ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရကို တရုတ်စစ်ဘက် သတိပေး

 1125

ဂျန်ဇက် (NP News) - မေ ၂၆
ထိုင်ဝမ် နယ်စပ်အနီး စစ်ရေးလေ့ကျင့်မှုများလုပ်ဆောင်ခဲ့ခြင်းဟာ အမေရိကန်အစိုးရကို သတိပေးတဲ့ message ပေးခဲ့တာဖြစ်ကြောင်း တရုတ်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မကြာသေးမီ ထိုင်ဝမ်နယ်စပ်အနီးမှာ စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ အဲဒီ စစ်ရေးလေ့ကျင့်မှုတွေက ထိုင်ဝမ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ပတ်သက်ပြီး တရုတ်ရဲ့စိတ်ဆုံးဖြတ်ချက်တွေကို အမေရိကန်အစိုးရထံပြသဖို့ ရည်ရွယ်ခဲ့တာဖြစ်ကြောင်း တရုတ်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တရုတ်စစ်ဘက်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ရှီယိက တရုတ်စစ်ဘက်ရဲ့အရှေ့ပိုင်း တပ်မတွေဟာ ထိုင်ဝမ် ဒေသအနီးမှာ စစ်ရေးလေ့ကျင့်မှုတွေလုပ်ခဲ့သလို ရေကြောင်းနဲ့ လေကြောင်းမှာလည်း စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်စစ်တပ်တွေရဲ့စစ်ရေးလေ့ကျင့်မှုတွေက ထိုင်ဝမ်ကို ကိုယ်ပိုင်လွတ်လပ်ရေးရစေဖို့ ကြိုးပမ်းနေတဲ့ အမေရိကန်ကို တိုက်ရိုက်သတိပေးခဲ့တာဖြစ်ကြောင်း ဗိုလ်မှူးကြီး ရှီယိ က ပြောပါတယ်။

တရုတ်ဗိုလ်မှူးကြီးရှီယိက "ကျွန်တော်တို့ စစ်သားတွေဟာ ထိုင်ဝမ်ကို ခွဲထွက်ဖို့ကြိုးပမ်းမှုတွေအပြင် အင်အား သုံး ကြားဝင်စွက်ဖက်မှုတွေကို ဖျက်ဆီးနိုင်စွမ်းရှိသလို တုံ့ပြန်သွားဖို့လည်း ဆုံးဖြတ်ထားပြီးဖြစ်တယ်" လို့ပြောပါ တယ်။

တရုတ်အစိုးရ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ပိုင်နက်ဒေသဖြစ်တယ်လို့ပြောနေပေမယ့် ထိုင်ဝမ်ကတော့ ကိုယ်ပိုင် လွတ်လပ်ရေးရယူနိုင်ဖို့ ကြိုးပမ်းနေပြီး အမေရိကန်က ထိုင်ဝမ်ကို ကူညီပေးနေတယ်လို့ သိရပါတယ်။
အမေရိကန်ဟာ ထိုင်ဝမ်တိုက်ခိုက်ခံရရင် ကာကွယ်ပေးမယ်ဆိုပြီး ဆယ်စုနှစ်ချီ ကတိပေးထားခဲ့ပေမယ့် စစ်ရေး အရ ကူညီတာမျိုးတွေလုပ်မယ်လို့ အရင်တုန်းက ပြောဆိုတာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့အာရှခရီးစဉ်အတွင်း တရုတ်ဟာ ထိုင်ဝမ်ကို အင်အားသုံး တိုက်ခိုက်ခံရမယ်ဆိုရင် အမေရိကန်က ထိုင်ဝမ်ကို ကာကွယ်ဖို့ အမေရိကန်တပ်ဖွဲ့တွေနဲ့ကူညီပေးမယ်လို့ ထုတ် ဖော်ပြောဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး တရုတ်အစိုးရဟာ အမေရိကန်အစိုးရကို ပြစ်တင်ဝေဖန်ခဲ့ ပါတယ်။ အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ်များအတွက် ထိုင်ဝမ်ကို ခေတ်မီလက်နက်များရောင်းချခဲ့ရာ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေဖြစ်နေခဲ့ရပါတယ်။

https://www.rt.com/news/556048-china-solemn-warning-us/

Zawgyi Version;
ထိုင္ဝမ္အေရးနဲ႔ပတ္သက္ၿပီး အေမရိကန္အစိုးရကို တ႐ုတ္စစ္ဘက္ သတိေပး
ဂ်န္ဇက္ (NP News) - ေမ ၂၆
ထိုင္ဝမ္ နယ္စပ္အနီး စစ္ေရးေလ့က်င့္မႈမ်ားလုပ္ေဆာင္ခဲ့ျခင္းဟာ အေမရိကန္အစိုးရကို သတိေပးတဲ့ message ေပးခဲ့တာျဖစ္ေၾကာင္း တ႐ုတ္စစ္ဘက္ေျပာေရးဆိုခြင့္ရွိသူက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

