တိုက်ပွဲများပြင်းထန်ခဲ့သည့် ကျောက်မဲမြို့ရှိ သေဆုံးရုပ်အလောင်း(၂၀)ကျော်ကို ဒေသခံပရဟိတအသင်းများက သင်္ဂြိုလ်ပေးခဲ့ရ

 9552

ယွန်း (NP News) - ဇွန် ၂၇

တိုက်ပွဲများပြင်းထန်ခဲ့သည့် ကျောက်မဲမြို့ရှိ သေဆုံးရုပ်အလောင်း(၂၀)ကျော်ကို ဒေသခံပရဟိတအသင်းများက သင်္ဂြိုလ်ပေးခဲ့ရကြောင်း နမ့်ခုမ်းပရဟိတအသင်းထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့မှ စတင်ကာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့အနီးတွင် တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် ဇွန် ၂၆ ရက်၌ မြို့ပေါ်နေရာအချို့တွင်လည်း ထိတွေ့မှုများ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများကြောင့် သေဆုံးသူများရှိခဲ့ရာ ဒေသခံပရဟိတအသင်းများက သတင်းအရ ယနေ့ ဇွန်လ ၂၇ ရက် နံနက်ပိုင်းတွင် အလောင်းများကို သွားရောက်ကောက်ယူခဲ့ကြောင်း သိရသည်။

“တစ်နေ့ကနေစပြီးတော့ ဒီနေ့နဲ့ဆို သုံးရက်ဆက်တိုက် ကျောက်မဲမြို့မှာ တိုက်ပွဲတွေဖြစ်တယ်။ ကျွန်တော်တို့ သွားကောက်ခဲ့တာတော့ ပြီးခဲ့တဲ့ နှစ်ရက်က သေခဲ့တဲ့ဟာတွေပေါ့။ အဲဒီနှစ်ရက်ကတော့ ထွက်ခွင့်မရှိတော့ ကျွန်တော်တို့ သွားမကောက်ခဲ့ဘူး။ ဒီနေ့မှာ နေ့ခင်းဘက်တိုက်ပွဲမဖြစ်တော့ ရတဲ့အချိန်လေးမှာ ကျွန်တော်တို့ သွားကောက်ခဲ့ရတာပေါ့။ စုစုပေါင်း ၂၁ ‌လောင်းပေါ့။ လူလတ်ပိုင်းတွေများတယ်။ အရပ်သားဝတ်စုံတွေနဲ့က များ တယ်။ သယ်တာကလည်း တစ်သင်းထဲသယ်တာမဟုတ်ဘဲ အဖွဲ့ပေါင်းစုံက သယ်တာလည်းဖြစ်တယ် ရတဲ့အချိန် ကလည်းနည်းတော့ မြန်မြန်သယ်ရတယ်။ ပြီးတော့ အလောင်းတွေက ပုပ်ပွနေတော့ ဘယ်လိုမှကြည့်လို့မရတဲ့ ပုံစံတွေလည်းဖြစ်နေတယ်” ဟု နမ့်ခုမ်းပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါသေဆုံးသူများတွင် လက်နက်ကြီးကျည်ထိမှန်သူများ အပါအဝင် သေနတ်ဒဏ်ရာများကြောင့်လည်း သေဆုံးသူများ ပါဝင်ပြီး ၎င်းတို့ကို ကျောက်မဲမြို့ရှိ အေးချမ်းသာသုဿာန်တွေ သင်္ဂြိုလ်ပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ကျွန်တော်တို့ သွားကောက်တော့ ၁၀ နာရီကနေ ၁၂ နာရီကြားလောက်တော့ ရှိမယ်။ ကျွန်တော်တို့သတင်းရ တာတော့ ၇ လောင်းပဲလို့ သတင်းရခဲ့တာ။ တကယ်တမ်းရှာကြည့်လိုက်တော့ အလောင်းက ၂၀ ကျော်သွားတယ်။ ဒါတောင် မမြင်နိုင်တဲ့နေရာတွေကတော့ ကျွန်တော်တို့လည်း သွားမကြည့်လိုက်ရဘူး။ ကျောက်မဲမြို့၊‌ အေးချမ်းသာ သုဿာန်မှာပဲ သင်္ဂြိုလ်ပေးခဲ့ပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ယနေ့ နေ့လည်(၁)နာရီခွဲအချိန်ခန့်တွင် ကျောက်မဲမြို့ရှိ ခမရ-၅၀၁/ ၅၀၂ အနီး၌ တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ကြောင်း သိရပြီး နေ့လည်(၂) နာရီအချိန်ခန့်တွင် ပစ်ခတ်သံများကို ကြားရခြင်း မရှိတော့ကြောင်း ၎င်းက ဆိုသည်။

