တိုင်းရင်းသားများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်ပြဋ္ဌာန်းခွင့်ပေးမည်ဖြစ်ပြီး ပြည်ထောင်စုမှ ခွဲမထွက်ရ အာမခံချက်ပြန်ပေးရမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

 2122

NP News - မေ ၂ဝ
တိုင်းရင်းသားများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးမည်ဖြစ်ပြီး ပြည်ထောင်စုမှလုံးဝခွဲမထွက်ရအာမခံချက်တစ်ခုကို ပြန်ပေးရမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မေလ ၁၉ ရက်က နေပြည်တော်ရှိ ပြန်ကြား ရေးဝန်ကြီးဌာန၌ ပြုလုပ်သောသတင်းစာရှင်းလင်းပွဲအပြီးတွင် NP News က မေးမြန်းမှုအပေါ် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို လက်နက်ချခိုင်းခြင်းမရှိဘဲ ၎င်းလက်နက်များကို လုံးဝအသုံးမပြုဘဲနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန်အဆင့်အထိ လိုက်လျောပြောဆိုပြီးသားဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

“တပ်မတော်အနေနဲ့ကတော့ ပြောပြီးသားဖြစ်တယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လာရင် ဆွေးနွေးပွဲတွေမှာ ပထမဦးဆုံး ၂၁ ရာစုပင်လုံပေါ့ဗျာ။ သူတို့အခေါ်ပေါ့။ အဲဒီဆွေးနွေးပွဲမှာ သူတို့စာတမ်းတွေထဲမှာ ဘယ် လောက်အထိလဲဆို confederate အထိတောင်းဆိုတာရှိတယ်။ တပ်မ တော်အနေနဲ့ ရပ်တည်ချက်ကလည်း သူတို့ပြောတဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုတယ်။ တပ်မတော်က ဘာမှမငြင်းဘူး။ အဲဒီမှာ မှတ်တမ်းတွေရှိတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့် ခင်ဗျားတို့ကို ပေးမယ်။ ခင်ဗျားတို့ဆီက အာမခံချက်တစ်ခုတော့ ပေးရမယ်။ လုံးဝ ခွဲမထွက်ရ။ ဒါပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။

တပ်မတော်အနေဖြင့် တိုင်းရင်းသားများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်ပေးမည်ဖြစ်ပြီး လုံးဝခွဲမထွက်ရဆိုသောအချက်ကို အာမမခံဟုဆိုပါက ခွဲထွက်ချင်သည့်သဘောဟုယူဆ၍ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။

“ဒါကြောင့်မိုလို့ ဒီအခွင့်အရေးကို ယူချင်ရင် ဒီအခွင့်အရေးကို အာမခံရမယ်ဆိုတဲ့ဟာမျိုးတော့ ကျွန်တော်တို့ ရှိရမယ်လို့ပြောတာ။ အဲဒီတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရပြီဆိုရင် သူတို့က ဘာထပ်တောင်းချင်သေးလို့လဲ။ သူတို့ တောင်းနေတာ ဒါမဟုတ်ဘူးလား။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လို့ ပြောထားတဲ့အတွက်ကြောင့် သူတို့ပြောတဲ့ဟာတွေပါပြီလေ။ ကိုယ်ပိုင်ပြဋ္ဌာန်းပါတယ်ဆိုမှ ပြဋ္ဌာန်းတာ ဘာကိုပြဋ္ဌာန်းမှာလဲ။ ဥပဒေအရ ပြဋ္ဌာန်းမယ်။ အုပ်ချုပ်ရေး ပြဋ္ဌာန်းမယ်ဗျာ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကျွန်တော်တို့ ပေးထားပြီ နောက်ပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်း ပေးထာပြီဗျာ ဘာလိုသေးလဲလို့ ကျွန်တော်တို့က ဒါပဲထပ်မေးချင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ငြိမ်းချမ်းရေးအတွက် ယနေ့ (မေလ ၂ဝ ရက်)တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုသော RCSS/SSA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးယွက်စစ်တို့ ပထမဆုံးစတင်ဆွေးနွေးမည်ဖြစ်သည်။

https://npnewsmm.com/news/62872379788af0790f5a08f1

zawgyi version
တိုင္းရင္းသားမ်ားအား ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ႏွင့္ျပ႒ာန္းခြင့္ေပးမည္ျဖစ္ၿပီး ျပည္ေထာင္စုမွ ခြဲမထြက္ရ အာမခံခ်က္ျပန္ေပးရမည္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာ
NP News - ေမ ၂ဝ

တိုင္းရင္းသားမ်ားအား ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ႏွင့္ ကိုယ္ပိုင္ျပ႒ာန္းခြင့္ေပးမည္ျဖစ္ၿပီး ျပည္ေထာင္စုမွလုံးဝခြဲမထြက္ရအာမခံခ်က္တစ္ခုကို ျပန္ေပးရမည္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေမလ ၁၉ ရက္က ေနျပည္ေတာ္ရွိ ျပန္ၾကား ေရးဝန္ႀကီးဌာန၌ ျပဳလုပ္ေသာသတင္းစာရွင္းလင္းပြဲအၿပီးတြင္ NP News က ေမးျမန္းမႈအေပၚ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