တ႐ုတ္ႏိုင္ငံအေနနဲ႔ မၾကာေသးမီ ထိုင္ဝမ္နယ္စပ္အနီးမွာ စစ္ေရးေလ့က်င့္မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း၊ အဲဒီ စစ္ေရးေလ့က်င့္မႈေတြက ထိုင္ဝမ္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသနဲ႔ပတ္သက္ၿပီး တ႐ုတ္ရဲ႕စိတ္ဆုံးျဖတ္ခ်က္ေတြကို အေမရိကန္အစိုးရထံျပသဖို႔ ရည္႐ြယ္ခဲ့တာျဖစ္ေၾကာင္း တ႐ုတ္စစ္ဘက္ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။

တ႐ုတ္စစ္ဘက္ရဲ႕ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးႀကီး ရွီယိက တ႐ုတ္စစ္ဘက္ရဲ႕အေရွ႕ပိုင္း တပ္မေတြဟာ ထိုင္ဝမ္ ေဒသအနီးမွာ စစ္ေရးေလ့က်င့္မႈေတြလုပ္ခဲ့သလို ေရေၾကာင္းနဲ႔ ေလေၾကာင္းမွာလည္း စစ္ေရးေလ့က်င့္ခန္းေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ဆိုပါတယ္။

တရုတ္စစ္တပ္ေတြရဲ႕စစ္ေရးေလ့က်င့္မႈေတြက ထိုင္ဝမ္ကို ကိုယ္ပိုင္လြတ္လပ္ေရးရေစဖို႔ ႀကိဳးပမ္းေနတဲ့ အေမရိကန္ကို တိုက္႐ိုက္သတိေပးခဲ့တာျဖစ္ေၾကာင္း ဗိုလ္မွဴးႀကီး ရွီယိ က ေျပာပါတယ္။

တ႐ုတ္ဗိုလ္မွဴးႀကီးရွီယိက "ကြၽန္ေတာ္တိုိ႔ စစ္သားေတြဟာ ထိုင္ဝမ္ကို ခြဲထြက္ဖို႔ႀကိဳးပမ္းမႈေတြအျပင္ အင္အား သုံး ၾကားဝင္စြက္ဖက္မႈေတြကို ဖ်က္ဆီးႏိုင္စြမ္းရွိသလို တုံ႔ျပန္သြားဖို႔လည္း ဆုံးျဖတ္ထားၿပီးျဖစ္တယ္" လို႔ေျပာပါ တယ္။

တ႐ုတ္အစိုးရ ထိုင္ဝမ္ဟာ တ႐ုတ္ႏိုင္ငံရဲ႕ပိုင္နက္ေဒသျဖစ္တယ္လို႔ေျပာေနေပမယ့္ ထိုင္ဝမ္ကေတာ့ ကိုယ္ပိုင္ လြတ္လပ္ေရးရယူႏိုင္ဖို႔ ႀကိဳးပမ္းေနၿပီး အေမရိကန္က ထိုင္ဝမ္ကို ကူညီေပးေနတယ္လို႔ သိရပါတယ္။
အေမရိကန္ဟာ ထိုင္ဝမ္တိုက္ခိုက္ခံရရင္ ကာကြယ္ေပးမယ္ဆိုၿပီး ဆယ္စုႏွစ္ခ်ီ ကတိေပးထားခဲ့ေပမယ့္ စစ္ေရး အရ ကူညီတာမ်ိဳးေတြလုပ္မယ္လို႔ အရင္တုန္းက ေျပာဆိုတာမ်ိဳးမရွိခဲ့ဘူးလို႔ သိရပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ရက္ပိုင္းက အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕အာရွခရီးစဥ္အတြင္း တ႐ုတ္ဟာ ထိုင္ဝမ္ကို အင္အားသုံး တိုက္ခိုက္ခံရမယ္ဆိုရင္ အေမရိကန္က ထိုင္ဝမ္ကို ကာကြယ္ဖို႔ အေမရိကန္တပ္ဖြဲ႕ေတြနဲ႔ကူညီေပးမယ္လို႔ ထုတ္ ေဖာ္ေျပာဆိုခဲ့ပါတယ္။

အေမရိကန္သမၼတရဲ႕ေျပာဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး တ႐ုတ္အစိုးရဟာ အေမရိကန္အစိုးရကို ျပစ္တင္ေဝဖန္ခဲ့ ပါတယ္။ အေမရိကန္ဟာ ၿပီးခဲ့တဲ့ႏွစ္မ်ားအတြက္ ထိုင္ဝမ္ ေခတ္မီလက္နက္မ်ားေရာင္းခ်ခဲ့ရာ အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံၾကား တင္းမာမႈေတြျဖစ္ေနခဲ့ရပါတယ္။

https://www.rt.com/news/556048-china-solemn-warning-us/

Related news

© 2021. All rights reserved.