“အခုကတော့ ကျောက်မဲမှာက မြို့ထဲမှာတော့ ငြိမ်သွားပါပြီ။ အခုဖြစ်နေတာက တပ်နဲ့နီးတဲ့ ၅၀၁၊ ၅၀၂ မှာပဲ တိုက်ပွဲတွေဆက်ပြီး ဖြစ်နေပါတယ်။ ဆက်တိုက်တော့ မဟုတ်ပေမယ့် လက်နက်ကြီးသံတော့ ကြားနေရပါတယ်။ ၁ နာရီခွဲဝန်းကျင်လောက်အထိတော့ တော်တော်လေးပြင်းထန်တယ်။ ၂ နာရီ နောက်ပိုင်းတော့ တစ်ခါတစ်လေပဲ ကြားရတယ်။ အခုကတော့ သေနတ်သံတွေ၊ ဗုံးသံတွေ တော်တော်လေးကြဲသွားပါပြီ” ဟု အထက်ပါပရဟိတ အသင်းတာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့ပေါ်မှ စစ်ရှောင်ပြည်သူများအနေဖြင့် ဘုန်းကြီးကျောင်းများနှင့် နီးစပ်ရာမြို့များတွင် သွားရောက်နေထိုင်မှုများရှိနေသော်လည်း စစ်ရှောင်သူဦးရေများပြားခြင်းကြောင်း ၎င်းတို့အတွက် စားရေးသောက် ရေးတွင် အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။

Zawgyi Version;
တိုက္ပြဲမ်ားျပင္းထန္ခဲ့သည့္ ေက်ာက္မဲၿမိဳ႕ရွိ ေသဆုံး႐ုပ္အေလာင္း(၂၀)ေက်ာ္ကို ေဒသခံပရဟိတအသင္းမ်ားက သၿဂႋဳလ္ေပးခဲ့ရ
ယြန္း (NP News) - ဇြန္ ၂၇

တိုက္ပြဲမ်ားျပင္းထန္ခဲ့သည့္ ေက်ာက္မဲၿမိဳ႕ရွိ ေသဆုံး႐ုပ္အေလာင္း(၂၀)ေက်ာ္ကို ေဒသခံပရဟိတအသင္းမ်ားက သၿဂႋဳလ္ေပးခဲ့ရေၾကာင္း နမ့္ခုမ္းပရဟိတအသင္းထံမွ သိရသည္။

ၿပီးခဲ့သည့္ ဇြန္ ၂၅ ရက္ေန႔မွ စတင္ကာ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕အနီးတြင္ တပ္မေတာ္ႏွင့္ TNLA တို႔အၾကား တိုက္ပြဲမ်ားျပင္းထန္ခဲ့ၿပီးေနာက္ ဇြန္ ၂၆ ရက္၌ ၿမိဳ႕ေပၚေနရာအခ်ိဳ႕တြင္လည္း ထိေတြ႕မႈမ်ား ျဖစ္ပြားခဲ့ ေၾကာင္း သိရသည္။
အဆိုပါတိုက္ပြဲမ်ားေၾကာင့္ ေသဆုံးသူမ်ားရွိခဲ့ရာ ေဒသခံပရဟိတအသင္းမ်ားက သတင္းအရ ယေန႔ ဇြန္လ ၂၇ ရက္ နံနက္ပိုင္းတြင္ အေလာင္းမ်ားကို သြားေရာက္ေကာက္ယူခဲ့ေၾကာင္း သိရသည္။

“တစ္ေန႔ကေနစၿပီးေတာ့ ဒီေန႔နဲ႔ဆို သုံးရက္ဆက္တိုက္ ေက်ာက္မဲၿမိဳ႕မွာ တိုက္ပြဲေတြျဖစ္တယ္။ ကြၽန္ေတာ္တို႔ သြားေကာက္ခဲ့တာေတာ့ ၿပီးခဲ့တဲ့ ႏွစ္ရက္က ေသခဲ့တဲ့ဟာေတြေပါ့။ အဲဒီႏွစ္ရက္ကေတာ့ ထြက္ခြင့္မရွိေတာ့ ကြၽန္ေတာ္တို႔ သြားမေကာက္ခဲ့ဘူး။ ဒီေန႔မွာ ေန႔ခင္းဘက္တိုက္ပြဲမျဖစ္ေတာ့ ရတဲ့အခ်ိန္ေလးမွာ ကြၽန္ေတာ္တို႔ သြားေကာက္ခဲ့ရတာေပါ့။ စုစုေပါင္း ၂၁ ‌ေလာင္းေပါ့။ လူလတ္ပိုင္းေတြမ်ားတယ္။ အရပ္သားဝတ္စုံေတြနဲ႔က မ်ား တယ္။ သယ္တာကလည္း တစ္သင္းထဲသယ္တာမဟုတ္ဘဲ အဖြဲ႕ေပါင္းစုံက သယ္တာလည္းျဖစ္တယ္ ရတဲ့အခ်ိန္ ကလည္းနည္းေတာ့ ျမန္ျမန္သယ္ရတယ္။ ၿပီးေတာ့ အေလာင္းေတြက ပုပ္ပြေနေတာ့ ဘယ္လိုမွၾကည့္လို႔မရတဲ့ ပုံစံေတြလည္းျဖစ္ေနတယ္” ဟု နမ့္ခုမ္းပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါေသဆုံးသူမ်ားတြင္ လက္နက္ႀကီးက်ည္ထိမွန္သူမ်ား အပါအဝင္ ေသနတ္ဒဏ္ရာမ်ားေၾကာင့္လည္း ေသဆုံးသူမ်ား ပါဝင္ၿပီး ၎တို႔ကို ေက်ာက္မဲၿမိဳ႕ရွိ ေအးခ်မ္းသာသုႆာန္ေတြ သၿဂႋဳလ္ေပးခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