တပ္မေတာ္အေနျဖင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားကို လက္နက္ခ်ခိုင္းျခင္းမရွိဘဲ ၎လက္နက္မ်ားကို လုံးဝအသုံးမျပဳဘဲႏွင့္ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးရန္အဆင့္အထိ လိုက္ေလ်ာေျပာဆိုၿပီးသားျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

“တပ္မေတာ္အေနနဲ႔ကေတာ့ ေျပာၿပီးသားျဖစ္တယ္။ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္လာရင္ ေဆြးေႏြးပြဲေတြမွာ ပထမဦးဆုံး ၂၁ ရာစုပင္လုံေပါ့ဗ်ာ။ သူတို႔အေခၚေပါ့။ အဲဒီေဆြးေႏြးပြဲမွာ သူတို႔စာတမ္းေတြထဲမွာ ဘယ္ ေလာက္အထိလဲဆို confederate အထိေတာင္းဆိုတာရွိတယ္။ တပ္မ ေတာ္အေနနဲ႔ ရပ္တည္ခ်က္ကလည္း သူတို႔ေျပာတဲ့ကိုယ္ပိုင္ျပ႒ာန္းခြင့္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေတာင္းဆိုတယ္။ တပ္မေတာ္က ဘာမွမျငင္းဘူး။ အဲဒီမွာ မွတ္တမ္းေတြရွိတယ္။ ကိုယ္ပိုင္ျပ႒ာန္းခြင့္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ ခြင့္ ခင္ဗ်ားတို႔ကို ေပးမယ္။ ခင္ဗ်ားတို႔ဆီက အာမခံခ်က္တစ္ခုေတာ့ ေပးရမယ္။ လုံးဝ ခြဲမထြက္ရ။ ဒါပဲ” ဟု ၎က ဆက္လက္ေျပာသည္။

တပ္မေတာ္အေနျဖင့္ တိုင္းရင္းသားမ်ားကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ ပိုင္ျပ႒ာန္းခြင့္ေပးမည္ျဖစ္ၿပီး လုံးဝခြဲမထြက္ရဆိုေသာအခ်က္ကို အာမမခံဟုဆိုပါက ခြဲထြက္ခ်င္သည့္သေဘာဟုယူဆ၍ရေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆက္လက္ေျပာသည္။

“ဒါေၾကာင့္မိုလို႔ ဒီအခြင့္အေရးကို ယူခ်င္ရင္ ဒီအခြင့္အေရးကို အာမခံရမယ္ဆိုတဲ့ဟာမ်ိဳးေတာ့ ကြၽန္ေတာ္တို႔ ရွိရမယ္လို႔ေျပာတာ။ အဲဒီေတာ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္ရၿပီဆိုရင္ သူတို႔က ဘာထပ္ေတာင္းခ်င္ေသးလို႔လဲ။ သူတို႔ ေတာင္းေနတာ ဒါမဟုတ္ဘူးလား။ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္လို႔ ေျပာထားတဲ့အတြက္ေၾကာင့္ သူတို႔ေျပာတဲ့ဟာေတြပါၿပီေလ။ ကိုယ္ပိုင္ျပ႒ာန္းပါတယ္ဆိုမွ ျပ႒ာန္းတာ ဘာကိုျပ႒ာန္းမွာလဲ။ ဥပေဒအရ ျပ႒ာန္းမယ္။ အုပ္ခ်ဳပ္ေရး ျပ႒ာန္းမယ္ဗ်ာ။ ကိုယ္ပိုင္ျပ႒ာန္းခြင့္ ကြၽန္ေတာ္တို႔ ေပးထားၿပီ ေနာက္ၿပီးေတာ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္လည္း ေပးထာၿပီဗ်ာ ဘာလိုေသးလဲလို႔ ကြၽန္ေတာ္တို႔က ဒါပဲထပ္ေမးခ်င္တယ္” ဟု ၎က ဆက္လက္ေျပာသည္။

ၿငိမ္းခ်မ္းေရးအတြက္ ယေန႔ (ေမလ ၂ဝ ရက္)တြင္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ရွမ္းလက္နက္ကိုင္အဖြဲ႕တစ္ခုေသာ RCSS/SSA ဥကၠ႒ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္တို႔ ပထမဆုံးစတင္ေဆြးေႏြးမည္ျဖစ္သည္။

https://npnewsmm.com/news/62872379788af0790f5a08f1

Picture

Pho Htaung

20/05/2022 21:37

အမေရိကန်နဲ့တရုပ် ထောက်ပံထားတဲ့ လက်နက်ကိုင် မှန်သမျှ ရှိနေသရွှေ့ တိုင်ပြည်ဘယ်တော့မှ မအေးချမ်းပါ. သူတို့ရှိနေသရွှေ့တိုင်းပြည် မပဲ့အောင်ကြိုးရလိမ့်မယ်

Related news

© 2021. All rights reserved.