ဂျပန်သိပ္ပံပညာရှင်တွေက လူသား အရေပြားနဲ့ ပြုံးနေတဲ့ပုံ စက်ရုပ်တစ်ခု ဖန်တီး

 241

ရောင်နီ (NP News) - ဇွန် ၂၈

ဂျပန်သိပ္ပံပညာရှင်တွေဟာ လူသားဆဲလ်တွေကို အသုံးပြုပြီး ပြုံးနေတဲ့မျက်နှာနဲ့ စက်ရုပ်တစ်ခု ဖန်တီးခဲ့ပါတယ်။
အဆိုပါစက်ရုပ်ကို တိုကျိုတက္ကသိုလ်မှ သုတေသီတွေက ဖန်တီးထားခြင်းဖြစ်ပြီး သက်ရှိအရေပြားနဲ့ စက်ရုပ်ပုံစံကို ဖန်တီးဖို့ ဆဲလ်-သယ်ဂျယ်ကို အသုံးပြုခဲ့တယ်လို့ Cell Reports Physical Science ဂျာနယ်မှာ ၎င်းတို့က ပြောကြားခဲ့ပါတယ်။ အဆိုပါနည်းပညာဟာ လူသားနဲ့တူတဲ့အသွင်အပြင်နဲ့ စွမ်းရည်တွေရှိတဲ့စက်ရုပ်တွေ တီထွင် ရာမှာ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်လာလိမ့်မယ်လို့ Biohybrid စက်ရုပ်ကျွမ်းကျင်ပညာရှင်တွေက မျှော်လင့်ထားပါတယ်။

"ဒါက အရေးအကြောင်း ဖွဲ့စည်းပုံတွေနဲ့မျက်နှာအမူအရာတွေရဲ့ဇီဝကမ္မဗေဒအတွက် ပိုကောင်းမွန်တဲ့ ခြေလှမ်း တစ်ခုဖြစ်လာနိုင်တယ်" လို့ ပါမောက္ခရှိုဂျီတာခဲအူချီ ဦးဆောင်တဲ့အဖွဲ့က ပြောကြားခဲ့ပါတယ်။ အခု ဖန်တီးထားတဲ့ စက်ရုပ်ဟာ ချွေးထွက်နိုင်တဲ့ စီလီကွန်ရော်ဘာနဲ့ပြုလုပ်ထားတာကြောင့် အခြားသမားရိုးကျလူသား စက်ရုပ်တွေ ထက် ပိုပြောင်မြောက်တယ်လို့ ပညာရှင်တွေက ယူဆထားပါတယ်။

Zawgyi Version;
ဂ်ပန္သိပၸံပညာရွင္ေတြက လူသား အေရျပားနဲ႔ ၿပဳံးေနတဲ့ပုံ စက္႐ုပ္တစ္ခု ဖန္တီး
ေရာင္နီ (NP News) - ဇြန္ ၂၈

ဂ်ပန္သိပၸံပညာရွင္ေတြဟာ လူသားဆဲလ္ေတြကို အသုံးျပဳၿပီး ၿပဳံးေနတဲ့မ်က္ႏွာနဲ႔ စက္႐ုပ္တစ္ခု ဖန္တီးခဲ့ပါတယ္။
အဆိုပါစက္႐ုပ္ကို တိုက်ိဳတကၠသိုလ္မွ သုေတသီေတြက ဖန္တီးထားျခင္းျဖစ္ၿပီး သက္ရွိအေရျပားနဲ႔ စက္႐ုပ္ပုံစံကို ဖန္တီးဖို႔ ဆဲလ္-သယ္ဂ်ယ္ကို အသုံးျပဳခဲ့တယ္လို႔ Cell Reports Physical Science ဂ်ာနယ္မွာ ၎တို႔က ေျပာၾကားခဲ့ပါတယ္။ အဆိုပါနည္းပညာဟာ လူသားနဲ႔တူတဲ့အသြင္အျပင္နဲ႔ စြမ္းရည္ေတြရွိတဲ့စက္႐ုပ္ေတြ တီထြင္ ရာမွာ အခန္းက႑တစ္ခုအေနနဲ႔ ပါဝင္လာလိမ့္မယ္လို႔ Biohybrid စက္႐ုပ္ကြၽမ္းက်င္ပညာရွင္ေတြက ေမွ်ာ္လင့္ထားပါတယ္။

"ဒါက အေရးအေၾကာင္း ဖြဲ႕စည္းပုံေတြနဲ႔မ်က္ႏွာအမူအရာေတြရဲ႕ဇီဝကမၼေဗဒအတြက္ ပိုေကာင္းမြန္တဲ့ ေျခလွမ္း တစ္ခုျဖစ္လာႏိုင္တယ္" လို႔ ပါေမာကၡရႈိဂ်ီတာခဲအူခ်ီ ဦးေဆာင္တဲ့အဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ အခု ဖန္တီးထားတဲ့ စက္႐ုပ္ဟာ ေခြၽးထြက္ႏိုင္တဲ့ စီလီကြန္ေရာ္ဘာနဲ႔ျပဳလုပ္ထားတာေၾကာင့္ အျခားသမား႐ိုးက်လူသား စက္႐ုပ္ေတြ ထက္ ပိုေျပာင္ေျမာက္တယ္လို႔ ပညာရွင္ေတြက ယူဆထားပါတယ္။

Related news

© 2021. All rights reserved.