“ကြၽန္ေတာ္တို႔ သြားေကာက္ေတာ့ ၁၀ နာရီကေန ၁၂ နာရီၾကားေလာက္ေတာ့ ရွိမယ္။ ကြၽန္ေတာ္တို႔သတင္းရ တာေတာ့ ၇ ေလာင္းပဲလို႔ သတင္းရခဲ့တာ။ တကယ္တမ္းရွာၾကည့္လိုက္ေတာ့ အေလာင္းက ၂၀ ေက်ာ္သြားတယ္။ ဒါေတာင္ မျမင္ႏိုင္တဲ့ေနရာေတြကေတာ့ ကြၽန္ေတာ္တို႔လည္း သြားမၾကည့္လိုက္ရဘူး။ ေက်ာက္မဲၿမိဳ႕၊‌ ေအးခ်မ္းသာ သုႆာန္မွာပဲ သၿဂႋဳလ္ေပးခဲ့ပါတယ္” ဟု အထက္ပါတာဝန္ရွိသူက ေျပာသည္။

ယေန႔ ေန႔လည္(၁)နာရီခြဲအခ်ိန္ခန႔္တြင္ ေက်ာက္မဲၿမိဳ႕ရွိ ခမရ-၅၀၁/ ၅၀၂ အနီး၌ တပ္မေတာ္ႏွင့္ TNLA တို႔အၾကား တိုက္ပြဲမ်ား ဆက္လက္ျပင္းထန္ခဲ့ေၾကာင္း သိရၿပီး ေန႔လည္(၂) နာရီအခ်ိန္ခန႔္တြင္ ပစ္ခတ္သံမ်ားကို ၾကားရျခင္း မရွိေတာ့ေၾကာင္း ၎က ဆိုသည္။

“အခုကေတာ့ ေက်ာက္မဲမွာက ၿမိဳ႕ထဲမွာေတာ့ ၿငိမ္သြားပါၿပီ။ အခုျဖစ္ေနတာက တပ္နဲ႔နီးတဲ့ ၅၀၁၊ ၅၀၂ မွာပဲ တိုက္ပြဲေတြဆက္ၿပီး ျဖစ္ေနပါတယ္။ ဆက္တိုက္ေတာ့ မဟုတ္ေပမယ့္ လက္နက္ႀကီးသံေတာ့ ၾကားေနရပါတယ္။ ၁ နာရီခြဲဝန္းက်င္ေလာက္အထိေတာ့ ေတာ္ေတာ္ေလးျပင္းထန္တယ္။ ၂ နာရီ ေနာက္ပိုင္းေတာ့ တစ္ခါတစ္ေလပဲ ၾကားရတယ္။ အခုကေတာ့ ေသနတ္သံေတြ၊ ဗုံးသံေတြ ေတာ္ေတာ္ေလးႀကဲသြားပါၿပီ” ဟု အထက္ပါပရဟိတ အသင္းတာဝန္ရွိသူက ေျပာသည္။

လက္ရွိတြင္ ေက်ာက္မဲၿမိဳ႕ေပၚမွ စစ္ေရွာင္ျပည္သူမ်ားအေနျဖင့္ ဘုန္းႀကီးေက်ာင္းမ်ားႏွင့္ နီးစပ္ရာၿမိဳ႕မ်ားတြင္ သြားေရာက္ေနထိုင္မႈမ်ားရွိေနေသာ္လည္း စစ္ေရွာင္သူဦးေရမ်ားျပားျခင္းေၾကာင္း ၎တို႔အတြက္ စားေရးေသာက္ေရးတြင္ အခက္အခဲမ်ားႏွင့္ရင္ဆိုင္ေနရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.