အဆိုးဆုံး႐ြားဆုံး ျဖစ္ ေၾကာင္း။ ကယ္တင္ေပးဖို႔လိုအပ္တဲ့ ငွက္အေရအတြက္ဟာ ၁ဝ ရာခိုင္ ႏႈန္း တိုးျမင့္လာတာကို ေတြ႕ခဲ့ရပါတယ္" လို႔ ေဆး႐ုံနဲ႔ နီးကပ္စြာ အလုပ္လုပ္ရင္း ငွက္မ်ားကို ဆယ္စုႏွစ္တစ္ခုေက်ာ္ကယ္တင္ခဲ့သူတစ္ဦးက ေျပာျပပါတယ္။
အဆိုပါ ကုသိုလ္ျဖစ္ေဆး႐ုံမွ တိရစာၦန္ေဆးကုဆရာဝန္ေတြဟာ ငွက္ငယ္ေလးေတြကို ဗီတာမင္အစုံပါတဲ့ ေဆး ျပားေတြ ေကြၽးေမြးၿပီး ပါးစပ္ထဲကိုလည္း ေဆးရည္မ်ားထိုးသြင္းေပးတာ ဗုဒၶဟူးေန႔(ေမလ ၁၁ ရက္)က ျမင္ေတြ႕ခဲ့ရပါတယ္။
ဂူဂ်ာရတ္ျပည္နယ္ က်န္းမာေရးအရာရွိမ်ားကေတာ့ အပူခ်ိန္ျမင့္တက္လြန္းတဲ့အတြက္ အမ်ားျပည္သူတို႔အေနနဲ႔ အပူေၾကာင့္ ေလျဖတ္ျခင္းအျပင္ အျခားအပူႏွင့္ဆက္စပ္ေရာဂါမ်ားအတြက္ အထူးကုသေဆာင္မ်ား ထူေထာင္ထားရွိၾကရန္ ျပည္နယ္အတြင္း ေဆး႐ုံမ်ားသို႔ အႀကံျပဳခ်က္မ်ား ထုတ္ျပန္ထားေၾကာင္း သိရွိရပါတယ္။
https://bdnews24.com/neighbours/2022/05/12/birds-fall-from-the-sky-as-heatwave-scorches-india