ပွဲတော်များနှင့်မြန်မာ့ရိုးရာအစားအစာများကို ဖော်ထုတ်မြှင့်တင်ရန်အတွက် “စွဲမက်ဖွယ်ရာ ပြည်မြန်မာ” short video ပြိုင်ပွဲ ကျင်းပသွားမည်

 330

စော (NP News) - ဇွန် ၂၈

ပွဲတော်များနှင့်မြန်မာ့ရိုးရာအစားအစာများကို ဖော်ထုတ်မြှင့်တင်ရန်အတွက် “စွဲမက်ဖွယ်ရာ ပြည်မြန်မာ” short video ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဇွန်လ ၂၇ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

ယခုနှစ် ကမ္ဘာခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားအတွက် အဆိုပါပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ထူးချွန်ထက်မြက်သော Video ပညာရှင်များ ပေါ်ထွန်းလာရေး၊ ဆုရရှိသော Video များ ပြသခြင်းဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ခရီးစဉ်ဒေသ၊ ခရီးသွားဆွဲဆောင်မှုများ၊ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ၊ ပွဲတော်နှင့်မြန်မာ့ရိုးရာအစားအစာများကို ဖော်ထုတ်မြှင့်တင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ Short Video ပြိုင်ပွဲတွင် ပထမဆုအတွက် (၁၅) သိန်း၊ ဒုတိယဆုအတွက် (၁၂) သိန်း၊ တတိယဆုအတွက် (၁၀) သိန်း ချီးမြှင့်သွားမည်ဖြစ်ကာ နှစ်သိမ့်ဆု (၅)ဆုကိုလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ပြိုင်ပွဲဝင်သူများအနေဖြင့် အသက်(၁၈)နှစ်နှင့်အထက် ဖြစ်ရန်လိုအပ်ပြီး ပြိုင်ပွဲဝင်သူတစ်ဦး(သို့မဟုတ်) တစ်ဖွဲ့လျှင် Video တစ်ပုဒ်သာ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိကြောင်း ပြိုင်ပွဲစည်းကမ်းများအရ သိရသည်။

ထို့ပြင် ပြိုင်ပွဲဝင်လက်ရာများသည် ကိုယ်တိုင်ဖန်တီးမှုသာဖြစ်ရမည်ဖြစ်ပြီး ဆုရရှိခဲ့သောလက်ရာ၊ စီးပွားရေး ကြော်ငြာ၊ ပုံနှိပ်ထုတ်ဝေမီဒီယာ၊ ဝက်ဆိုဒ်ဘ်များ၊ Facebook၊ အခြား Social Media Platform များနှင့် အခြားသူများ ဖန်တီးထားသော လက်ရာများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုန်ရန် လိုအပ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲဝင် Video များတွင် ဥပဒေနှင့်မကင်းလွတ်ခြင်း၊ စော်ကားခြင်း၊ အသေရေဖျက်ခြင်း (သို့မဟုတ်) အသင့်လျော်သောအကြောင်းအရာများ မပါဝင်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပြိုင်ပွဲဝင်သူများအနေဖြင့် တရားဝင်နာမည်တစ်ခုဖြင့်သာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အမည်ခွဲများ၊ ကလောင်အမည်များ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ပါက အဆိုပါပြိုင်ပွဲ၏ဆုကို ပယ်ဖျက်ခြင်းခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိ သည်။
ပြိုင်ပွဲဝင် video များကို ဩဂုတ်လ (၁၆)ရက် ညနေ (၃)နာရီအထိ ပေးပို့နိုင်ကာ ပြိုင်ပွဲဝင်ခွင့်ပုံစံနှင့် စည်းကမ်း ချက်များကို https://tourism.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဝင်ခွင့်ပုံစံကို https://moht.qrd.by/video တွင်လည်း Download ရယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဆုချီးမြှင့်ပွဲကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဖြစ်သည့် စက်တင်ဘာလ (၂၇)ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ပြဲေတာ္မ်ားႏွင့္ျမန္မာ့႐ိုးရာအစားအစာမ်ားကို ေဖာ္ထုတ္ျမႇင့္တင္ရန္အတြက္ “စြဲမက္ဖြယ္ရာ ျပည္ျမန္မာ” short video ၿပိဳင္ပြဲ က်င္းပသြားမည္
ေစာ (NP News) - ဇြန္ ၂၈

ပြဲေတာ္မ်ားႏွင့္ျမန္မာ့႐ိုးရာအစားအစာမ်ားကို ေဖာ္ထုတ္ျမႇင့္တင္ရန္အတြက္ “စြဲမက္ဖြယ္ရာ ျပည္ျမန္မာ” short video ၿပိဳင္ပြဲကို က်င္းပသြားမည္ျဖစ္ေၾကာင္း ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနက ဇြန္လ ၂၇ ရက္တြင္ အသိေပးထုတ္ျပန္ထားသည္။

