အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးကို ဘိုလီးဗီးယားအာဏာပိုင်တွေ ဖမ်းဆီး

 937

Pika (NP News) - ဇွန် ၂၇

ဇွန်လ(၂၆)ရက်နေ့မှာ ဘိုလီးဗီးယားသမ္မတ Luis Arce ကို ဆန့်ကျင်ပြီး အာဏာသိမ်းဖို့ကြိုးပမ်းမှု မအောင်မြင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးကို ဘိုလီးဗီးယားအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ယခုသီတင်းပတ်အစောပိုင်းမှာ ဘိုလီးဗီးယားစစ်တပ်ရဲ့တပ်မှူးအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ Juan Jose Zuniga ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအမိန့်ကို ချိုးဖောက်ဖို့ကြိုးပမ်းခဲ့တယ်လို့ ပြည်ထဲရေးဒုဝန်ကြီး Jhonny Aguilera က ပြောကြားခဲ့တယ်လို့ Ahora el Pueblo သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာတင်ထားတဲ့ဗီဒီယိုဖိုင်ထဲမှာ Juan Jose Zuniga ကို အစိုးရရှေ့နေရုံးကို ခေါ်ဆောင်သွားဖို့ အတွက် စစ်တန်းလျားအပြင်ဖက်မှာရှိတဲ့ ရဲကားထဲတွင် အတင်းအကြပ်တွန်းပို့နေတာကို တွေ့မြင်ခဲ့ရပါတယ်။ ဒါ့ပြင် အာဏာသိမ်းဖို့ကြိုးပမ်းမှုနဲ့ပတ်ဝန်းကျင်အဖြစ်အပျက်တွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အစိုးရရှေ့နေချုပ်ရုံးက ပြောကြားခဲ့ပါတယ်။
La Paz မြို့မှာရှိတဲ့ သမ္မတနန်းတော်အတွင်းကို Juan Jose Zuniga လိုက်ပါလာတဲ့ တင့်ကားတစ်စီးက ဝင်ရောက် လာပြီးနောက် ဇွန်လ(၂၆)ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်တပ်အုံကြွမှုစတင်ခဲ့တာလို့လည်း သိရပါတယ်။ Luis Arce က “ဒီနေ့မှာတော့ ကျွန်တော်တို့နိုင်ငံဟာ အာဏာသိမ်းဖို့ကြိုးပမ်းမှုတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။ အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့အတွက် ပြည်သူတွေကို စုစည်းပြီး စည်းရုံးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ဗိုလ်ချုပ်ကြီး ဟောင်း Juan Jose Zuniga ဦးဆောင်တဲ့အာဏာသိမ်းဖို့ကြိုးပမ်းမှုတစ်ခုကို ရင်ဆိုင်ခဲ့ရပါတယ်” လို့ ပြောခဲ့ပါတယ်။

Juan Jose Zuniga ဟာ သမ္မတဟောင်း Evo Morales ကို ဆန့်ကျင်တဲ့ခြိမ်းခြောက်မှုတွေ ဆက်တိုက်လုပ်ဆောင် ပြီးနောက် ဇွန်လ(၂၅)ရက်မှာ ၎င်းရဲ့ရာထူးကနေ ဖယ်ရှားခံခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
အာဏာသိမ္းဖို႔ ႀကိဳးပမ္းခဲ့တဲ့ ဗိုလ္ခ်ဳပ္ႀကီးေဟာင္းတစ္ဦးကို ဘိုလီးဗီးယားအာဏာပိုင္ေတြ ဖမ္းဆီး
Pika (NP News) - ဇြန္ ၂၇

ဇြန္လ(၂၆)ရက္ေန႔မွာ ဘိုလီးဗီးယားသမၼတ Luis Arce ကို ဆန႔္က်င္ၿပီး အာဏာသိမ္းဖို႔ႀကိဳးပမ္းမႈ မေအာင္ျမင္ခဲ့တဲ့ ဗိုလ္ခ်ဳပ္ႀကီးေဟာင္းတစ္ဦးကို ဘိုလီးဗီးယားအာဏာပိုင္ေတြက ဖမ္းဆီးခဲ့တယ္လို႔ ေဒသတြင္းမီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။
ယခုသီတင္းပတ္အေစာပိုင္းမွာ ဘိုလီးဗီးယားစစ္တပ္ရဲ႕တပ္မႉးအျဖစ္ကေန ထုတ္ပယ္ခံခဲ့ရတဲ့ Juan Jose Zuniga ဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒအမိန႔္ကို ခ်ိဳးေဖာက္ဖို႔ႀကိဳးပမ္းခဲ့တယ္လို႔ ျပည္ထဲေရးဒုဝန္ႀကီး Jhonny Aguilera က ေျပာၾကားခဲ့တယ္လို႔ Ahora el Pueblo သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

ဆိုရွယ္မီဒီယာေပၚမွာတင္ထားတဲ့ဗီဒီယိုဖိုင္ထဲမွာ Juan Jose Zuniga ကို အစိုးရေရွ႕ေန႐ုံးကို ေခၚေဆာင္သြားဖို႔ အတြက္ စစ္တန္းလ်ားအျပင္ဖက္မွာရွိတဲ့ ရဲကားထဲတြင္ အတင္းအၾကပ္တြန္းပို႔ေနတာကို ေတြ႕ျမင္ခဲ့ရပါတယ္။ ဒါ့ျပင္ အာဏာသိမ္းဖို႔ႀကိဳးပမ္းမႈနဲ႔ပတ္ဝန္းက်င္အျဖစ္အပ်က္ေတြကို စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ အစိုးရေရွ႕ေနခ်ဳပ္႐ုံးက ေျပာၾကားခဲ့ပါတယ္။
La Paz ၿမိဳ႕မွာရွိတဲ့ သမၼတနန္းေတာ္အတြင္းကို Juan Jose Zuniga လိုက္ပါလာတဲ့ တင့္ကားတစ္စီးက ဝင္ေရာက္ လာၿပီးေနာက္ ဇြန္လ(၂၆)ရက္ေန႔ မြန္းလြဲပိုင္းမွာ စစ္တပ္အုံႂကြမႈစတင္ခဲ့တာလို႔လည္း သိရပါတယ္။ Luis Arce က “ဒီေန႔မွာေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံဟာ အာဏာသိမ္းဖို႔ႀကိဳးပမ္းမႈတစ္ခုကို ႀကဳံေတြ႕ခဲ့ရပါတယ္။ အာဏာသိမ္းမႈကို ဆန႔္က်င္ဖို႔အတြက္ ျပည္သူေတြကို စုစည္းၿပီး စည္း႐ုံးဖို႔ လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံဟာ ဗိုလ္ခ်ဳပ္ႀကီး ေဟာင္း Juan Jose Zuniga ဦးေဆာင္တဲ့အာဏာသိမ္းဖို႔ႀကိဳးပမ္းမႈတစ္ခုကို ရင္ဆိုင္ခဲ့ရပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Juan Jose Zuniga ဟာ သမၼတေဟာင္း Evo Morales ကို ဆန႔္က်င္တဲ့ၿခိမ္းေျခာက္မႈေတြ ဆက္တိုက္လုပ္ေဆာင္ ၿပီးေနာက္ ဇြန္လ(၂၅)ရက္မွာ ၎ရဲ႕ရာထူးကေန ဖယ္ရွားခံခဲ့ရတာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.