ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅ သိန်းနှင့်အထက် ပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီ ၂၈ ခုကို Black List စာရင်းထည့်သွင်းကြောင်း DICA ကြေညာ

 2918

ယွန်း (NP News) - ဇွန် ၂၇

ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅ သိန်းနှင့်အထက် ပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီ ၂၈ ခုကို Black List စာရင်းထည့်သွင်းကြောင်း DICA က အသိပေး ကြေညာထားသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) မှ ယမန်နေ့(ဇွန် ၂၆ ရက်) တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

DICA အနေဖြင့် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅ သိန်းနှင့်အထက် ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသော Asia Whale Travels & Tours ကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၈ ခုကို ဇွန်လ (၂၆) ရက်မှစ၍ အမည်မည်းစာရင်း(Black List) ထည့်သွင်းသတ်မှတ်လိုက်ကြောင်း အသိပေးထားသည်။

Black List စာရင်း ထည့်သွင်းသတ်မှတ်ခဲ့သည့် ကုမ္ပဏီများတွင် Asia Whale Travels & Tours Company Limited ၊ Chengfang Company Limited ၊ Dawna Alin Company Limited၊ December Moe Company Limited နှင့် JPM Myawaddy Company Limited တို့ ပါဝင်ကြောင်း DICA ၏ ကြေညာ ချက်တွင် ဖော်ပြထားပါတယ်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန အွန်လိုင်းမှတ်ပုံတင်စနစ်တွင် ဖွဲ့စည်းမှတ်ပုံတင်ထားတဲ့ ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို လိုက်နာရမည့်အပြင် မိမိတို့လုပ်ကိုင် ဆောင်ရွက်နေသည့်လုပ်ငန်းခွင်နှင့် သက်ဆိုင်သည့် အစိုးရဌာန၊ အဖွဲ့အစည်းများက ချမှတ်ထားသည့် အခြား တည်ဆဲဥပဒေနှင့် နည်းဥပဒေများကို လိုက်နာမှုမရှိကြောင်း တွေ့ရှိပါက မှတ်ပုံတင်အရာရှိက အများပြည်သူသိစေ ဖို့ ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စားအုန်းဆီတင်သွင်းရာတွင် မသမာမှုပြုလုပ်ခဲ့သည့် AYEYAR HINTHAR TRADING ကုမ္ပဏီ အပါအဝင် ဆီကုမ္ပဏီ ၈ ခုကိုလည်း ဇွန်(၂၄)ရက်မှ စ၍ အမည်ပျက်စာရင်း (Black List) ထည့်သွင်း သတ်မှတ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)က ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကုမ္ပဏီများမှာ SIX WINNER BROTHERS COMPANY LIMITED၊ DIAMOND DRAGON COMPANY LIMITED၊ FIRST TOP EDIBLE OIL COMPANY LIMITED၊ AYEYAR HINTHAR TRADING COMPANY LIMITED၊ THEIN THAN YADANAR COMPANY LIMITED၊ JEWEL ARROW COMPANY LIMITED၊ AGRI ONE TRADING COMPANY LIMITED နှင့် GRAND UNITY CO., LTD တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

Zawgyi Version;
ပို႔ကုန္ရေငြ အေမရိကန္ေဒၚလာ ၅ သိန္းႏွင့္အထက္ ျပန္လည္ဝင္ေရာက္ရန္က်န္ရွိသည့္ ကုမၸဏီ ၂၈ ခုကို Black List စာရင္းထည့္သြင္းေၾကာင္း DICA ေၾကညာ
ယြန္း (NP News) - ဇြန္ ၂၇

ပို႔ကုန္ရေငြ အေမရိကန္ေဒၚလာ ၅ သိန္းႏွင့္အထက္ ျပန္လည္ဝင္ေရာက္ရန္က်န္ရွိသည့္ ကုမၸဏီ ၂၈ ခုကို Black List စာရင္းထည့္သြင္းေၾကာင္း DICA က အသိေပး ေၾကညာထားသည္။

ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန(DICA) မွ ယမန္ေန႔(ဇြန္ ၂၆ ရက္) တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

DICA အေနျဖင့္ ပို႔ကုန္ရေငြ အေမရိကန္ေဒၚလာ ၅ သိန္းႏွင့္အထက္ ျပန္လည္ဝင္ေရာက္ရန္ က်န္ရွိေသာ Asia Whale Travels & Tours ကုမၸဏီ အပါအဝင္ ကုမၸဏီ ၂၈ ခုကို ဇြန္လ (၂၆) ရက္မွစ၍ အမည္မည္းစာရင္း(Black List) ထည့္သြင္းသတ္မွတ္လိုက္ေၾကာင္း အသိေပးထားသည္။

Black List စာရင္း ထည့္သြင္းသတ္မွတ္ခဲ့သည့္ ကုမၸဏီမ်ားတြင္ Asia Whale Travels & Tours Company Limited ၊ Chengfang Company Limited ၊ Dawna Alin Company Limited၊ December Moe Company Limited ႏွင့္ JPM Myawaddy Company Limited တို႔ ပါဝင္ေၾကာင္း DICA ၏ ေၾကညာ ခ်က္တြင္ ေဖာ္ျပထားပါတယ္။

ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ား ၫႊန္ၾကားမႈဦးစီးဌာန အြန္လိုင္းမွတ္ပုံတင္စနစ္တြင္ ဖြဲ႕စည္းမွတ္ပုံတင္ထားတဲ့ ကုမၸဏီမ်ားအေနျဖင့္ ျမန္မာႏိုင္ငံကုမၸဏီမ်ား ဥပေဒပါ ျပ႒ာန္းခ်က္ေတြကို လိုက္နာရမည့္အျပင္ မိမိတို႔လုပ္ကိုင္ ေဆာင္႐ြက္ေနသည့္လုပ္ငန္းခြင္ႏွင့္ သက္ဆိုင္သည့္ အစိုးရဌာန၊ အဖြဲ႕အစည္းမ်ားက ခ်မွတ္ထားသည့္ အျခား တည္ဆဲဥပေဒႏွင့္ နည္းဥပေဒမ်ားကို လိုက္နာမႈမရွိေၾကာင္း ေတြ႕ရွိပါက မွတ္ပုံတင္အရာရွိက အမ်ားျပည္သူသိေစ ဖို႔ ေၾကညာသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ စားအုန္းဆီတင္သြင္းရာတြင္ မသမာမႈျပဳလုပ္ခဲ့သည့္ AYEYAR HINTHAR TRADING ကုမၸဏီ အပါအဝင္ ဆီကုမၸဏီ ၈ ခုကိုလည္း ဇြန္(၂၄)ရက္မွ စ၍ အမည္ပ်က္စာရင္း (Black List) ထည့္သြင္း သတ္မွတ္ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန (DICA)က ၿပီးခဲ့သည့္ ရက္ပိုင္းက ထုတ္ျပန္ခဲ့သည္။

အဆိုပါ ကုမၸဏီမ်ားမွာ SIX WINNER BROTHERS COMPANY LIMITED၊ DIAMOND DRAGON COMPANY LIMITED၊ FIRST TOP EDIBLE OIL COMPANY LIMITED၊ AYEYAR HINTHAR TRADING COMPANY LIMITED၊ THEIN THAN YADANAR COMPANY LIMITED၊ JEWEL ARROW COMPANY LIMITED၊ AGRI ONE TRADING COMPANY LIMITED ႏွင့္ GRAND UNITY CO., LTD တို႔ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.