ယခုႏွစ္ ကမာၻခရီးသြားလုပ္ငန္းေန႔ အထိမ္းအမွတ္အခမ္းအနားအတြက္ အဆိုပါၿပိဳင္ပြဲကို က်င္းပျပဳလုပ္သြားမည္ ျဖစ္ၿပီး ထူးခြၽန္ထက္ျမက္ေသာ Video ပညာရွင္မ်ား ေပၚထြန္းလာေရး၊ ဆုရရွိေသာ Video မ်ား ျပသျခင္းျဖင့္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားရွိ ခရီးစဥ္ေဒသ၊ ခရီးသြားဆြဲေဆာင္မႈမ်ား၊ ႐ိုးရာယဥ္ေက်းမႈဓေလ့စ႐ိုက္မ်ား၊ ပြဲေတာ္ႏွင့္ျမန္မာ့႐ိုးရာအစားအစာမ်ားကို ေဖာ္ထုတ္ျမႇင့္တင္ရန္ ရည္႐ြယ္၍ ျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ Short Video ၿပိဳင္ပြဲတြင္ ပထမဆုအတြက္ (၁၅) သိန္း၊ ဒုတိယဆုအတြက္ (၁၂) သိန္း၊ တတိယဆုအတြက္ (၁၀) သိန္း ခ်ီးျမႇင့္သြားမည္ျဖစ္ကာ ႏွစ္သိမ့္ဆု (၅)ဆုကိုလည္း ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။

ၿပိဳင္ပြဲဝင္သူမ်ားအေနျဖင့္ အသက္(၁၈)ႏွစ္ႏွင့္အထက္ ျဖစ္ရန္လိုအပ္ၿပီး ၿပိဳင္ပြဲဝင္သူတစ္ဦး(သို႔မဟုတ္) တစ္ဖြဲ႕လွ်င္ Video တစ္ပုဒ္သာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရွိေၾကာင္း ၿပိဳင္ပြဲစည္းကမ္းမ်ားအရ သိရသည္။

ထို႔ျပင္ ၿပိဳင္ပြဲဝင္လက္ရာမ်ားသည္ ကိုယ္တိုင္ဖန္တီးမႈသာျဖစ္ရမည္ျဖစ္ၿပီး ဆုရရွိခဲ့ေသာလက္ရာ၊ စီးပြားေရး ေၾကာ္ျငာ၊ ပုံႏွိပ္ထုတ္ေဝမီဒီယာ၊ ဝက္ဆိုဒ္ဘ္မ်ား၊ Facebook၊ အျခား Social Media Platform မ်ားႏွင့္ အျခားသူမ်ား ဖန္တီးထားေသာ လက္ရာမ်ားျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းမျပဳန္ရန္ လိုအပ္ေၾကာင္း သိရသည္။

အဆိုပါ ၿပိဳင္ပြဲဝင္ Video မ်ားတြင္ ဥပေဒႏွင့္မကင္းလြတ္ျခင္း၊ ေစာ္ကားျခင္း၊ အေသေရဖ်က္ျခင္း (သို႔မဟုတ္) အသင့္ေလ်ာ္ေသာအေၾကာင္းအရာမ်ား မပါဝင္ရန္ လိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပိဳင္ပြဲဝင္သူမ်ားအေနျဖင့္ တရားဝင္နာမည္တစ္ခုျဖင့္သာ ယွဥ္ၿပိဳင္ရမည္ျဖစ္ၿပီး အမည္ခြဲမ်ား၊ ကေလာင္အမည္မ်ား ျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္ပါက အဆိုပါၿပိဳင္ပြဲ၏ဆုကို ပယ္ဖ်က္ျခင္းခံရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိ သည္။
ၿပိဳင္ပြဲဝင္ video မ်ားကို ဩဂုတ္လ (၁၆)ရက္ ညေန (၃)နာရီအထိ ေပးပို႔ႏိုင္ကာ ၿပိဳင္ပြဲဝင္ခြင့္ပုံစံႏွင့္ စည္းကမ္း ခ်က္မ်ားကို https://tourism.gov.mm တြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္ၿပီး ဝင္ခြင့္ပုံစံကို https://moht.qrd.by/video တြင္လည္း Download ရယူႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။

ဆုခ်ီးျမႇင့္ပြဲကို ကမာၻ႔ခရီးသြားလုပ္ငန္းေန႔ျဖစ္သည့္ စက္တင္ဘာလ (၂၇)ရက္တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.